Feeds:
Posts
Comments

Archive for February, 2012

နှင်းတွေက တအားကျနေတယ်။ ရှေ့ကို ဆယ်ကိုက်လောက်ထက် ပိုပြီး သဲသဲကွဲကွဲမမြင်ရဘူး။ ဒီဘက်ပလက်ဖောင်းကနေလှမ်းကြည့်လိုက်ရင် ဟိုဘက်ပလက်ဖောင်းကို ခပ်ရေးရေးပဲ မြင်နေရတယ်။ ပလက်ဖောင်းကျောဘက်ကရှိတဲ့ သစ်ပင်တန်းကတော့ နှင်းထုထဲမှာ အရိပ်မည်းတွေလို ၀ိုးတ၀ါး ဖြစ်နေလေရဲ့။ ဘူတာရုံထဲမှာ လူရှင်းနေတာ သူ ရုတ်တရက် သတိပြုမိလိုက်တယ်။ ခါတိုင်းဒီအချိန်ဆို ဘူတာရုံမှာ လူလေးငါးဆယ်ယောက်တော့ အနည်းဆုံးရှိနေကြ။ နှင်းတွေ တအားကျနေလို့လည်း ဖြစ်ချင်ဖြစ်မယ်။ လူရှင်းနေတယ်ဆိုပေမယ့် တစ်ယောက်မှ မရှိတာတော့ မဟုတ်ဘူး။ သူရဲ့ညာဘက် မလှမ်းမကမ်းမှာ ကောင်မလေးတစ်ယောက်ရှိနေတယ်။ သူ့ခေါင်းကို မသိမသာငဲ့ပြီးလှည့်အကြည့်မှာ ကောင်မလေးကလည်း သူ့ကို လှမ်းအကြည့် အကြည့်ချင်းဆုံသွားတယ်။ ဘေးမှာ တဖွဲဖွဲကျနေတဲ့ နှင်းတွေ ရပ်တန့်သွားတယ်။ ရပ်သွားတဲ့ဆိုတာ နှင်းကျတယ်ဆိုတဲ့ ကြိယာ-ဖြစ်ပျက်ခြင်း ရပ်သွားတာမဟုတ်ဘူး။ ကျနေတဲ့နှင်းတွေဟာ မြေပြင်ပေါ်ကို ဆက်ပြီးဆင်းသက်ဖို့ နည်းလမ်းရှာမရတော့တဲ့ပုံမျိုးနဲ့ ရောက်ရာနေရာမှာ အူတီးအူကြောင် ရပ်နေပုံမျိုးရပ်သွားတာ။ အလိုလိုနေရင်း သူမကို လက်ယမ်းပြလိုက်မိတယ်။ သူမကလည်း သူ့ကို ပြန်ပြုံးပြတယ်။ သူမနားကို သူတိုးသွားလိုက်တယ်။ သူမနဲ့သူရဲ့ကြားက အကွာအဝေးကို ထက်ဝက်လျှော့ချလိုက်တယ်ဆိုရင် ပိုမှန်မယ်။ “နှင်းတွေ တအားကျတာပဲ” မူမမှန်တဲ့ လေသံနဲ့ သူက ပြောလိုက်တယ်။ သူမက သူ့ကို ပြုံးတယ်ဆိုရုံလေး ပြန်ပြုံးပြတယ်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးကို နောက်ထပ် ထက်ဝက်လျှော့ချလိုက်တယ်။ အဲဒီနေ့က သူတို့နှစ်ယောက် ရထားပေါ်မှာ တစ်ခုံတည်း ထိုင်ဖြစ်ကြတယ်။ နောက်နေ့တွေလည်း ဘူတာရုံလေးထဲမှ သူတို့နှစ်ယောက် အချိန်မှန် ဆုံဖြစ်ကြတယ်။ ရထားကြီးကတော့ အချိန်မှန်ရောက်တဲ့အခါလည်း ရောက်လာ၊ နောက်ကျတဲ့အခါလည်း နောက်ကျပေါ့။ လက်မှတ်စစ်ဦးလေးကြီးက ရထားနောက်ကျမယ်ဟေ့လို့ ပြောတဲ့နေ့တွေဆို ဘူတာရုံဘေးက ကန်စွန်းခင်းလေးကိုဖြစ်ပြီး ခုံပုလေးတွေ ခင်းထားတဲ့ လက်ဘက်ရည်ဆိုင်မှာ သူတို့ထိုင်ဖြစ်ကြတယ်။ ရထားမလာခင်အချိန်တွေမှာ လက်ဘက်ရည်ဆိုင်လေးက ကြာနီကန်ဆရာတော်ရဲ့ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို မှန်မှန် တင်ဆက်တတ်တယ်။ ဆီများများ ပဲပလာတာကို စားပြီးတိုင်း ကောင်မလေးရဲ့ နှုတ်ခမ်းထောင့်စွန်းတွေကို တစ်ရှုးနဲ့ သူသုတ်ပေးတတ်တယ်။ ဒါမျိုးရေးရတာ ထင်သလောက်မလွယ်ဘူးဗျ။ မလွယ်ဘူးဆိုတာ ခက်တယ်လို့လည်း မဆိုလိုဘူး။ ခင်ဗျားတို့ထဲက စိတ်ပါရင် နဲနဲလောက် ၀ိုင်းရေးစေချင်တယ်။ ပြီးရင် ဒီအီးမေးလ်ကို ပို့ထားပေးဗျာ။ kanyan.writer@gmail.com

Read Full Post »

စ/ဆုံး ငါးဆယ်

အိပ်ယာခင်းတွင် တွန့်ကြေခြင်းမရှိ

ချိုင့်ခွက်ပူနွေးနေသော အရာမရှိ

ခေါင်းအုံးတွင် ဆံနွယ်စတစ်/ချို့ မကျန်ရစ်

ပိုက်ဆံအိတ်/ဟင်းဖုန်း ခြေရာလက်ရာ မပျက်

ညက စားသုံးမှုများရဲ့

အကြွင်းအကျန်

တစွန်းတစ မတွေ့ရ

ဆောင်းဟာ

နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့ပါတယ်။

 

မဆ

Read Full Post »

Design a site like this with WordPress.com
Get started