Social Icons

-

Pages

Featured Posts

.

Tuesday, April 1, 2014

Photo Effect - Photoshop ဖြင့်ဓါတ်ပုံများဖြတ်ကပ်ပြုလုပ်ခြင်း ပြန်လည်မျှဝေသည်

Image


ဒါလေးကတော့ Photoshop နဲ့ ဓါတ်ပုံလေးတွေကို ဘယ်လိုဖြတ်ကပ် လုပ်လဲဆိုတာ ပြပေးသွားပါ့မယ်..။ သူငယ်ချင်းတို့ အတွက်အများကြီး အဆင်ပြေမယ့် နည်းလေးလို့ ထင်ပါတယ်..။ Photoshop နဲ့ဓါတ်ပုံပြင်တာ အရမ်းတတ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်..။ ဖုန်းဆက်ပြီးတော့လည်း ခဏခဏမေးတယ်..။ သူ့ကိုလည်း ဒီနည်းလေးနဲ့ အခြေခံစပေးခဲ့တာ.. အခုတော့ သူကတော်တော်လေး လုပ်တတ်နေပါပြီ.. ဒါကြောင့် မလုပ်တတ်သေးတဲ့သူများအတွက် Photoshop အခြေခံရအောင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်တဲ့ ဒီနည်းလေးကို တင်ပေးလိုက်ပါတယ်..
အရင်ဆုံး  Photoshop ရဲ့ File >> Open ကနေ မိမိတို့ ပြုလုပ်ချင်တဲ့ ပုံကိုယူလိုက်ပါ..။ အောက်မှာတော့ ကျနော်က အဆင်ပြေမယ်ထင်တဲ့ ပုံနှစ်ပုံကို တခါတည်း ရွေးယူလိုက်ပါတယ်..



Image

Image

Image

အပေါ်ပုံအတိုင်း ပုံတွေရောက်လာပြီိဆိုရင် ဖြတ်ရလွယ်တဲ့ 1 နေရာက Pen Tool (P) နဲ့ ဖြတ်ပါမယ်.. အောက်ပုံအတိုင်း နံပါတ်စဉ်လိုက် ကြည့်သွားလိုက်ပါ.. ဒီနေရာမှာ တခုမှာချင်တာက ပုံတွေကို ဖြတ်တော့မယ်ဆိုရင် မိမိတို့ ဖြတ်မယ့်ပုံကို ကီးဘုတ်က Ctrl+(+) နဲ့ ပုံကြီးဆွဲချဲ့ပြီးမှ ဖြတ်ပါ.. ပုံကြီးချဲ့ပြီး ဖြတ်တဲ့အတွက် ပုံရဲ့အနားစတွေ ညီနေမှာဖြစ်ပါတယ်.. အောက်ပုံမှာဆက်ကြည့်ပါ..

Image

Image

ဖြတ်ပြီးရင်တော့ ပုံနှစ်ပုံကို ယှဉ်ထားပါ.. ဖြတ်ထားတဲ့ပုံကို Move Tool နဲ့ တခြားပုံပေါ်သို့ ဒရော့ဆွဲ ထည့်လိုက်ပါ.. အောက်ပုံမှာ ဆက်ကြည့်ပါ..

Image

အပေါ်ပုံအတိုင်း တခြားပုံပေါ်သို့ ရောက်သွားပြီဆိုရင်.. အောက်ပုံအတိုင်း  ဆက်လုပ်ပါ..

Image

Image

Image

Image

ကီးဘုတ်မှ Enter ခေါက်ပြီးရင် အောက်ပုံအတိုင်းမြင်ရပါပြီ.. ပြီးရင်တော့ ပုံနှစ်ခုဆက်တဲ့နေရာဖြစ်တဲ့ လည်ပင်းနေရာကို Eraser Tool ဖြင့် ညီအောင် ဖြည်းဖြည်းချင်း ပွတ်တိုက်၍ ဖျက်ပေးပါ.. 

Image

အောက်ပုံအတိုင်း Eraser Tool ကလစ်ပြီးရင် သူနဲ့ သက်ဆိုင်တဲ့ တူးများကို လိုက်ချိန်ပေးပါ.. ဒီနေရာမှာ ကျနော်ပြတဲ့အတိုင်း လုပ်ရမယ်လို့ မဆိုလိုပါဘူး.. မိမိတို့ ပုံနဲ့ အဆင်ပြေမယ့်  Brush Size , နဲ့ Opacity  ကို အဆင်ပြေသလို ချိန်ယူပါ.. အဓိက,က ပုံကြည့်ကောင်းဖို့ လိုပါတယ်.. ကျနော်လုပ်ပြတဲ့ ပုံကလည်း ကြည့်ကောင်းချင်မှ ကြည့်ကောင်းလိမ့်မယ်.. ဒီနေရာမှာ အခြေခံ တတ်ဖို့ကိုသာ အဓိကထားတဲ့အတွက် ကျနော်လုပ်ပြတဲ့ပုံ ကြည့်မကောင်းခဲ့ရင် နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်.. အောက်ပုံတွေအတိုင်း ဆက်ကြည့်ပါဗျာ..

Image

Image

အပေါ်ပုံအတိုင်းဆိုရင် ကြည့်လို့ အဆင်ပြေလောက်ပြီထင်ပါတယ်.. အောက်ပုံကတော့ ခေါင်းကို ရှေ့နည်းနည်းငိုက်ပေးလိုက်တ်ာပါ.. Ctrl+T နဲ့ ဘောင်ပေါ်လာရင် မောက်စ်ဖြင့် ထောင့်လေးတွေကို ထောက်ပြီး.. လှည့်ပေးနိုင်ပါတယ်.. စိတ်ကြိုက်ဖြစ်ရင် Enter ခေါက်ပါ..

Image

 ပြီးရင်တော့ ပုံကို Ctrl+(-) နဲ့ Zoom ပြန်ချုံ့လိုက်တာပါ.. ဒီလောက်ဆိုရင် ကြည့်ရတာ အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်..

Image

Image

အပေါ်ပုံအတိုင်း ပုံကိုသိမ်းလိုက်ရင် အောက်ပုံအတိုင်း ရလာပါပြီ...

Image

ဒီလောက်ဆိုရင်တော့ ပုံတွေကို ဖြတ်ကပ် လုပ်တတ်လောက်ပါပြီ .. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...

Saturday, September 21, 2013

Facebook အသုံးပြုနည်းစာအုပ်

Image
cbox မှသူငယ်ချင်းတွေ ရေးထားတာတွေ့လို့ တင်ပေးလိုက်တာပါ။ facebookအကောက်လုပ်နည်းကနေအစ အသုံးပြုနည်း အစုံပါတဲ့အတွက် 
အသုံးလိုပါက ဒီမှာဒေါင်းယူ နိုင်ပါတယ်။

Saturday, August 24, 2013

Photoshop cs3 full

Image
Photoshop cs3 full သုံးချင်တဲ့ သူငယ်ချင်းတွေအဆင်ပြေအောင် လိုင်းကောင်းတုန်းတင်ပေးလိုက်တာပါ။
ပို့စ်မတင်ဖြစ်တာကြာပြီ အခုမှတင်ဖြစ်တယ်ဆိုတော့ ဆိုဒ်လာလည်တဲ့ မိတ်ဆွေတွေကို တောင်းပန်ပါတယ်နော် ဆော်ဝဲလ်ကို ဒီမှာ ဒေါင်းယူနိုင်ပါတယ်...။

Sunday, July 28, 2013

Mobile ကွန်ယက် နည်းပညာ စာအုပ်

Image
၁။ စတင်လေ့လာ Mobile နည်းပညာ
၂။ Mobile ချိတ်ဆက်နည်းပညာ
၃။ CDMA 800 နဲ့ အသုံးချနည်းပညာ
၎။ GSM/ WCDMA နဲ့ အသုံးချနည်းပညာ
၅။ Internet ဆိုင်ရာ အသုံးချနည်းပညာ
၆။ Mobile တို့၏ လျှို့ဝှက် Keys များ
လေ့လာလိုပါက

Tuesday, April 30, 2013

လိဒ် ဂီတာ တီးခတ်နည်း စာအုပ်

Image
ဂီတာ ၀ါသနာပါတဲ့ သူငယ်ချင်းတွေအဆင်ပြေမှာပါ ဒီစာအုပ်လေးကို နှစ်သက်ပါက ဒီမှာ ဒေါင်းယူပါ။။။

Saturday, March 2, 2013

Driver Navigator

Image
  လိုအပ်တဲ့ driver ရှာပေးမယ့်ဆောဝဲလ်လေးပါ run ပြီး scan ဖတ်လိုက်တာနဲ့ လိုအပ်တာကိုပြတဲ့အခါ အကုန်လုံးကို ဒေါင်းလိုက်ရင် driver အ တွက်ခေါင်းမကိုက်ရတော့ဘူးပေါ့နော်

Friday, February 15, 2013

English To Myanmar Dictionary

အင်္ဂလိပ်မှမြန်မာ မြန်မာမှအင်္ဂလိပ် အရမ်းကောင်းတဲ့ ဒစ်ရှင်နရီလေးပါ။
စက်ရုပ်ဖုန်းသုံးတဲ့သူငယ်ချင်းတွေ အသုံးလိုပါက ဒီနေရာလေးမှာ 
ဒေါင်းယူပါ ကျေးဇူးတင်ပါတယ်။။
 

လာလည်ကြသူများ