အချစ်ဆိုတာ.. စိတ်ရှည်လက်ရှည်ရေးထားပြီးမှ မလိုတော့လို့ commentပိတ်ချလိုက်ရတဲ့အရာ။
အချစ်ဆိုတာ.. တကြောင်းတည်းနဲ့ပြီးမယ့်function ရှိတာ နားမလည်ဘဲ loopingမျိုးစုံပတ်ပြီး ရေးနေမိတဲ့အရာ။
အချစ်ဆိုတာ.. ပြန်ထွက်မယ့် conditionမေ့ကျန်နေလို့ endless loopဖြစ်မှန်းမသိ ဖြစ်နေတဲ့အရာ။
အချစ်ဆိုတာ.. exceptionတွေ မတရားဖမ်းထားမိလို့ လိုရင်းကို handleမလုပ်နိုင်တော့တဲ့အရာ။
အချစ်ဆိုတာ.. private, public, protected စသဖြင့် သဲသဲကွဲကွဲ မသိဘဲ ဇဝေဇဝါ declaration လုပ်ခဲ့တဲ့အရာ။
အချစ်ဆိုတာ.. မလိုအပ်ဘဲ parameterတွေ ပွထနေအောင် လှမ်းပို့မိတဲ့အရာ။
အချစ်ဆိုတာ.. performanceကောင်းအောင် ပြင်ရင်း ပြင်ရင်း Editထပ်လိုပြီဆို ဘယ်နားထိရမှန်း နားမလည်တော့တဲ့အရာ။
အချစ်ဆိုတာ.. ဖြုတ်လိုက်တပ်လိုက် requirements တွေကြား ဖာရာထေးရာ အထပ်ထပ်နဲ့ အထိမခံတော့တဲ့အရာ။