WELCOME TO BRAINLESS 2012!

Saturday, 31 March 2012

သင်္ကြန်၏သမိုင်းကြောင်း

Image

ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။
Image
Image
သိကြားမင်း -ဗြဟ္မာမင်း
တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန်ဓါကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။
Image
ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိယင် ပင်လယ်ရေတွေခန်းခြောက်သွားနိုင်ပါတယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။

အကြိုနေ့
သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ယင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။

Imageအကျနေ့
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကိုဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ သကြားမင်းအား ခရီးဦးကြိုပြုကြပါတယ်။ ဒီအခါမှာ ဘုရင့်ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ်ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာတိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီးဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။
တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်းခြေသည်းလက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။
Image
မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။ ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ မြန်မာတွေ မေတ္တာတရား များပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ ရန်သူမျိုးငါးပါးရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါသည် ။

***  အထက်ဖေါ်ပြပါ သင်္ကြန်ရဲ့သမိုင်းကြောင်းတွေကို ကျွန်တော်ငယ်စဉ်ကတည်းက ကျွန်တော့်ရဲ့အဘိုး ပြောပြလို့သိခဲ့ရပါတယ် ။အဲ့ဒီအကြောင်းလေးတွေကို ဒီနေ့ ဒီအချိန်မှာ ဖေါ်ပြမယ်လို့စိတ်ကူးလေးပေါ်လာတာနဲ့ ပိုပြီးတော့အကြောင်းအကျိုးလေးတွေ ဆက်စပ်မှုရှိပြီး ခိုင်လုံသွားစေဖို့ ရှာဖွေလှန်လောပြီးလေ့လာခဲ့ပါတယ်။ အဲအခုတော့ ဓမ္မ၀က်ဘ်ဆိုက် တစ်ခုမှရှာဖွေတွေ့ရှိတာနဲ့ ပြန်လည်မျှဝေဖေါ်ပြလိုက်ရပါတယ် ။

                        BRAINLESS 2012

Monday, 26 March 2012

ကျေးဇူးပြုပြီး မရယ်မိကြပါစေနဲ့

ကျွန်တော့်ရဲ့ဘလော့ကိုရောက်လာကြတဲ့ မိတ်ဆွေ၊ ဘော်ဒါတွေလည်း  SOFTWARE တွေ၊ GAME  တွေနဲ့ ချာလည်ပတ်လည်နေရော့မယ် ။ အဲဒီတော့ နည်းနည်းလေးလန်းသွားရလေအောင် ဟာသလေးတွေတင်ပေးလိုက်ရပါတယ် ။
Image
ကဲ..ဘယ်လိုလဲ..လှတစ်မျက်နှာ၊ ယဉ်တစ်ကိုယ်လုံး ဆိုတာ..
Image
ကိုယ်သွားလေရာ လိုက်ခဲ့ပါ့ကွယ်၊ ချစ်တဲ့သူလေးရယ်........
Image
လှပါပေ့ ၊ ယဉ်ပါပေ့ မော်ဒယ်ရယ်.....
Image
သူများတို့လည်း ရှက်တတ်ပါတယ်တဲ့......
Image
ဟောလိ(ဟ်)၀ုဒ်စတားဖြစ်ဖို့  မီးမီးလေးလည်း မယ်ရွေးပွဲမှာ အပြိုင်အဆိုင် ၀င်နွဲပါမယ်တဲ့....
Image
ပြုံးတာလား ၊ ရယ်တာလား ၊ အံ့သြမှင်ဓါတ်မိခြင်းလား ဖေါ်ပြလို့မရနိုင်သော ခံစားမှုမျိုးဖြင့်...
Image
နောက်ဆုံးပေါ်နည်းပညာဖြင့် တည်ထွင်ထုတ်လုပ်ထားသော ပေါ့ပါးသွက်လက်ပြီးဒီဇိုင်းဆန်းသစ်လှသော စစ်ယူနီဖေါင်းများဖြင့် စစ်ရေးလေ့ကျင့်နေသော ရဲဘော်များ.........
Image
ဘ၀ရဲ့ အပျော်ရွှင်ရဆုံးနေ့တွေထဲမှာ ဒီနေ့ဟာလည်း ပျော်ရွှင်ဖွယ်နေ့လေးပေါ့.............
Image
လှပသော ၊နွဲ့နောင်းသော ၊ အမူအရာတို့ဖြင့် ရင်သက်ရှုမောဖွယ် သူ့အက သူ့အလှ......
Image
ရက်စက်တော့မှလား ဟရို့...............
Image

 ရှေ့သွားနောက်လိုက်ညီလှပါပေ့ ပျော်ရွှင်ဖွယ်ဇနီးမောင်နှံ.....

***    ပျော်ရွှင်မှုအပေါင်းနှင့် ပြီးပြည့်စုံကြပါစေကုန် သတည်း.............................


                          BRAINLESS 2012





Saturday, 24 March 2012

COUNTER STRIKE 1.6


Image

အရမ်းလူကြိုက်များလှပြီး နာမည်လဲအရမ်းကြီးပါတဲ့ COUNTER STRIKE  ဂိမ်းလေးကို တင်ပေးလိုက်ပါတယ် ။ UPLOAD  အခက်အခဲကြောင့် ဖိုင်များခွဲပြီးတင်ပေးလိုက်ရပါတယ် ။ ဒီဂိမ်းကို ကစားချင်ပါတယ်ဆိုရင်ဖြင့် အခုကျွန်တော်တင်ပေးထားတဲ့ ဖိုင် ( ၅ ) ဖိုင်လုံးကို ဒေါင်းပြီး ယူမှ ကစားလို့ရနိုင်ပါမယ် ။ ဒေါင်းလုပ်ယူထားတဲ့ ဖိုင် (၅ ) ဖိုင်လုံးကို FOLDER  တစ်ခုဖွဲ့ပြီး ဖိုင်တွေကို အစဉ်လိုက်အတိုင်းဖြန့်ချလိုက်ပါ ။အဲ့ဒီနောက် ကျွန်တော်ဖေါ်ပြထားတဲ့ ကစားရန် APPLICATION  လေးကို DOUBLE CLICK နှိပ်ပြီး INSTALL လုပ်စရာမလိုဘဲ ဒါရိုက် ကစားလို့ ရနိုင်မှာဖြစ်ပါတယ် ။ အခုလိုရှင်းပြရခြင်းဟာ ပြီးခဲ့သော DEADLY DOZEN ဂိမ်းကို ပြန်ပြီးလေ့လာကြည့်မိတဲ့အခါမှာ ကျွန်တော်တင်ထားတဲ့ဖိုင်တွေအားလုံး DOWNLOAD လုပ်သွားကြတဲ့အရေအတွက်က မညီမျှဘူးဖြစ်နေတာကိုတွေ့ရလို့ပါ ။ ကစားရတာအဆင်မပြေကြမှာကို စိုးရိမ်လို့ ရှင်းပြရခြင်းသာဖြစ်ပါသည် ။ အဲနောက်ပြီးတော့ မြေပုံကိုလည်း INSTALL လုပ်ပေးပါဦး ။ မြေပုံဆိုလို့ ရတနာသိုက် ရှာတဲ့မြေပုံလားလို့ မအောက်မေ့လိုက်ပါနဲ့  COUNTER STRIKE  1.6  ကိုကစားဖို့ရန်အတွက် မြေပုံကိုဆိုလိုခြင်းဖြစ်ပါသည် ။

Image
စိတ်ဝင်စားမယ်ဆိုပါလျှင် ဒီနေရာမှာ ဒေါင်းသွားလိုက်ပါ.......counter_strike_1.rar

                                                                    .............counter_strike_2.rar

                                                            ....................counter_strike_3.rar

ဒီ ဖိုင်လေးကတော့ DOUBLE CLICK နှိပ်ပြီး ဒါရိုက်ကစားရန်ဖြစ်ပါသည်...hl.exe

                                                             ......................counter_strike_4.rar

ဒီ ဖိုင်လေးကတော့ မြေပုံ အတွက်ဖြစ်ပါတယ် ......................Counter_Strike_1.6_Maps.exe
                                ****   အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်........

                                       BRAINLESS 2012


                                      

                                                                                                                      

PC TOOLS ; REGISTRY MECHANIC- V .11.0.0.300-

Image
PC TOOLS  ကပဲထုတ်လိုက်တဲ့  REGISTRY MECHANIC ကို  SERIAL KEY များနဲ့တကွ ထပ်မံလို့ဖေါ်ပြပေးလိုက်ပါတယ် ။ ဒီ  SOFTWARE  ရဲ့အသုံးဝင်ပုံ ကိုတော့  သူ့ရဲ့နဂိုမူရင်းဆိုက်ကနေပြီး ကူးယူဖေါ်ပြလိုက်ရပါတယ် ။ ကျွန်တော်ရှင်းပြနေရင်  BRAINLESS  ကြီးလေကြောရှည်တယ်ဆိုပြီး ငြိုငြင်ကြမှာစိုးလို့ပါ ။ 
FROM ; PC TOOLS
Registry Mechanic is an advanced registry cleaner for Windows that can safely clean and repair problems with your registry in a few simple mouse clicks. Easily fix problems with the Windows registry that are a common cause of crashes and errors. By using a registry cleaner regularly and fixing your registry your system should not only be more stable but it will also help Windows and your software run faster. Registry Mechanic uses a high-performance detection algorithm to quickly identify missing and invalid references in your Windows registry. These problems can occur for many reasons including being left-behind after the un-installation or incorrect removal of software, by missing or corrupt hardware drivers, or orphaned startup programs. With a few easy steps Registry Mechanic will scan your entire registry for any invalid entries and provides a list of the registry errors found, you can then choose to selectively clean each item or automatically repair them all. For your convenience and protection Registry Mechanic can also make a backup of any repairs made so that you can easily recover any changes if required.

အလိုရှိပါတယ်ဆိုရင်တော့ ဒီနေရာမှာသာဒေါင်းသွားလိုက်ပါ   rminstall.exe
                                                                   .........11.0.0.300-RMinstall.exe

ုKEY တွေကိုတော့ဒီမှယူပါ
License Name: Kim Weems 
License Code: 62EB-03BE-C359-CAFE-8BC7-C252-678D-EA8C

xxwillsxx
H3ZMDG-RV84NG-A6KFCZ-Z1081B-AHWVBP-7FH8YX

SND
0MFKHN-WDJMPQ-TAQTCY-F8BG0J-RNT1K1-WGF9JQ

registered
HWW7YH-J8JF2P-5NMWTD-AZ4K33-PMW4BC-Z22UAW

homepro
HHHKA5-PGMXNF-RRM3MX-5YKUEB-0CPGJ9-4R091N


Monday, 19 March 2012

ကျေးဇူးတင်လွှာ

Image
                                                                                 
ကျွန်တော်ရဲ့ BRAINLESS 2012                                             ဘလော့လေးကိုစပြီးတည်ထောင်ခဲ့တာဟာ အခု ၂၅ .မတ်.              ၂၀၁၂ နေ့ဆိုလို့ရှိရင် (၃ ) လတင်းတင်းပြည့်ခဲ့ပါပြီ ။ ကျွန်တော်         အခုဒီဘလော့လေးကိုစပြီး တည်ထောင်စကဆိုရင်                        အမှန်အတိုင်းဝန်ခံရရင် ဘယ်လိုရည်ရွယ်ချက်မှ လေးလေးနက်နက်    မရှိခဲ့ပါဘူး ။ ကျွန်တော့်ရဲ့အားလပ်နေတဲ့အချိန်တွေမှာ                    စိတ်လေလွင့်မှုမရှိရအောင်လို့ဆိုပြီး အပျင်းပြေသဘောနဲ့ ဦးတည်ရာမဲ့ ဖန်တီးရေးဆွဲခဲ့မိခြင်းဖြစ်တယ် ။ ဘလော့ရဲ့အကြောင်းကို                 ဘာဆိုဘာမှ လေးလေးနက်နက် မသိခဲ့ပါဘူး ဆိုတာ                     ကျွန်တော်ဝန်ခံပါတယ် ။ ဒီလိုနဲ့ ဘလော့                                   SAMPLE လေးပြုလုပ်ပြီးတဲ့အချိန်မှာ                                        ကျွန်တော့်ရဲ့ဘော်ဒါကြီးဖြစ်တဲ့ ဆော့လ်ဝဲ ပေါင်းမြောက်များစွာတွေနဲ့ နပန်းလုံးနေပြီး ( ဆော့လ်ဝဲ တွေနဲ့နပန်းလုံးနေရလို့ သူ့ရဲ့ကိုယ်မှာလဲ ၀ဲတွေတောင်ပေါက်နေပြီလားမသိပါဘူး...P ) လွမ်းပြီးရင်း လွမ်းနေတတ်တဲ့ အလွမ်းပင်လယ်ကြောမှာမျောပါနေရပါတဲ့ အလွမ်းမင်းသားကြီး  အိမ်လွမ်းသူ မှ ဘကြီးအောင်နဲ့ စကားစပ်မိပြီး ဘလော့အကြောင်းကို တစေ့တစောင်း သိခွင့်ရခဲ့ပါတယ် ။ ကျွန်တော့်ရဲ့ဘလော့မှာ SAMPLE အနေနဲ့ POST နှစ်ခုဘဲတင်ရပါသေးတယ် ဘကြီးအောင်က MEMBER ၀င်ပြီး ကျွန်တော့်ကိုအားပေးခဲ့ပါတယ် ။ အဲဒီနောက် ကျွန်တော့ရဲ့ဘော်ဒါကြီးတစ်ယောက်ပါဘဲ ကိုသားငယ် (ခေါ်) ကိုပြည့်ဖြိုးဇော် နဲ့တကွ ကျွန်တော့်ရဲ့ညီလေးဖြစ်သူ  CAPRICON  တို့ရောက်လာပြီး MEMBER ၀င်ရင်း ဆက်ပြီးကြိုးစားဖို့ရာ အားပေးစကားတွေပြောခဲ့ကြပါတယ်။အဲဒီလိုနဲ  ကျွန်တော့်ကိုအားပေးမဲ့သူတွေရှိလာပြီဆိုတော့ကျွန်တော်  ဘလော့ကာတစ်ယောက်ရဲ့ ခံစားချက်တွေကို တစ်စထက် တစ်စ သိလာခဲ့ရပြီးဘလော့အကြောင်းတွေကိုလဲ  အရင်ကထက်ပိုပြီးလေ့လာဖြစ်ခဲ့ရပါတယ်။အဲဒီနောက်မှာ  ရသစာပေလေးတွေ၊ စင်ကာပူ နိုင်ငံရဲ့ ထူးခြားတဲ့နေရာလေးတွေ၊ ပျိုမေတို့ရဲ့အလှအပရေးရာနဲ့တကွ၊  နည်းပညာပိုင်းဆိုင်ရာလေးတွေကိုပါဖေါ်ပြပေးနေတဲ့ MY FREEDOM  မှ ကန်ဒီနှင့်တကွ ကဗျာကောင်းကောင်းလေးတွေ ကိုဖန်တီး ဖေါ်ပြပေးနေတတ်တဲ့  JASMINE CHO  မှ မစပါယ်.. ရယ်..ထူးဆန်းအံ့ဖွယ်ရာလေးတွေ ၊ သတင်းထူး သတင်းဆန်းလေးတွေ ၊နည်းပညာပိုင်းဆိုင်ရာလေးတွေကို ရှာဖွေစုဆောင်းဖေါ်ပြပေးတတ်တဲ့  ဧဒင်အချစ်ပုံပြင်   မှ ကိုအောင်အောင် တို့ကလဲ MEMBER ၀င်ရင်းနဲ့  POST တွေမှာ COMMENTS  လေးတွေရေးလို့ ကျွန်တော့်ရဲ့ခန္နာကိုယ်ထဲကို ဘလော့ကာပိုးတွေ စီးဝင်စေခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ဒီဘလော့လေးကို သံယောဇဉ်ရှိလာရပါတယ် ။ ယခုလက်ရှိ အခြေအနေထက်ပြို့ပီး ကောင်းသည်ထက်ကောင်းအောင် ကြိုးစားပြီး ကျွန်တော့်ဘလော့လေးကိုဝေေ၀ဆာဆာဖြစ်လာစေရန်  ဂိမ်းကစားပြီးအချိန်တွေဖြုံးပစ်တာတို့ ၊ ပျင်းရိခြင်းခြောက်ပါးကိုအမြဲကန်ထရိုက်စွဲထားတတ်တဲ့အကျင့်တွေကို  အသည်းအသန်နှိမ်နင်းပြီးဒီဘလော့လေးအတွက်  ဥာဏ်မှီသလောက်ကြိုးစားတတ်လာခဲ့ရပါတယ် ။ ထို့နောက်တွင်မှာတော့ နည်းပညာလေးတွေကို မျှဝေပေးနေတဲ့  မောင်(စွယ်စုံကျမ်း)  မှ ကိုဇော်ဝင်းမောင် ( ဒီဘလော့မှာကတော့ စွယ်စုံကျမ်း ဆိုတဲ့ နာမည်နဲ့လိုက်ဖက်အောင်ကို နည်းပညာ၊ ကဗျာ၊ သုတ၊ ရသ စသည်ဖြင့်အရမ်းပြည့်စုံလှပါတယ် ) ၊ ကဗျာလေးတွေ ၊FLASHSONGSလေးတွေ၊  သတင်းဆိုင်ရာအကြောင်းအရာလေးတွေကိုဖေါ်ပြပေးတတ်တဲ့   လေလွင့်လူ မြန်မာ့သဘာဝအလှ ဓါတ်ပုံလေးတွေကိုရှာဖွေစုစည်းဖေါ်ပြပေးတတ်တဲ့ ၊ သီချင်းကောင်းကောင်းလေးတွေ၊ ကဗျာလေးတွေ၊ ရယ်ရွှင်ဖွယ်ရာ ဟာသလေးတွေကို ရွေးချယ်ဖေါ်ပြပေးတတ်တဲ့   ကိုရင်ဆူး  ၊ ကဗျာများ ၊ ဟာသလေးတွေ၊ ရသစာပေ အမျိုးမျိုးတို့ကိုဖန်တီးဖေါ်ပြပေးတတ်တဲ့   မဒမ်ကိုး   မှ ကိုရင် နှင့် မဒိုးကန် ၊ စိတ်ဝင်စားဖွယ်ရာကောင်းသော ပုံပြင်လေးတွေ၊ ကဗျာလေးတွေ၊ရသစာပေအမျိုးမျိုးတို့ကို  ရှာဖွေစုဆောင်း ဖေါ်ပြပေးတတ်တဲ့   မင်းသားကြီးနှင့် စာတိုပေစများ   မှ ကိုပြည့်ဖြိုး  ၊  စာပေအနုပညာနဲ့ပတ်သက်တဲ့စာပေတွေ၊ ကဗျာကောင်းကောင်းလေးတွေများစွာကို ဖန်တီးရေးဖွဲ့ခြင်း ၊ကဗျာလေးတွေစုဆောင်းရှာဖွေဖေါ်ပြပေးတတ်တဲ့   သီဟလုလင်  မှ ကိုသီဟ၊  ကဗျာလေးတွေကိုအနုပညာပြောင်မြောက်စွာရေဖွဲ့သီကုံး ဖေါ်ပြပေးတတ်တဲ့   နှလုံးသားတစ်ခု၏ စွတ်ကြောင်း    မှ ဂီတအနုပညာရှင် ကဗျာဆရာကြီးကိုမိုးဇက်၊  သီချင်းအယ်လ်ဘမ် ကောင်းကောင်းလေးတွေမြောက်များစွာကို  ရှာဖွေစုစည်းဖေါ်ပြပေးတတ်တဲ့   ZP. LINTAN   မှ ဗဟုသုတများကိုပြန်လည်မျှဝေပေးနေသော အဆိုးလေး ၊ ဟင်းချက်နည်းအမျိုးမျိုး၊ကိုယ်တိုင်ဖန်တီးရေးစပ်ထားတဲ့  ကဗျာလေးတွေ ၊ သုတစာပေတွေ ၊ ရသစာပေတွေ ၊ ကိုယ်တိုင်ဖန်တီးရေသားတဲ့ ၀တ္တုတို လေးတွေကို ဖေါ်ပြပေးတတ်တဲ့   ချစ်စံအိမ်   ၊  ရင်သက်ရှုမောဖွယ် ဓါတ်ပုံလေးတွေ ၊ ကဗျာလေးတွေ ၊  အမှတ်ရဖွယ်ရာ အမှတ်တရမှတ်စုလေးတွေ ၊ ရယ်ရွှင်ဖွယ်စရာ ဟာသပုံရိပ်လေးတွေ ၊ မြန်မာနိုင်ငံ၏ ဘုရားပွဲရာသီ ခရီသွားမှတ်တမ်းလေးတွေ စသည်စသည်ဖြင့် ဘာသာရေး၊ ကုသိုလ်ရေးတို့ပါမကျန်   စာပေအရေးအသားမှာထောင့်စေ့အောင်ရေသားဖေါ်ပြပေးလေ့ရှိတဲ့   သမီးစံ    အစရှိသော ကျွန်တော့်ရဲ့ဘလော့ဂါ ညီ ၊ အစ်ကို ၊အစ်မ ၊ ညီမ များကလည်း တဖက်တလမ်းမှ ကျွန်တော့်ကို အားပေးကူညီပေးခဲ့ကြပါတယ် ။ အဲဒါကြောင့်လဲ ကျွန်တော့်ရဲ့    BRAINLESS 2012   ဘလော့ဟာ ယခုအချိန်ထိ ဆက်လက်ရပ်တည်နေနိုင်ခဲ့ရတာပါ ။ ကျွန်တော်တို့ကျောင်းသားဘ၀တုန်းက ကျောင်းဆရာ/ဆရာမတွေဟာ ယနေ့ခေတ်လို ကျူရှင်တွေ/စာသင်ဝိုင်းတွေ မရှိသလောက်ရှားပါးပြီး မပြောပလောက်သော လစာငွေနှင့်သာ ရပ်တည်နေထိုင်ကြရပါတယ် ။ တစ်နေ့ဆရာက အတန်းထဲမှာစာသင်နေရင်းကနေ တပည့်တွေအားလုံးကို  သူ့ဘ၀ရဲ့ခံစားချက်လေးကိုထုတ်ဖေါ်ပြောပြပါတယ်.."    တပည့်တို့ရေ...ဆရာတို့ရဲ့ဘ၀ဟာ ဟောဒီကဆောင်ပုဒ်လေးအတိုင်းပါပဲဆိုပြီး " တပြည့်မရှား ၊ တစ်ပြားမရှိ ၊ ပီတိကိုစား ၊ အားရှိပါ၏ " ဆိုတဲ့ဆောင်ပုဒ်ကိုရွတ်ပြပါတယ် ။ ဆရာပြောပြတဲ့ ဆီမဆမ်းနိုင်တဲ့ ငရုပ်သီး လေပါထောင်း(ဆီးမပါခြင်းကြောင့် လေလာရင် ငရုပ်သီးထောင်းဟာ လေနဲ့အတူလွင့်ပါသွားပါတယ်) နဲ့ ချဉ်ပေါင်ရေလုံပြုပ်ဟင်းဟာဆရာ့အတွက်တော့  အင်မတန်စားလို့မြိန်တဲ့ဟင်းကောင်းတစ်ခွက်ပါတဲ့  ။ဒီအကြောင်းလေးကစကားစပ်မိသွားလို့  ကျွန်တော်ငယ်စဉ်က လေးစား၊ကြည်ညိုထိုက်တဲ့ ကျွန်တော့်ရဲ့ဆရာတစ်ယောက်ရဲ့အကြောင်းအမှတ်တရအနေနဲ့  တစေ့တစာင်းဖေါ်ပြပေးရခြင်းပါ။အခုတော့  ဆရာလည်းကွယ်လွန်သွားရှာပါပြီ ။ ကျွန်တော်ဆိုလိုချင်တာကတော့ ကျွန်တော်တို့ဘလော့ဂါတွေဟာလည်း  မိမိတို့ရဲ့ဘလော့မှာ နေ့စဉ်လာရောက် အားပေးကြတဲ့သူတွေကို C BOX မှာဖြစ်စေ၊ ၀က်ဘ်ကောင်တာလေးမှဖြစ်စေ ၊ COMMENTS မှတစ်ဆင့်ဖြစ်စေ ၊ MEMBERS မှဖြစ်စေ မြင်တွေ့ရပြီး '"ပီတိကိုစားပြီး အားရှိနေကြရသူများဖြစ်ကြပါတယ် ။ မိမိတို့ရဲ့ သိထား၊တတ်ထား၊ လေ့လာထားတဲ့ နည်းပညာတွေ၊ သုတ၊ ရသ၊ ကဗျာ စသည် စသည်ဖြင့် တို့ကို ကိုယ်ကပြန်လည်မျှဝေလိုက်လို့ လ့လာသူတို့အတွက် အဆင်ပြေသွားတယ်ဆိုလို့ရှိရင်  ဘလော့ဂါတစ်ယောက်ရဲ့ရင်ထဲမှာ ပြောလို့မပြတတ်လောက်အောင်ကို အတိုင်းမသိ ၀မ်းသာပီတိဖြစ်မိတယ်ဆိုတာကိုတော့ အားလုံးလဲသိပြီးမို့ အထူးပြောစရာလိုမယ် မထင်ပါဘူး ။ ကျွန်တော်လဲ အဲဒီလိုနဲ့ပဲ ဘလော့ရေးဖို့ အတွက် အင်အားတွေ တိုးခဲ့ရတယ် ။ အဲ့ဒီအတွက်ကြောင့် ကျွန်တော့်ကို အဖက်ဖက်မှ အားပေးကူညီခဲ့ကြတဲ့  အထက်ဖေါ်ပြပါ ကျွန်တော့်ရဲ့ ညီ ၊အစ်ကို၊ ညီမ၊ အစ်မ ဘလော့ဂါအားလုံးတို့အား အထူးပဲကျေးဇူးတင်ရှိပါကြောင်း  BRAINLESS 2012 ဘလော့ရဲ့ (၃) လပြည့်မွေးနေ့မှာ အမှတ်တရအနေနဲ့ အထူးတလည်ပြောလိုက်ရပါကြောင်းခင်ဗျား....................             ***                                                               ယနေ့မှစပြီး အားလုံးသော ဘလော့ဂါများအနေနဲ့ရော ၊ နည်းပညာ ၊ သုတ ၊ ရသ ၊ ကဗျာ စသည် စသည်ဖြင့် ရှာဖွေလေ့လာလိုက်စားကြသူတို့အနေနဲ့ပါ  ဥမမယ် စာမမြောက် ( ၃ )လသားအရွယ် လူမမယ်လေး BRAINLESS 2012   အား မလိမ်မာသည်များ၊ အမြင်မတော်သည်များ တွေ့ရှိခဲ့ပါမူ နည်းမျိုးစုံဖြင့် ဆုံးမသွင်သင်ပေးကြပါရန် ပြောကြားလိုက်ရပါ၏ ။ ထိုသို့မဟုတ်ပါက  BRAINLESS2012လေးအားအုပ်ထိန်းသူ BRAINLESS2012@GMAIL.COM  အားလည်းမေးပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း ပြောကြားရင်းဖြင့် နိဂျုံးခုပ် (အဲလေ...မှားသွားလို့ ...နိဂုံးချုပ်  )လိုက်ရပါသည်ခင်ဗျား...........      
                                                                                 
***  အထက်ဖေါ်ပြပါရေးသားတွေးခေါ်ဖေါ်ပြချက်များတွင် အမှားအယွင်းတစ်စုံတစ်ရာများရှိခဲ့ပါမူ                                       စာအရေးအသားမကောင်းလှသောကျွန်တော်၏ အပြစ်မို့ သည်းခံ ခွင့်လွှတ်ပေးကြပါရန် ထပ်မံပြောကြားပါရစေ.........                      
                                                                                 
                                   BRAINLESS 2012                                                                                                                                                                                                                                                                              

Saturday, 17 March 2012

AUTO HIDE IP V 5.2.2.8


Image

ကျွန်တော်ဒီတစ်ခါ ဖေါ်ပြပေးချင်တာကတော့ AUTO HIDE IP လေးပဲဖြစ်ပါတယ် ။ CRACK ဖိုင်နဲ့တစ်ကွ ဖေါ်ပြပေးလိုက်ပါတယ် ။ အခြားသောသူတို့၏ ဆိုက်များသို့ သွားရောက်ပြီး ဗရုပ်သုတ်ခတွေရေးခြင်း ၊ အနှောက်အယှက်ပေးခြင်းများ ကိုတော့မပြုလုပ်ကြစေဖို့ သတိပေးပါရစေ ။ အဟီး...စကားစပ်မိလို့ပြောပါရစေဦး.....မိတ်ဆွေတို့ကိုသာ သတိပေးစကားဆိုရတာ ကျွန်တော်ကိုယ်တိုင်ကိုက ဒီ SOFTWARE လေးကိုအသုံးပြုပြီး ဘကြီးအောင် ( အိမ်လွမ်းသူ ) အိမ်ကိုသွား သွားပြီး ခဲနဲ့ထုနေကြဗျ..D  ၊ ဘကြီးအောင်မရှိတုန်း မိတ်ဆွေတို့ကိုရင်ဖွင့်တာနော်..ရှူး.....တိုးတိုး....

ကဲဗျာ..သဘောရှိက ဒီနေရာမှာသာ ဒေါင်းသွားစေတော့ဗျား...........Auto Hide IP v5.2.2.8 + Crack.rar

CRACK ဖိုင်အသုံးပြုနည်းလေးကိုပါ ထည့်ပေးထားပါတယ် ။

အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...

                                         BRAINLESS 2012

                                        

Friday, 16 March 2012

DEADLY DOZEN ; PACIFIC THEATRE/ PC GAME


Image

အခုကျွန်တော် တင်ပေးလိုက်တဲ့ GAME ကို အခုလိုတင်ပေးဖြစ်ဖို့ရာအတွက် အချိန်တွေတော်တော်ကြာအောင် စဉ်းစားခန်းတွေ အမျိုးမျိုးထုတ်ပြီး အကြံဥာဏ်တွေရှာခဲ့ရတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အခုတင်ပေးလိုက်တဲ့ GAME ရဲ့ဆိုဒ်က 600-MB နီးပါးရှိပါတယ်။ အဲဒါကို သူ့ရဲ့နဂိုမူရင်းဆိုဒ်အတိုင်း တင်ပေးနိုင်ဖို့နည်းလမ်းမျိုးစုံနဲ့ရှာကြံကြိုးစားခဲ့တယ် ။ MEDIAFIRE မှာကလည်း 200-MB ပဲ FREE ပေးတယ်၊ အခြားသော ဆိုက်တွေမှာကြတော့လဲ အခက်အခဲ အမျိုးမျိုးစီတွေရှိကြတယ် ဆိုတော့ကာ အခုလောလောဆယ်မှာတော့ အဆင်ပြေသွားစေဖို့ရာ ဖိုင်တွေခွဲပြီးတင်ပေးလိုက်ရပါတယ်။ INSTALL လုပ်ပြီး ကစားရတာအဆင်ပြေတယ်ဆိုရင်တော့ အဆင်ပြေကြောင်းလေး ကျွန်တော့ကို အသိပေးကြစေချင်ပါတယ် ။ ဒါမှလည်းနောက်ထပ် မြှောက်များစွာသော GAME တွေကို တင်ပေးဖို့ရာအတွက် ဆုံးဖြတ်ချက်တစ်ခုခု ချနိုင်မှာဖြစ်ပါတယ်။ အခုဒီနည်းလမ်းအတိုင်းသာအဆင်မပြေခဲ့ရင် ပိုက်ပိုက်ပေးပြီး MEDIAFIRE မှာ PRO အဆင့်လောက်တော့ UPGRADE မြင့်ထားပြီ GAME တွေကို တင်ပေးဖို့ရာထိရည်ရွယ်ထားပါတယ် ။ ကျွန်တော် BRAINLESS ရဲ့စေတနာတွေပါ ။
Image

အခုကျွန်တော်တင်ပေးလိုက်တဲ့ DEADLY.DOZEN ဆိုတဲ့ GAME က ဂျပန် နဲ့ အမေရိကန် တို့ရဲ့ ထိပ်တိုက်တွေ့ဆုံရင်ဆိုင်ခဲ့ရတဲ့ နည်းဗျူဟာစစ်ပွဲတစ်ခုကို အခြေခံထားတယ်လို့ဆိုပါတယ် ။ မိတ်ဆွေအတွက် အမေရိကန် (၄ ) ယောက်ပေးထားပါတယ်၊ ကိုယ်စိတ်ကြိုက်တစ်ယောက်စီကို F1,F2, F3, F4 စသည်ဖြင့်ထိန်းချုပ် CONTROL လုပ်ပြီးကစားနိုင်ပါတယ် ။ မိတ်ဆွေရောက်သွားတဲ့နေရာဟာ တော၊ တောင် ၊ ရေတံခွန်၊ မြစ် ၊ချောင်း ၊ပင်လယ် စသည်တို့ဖြင့် အင်မတန်မှ သာယာလှပါတယ်။ ဒါပေမဲ့ အဲဒီလို သာယာမှုတွေကို ဇိမ်ခံပြီး မမိန်းမောမိစေပါနဲ့။ မိတ်ဆွေရဲ့ ရန်သူဟာ ပြောက်ကြားစနစ်နဲ့ ခြုံခိုပြီး ဟိုမှ၊ ဒီမှ ထွက်လာပြီးတိုက်ခိုက်တတ်ပါတယ်၊ မျက်စိလျှင်ဖို့တော့လိုပါတယ် ၊ ရှေ့မှာ ကျွန်တော်တင်ပေးဖူးတဲ့ RETURN OF THE HERO ကဲ့သို့ ဗရုန်းသုန်းကားပြေးလွားနေရမှာတော့မဟုတ်ပါဘူး၊ GRAPHICS လဲသိပ်မတောင်းဘဲ စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ GAME ကောင်းကောင်းလေးမို့ ကျွန်တော်နဲ့ ၀ါသနာတူ ဘော်ဒါများအတွက် ပြန်လည်မျှဝေ ဖေါ်ပြပေးလိုက်ရပါတယ် ခင်ဗျား..........
ကျွန်တော် ဖိုင်တွေခွဲထုတ်ခဲ့စဉ်ကအတိုင်း ဖိုင်တွေကိုအစဉ်လိုက်အတိုင်းတင်ပေးလိုက်ပါတယ်........
Image
ကျေးဇူးပြုပြီး ဒီနေရာမှာ ဒေါင်းလိုက်ပါ......deadly.dozen 1.rar
...................................................deadly.dozen 2.rar
.............................................deadly.dozen 3.rar
အခုဒီဖိုင်ကတော့ INSTALL လုပ်ဖို့ပါ.....DDozen2.exe
..........................................deadly.dozen 4.rar 
Image

         အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။။။
***  ထပ်ပြီးတော့ သတိပေးပါရစေ...ကစားရတာအဆင်ပြေခဲ့ရင် ကျွန်တော့်ရဲ့ အိမ်ခေါင်မိုးကို အချက်ပေးပြီးပစ်လိုက်တဲ့ လောက်လေးခွသံလေးတော့ ကြားချင်ပါ၏...
                                    BRAINLESS 2012

Saturday, 10 March 2012

PC TOOLS ( PERFORMANCE TOOLKIT )


Image

ဒီတစ်ခါ ကျွန်တော်ရဲ့ဘော်ဒါတွေအတွက် PERFORMANCE TOOLKIT SOFTWARE လေးတင်ပေးလိုက်ပါတယ် ။မိတ်ဆွေရဲ့ PC ကို PERFORMANCE ကောင်းကောင်းနဲ့ သုံးချင်ပါတယ်ဆိုရင် ဒီ SOFTWARE လေးက မိတ်ဆွေ စိတ်ကျေနပ်တဲ့အတိုင်းအတာအထိ PERFORMANCE ကောင်းအောင်စွမ်းဆောင်းပေးသွားနိုင်မှာဖြစ်ပါတယ် ။
အဲဒီတော့ ဒီ SOFTWARE လေးအတွက် SERIAL NUMBER တွေလည်း မြှောက်များစွာ ဖေါ်ပြပေးထားပြီ;တဲ့အပြင် ဒီ SOFTWARE လေးကို UPDATE လုပ်ပေးဖို့ရာအတွက်ကိုလည်း UPDATE SOFTWARE လေးကိုပါ စေတနာတွေ ဗရဗွနဲ့ တင်ပေးထားကြောင်းပါခင်ဗျား....... အဲလေ..အပြင်မှာ စကားနည်းသလောက် ဘလော့ပေါ်ရောက်ရင် လေကြောရှည် စကားဖေါင်ဖွဲ့တတ်တဲ့ BRAINLESS ဒီနေရာမှာတင် "ရပ်" ၊ လိုရင်းတိုရှင်းနဲ့ အောက်မှာသာ အလိုရှိသမျှ အားမနာစတမ်း ယူသွားကြစေတော့ဗျား.............

*** PERFORMANCE TOOLKIT SOFTWARE ကို ဒီနေရာမှာဒေါင်းသွားပါ   ptinstall.exe
      UPDATE SOFTWARE ကိုတော့ ဒီနေရာမှာဒေါင်းပါ  Update.exe  

Image
***  SERIAL NUMBER FOR PERFORMANCE TOOLKIT 

 Name...: Team CRUDE
Serial.: HQXKG8-RFFTK9-1J4TC5-H1N6P7-2Y97RT-18NKKM

Name...: Team CRUDE
Serial.: HQXKG8-RFFTK3-FJHVV0-A33X70-D3XMN1-7K9Q8A

Name...: Team CRUDE
Serial.: HQXKG8-RFFTQT-897R74-16B68E-87J5H0-QPQM56

Name...: Team CRUDE
Serial.: HQXKG8-RFFTNC-XWAVJB-AKYZK7-BGGH3P-T8XAJ0

Name...: Team CRUDE
Serial.: HQXKG8-RFFTHF-MT2BKK-HMMAEN-307JJB-HE6G12

Name...: Team CRUDE
Serial.: HQXKG8-RFFTGH-6KYUCB-HE5CEW-XZ84FU-CW1DMD

Name...: Team CRUDE
Serial.: HQXKG8-RFFTKD-ARTWD9-KE7QJ8-K2M7WV-J09C2K

Name...: Team CRUDE
Serial.: HQXKG8-RFFTP5-ZG3UW2-F50T7N-M9EQ8Q-MW3NX0

Name...: Team CRUDE
Serial.: HQXKG8-RFFTKD-5TJAA9-HCG99Q-VM9G7M-WFK53Y

Name...: Team CRUDE
Serial.: HQXKG8-RFFTNG-FX9NK9-QVD2UJ-GKE0UZ-24MPZR

Name...: Patrick Star
Serial.: HWV0Y2-F8W7A0-2WA5C6-4R1HBG-7A3RM4-TCJ8Z4

Name...: Patrick Star
Serial.: HWV0Y2-F8W79T-9KBH9E-143ZZA-NV3UYB-TWT83W

Name...: Patrick Star
Serial.: HWV0Y2-F8W78P-UN2WCD-CE4YYZ-4X64FG-4RCB6V

Name...: Patrick Star
Serial.: HWV0Y2-F8W787-A9V86U-W4DW37-ZTHMC0-84UBCF

Name...: Patrick Star
Serial.: HWV0Y2-F8W7EJ-APAD9D-1DU9NT-Z10EK5-H7VA96

Name...: Patrick Star
Serial.: HWV0Y2-F8W7DH-TTE3AK-CPMGNR-P4P7JJ-RVNVYU

Name...: Patrick Star
Serial.: HWV0Y2-F8W7C9-UHQ4QX-7DPXZ8-09G2V3-N8YEEH

Name...: Patrick Star
Serial.: HWV0Y2-F8W79T-MR0DAB-9WVU6T-5RN3M1-6RE4M7

Name...: Patrick Star
Serial.: HWV0Y2-F8W79V-J0KR8Q-MJEMTE-K8VAAR-4XPPYR

Name...: Patrick Star
Serial.: HWV0Y2-F8W7FZ-30PT4U-R1T8H5-WYM5E4-1WYVFT

Name...: Sandy Cheeks
Serial.: HB30ZM-H315ZZ-A8ZRB8-QZHNBB-KW5XAX-TR3KNC

Name...: Sandy Cheeks
Serial.: HB30ZM-H315UP-HNE2M9-PZPA90-9VHEFX-MD4JQC

Name...: Sandy Cheeks
Serial.: HB30ZM-H315X6-BPUCWN-CHEJNT-ZY4FMM-93E1HQ

Name...: Sandy Cheeks
Serial.: HB30ZM-H315XV-3B48T0-KD2Z68-VA1QE5-14TNKN

Name...: Sandy Cheeks
Serial.: HB30ZM-H315R7-PRTVA3-0NAWK2-83HB7Z-61U3DE

Name...: Sandy Cheeks
Serial.: HB30ZM-H315UU-0FRZPN-EC892A-XENCFD-310C8H

Name...: Sandy Cheeks
Serial.: HB30ZM-H315XH-WUNXF8-54DW1U-N9BXTD-CVE55W

Name...: Sandy Cheeks
Serial.: HB30ZM-H315WH-CAPR4U-BFG0GM-XZPRPH-NFDJC8

Name...: Sandy Cheeks
Serial.: HB30ZM-H315Y3-N1MKGB-M6HW7Z-8ZB2C0-QTC27B

Name...: Sandy Cheeks
Serial.: HB30ZM-H315YA-K7U6TA-Q2HFJT-X7ACJT-A3BHJF

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်........

                                                  BRAINLESS 2012

Thursday, 8 March 2012

နားငြီးလွန်းလို့


Image
တစ်ခါက အရက်မူးပြီး ကားလမ်းကိုမျဉ်းကျားကမကူးပဲ လမ်းလယ်ကဖြတ်ကူးလို့ အဖမ်းခံရတဲ့လူတစ်ယောက် တရားရုံးကိုရောက်လာတယ်။ တရားရုံးကိုရောက်တော့ တရားသူကြီးက တရားခံကိုမေးတယ်..........
" မောင်မင်းလမ်းဖြတ်ကူးရာမှာ ဘာဖြစ်လို့ မျဉ်းကျားကမကူးရတာလဲ"
"ကျွန်တော်မျိုး မျဉ်းကျားကိုရှာမတွေ့လို့ပါ. "
" မျဉ်းကျားတွေထင်းနေအောင် ရေးထားတာဘဲ "
" မှန်ပါတယ် မျဉ်းကျားတောင်ဘက်မှာ ၊ ကျွန်တော်က မြောက်ဘက်ကိုလိုက်ရှာမိလို့ပါ "
" ရှာမတွေ့ရတာနဲ့ ကူးရောလား "
" မကူးသေးပါဘူး ၊ကူးမလို့ဟန်ပြင်နေတုန်းပါ ၊ အရက်ကနည်းနည်းမူးနေတော့ ရှေ့ကိုရိုင်သွားတဲ့ဆီမှာ မလဲအောင်လို့ ကျွန်တော်မျိုးထိန်းရင်း နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ ၊ ကျွန်တော်မျိုးအမူးလွန်နေတယ်ဆိုတာကို အရက်ရောင်းတဲ့ကိုခွေး သိပါတယ် ၊ကိုခွေးဆိုတာ မစိန်ကြည်ရဲ့ယောင်္ကျားပါ ၊ မစိန်ကြည်ရဲ့ သမီး မင်္ဂလာဆောင်တုန်းက ကျွန်တော်မျိုးသွားပါသေးတယ် ၊သူတို့က  "
" ဒီမှာ မေးတာကိုပဲဖြေပါ ၊ မျဉ်းကျားမရှိတဲ့နေရာက လမ်းဖြတ်ကူးတယ်လို့ မောင်မင်းကိုစွဲဆိုထားတယ် ၊မဟုတ်ဘူးလား ၊ဒါပဲဖြေပါ.."
" ကျွန်တော်မျိုး မကူးပါဘူး ၊ မကူးတဲ့အကြောင်းကို သက်သေပြနေတာပါ ၊ ကိုခွေးဆိုင်မှာ သောက်တုံးက ကိုအုန်းမောင် ပါ ပါတယ် ၊ကျွန်တော်မျိုးမူးရင် ရှေ့ကို လေး ငါး လှမ်းယိုင်တတ်တယ်ဆိုတာ သူသိပါတယ်၊ ကျွန်တော်မျိုးနဲ့ ကိုအုန်းမောင်နဲ့ ငါးမျှားတုန်းက အဲသလို ယိုင်ဖူးပါတယ် ၊ တောင်သမန်သွားပြီး ငါးမျှားတာပါ ၊ ဆရာတော် ဦးပညာ ကျောင်းမှာတောင် ငှက်ပျောသီးတောင်းစားပါသေးတယ် ၊ ဆရာတော်က စာလည်းရေးပါတယ် ၊သူ့ကျောင်းဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ်"
တရားသူကြီးမှာစိတ်မရှည်တော့.....
"  ဒီမှာမောင်မင်း ၀န်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲရိုက်မှာ ဘယ်လောက်မှအပြစ်ကြီးတာလဲမဟုတ်ဘူး ၊ကြောက်စရာလည်းမလိုဘူး "
"  ကျွန်တော်မျိုး မကြောက်ပါဘူး ဘုရား ၊ဆင်ဖြူကန်သချိင်္ုင်းမှာတောင် တစ်ယောက်တည်း အိပ်လာခဲ့သေးတာဘဲ ၊ လူရွှင်တော်ကိုဒီပါ သိပါတယ်၊ သူကကိုရွှေဆီက အမဲအူပြုပ်ယူလာတာကို သင်္ချိုင်းထဲမှာသွားစားရဲရင် အကြီးတစ်လုံးပေးမယ်ဆိုလို့ သွားစားတာပါ ၊တော်ရုံ တန်ရုံနဲ့ဆို သွားစားရဲဖို့ မလွယ်ပါဘူး ၊ ကျွန်တော်မျိုးသူငယ်ချင်း တက်တူဆိုရင် ညမှေင်တာနဲ့ အိမ်ပြင်တောင်မထွက်ရဲ ပါဘူး ၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ ၊ တက်တူတို့အိမ်နဲ့များ နီးမလားလို့ "
တရားသူကြီးက စိတ်ပျက်စွာဖြင့်
" မောင်မင်း စကားတွေ အများကြီးမပြောပါနဲ့ "
" အရှင်ဘုရား မေးလို့ ပြောတာပါဘုရား "
" မေးတာကို မေးတာလောက်ပဲ ဖြေပါ ၊ မောင်မင်း လမ်းဖြတ်ကူးသလား "
" ကူးပါဘူး ဘုရား၊ အဲဒီနား လမ်းထိပ်ကရေခဲရေသည်ကို မေးကြည့်ပါ ဘုရား၊ သူ ကျွန်တော်မျိုးကို ကောင်းကောင်းကြီးသိပါတယ်၊ ကျွန်တော်မျိုး နေ့တိုင်း သူ့ဆီက ရေခဲရေ သောက်နေကျပါ၊ သူ့ယောင်္ကျား က ဆိုက်ကားနင်းတယ် ၊ ကလေးသုံးယောက်နဲ့ ၊ သူ့နှမက မိုက်တယ်ဘုရား ၊ ထမင်းအိုးကြီးကို ပေါင်စားပစ်တယ် ၊ အခုတော့ မြေအိုးနဲ့ ချက်စားနေရတယ် ..."
တရားသူကြီးသည် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှပိုက်ဆံကိုနှိက်ခါ ငွေငါးဆယ်ကိုစိုက်ပြီး ဒဏ်ဆောင်လိုက်သည် ၊၊ ပြီးတော့မှ တရားခံကို ထွက်သွားရန် ပြောလိုက်လေတော့သတည်း...........

*** အထက်ဖေါ်ပြပါ ဟာသ၀တ္ထုတိုသည် ကျွန်တော် BRAINLESS ၏ မူပိုင်စာသားများမဟုတ်ရဘဲ စာရေးဆရာ ကံချွန် ၏ " ကြားဖူးနားဝ ဟာသပုံပြင်များ(၁) " စာအုပ်မှ ကောင်းနိုးရာရာများကို ထုတ်နှုတ်ဖေါ်ပြပေးခြင်းသာဖြစ်ပါကြောင်း ၀န်ခံအပ်ပါသည်...............

                                BRAINLESS 2012                                               

Saturday, 3 March 2012

ENGLISH <-> MYANMAR DICTIONARY များစုစည်းမှု



ဒီတစ်ခါတော့ စိတ်ကူးလေးရတာနဲ့ မြန်မာ DICTIONARY  တွေကို တစ်နေရာတည်းစုစည်းပြီး တင်ပေးလိုက်ပါတယ် ။ကျွန်တော်တို့လို မြန်မာစာအုပ်တွေကို ဖက်ချင်တိုင်းဝယ်ဖက်လို့မရတဲ့ နိုင်ငံတွေကိုရောက်နေကြတဲ့ ဘော်ဒါတွေအတွက်တော့ အတိုင်းထက်အလွန် အဆင်ပြေစေဖို့ ရည်ရွယ်ပြီးဖေါ်ပြပေးရခြင်းဖြစ်ပါတယ်။ 
***အခုဒီ DICTIONARY SOFTWARE လေးကတော့ WHIZZO PROGRAMMING SCHOOL-->C # PROGRAMMING သင်တန်းမှ ကျောင်းသား/ကျောင်းသူ များမှ စီစဉ်ရေးသားတည်ဆောက် ထားပါသည်တဲ့..အင်္ဂလိပ် ကနေပြီး မြန်မာစာနဲ့ အဓိပ္ပါယ်ဖေါ်ပြီး ဘာသာပြန်ပေးပါတယ် ။ အဲဒီ DICTIONARY SOFTWARE လေးကို ဒီနေရာမှာEnglish-To-Myanmar-Dictionary.exe ဒေါင်းသွားနိုင်သလို သူ့ရဲ့မူရင်းဆိုက်မှာလည်း သွားရောက်လေ့လာရင်းနဲ့ ဒေါင်းလုတ် ယူနိုင်ပါတယ် http://whizzosystem.com/download.htm

***အခုဒီ DICTIONARY SOFTWARE လေးကတော့ မြန်မာစကားကို > အင်္ဂလိပ်လို ဘာသာပြန်ပြီးရှင်းပြပေးပါတယ် ။ မြန်မာနိုင်ငံက ခရီးသွားလမ်းညွန်များ ဆောင်ထားသင့်တဲ့ SOFTWARE လေးပါ ။အင်မတန်မှ ရှင်းပြချက်များ ပြည့်စုံလှပါပေတယ်..အဲဒီ DICTIONARY SOFTWARE လေးကိုလည်း ဒီနေရာမှာ Setup.exe ဒေါင်းသွားနိုင်သလို သူ့ရဲ့မူရင်းဆိုက်မှာလည်း သွားရောက်လေ့လာရင်းနဲ့ ဒေါင်းလုတ် ယူနိုင်ပါသေးတယ် http://myanmar-dictionary.blogspot.com/2009/08/myanmar-english-dictionary-version-10.html

*** အခုဒီ DICTIONARY SOFTWARE လေးကတော့ ပြီးခဲ့တဲ့တစ်ပက်ကတင်ပေးထားပြီးသား SOFTWARE လေးပါ ။ ဒီ SOFTWARE လေးကတော့
+ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော အသုံးပြုပြီး ရှာဖွေနိုင်သည်။ အင်္ဂလိပ်-မြန်မာ (Ornagai), မြန်မာ-အင်္ဂလိပ် (စိုင်း မြန်မာ-အင်္ဂလိပ်), ကိုညီလင်းဆက် ပြုစုထားသော မြန်မာကျေးရွာနာမည်များအဘိဓာန် ကို အသုံးပြုထားသည်။
+ မြန်မာစာ၏ ဝဏ္ဏဖြတ်စနစ်ကို အသုံးပြုပြီး ရှာဖွေခြင်းကို ပိုမိုတိကျအောင် ပြုလုပ်ထားသည်။ ဥပမာ - ကံ ကိုရှာစဉ်တွင် ကြံ ကို ရှာဖွေမိခြင်းမရှိစေရ။
+ စာလုံးပေါင်း အတိုင်းအတာတစ်ခု အထိပြင်ပေးနိုင်သော အလိုအလျှောက် စစ်စတမ် တစ်ခုပါရှိသည်။ ဥပမာ - ကခြော်ကခြွတ် လို့ရိုက်ပြီး Enter ကီးသုံးပေးပါက အလိုအလျောက် ကချော်ကချွတ် သို့ပြောင်းပေးသွားမည်။ 
စသည်ဖြင့်ရှင်းလင်းဖေါ်ပြပေးထားပါတယ် ။ အဲဒီ DICTIONARY SOFTWARE လေးကိုလည်း ဒီနေရာမှာ wxPyDict_setup.exe ဒေါင်းသွားနိုင်သလို သူ့ရဲ့မူရင်းဆိုက်မှာလည်း သွားရောက်လေ့လာရင်းနဲ့ ဒေါင်းလုတ် ယူနိုင်ပါသေးတယ် http://code.google.com/p/wxpydict/

အခြားသော MYANMAR DICTIONARY SOFTWARE များစွာလည်းရှိပါသေးတယ် ။သို့ပေမဲ့ သုံးရလွယ်ကူပြီး အဆင်ပြေစေမဲ့ SOFTWARE လေးတွေကိုရွေးချယ်ပြီး ဖေါ်ပြပေးရခြင်းသာဖြစ်ပါ
ကြောင်း.....................

                                  BRAINLESS 2012