Saturday, April 30, 2011

ဘဲဥချဉ်ရည်ဟင်း

အင်း ဘာစားရမလဲ လဲ မသိတော့ ခုတလော ရိုးရိုးသားသား ဖိုးသခွားလေးတွေပဲ အာရုံလာနေတယ် အသားတွေပါတွေ သိပ်မစားချင်ဘူး ဒေါ်ချစ် က ဖြူစုတ်စုတ် လို့ ပြောထားတဲ့ အတွက်လဲ အရောင်လေးနဲ့ ချက်ပြီး တင်ချင်ပါတယ် အဲ့တာနဲ့အိမ်မှာ အသင့်ရှိနေတဲ့ ဘဲဥ ကိုပဲ ချက်စားမယ် လို့တွေးပါတယ်။ ကြက်ဥ ကို နောက်ပိုင်းမှာ လူတွေက အလွယ် ချက်စားကြပေမယ့် ကိုယ်ကတော့ ဘဲဥ စစ်စစ် ကိုမှ ကြိုက်ပါတယ် ချဉ်ရည်ဟင်းချက်စားမယ် ဆိုရင်ပြောတာပါ တကယ်လို့ မကျက်တကျက် ကြော်မယ် ဆိုရင်တော့ ကြက်ဥ ကိုပဲ ပိုကြိုက်ပါတယ် အကြော်ဆိုရင်တော့ ကြက်ဥ ပေါ့ ဟင်းချက်စားမယ်ဆိုရင်တော့ ဘဲဥ ပေါ့ ဒီလိုခွဲပါတယ် ရွေးချယ်စရာလဲရှိရင်ပြောတာပါ။


Image Image Image


တီ့ တို့ ချက်တဲ့ ဘဲဥ ချဉ်ရည် က အရင်ကြော်ပါတယ် အမေ ဆီက သင်ထားတဲ့ အတိုင်းပါ တီကလဲ ကြော်ပြီး မှ ချက်တာ ပိုကြိုက်ပါတယ် မုန့်ဟင်းခါးတွေ ထဲမှာ ထည့်တဲ့ အိုးဘဲဥ လိုမျိုး ပြုတ်ပြီး ဓါးခြစ်ချက်တဲ့ ချဉ်ရည်ဟင်းဆိုရင် တယ်မကြိုက်ချင်ပါဘူး နောက်ပြီး တချို့ဘဲဥ ကို အချပ်လိုက်ကြော်ပြီး ချဉ်ရည်ဟင်း ချက်တာ ရှိသေးတယ် အဲ့တာမျိုး အမုန်းဆုံးပဲ....ထားပါတော့

ပထမဆုံး ဘဲဥကိုပြုတ်ပါတယ် နောက် အပ်ချည်ကြိုးလေးတွေ နဲ့ ထက်ခြမ်းခွဲပါတယ် ပြီးတော့မှ ဘဲဥ ကိုဆီပူထဲ ခဏ ကြော်လိုက်ပါတယ် အခွံလေးတွေ ရွှေရောင်သန်းလာတဲ့ အထိကြော်ပေးပါ ပြီးတော့မှ ပြန်ဆယ်ပြီး ပန်းကန်ထဲထည့်ထားပါမယ် နောက် ခရမ်းချဉ်သီးလေးတွေ ကိုသေးသေးလေးတွေလှီးထားပါ နောက်ဆုံးပန်းကန် ကတော့ မန်ကျည်းနှစ်တွေကိုဖျော်ထားတာပါ အသင့်ပြင်တာတွေပြီးပြီဆိုရင် ချက်တဲ့စခန်းထပါမယ်နော်


Image Image Image


ပထမဆုံး ဆီပူထဲမှာ ကြက်သွန်ဖြူနီ ကိုအရင်ဆီသတ်ပါမယ် တလက်စတည်း အရောင်တင်မှုန့်နဲ့ နနွင်း နည်းနည်း ထည့်လိုက်ပါ ကြက်သွန်ဖြူနီတွေ ရွှေရောင်သန်းလာရင် ခရမ်းချဉ်သီးတွေ ထည့်ပါမယ် ခရမ်းချဉ်သီးတွေ နွမ်းတဲ့ အထိသေချာမွှေကြော်ပေးနေပါ


Image Image Image


ခရမ်းချဉ်သီးတွေပုံမှာ ပြထားတဲ့ အတိုင်း အနှစ်ဖြစ်သွားပြီဆိုရင် မန်ကျည်းမှည့် ရေထည့်ပါမယ် ခဏပေးဆူ လိုက်ရင်တော့ ဘဲဥ ထည့်လို့ ရပါပြီ။ ဘဲဥထည့်ပြီးရင် ဆီပျံတဲ့ အထိ ခဏတည်ပေးပါလေ။ ဆီပျံလာပြီဆိုရင်တော့ အိုကေပါပဲ တီကတော့ တခါတလေ အရေလေးဆမ်းစားချင်ရင် ဆီပျံ ရေကျန်လေးလဲ ချက်တတ်ပါတယ်


Image


ပုံမှာ ပြထားတဲ့ အတိုင်း လွယ်ကောင်းသက်သာ မြန်ဆန်အရသာရှိ ဘဲဥ ချဉ်ရည်ဟင်း တခွက်ရပါပြီ
စားကြပါအုံးနော်


Image


ဒါလေးကတော့ ဘောနပ်စ် အချိုတည်းဖို့ ဒူးရင်းသီးပါ

A Chen
7:15 PM
30th April 2011
Saturday
Home
Bangkok

Friday, April 29, 2011

သက်သက်လွတ် ပဲကြာဇံကြော် နဲ့ ယိုးဒယား ပဲကြာဇံ သုပ်

ဒီတခါတော့ အပြောင်းအလဲ ကလေးဖြစ်အောင် သက်သတ်လွတ်ပဲကြာဇံ ကြော် နဲ့ ယိုးဒယား ပဲကြာဇံ သုပ် ကိုတင်ပေးမယ်နော်။ တလောက အသားတွေ ချည်းချက်စားနေတော့ အီလာပြီ။ အအီပြေပေါ့။


Image


ပဲကြာဇံ ကို ရေနွေးနဲ့ပြုတ်ပြီး ရေအေးစိမ် စစ်ထားပါ။ ပဲကြာဇံ နော် ကြော်စားတဲ့ ဆန်ကြာဇံ မဟုတ်။ ပဲဟင်းထဲထည့်တာ ကြာဇံချက် ချက်တာမျိုးနော်။ Glass Noodle လို့ ခေါ်တယ် vermicelli မဟုတ်။ မမှားပါစေနဲ့နော် ကြော်ရတာ အရမ်းလွယ်ပါတယ် ကိုယ်ကြိုက်တဲ့ အသီး အရွက်လေးတွေကို လှီး ပြီး ရေဆေးထားအုံးနော် တီကတော့ အလွယ်ပဲ ရှိတဲ့ ဂေါ်ဖီထုပ် နဲ့ ဟိုတလောက ဝက်သား နန့်ဖစ်အောဝ် တုံးက ကျန်တဲ့ ဆလပ်တွေ ကို ထည့်ဖို့ ကြံတယ်


Image Image Image


ဆီပူ အိုးနဲ့ငရုတ်သီး ခြောက် ကို နည်းနည်း အရင်ထည့်ကြော်ပါ အနံလေးမွှေးနေအောင်ဖြစ်ပါတယ် ပြီးရင်တော့ ဂေါ်ဖီတွေ ကြော် ဆား အချိုမှုန့် ထည့် ပဲငဲပြာရည် နည်းနည်း ထည့် ပြီးတော့ မှ ခုန က စိမ်ထားတဲ့ ကြာဇံ ကိုထည့် ခဏ ကြော်လိုက်ရင် ရပါပြီ ကြိုက်တတ်ရင် အသား၊ ကြက်ဝက်။ ကြက်သွန်ဖြူ နီ တွေ လဲ ထည့်ကြော် လို့ ရပါတယ် အရောင် လှချင်ရင် အရွက်တွေ ကို အရောင်ပါတာရွေးထည့်ပေါ့ ဥနီ တို့ မုန်ညှင်း တို့ ဘရိုကိုလီ တို့ ဘေဘီကောန်း တို့


Image


ကဲ ဒါဆိုရင်တော့ မြန်ကောင်း သက်သာ လွယ်ကူ အရသာရှိပါပဲ သက်သတ်လွတ် ပဲ ကြာဇံ ကြော် တပွဲ ရပါပြီ ထမင်း နဲ့စားစား သူ့အတိုင်း စားစား အိုအိရှိပါပဲနော်
တီကတော့ ရိုးရိုးလေးပဲ အိမ်က လက်ကျန် အကုန်ဖြတ်တာ ဆိုတော့ သက်သက်လွတ် ဖြစ်သွားတယ်
မြည်းကြည့်ကြပါအုံးနော်


နောက်တမျိုးကတော့ ဒီမှာ ယမ်းဝန်းဆင့် လို့ ခေါ်တဲ့ ပဲကြာဇံ ယိုးဒယားစတိုင်လ် သုပ်ပါ သူက တော့ အသုပ်ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ရတာတွေကပဲ ပိုများပါတယ် ကြည့်ကြည့်ရအောင်နော်


Image Image Image


ပထမဆုံးကတော့ ပုစွန်ခြောက် သေးသေးလေးတွေ ကို ရေနွေးဖျော် လိုက်ပါတယ် ပြီးတော့ ရေစစ်ထားပါ နောက်ဝက်သား တောက်တောက်စင်း (တီကတော့ စင်းပြီးသားပဲ ဝယ်လိုက်တယ် အလွယ်) ကို ရေစပ်စပ်လေးနဲ့ ကြော်လိုက်ပါ ပုံ ၂ ကိုကြည့် နောက် ပုံ ၃ ကတော့ အစာပလာ ပြင်တာပါ ပန်းရောင်လေးတွေက ဝက်သားချဉ်ချောင်း ကိုချေထားတာပါ ဘေးက သံပရာသီး နောက် ခုန က ရေစပ်စပ်နဲ့ ကြော်ထားတဲ့ ဝက်သား တောက်တောက်စင်း ကြက်သွန်နီ ပါးပါးလှီး နဲ့ ငရုတ်သီးစိမ်း ပါးပါးလှီး အလယ်က မြေပဲလှော် အခွံချွတ်ထားတာ


Image Image Image


ပြုတ်ပြီး ရေစစ်ထားတဲ့ ပဲကြာဇံတွေကို နယ်မဲ့ ဇလုံထဲ ထည့်ပါ ကြက်သွန်နီ နဲ့ ငရုတ်သီးစိမ်းတွေ ထည့်ပါ အစာပလာ တွေထည့်ပါ ဆား အချိုမှုန့် သကြားနည်းနည်း (အရသာလေးအောင်ပါ) ပြီးတော့ ပုစွန် ငံပြာရည် နည်းနည်း ထည့်ပါနော် သံပရာသီး စိပ်တွေ ကို ညှစ်ထည့်ပြီး နယ်လိုက်ရင် အရသာရှိတဲ့ ပဲကြာဇံ သုပ်တပွဲ ရတာပေါ့ လွယ်မှလွယ် မြန်မှမြန် ကောင်းမှကောင်း ပဲနော်.......


Image


ဒါကတော့ ဆာဗ် လုပ်ခါနီးမှာ အသင့်လှော်ထားတဲ့ မြေပဲ တွေ ကိုထည့်လိုက်တာပါ နယ်တဲ့ ထဲ ထည့်မနယ်ပါဘူးနော် ပျော့ ကုန်မှာစိုးလို့ပါ


Image Image Image


ပြီးရင်တော့ အချိုတည်းစရာ ပိန္နဲသီး စေ့ပြုတ် ဆီ နဲ့ ဆားလေးနဲ့ တို့ စားလိုက်ရင် စိမ့်နေတာပေါ့ တီချမ်း က အိမ်လည်လာတာ အစေ့ ကြီးပဲ ကျွေးတယ် မပြောပါနဲ့ အသီးလေးလဲ စားပါ အမွှာလိုက် ခွာပြီးသားတွေ ဝယ်လာတာ

A Chen
4:54 PM
29th April 2011
Friday
Bangkok

လရောင်လမ်း နှင့် အခင်းဖြစ်ပွားခြင်း

မောင်တေဇာ (လရောင်လမ်း) ရဲ့ စာတွေကို သွားသွားဘတ်နေကြပါ။ တခါတခါ တော်တော်သဘောကျတာ တွေ့ရင် ကါန်မန့် ရေးတတ်ပါတယ်။ ခုလဲကါန်မန့် ရေးတဲ့ထဲက တခု အတော် သဘောကျလို့ ပြန်ရှယ် ချင်ပါတယ်။ အော်ရီဂျင်နယ် က ဒီမှာပါ


အခင်းဖြစ်ပွားမှု (Phenomenological)



Image
အဲလိုပဲ ဖြစ်သွားတယ်
ကဲ့ရဲ့ဖို့မဟုတ်၊ ချီးမြှောက်ဖို့မဟုတ်
သေချာတာက အဲလိုပဲ တကယ်ဖြစ်သွားတယ်
အဲဒီဖြစ်စဉ်အတိုင်း ကျွန်တော်လိုက်သွားကြည့်မယ်
အနည်းဆုံး မဆုံးသေးတဲ့အထိ။

Phenomenological

It just happens.
Worthy of neither polemics nor compliments.
The fact is that it really happens.
I will follow the phenomenon,
At least, until it ends.

တေဇာ (လရောင်လမ်း)

7 comments:



Image Addy Chen said...

မောင်တေဇာ နောက်ဆုံး အကြောင်း က မြန်မာလို နဲ့အီး လို ကွန်ထရာဒစ်နေလားလို့



အင်္ဂလိပ်လိုမှာတော့ ပြဿနာမရှိဘူးထင်တယ် တီချမ်း။ မြန်မာလိုကို `ဘာသာပြန်ဖတ်´ ဖတ်တဲ့အခါကျတော့ နည်းနည်းလေး ပြောရင် ပြောစရာဖြစ်နေတယ်။ အဲဒါက `အနည်းဆုံး မဆုံးမချင်း´ လို့မသုံးဘဲ၊ `အနည်းဆုံး မဆုံးသေးတဲ့အထိ´ လို့ သုံးလိုက်လို့လည်း ဖြစ်မယ်။

ဥပမာ-
I read the poem until its end.
ဒီကဗျာကို မဆုံးမချင်း (Negative) ဖတ်တယ်၊ (ဒါမှမဟုတ်)
ဒီကဗျာကို ဆုံးတဲ့အထိ/တိုင်အောင် (Positive) ဖတ်တယ်။

မြန်မာဘာသာကို ဖလှယ်တဲ့အခါမှာ `မဆုံးမချင်း´ လို့ Negative နဲ့ပြန်ပြန်၊ `ဆုံးတဲ့အထိ´လို့ Positive နဲ့ ပြန်ပြန်၊ အဓိပ္ပာယ် တူတူပဲ ဖြစ်နေတယ်။ မဆုံးမချင်းဖတ်ဖတ်၊ ဆုံးတဲ့အထိ/တိုင်အောင်ဖတ်ဖတ် ကဗျာတစ်ပုဒ်လုံးပြီးအောင် ဖတ်လိုက်တာချင်း တူတယ်။

နောက်ထပ်ဥပမာတစ်ခုပြောရရင်
He held the power until his death. ကို မြန်မာဘာသာပြန်မယ်ဆိုရင်
သူဟာ အာဏာကို မသေမချင်း ဆုပ်ကိုင်ခဲ့တယ်။
(ဒါမှမဟုတ်)
သူဟာ အာဏာကို သေတဲ့အထိ/တိုင်အောင် ဆုပ်ကိုင်ခဲ့တယ်။
(ဒါမှမဟုတ် ကျွန်တော် ကဗျာမှာသုံးထားသလို)
သူဟာ အာဏာကို မသေသေးတဲ့အထိ ဆုပ်ကိုင်ခဲ့တယ်။

မြန်မာလိုမှာ Positive/Negative ကွဲနေပေမယ့် `အနက်´မှာ အတူတူချည်းပဲ ဖြစ်နေတယ်။

You don't know what you can achieve until you try.
ဒီလိုဝါကျမျိုးကျတော့ `မကြိုးစားသေးတဲ့အထိ´ (ဒါမှမဟုတ်) `မကြိုးစားမချင်း´ လို့ Negative နဲ့ မြန်မာလို ဖလှယ်မှပဲ အဆင်ပြေတာကို တွေ့ရတယ်။ အဲဒါက ရှေ့မှာ Negative (don't know) ပါနေလို့ဖြစ်လိမ့်မယ်။

ကဗျာက Present Continuous ကိုတော့ will ပြောင်းလိုက်တယ်ဗျာ။ အမြင်မတော်တာရှိရင် နည်းနည်းထောက်ပါ တီချမ်း၊ ကျွန်တော်လည်း သိသလောက်နဲ့ လျှောက်ရေးတယ်။း)


Image Addy Chen said...

ဟုတ်ကဲ့ ပေါက်ပြီ ကိုကိုတေဇာ ပြောတာကောင်းတယ်

အမှန်က မဆုံးမချင်း လို့ပြန်ရင် ပိုဘတ်ရတာ ချောမှာ

မသေသေးတဲ့ အထိ နဲ့ မသေမချင်း ဘတ်ရတာ ကွာသလိုပေါ့ အသုံးကွာတယ် ထင်တာပဲ

နောက် အက်တစ်ပက်စစ် လေနော် အီး အသုံးမှာက

ဥပမာ English စစ်တွေ ဆိုရင် i cut my hair လို့ မှ မရေးတာ
i had my hair cut ဆိုမှ သဒ္ဒါ အရမှန်မယ်လေ အခုနောက်ပိုင်း တော့ တီတို့ ပတ်ဝန်းကျင်မှာ က အမေရိကန် အီး အပျက်တွေ ပဲ သုံးတာများနေတာလဲပါတယ် ခုနောက်ပိုင်းပိုဆိုးတယ် အမေရိကန် ရုပ်ရှင်တွေမှာ အမဲကောင်တွေက စကားပြောရင် he don't she don't တွေ တောင်လာတယ်
မောင်တေဇာ ကဗျာ တိုတွေမှာ အစကတည်း အီး ကို သဒ္ဒါ မှန်အောင် သုံးတာတွေအတွေ့များတယ် အဖေ့ ဆီက ရတာထင်တယ်

အခုဟာကတော့ ခုန က ပြောသလို မောင်ရင့် စကားလုံး အသုံးအနှုန်းရွေးချယ်မှုပေါ့ မဆုံးမချင်း လို့ မောင်ရင် သုံးရင် မဆုံးသေးတဲ့ အထိ ထက် ပိုလှမယ် လို့ ကိုယ်ကထင်တယ်

ဒါက ဘတ်သူဘက်က ခံစားချက် (တခါတခါ စာဘတ်သူက အသိဥာဏ် ရှိတယ် သူစာဘတ်ကျေတယ် လို့ သူ့ကိုယ်သူ ထင်တဲ့ အခါ စာရေးသူ ကို စမ်းတာ တော့မဟုတ်ဘူး စာရေးသူ ကဗျာရေးသူ ရဲ့ လွတ်လပ်ခွင့် ကိုထိပါးတတ်တယ် ကိုယ်လို လူတွေအဖြစ်များတယ် အမှန်ကတော့ မောင်တေဇာ ရေးတာ ကောင်းတယ် ကြည့်တဲ့ ခံစားတဲ့တဲ့ ထောင့်မတူတာပါ)

မနေနိုင်မထိုင်နိုင် တတ်သလောက် မှတ်သမျှ ပြန်ဆွေးနွေးကြည့်တယ်

ကြည့်လိုက် ဒီနေရာမှာ တတ်သလောက် မှတ်သလောက် လို့ ပဲ သုံးရင် ရတယ် ကိုယ်က မှတ်သမျှ လို့ကွန့်သုံးတယ်

ပြန်ဆွေးနွေးကြည့်တယ် လို့ ပညာရှိချင်ယောင်ဆောင် (ဟန်ဆောင်) ပြီး ရေးသေးတယ်



ကျေးဇူး တီချမ်းး)


Image Addy Chen said...

mg tay zar if u agree i would like to post this comments at my blog
including ur poem of course with ur link stated.

only if u agree
i think this is a good conversation and i think it will benefits some people at least, see i am being proud again...



Why not? T chan. I agree. :)


Image Addy Chen said...

အိုကေ နော် အဲ့တာဆို လုပ်ချလိုက်တော့မယ်

Thursday, April 28, 2011

ခွင့်ပြုချက်တောင်း........ရန်မလို..........

Image


foto from google


ခွင့်ပြုချက်တောင်း........ရန်မလို..........


တချို့ ကိစ္စတွေဆိုရင် ရှင် က ကျမ ကို သဘောတူမတူ ခွင့်ပြုချက်တောင်းစရာမလိုပါဘူးလေ။ ဥပမာ...
“ကိုယ်မင်း ကို နမ်းရမလားဟင်”
“ဒီည ကိုယ်ဒီမှာ အိပ်လို့ ရမလားဟင်”
“ကိုယ်မင်းဆီကို ဖုန်းဆက်လို့ရမလားဟင်”
“မင်း လက်ကလေးကို ကိုယ်ကိုင်ထားလို့ရမလားဟင်”
“မင်း ကို ကိုယ်ထပ်တွေ့နိုင်အုံးမလားဟင်”

ကောင်လေးက ကောင်မလေး ကို “နမ်းရမလားဟင်” လို့မေးရင် ကိုယ်ကတော့ အဲ့ဒီကောင်လေး သိပ်တုံးတယ် လို့ ထင်တာပဲ။ စဉ်းစားကြည့်လေနော်....တကယ်လို့ကောင်မလေး က “အင်း....” လို့ ဖြေရင်....အဲ့ဒီကောင်မလေးက အိနြေ္ဒ မရှိလိုက်တာ လို့ဖြစ်နေမယ်လေ။ အဲ့တော့ ကိုယ်တို့ တွေမှာ “ဟင့်အင်း......” လို့ ဖြေရန်မှ တပါးအခြားမရှိ။ ဒါမှ မဟုတ် ဘာမှမဖြေဘဲ တိတ်ဆိတ် နေယုံပဲ။ တကယ်လို့ ကောင်လေးတွေ က ကောင်မလေးတွေကို နမ်းချင်တယ် ဆိုရင် နမ်းသာနမ်းလိုက်ပါ။ သဘောတူလားမတူလားမေးမနေပါနဲ့။ တကယ်လို့ ဝေါ့စ်ကေစ့် စနေရီယို သဘောတူညီချက် (ဝါ) ခွင့်ပြုမှု မရဘဲ နမ်းလိုက်မယ် ဆိုပါတော့ မသကာ အလွန်ဆုံး ရ လက်ဝါး တဘက်ပေါ့။ ဒါပေမယ့် ကံကောင်းရင် ကိုယ့်ရင်ခွင်ထဲ ပြိုဆင်းလာမယ့် အပွေ့အဖက် တခုတောင် အပိုဆု ရနိုင်သေးတယ်။ ကံကောင်းရင်ပြောတာနော် အဲ့တာဆို တီ့ စာဘတ်လို့ ဆိုပြီး ကျေးဇူး လာတင်ပါ (ကောင်လေးတွေ လက်ခုပ်တီးပါတယ်) ပါးရိုက်ခံ ရရင် တော့ ငါ ကိုက ကံမကောင်းတာပါ လို့ဖြေသိမ့်ပါ (ကောင်မလေးများ လက်ခုပ်တီးပါတယ်)

ဒါပေမယ့် ကောင်လေးက “နမ်းရမလားဟင်” လို့ သာ သွားမေမိမယ်ဆိုရင်တော့ သူက ဘာမှ မရနိုင်တဲ့ အပြင် ကောင်မလေးကလဲ ငတုံး လို့ တောင် သူ့ကို သတ်မှတ်နိုင်ပါသေးတယ်။

နောက်ပြီး ကောင်လေး က ကောင်မလေး ဆီမှာ ညဘက် နေချင်တယ်။ အဲ့တာဆိုရင်လဲ နေလို့ ရမရ မမေးပါနဲ့။ တကယ်လို့ ကောင်မလေးက ကိုယ့်ကို နေစေချင်ရင် ဟင့် (hint) ပေးပါလိမ့်မယ်။ မနေစေချင်ရင်လဲ “ဟင့်” ပေးပါလိမ့်မယ်။ ဘယ်လို အနေအထားမျိုးမှာ နေသင့်တယ် သွားသင့်တယ်ဆိုတာလောက် ကတော့ ယောက်ျားတွေ က သိပါတယ်။
(ဒါကတော့ တီ့ စိတ်ကူးယဉ် ခေတ်လွန် လူတန်းစားကိုပြောပါတယ် အာတီကယ် ကို အာတီကယ် အတိုင်းပဲ ဘတ်ပါနော် မြန်မာပြည်မှာတော့ ဒါမျိုးတွေ မရှိဘူး ဘာညာ ကိုယ်သိတာ ကွက်ကွက်လေးနဲ့ မငြင်းပါနဲ့ ရှိတဲ့နေရာတွေမှာလဲ ရှိနေမှာပါနော်)

တကယ်လို့ များ ကောင်လေးတယောက်က ကိုယ့်ကို “လက်ကလေးကိုင်ထားရမလားဟင်” လို့ မေးလာရင်တော့
ကိုယ်တော်တော်ဒေါသထွက်မိမယ်ထင်တယ်။ “မကိုင်နဲ့” လို့ပဲ ငြင်းရတော့မှာကိုး။ တခြားရွေးချယ်စရာမှ မရှိတာနော်။ ကောင်မလေးတွေ ကိုယ်သဘောကျတဲ့ ကောင်လေးက လက်ကိုင်တယ်ဆိုတဲ့ အတွေ့အကြုံဟာ အင်မတန်မှ ရိုမန်တစ်ဖြစ်ပါတယ်။ ဘဝတလျောက်လုံး ပြန်ပြန် အမှတ်ရနေမယ့် surprise ပါ။ တကယ်လို့ ကိုယ့်ကောင်လေးကသာ ကိုင်လို့ ရမရ (လက်ကို) အရင်မေးမယ်ဆိုရင် ဘယ်လာ surprise ပါတော့မလဲနော်။ ယောက်ျားတွေ ဟာ ဘယ်တော့မှများ ဘယ်လို ကိစ္စမျိုးကိုဆိုရင် သူတို့ ကောင်မလေးတွေကိုခွင့်တောင်းရမယ် ဘယ်လိုကိစ္စမျိုး ဆိုရင် ခွင့်တောင်းစရာ မလိုဘူးလဲ လို့ သေချာ နားလည်သဘောပေါက် မှာပါလိမ့်နော်...။

ဂျူး ရဲ့ “ကံကြမ္မာ ကို မယုံကြည်ကြသူများ” ထဲက မမ ထင်တယ် ဝေဘုန်း က အင်္ကျီ ကြယ်သီး ကိုင် တာနဲ့ ပတ်သက်ပြီးဖြစ်တာ ကိုသတိရမိသေးတယ်။ အခုဟာကလဲပိုစ့်ရေးနေတာ မို့လို့သာ တကူးတက လျောက်တွေး လျောက်ရေးနေတာပါ အပြင်လောက မှာတော့ တီက အင်မတန်မှ ဦးဆောင် ဦးရွက် ရှိပါတယ် တီ့ ကောင်လေးတွေ ဆိုရင် ဘယ်တော့ မှ ခွင့်တောင်းနေစရာမလိုဘူး တီ က ပဲ ဦးအောင် ကိုင်လိုက်တာပဲ (လမ်းကူးတဲ့ အခါ လက်ကိုပြောတာပါ)

မှတ်ချက်

ခေါင်းစဉ် ကို လာဘ်ပေး “ရန်” မလိုပါ ကဲ့သို့ ခွဲ မဘတ်ရ...။


A Chen
3:40 PM
28th April 2011
Thursday
Bangkok

ကျိုင်းတုံ ရှမ်းခေါက်ဆွဲ

လာပြီ....လာပြီ....ဒေါ်ချမ်းတီ.....နောက်တခါပြန်လာပါပြီ ရှမ်းခေါက်ဆွဲ ကျိုင်းတုံ မုန့်တီ.....အရင်တခါ တင်ဖူးတဲ့ ရှမ်းခေါက်ဆွဲ နဲ့မတူပါဘူး ဘာလို့လဲဆိုတော့ အရင်တခါ ချက်တာ က အသားသပ်သပ် ဟင်းရည်သပ်သပ်ပါ သူက မြောက်ပိုင်းရှမ်း ပိုဆန်ပါတယ် အခုဟာက အရှေ့ ပိုင်းရှမ်း တီ့မွေးရပ်ဇာတိမြေ ကျိုင်းတုံ က ကျိုင်းတုံ မုန့်တီ တဖြစ်လဲ ရှမ်းခေါက်ဆွဲဖြစ်ပါတယ် ဘာတွေကွာလဲ ဆိုတာကိုတော့ ချက်ကြည့်လိုက်ကြရအောင်နော် ....


Image Image Image


ပထမ ပုံ ကိုကြည့်ပါ ဝက်နံရိုး ရှယ်နံရိုး ကို လိုအပ်သလောက်ရေနဲ့ပြုတ်ပါမယ် ပြီးတော့ ပုံ ၂ က အတိုင်း ပဲပုပ် ၂ ချပ်ခွဲကို တခါတည်း ထည့်ပြုတ်ပါမယ် ......နံရိုး ရယ် ပဲပုပ် ရယ် ရေ ရယ် ဒါပါပဲ ပြီးတော့ တီ့ တို့ မျိုးရိုးစဉ်ဆက် မဟာဟင်းရည်ကြည်အောင် တည်နည်းအတိုင်း တည်ပါမယ် အိုး ကို အဖုံးမဖုံးပါနဲ့ မဟုတ်ရင် ဟင်းရည်က မကြည်ဘဲ နောက်သွားပါမယ် ....အရင် ရှမ်းခေါက်ဆွဲက နည်းအတိုင်းတည်ပါ


Image Image Image


ဒါကတော့ ဟင်းရည်ချက်ဖို့အတွက် ခရမ်းချဉ်သီး ကို သေးသေးလေးတွေ လှီးထားတာပါ ပြီးတော့ ကြက်သွန်ဖြူ နီ ကို ပုံအတိုင်း များများလေး ကြိတ်ထားပါ ဒါက အသင့်ပြင်ထားရမယ့် နောက်တခုပေါ့


Image Image Image


ခုနက ဟင်းရည်အိုး ဆူရင် အဖုံး ကို ပုံအတိုင်း နည်းနည်းလေး ဟပြီးတော့ ဖုံးထားလိုက်ပါ ပုံ ၂ မှာ ပြထားပါတယ် ရှယ်နံရိုးကျက်သွားပါပြီ....ဒါဆိုရင် ဟင်းရည် ပထမပိုင်း တပိုင်းပြီးသွားပါပြီ ခဏတစခန်းရပ် ဘေးက ပုံ ၃ က တလောက အသစ်ဝယ်ထားတဲ့ မက်ဘွခ်အဲ ၁၁ အင့်ခ်ျ ပါ ဟင်းချက်တာနဲ့ ဘာမဆိုင်ပါဘူး တမင်သက်သက် မမကွမ် လို့ ကြွားချင်လို့ ပုံထည့်ထားတာပါ ငှဲငှဲငှဲ....ပြီးတော့ ဘေးကတော့ ကိုင်တာ နှစ်နှစ်ခွဲ ရှိပြီ ဖြစ်တဲ့ နိုကီယာ အဟောင်း အစုတ်လေးပါ ဘေးက မက်ခ်ဘွခ် ကိုပဲ ကြည့်ပြီး ဖုန်းကိုတော့ မမြင်ချင်ယောင်ဆောင်နေလိုက်ပါ (ဒါလဲ မမကွမ် ရေးနည်းအတိုင်းပေါ့)


Image Image Image


ဝက်သား ကိုပုံအတိုင်း လေးထောင့် သေးသေးလေးတွေ တုန်းထားပါ ပြီးရင်တော့ ပုံ ၂ မှာ ပြထားတဲ့ အတိုင်း ငရုတ်သီးမှုန့် ကို အရောင်တင်မှုန့် ကော အကြမ်းမှုန့် ကော ထည့်ပါမယ် ပြီးရင်တော့ တတိယ ပုံက အတိုင်း ဆား အချိုမှုန့် ထည့်ပါမယ်


Image Image Image


အရောင်တင်မှုန့်ရယ် ဆား အချိုမှုန့် ရယ် ပြီးရင် နနွင်းနည်းနည်းလေး ထပ်ထည့်ပေးပါ ပြီးရင်တော့ နောက်ဆုံးပုံထဲက အတိုင်း ငံပြာရည် နည်းနည်းထည့်ပြီးတော့ နယ်ပြီး နပ်ထားပေးပါ


Image Image Image


ကဲ အစစ အရာရာ ပြင်ဆင်ပြီးရင်တော့ စတင်ချက်ပြုတ်ပါတော့မယ် ဆီကို အရင်ပူအောင်တည်ပါမယ် အဆင့်တွေက လုပ်နေကျ လွယ်လွန်လွန်းလို့ အမြန်ပဲ ရမ်းသရူးရေးသွားပါမယ် တီ့ စာဘတ်ရင် တော်ပြီးသား ပဲလေနော် ကဲ ဒုတိယ ပုံက အတိုင်း ကြက်သွန်ဖြူနီ ကို ဆီသတ်ပါမယ်


Image Image Image


ကြက်သွန်ဖြူနီ ဆီသတ်လို့ ရွှေရောင်သန်းလာပြီဆိုရင် ခရမ်းချဉ်သီး ထည့်ပါမယ် ပုံ ၂ အတိုင်း ခရမ်းချဉ်သီးတွေ ကျေကုန်တဲ့ အထိ မွှေပေးနေပါ ခရမ်းချဉ်သီးတွေ ကျေကုန်ပြီဆိုရင် ခုနက နယ်ပြီး နပ်ထားတဲ့ ဝက်သား ကိုထည့်ပါမယ် ဝက်သား ကို ခဏ ဆီမွှေးလာအောင် ကြော်ပေးပါ ပြီးရင် ရေနည်းနည်း ထည့်ပြီးတော့ ဆက်တည်ပေးပါမယ်


Image Image Image


ကြော်ရင်းနဲ့ မွှေမွှေပေးနေပါ အောက်က အသားတွေ မတူးကုန်အောင်ဖြစ်ပါတယ် ပြီးရင် ဇွှန်းလေးနဲ့ဆယ်ဆယ်ပြီး ဝက်သား နူးမနူး မြည်းကြည့်ပေးပါ ပုံ ၂ ကိုကြည့်ပါ ဝက်သားတွေ အိုကေ ပြီဆိုရင်တော့ အစကနေ ရေရင် ပုံ ၈ က ဟင်းရည်အိုးထဲကို အခု ချက်ထားတဲ့ ဝက်သားကော ဆီတွေ ကော ဘာဘာညာညာ အကုန်လောင်းထည့်လိုက်ပါ


Image Image Image


ဝက်သားအနှစ်တွေ လောင်းထည့်လိုက်တဲ့ အတွက် ဟင်းရည် ကို တခါ ပြန်တည်ပေးရပါမယ် ပြီးရင် ခုန ကအတိုင်း ဟင်းရည် ကို ပြန်ဆူပါစေ ဒီနေရာမှ နောက်ထပ်ပြင်ထားရမယ့် ကြက် ဘဲ ပဲ ဝက်သွေးကြိုက်ရာ ကို အရင်ရေနဲ့ပြုတ်ပြီး ကြိုက်တဲ့ အရွယ် အနေတော် အတုံးလေးတွေ လုပ်ထားပါ ပျော့ပျော့လေးစားချင်ရင် ရေနဲ့အရင်မပြုတ်လဲရပါတယ် တီက မာမာလေး ကြိုက်လို့ပါ ပြီးရင် ခုန က ဝက်သား ပဲပုပ်နံရိုးဟင်းရည် ဆူလာရင် အသွေးတုံးတွေ ထည့်ပေးပါမယ် ပြီးရင် ဆားချိုငံပေါ့ မြည်းပေး လိုတိုး ပိုရေနည်းနည်းရောလုပ်ပါ (ရေ ကို ရေရမယ် ဆိုရင် နည်းနည်းပဲ ရောပါ မဟုတ်ရင် ဟင်းရည်က ကျဲပြီး စားမကောင်ဖြစ်နေမယ် ဆရာမ နာမည်မပျက်ချင်ဘူးနော်) လုပ်ပြီးရင် ခဏပေးဆုလိုက်ရင် ကျိုင်းတုံ မုန့်တီ ရှမ်းခေါက်ဆွဲစစ်စစ်အတွက် ပထမအဆင့်အနေနဲ့ ဟင်းရည် ရပါပြီ...

ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး ပြင်စရာနောက်တဆင့် ရှိပါသေးတယ် ကြည့်ရအောင်နော်..


Image Image Image


ဒီမှာက မြီးရှည်ဖတ် အစို အလွယ်မရတဲ့အတွက် မြီးရှည်ခြောက် ကိုညကတည်းက ရေအရင်စိမ်ထားရပါတယ်
နောက်စားခါနီးကျတော့မှ ပြန်ပြုတ် ပြီးတော့ ရေအေးနဲ့ပြန်ဆေးပြီးမှ ဆယ်ထားပေးပါ
နောက်ဘေးက ပန်းရောင်ဇလုံထဲမှာ မြင်ရတာကတော့လက်ပံပွင့်တွေဖြစ်ပါတယ်
ရေအရင်သေချာဆေး ရွေးပြီးတော့ ရေပြန်စိမ်ထားပါ


Image Image Image


ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း ရေနွေးတအိုးသပ်သပ်တည်ပြီးတော့ လက်ပံတွေကို ပြုတ်ပါမယ် ပြီးရင် နူးမနူးမြည်းပေးပြီးတော့ ပန်းကန်လေးထဲ ဆယ်ထားပေးပါ အရင် တီအရင်ချက်တုံးကဆို အလုပ်ပိုရှုပ်မှာစိုးလို့ဆိုပြီး ဟင်းရည်အိုးထဲ ကို လက်ပံပွင့်တွေ တခါတည်း ထည့်ချက်လိုက်တာပါပဲ (အမေရောက်လာမှ ပြောပြတာက လက်ပံ ကို အဲ့လို ထည့်ချက်ရင် ဟင်းရည်တွေက ချွဲ သွားတတ်တယ်တဲ့ လက်ပံကြောင့်ပေါ့) အဲ့တာကြောင့် ရေနွေးဖျော်ပြီး သပ်သပ်ထားတာပါ


Image Image Image


ပြီးပြီလား ဆိုမပြီးသေးပါဘူး ကြိုက်တတ်ရင် ဂေါ်ဖီ ကို ပုံထဲ က အတိုင်း ပါးပါးလေးလှီးထားပေးပါမယ်
ဂေါ်ဖီမကြိုက်ရင်ပဲဖြစ်ဖြစ် မရရင်ပဲဖြစ်ဖြစ် ပဲပင်ပေါက်နဲ့လဲ အစားထိုးသုံးနိုင်ပါတယ် နောက် နံနံပင် သံပရာသီး လှီးထားပါ နောက်ဆုံး ပုံကတော့ ပွဲပြင်တာပါ ရှမ်းခေါက်ဆွဲ (မြီးရှည်ဖတ် အမှန်ကတော့ ရန်ကုန်အခေါ်နန်းလတ်အဖတ်ပါ ဒါပေမယ့် မြီးရှည်ခြောက်နဲ့ နန်းလတ်ဖတ်က တကယ်တော့ ကွာပါတယ် မြီးရှည် က အပြုတ်ခံတယ် နန်းလတ်သုံးရင် ဒီနေရာမှာ သိပ်စားမကောင်းဘူး သူက ရေနွေးဖျော်လို့လဲအဆင်မပြေ ဘူး မှလား...မြီးရှည်ဖတ် ကို အစိုကော အခြောက်ကော မရနိုင်ရင် မုန့်တီဖတ် ကိုလဲအစားထိုး အသုံးပြုနိုင်ပါတယ်) ကိုအောက်ဆုံးကနေထည့် ပြီးတော့ ဂေါ်ဖီထည့် လက်ပံပွင့်ပြုတ်တွေထည့် ပြီးတော့ နံနံပင်ထည့်ပြီးပြင်ပါမယ် ပြီးလို့ရှိရင်တော့ ခုန က ချက်ထားတဲ့ ဟင်းရည် ပူပူလေး ကို ဆူနေအောင်တည်ပြီး လောင်ထည့်လိုက်ရင် အင်မတန်မှ ချက်ပြုတ်ရတာ လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိတဲ့ ကျိုင်းတုံမြီးရှည် တပွဲ ရပြီပေါ့နော် တချို့ ကလဲ ဟင်းရည် မဆမ်းခင် ရေနွေးအိုးထဲကို ဇကာ နဲ့အရင် တရေပြုတ်ပါတယ် အရွက်တွေနည်းနည်းလေးနွမ်းအောင်ရယ် ခေါက်ဆွဲ ကို ပါပြုတ်လိုက်တာပေါ့လေ တီတို့ကတော့ ခေါက်ဆွဲက ပြုတ်ပြီးသားဖြစ်တဲ့ အတွက် အဲ့အဆင့် မလိုတော့ဘဲ တခါတည်း ဟင်းရည်ထည့်ပြီး စားမယ့် အဆင့် ကို ဒါရိုက် ခုန်ကျော်လိုက်တာပါ မစောင့်နိုင်တော့ဘူးလေ စားချင်လှပြီ....


Image


ကဲ အားပေးကြပါအုံးနော် ကျိုင်းတုံ မြီးရှည် ကို။ တီကတော့ စားကောင်းကောင်းနဲ့ နှစ်ပွဲ တွယ်လိုက်ပါတယ်


Image


ဒါကတော့ ခေါက်ဆွဲနဲ့ တွဲဘက်တွယ် ရမယ့် ဝက်ခေါက်ကြော်ပဲ ဖြစ်ပါတယ် ရှောက်ရွက်ကြော်လေးတွေပါတော့ ပိုမွှေးပါတယ် ရှောက်ရွက် က စားလို့လဲကောင်းတယ် တီတော့ ကြိုက်တယ်


Image Image Image


ပြီးရင်တော့ ဂရပ်စ်ဂျဲလီ လို့ခေါ်တဲ့ ကျောက်ကျောမဲကို အချိုပွဲ သုံးဆောင်ပါအုံးနော် ဒီမှာကတော့ ကျောက်ကျော ကို သကြားရည်နဲ့ ဖျော်သောက်တာ မဟုတ်ဘဲ ကြံသကာမှုန့် ရေခဲ တို့ နဲ့ယိုးဒယားနည်း အတိုင်း သုံးဆောင်ပါတယ် ဒီမှာကတော့ အတုံးလိုက် လုပ်ထားပြီးသား တခါသုံးကော်ခွက်လေးတွေ နဲ့လာပါတယ် သကြား အချို နည်းနည်းပါပြီးသားပါ တီက ပါးပါးလေးတွေပြန်လှီးပြီးတော့ ကြံသကာမှုန့် နဲ့ ရေခဲ ထည့်လိုက်တာပါ အေးအေးလေး မွှေးမွှေးလေးနဲ့ တကယ် စားကောင်းပါတယ်


Image Image


ဒါတွေကတွေကတော့ ဘောနပ်စ် ပုံတွေဖြစ်ပါတယ် အမေရယ် ညီရယ် မောင် ရယ် ကိုယ်ရယ် ပါ

အားလုံးပဲ ချမ်းသာ ပကတိ ကျန်းမာစွာရှိကြပါစေ လို့ဆုတောင်းပေးရင် အချက်အပြုတ် တီချမ်း တကယ်လုပ် ကဏ္ဍ ကို ခဏ ရပ်နားလိုက်ပါတယ်နော် .....

A Chen
12:07 AM
28th April 2011
Thursday
Home
Bangkok