September 22, 2011

ရေကာတာ၏ဆိုးကျိုးများ

ဧရာဝတီချစ်သူများအတွက် အစ်မရွှေစင်စည်းရုံးရေးအရ ဒီပို့စ်လေးကို ရေးပါတယ်။ ဒီပို့စ်မှာတော့ ဧရာဝတီမှာဆောက်မယ့် ရေကာတာတာနဲ့ပတ်သက်ပြီး၊  ရေကာတာတစ်ခုဆောက်လုပ်တဲ့
အတွက်ကြောင့် ထိခိုက်နိုင်တဲ့ဆိုးကျိုးများကို ဂျပန်ဘာသာကနေ မြန်မာဘာသာ သို့ပြန်ဆို ရေးသားထားပါတယ်။ 

August 26, 2011

ဘလော့ဂ်ဒေး ဆုတောင်း

ဘလော့ဂ်ဒေးအမှတ်တရ ရေးဘို့ပြောတဲ့ အစ်မရွှေစင်နဲ့ ကိုအောင် တို့ကို ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။
Image

ကျွန်မကျောင်းတက်နေချိန် ၂၀၀၄ခုနှစ်မှာ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တရုပ်နဲ့ ကိုရီးယားသူငယ်ချင်းတွေဟာ skype နဲ့ blog ကို အရမ်းစွဲနေကြတဲ့ အချိန်ပါ။ သူတို့ဆီက ဘလော့ဂ်ကို စသိရတာပါပဲ။သူတို့မှာအားတာနဲ့ ဓါတ်ပုံတွေတင်၊စာတွေရေး၊ ကော်မန့်တွေကိုဖတ်၊ တခါတလေမှာ ကျောင်းမှာကွန်ပြူတာအားလုံးသုံးနေချိန်မှာ ဘေးကကွန်ပြူတာမှာထိုင်နေတဲ့ ကျွန်မကို ခေါ်ပြီး ဓါတ်ပုံတွေပြတတ်သလို သဘောကျတဲ့ အကြောင်းအရာတွေကို သူတို့ရဲ့ (ကိုရီးယားဘာသာ/တရုပ်ဘာသာကနေ ဂျပန်လိုဘာသာပြန်ပြီးပြောပြတတ်ကြပါသေးတယ်။ ကျွန်မကိုလည်း မြန်မာလိုဘလော့ မရေးဘူးလားလို့မေးတတ်ပါတယ်။

ကျောင်းစာနဲ့ပတ်သက်ရင်လည်း  လိုအပ်တဲ့ အချက်အလက်တွေကိုလည်း သူငယ်ချင်းနိုင်ငံခြားသားတော်တော်များများက သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ ရှာဖွေနိုင်ကြတယ်။
 သူတို့ကိုကြည့်ပြီး သိပ်ကို အားကျသလို မြန်မာဘာသာနဲ့ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်  ဘယ်တော့မှဖြစ်မလဲလို့  တွေးခဲ့မိဘူးပါတယ်။


မြန်မာစာကိုတော့ ၀င်းအင်းဝကို စပေါ်ကတည်းက သုံးခဲ့ပါတယ်။ အလုပ်ကိစ္စမှာ ဘာသာပြန်တဲ့ အလုပ်တွေလုပ်ရလို့ပါ။ ဒါပေမယ့် အင်တာနက်ပေါ်မှာတော့ မြန်မာစာနဲ့ ရှာလို့မရခဲ့ဘူးပေါ့။ ကျောင်းပြီးတဲ့နောက်မှာတော့  ဇော်ဂျီကို လူသုံးများလာတာသိပြီး ချက်ချင်းသူ့ကိုပြောင်းသုံးခဲ့ပါတယ်။ ဒီအချိန်မှာတော့ အင်တာနက်ပေါ်မှာပါ မြန်မာစာကို သုံးနိုင်လာတဲ့အတွက် အရမ်းအံ့သြ၀မ်းသာခဲ့ရတာပေါ့။

အိမ်ထောင်ကျတဲ့အခါမှာ ယောက်ျားက မြန်မာအင်တာနက်သတင်းတွေကို နေ့ညမပျက်ဖတ်နေရာက
မြန်မာဘလော့ တွေကို စသိခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ သတင်းဘလော့တွေကိုကြည့်ရာကနေ ကိုယ်ပိုင်အတွေးနဲ့ အတွေ့အကြုံတွေရေးတဲ့ ဘလော့ဂ်တွေကို ပိုစိတ်ဝင်စားလာမိပါတယ်။

အရင်တုန်းကတော့ဂျပန်ဘာသာနဲ့ရေးတဲ့ဘလော့တွေကိုပဲဖတ်ဖြစ်ခဲ့ပါတယ်။ ဒါကလည်း သတင်းအချက်အလက်တွေရှာရင်းနဲ့ဖြစ်စေ နံမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ဘလော့ဂ်တွေကို ကြည့်ရင်းနဲ့ဖြစ်စေ ဖတ်ဖြစ်တာပါ။ ဒီလိုနဲ့ ဒီမှာနေရတဲ့အချိန်မြန်မာစကားနဲ့ မြန်မာစာကို သုံးဘို့ အခြေအနေက နည်းပါးလာပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မမှာ သိသာတဲ့ အခက်အခဲရှိတာကို သတိပြုမိလာရပါတော့တယ်။ ကျွန်မက ကုမဏီမှာလုပ်နေရင်း ဘာသာပြန်ကုမဏီကို မှတ်ပုံတင်ထားတော့ ဘာသာပြန်အလုပ်တွေကိုလုပ်ပါတယ်။  တစ်ချို့စကားလုံးတွေကို မြန်မာလို ချက်ချင်း မစဉ်းစားနိုင်တာ တစ်ချို့အရေးအသားတွေဟာ ဂျပန်ဘာသာအတိုင်း စဉ်းစားပြီးရေးနေတာတွေကို တွေ့ရတော့ မြန်မာလိုစဉ်းစား မြန်မာလိုရေးတဲ့အကျင့်တစ်ခုခု
လုပ်ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။  တချိန်တည်းမှာပဲ အဲဒီအချိန်မှာ စဖတ်စပြုနေပြီဖြစ်တဲ့ မြန်မာဘလော့ဂ်တွေကို   အားကျပြီး ဘလော့ဂ်စရေးဖြစ်ပါတယ်။

ကျွန်မရဲ့ ဘလော့ဂ်မှာ စိတ်ထဲကရေးချင်တာနဲ့ သတိတရရှိတာ ကျွန်မသိထားတာကို သူများကိုလည်း သိစေချင်တာတွေကို ရေးပါတယ်။ စပြီးဘလော့ဂ်ရေးဘို့ မြန်မာဘလော့ဂါဟက်လ်ပ်ဒက်ခ်စ် ရယ် ဂျပန်လိုဘလော့ဂ်တွေရယ်ကို ဖတ်ပြီး ဘလော့ဂ်တစ်ခုလုပ်လိုက်ပါတယ်။ ပို့စ်ကလွဲပြီးဘာမှ မရှိတဲ့ ကျွန်မရဲ့ ဘလော့ဂ်ကို မိတ်ဆွေတစ်ယောက်ကိုပေးဖတ်တော့  စီဘောက်စ်၊ ကော်မန့်၊ ဗစ်ဇစ်တာကောင့်တင်း တွေထည့်ဘို့ ဖုန်းဆက်ပြောလာပါတယ်။ ဒါနဲ့ အဲဒါတွေကိုထည့်ဖြစ်ပါတယ်။


ဒါပေမယ့် ဘလော့ဂ်လစ်တွေ လင့်တွေကို မချိတ်ထားဘူး။ ကိုယ့်ကိုယ်ကို ထိမ်းတဲ့အနေနဲ့ပေါ့။ နို့မို့ဆိုရင် အဲဒါတွေကိုပဲဖတ်မိနေမှာ ဆိုပြီး။ ကိုယ်လည်း သွားချင်သလိုသွားတယ်။ လည်ချင်သလိုလည်တယ်။ ဖတ်ချင်သလိုဖတ်တယ်။ ကိုယ့်ဘလော့ဂ်လည်း ရေးချင်မှရေးတယ်။ ဖွင့်ချင်မှ ဖွင့်တယ်။ ဒီလိုလုပ်တာ ဘယ်ကောင်းမလဲ.................နော်....။ ကျွန်မမှာလည်း ကျွန်မရဲ့ ဘ၀ပေးအခြေအနေက ခွင့်ပြုသမျှလေးနဲ့မို့ပါ။ ခွင့်လွှတ်ကြပါလို့ ဒီနေရာကနေ ပြောပါရစေ။

တကယ်ကတော့ ဘလော့ဂ်တိုင်းလိုလို ကောင်းကြပါတယ် သို့သော်လည်းထူးဆန်းတာက အကောင်းတွေထဲမှာ တချို့ဘလော့တွေကိုတော့ နေ့တိုင်းနီးပါးကြည့်ချင်တယ်ဆိုတဲ့  ဘလော့ဂ်ဆိုတာတွေလည်း တစ်ဦးချင်းစီမှာ ရှိလာပါတယ်။
 ဒါဟာဘာကြောင့်လဲ။ (အဖြေက ရှည်မယ်ထင်ပါရဲ့)

ဘလော့ရေးတော့ ပို့စ်မှာ ကော်မန့်လာပေးတာကို သဘောကျပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကော်မန့်တွေရေးရတာ ပျော်ပါတယ်။ ကိုယ်က သူသိအောင် အားပေးခွင့်ရလို့။ ခက်တာက ရလာတဲ့  ကော်မန့်တွေကိုပြန်ပြီး မတုန့်ပြန်နိုင်တာပါ။ ကျွန်မရဲ့ ဆင်ခြေကို နားလည်ပေးမယ်လို့ထင်ပါတယ်။ အိမ်အလုပ်၊ ရုံးအလုပ်၊ အောက်ဆိုက်ရတဲ့ အလုပ် (ဘာသာပြန်တာပါ) ၊ ကိုယ်ပိုင် လေ့လာချိန်၊ ၃နှစ်အရွယ် ခလေးတဘက် ဆိုတဲ့ အကြောင်းပြချက်တွေပါ။
ကဲ..... ကော်မန့်တွေ ကိုဖြုတ်ဘို့ရာကလည်း  မဖြစ်နိုင်ပြန်ဘူး။ တချို့ကော်မန့်တွေကအားဖြစ်စေသလို တချို့ကော်မန့်တွေကနေ ဗဟုသုတတွေ ပြန်ရတာတွေကြောင့်ပါ။

ဘလော့ဂ်ရေးသူမဟုတ်ပေမယ့်လည်း လာအားပေးသူတွေလည်းရှိပါသေးတယ်။ သိပ်ကို အမှတ်ရခင်မင်စရာ စာကြောင်းတိုတွေထားခဲ့တတ်ကြတယ်။

ကျွန်မကတော့ ကျွန်မရေးတာကိုဖတ်တဲ့သူအားလုံးကို ကျေးဇူးတင်တာပါပဲ။


ကျွန်မကလည်း အခြားဘလော့ဂါတွေကို သူတို့ရေးတာကိုဖတ်ရင်း ဓါတ်ပုံတွေကို ကြည့်ရင်း သူတို့ပေးတဲ့ နည်းတွေ သတင်းတွေရရင် သူတို့ရဲ့ ဘ၀ အစိတ်အပိုင်းတွေကို သိရတော့ အထင်ကြီးတာ အတူခံစားမိတာတွေ ဖြစ်တာပေါ့။

ဘလော့ဂ်လောက က ကျွန်မအတွက် အထောက်အကူတွေဖြစ်ပါတယ်။ဘလော့ဂါတွေနဲ့ စာလာဖတ်ပေးတဲ့သူတွေနဲ့ ဆက်သွယ်ခွင့်ရတာကိုလည်း ကြည်နူးမိတယ်။

ဟိုးအရင်က ဂျပန်ဘလော့ဂ်တွေချည်းဖတ်ခဲ့ရချိန်မှာ မြန်မာဘလော့ဆိုတာကို မျှော်လင့်မိခဲ့ဘူးတယ်။
အခုတော့  မြန်မာဘလော့ဂ်တွေက နှစ်လိုဘွယ်ရာများစွာနဲ့ ဘလော့ဂ်လောက တစ်ခုရယ်လို့တောင် အထင်ကရ တည်ရှိနေပါပြီ။

သို့သော်လည်း အမြဲတမ်း နှိုင်းယှဉ်ကြည့်မိတတ်တဲ့ အကျင့်နဲ့ ကျွန်မသတိထားမိတာလေးတစ်ခုကို ပြောပါရစေဦး။  ဂျပန်လူမျိုးတွေဟာ ကွန်ပြူတာသုံးသူ လူတိုင်းနီးပါး ဂျပန်စာကို သူတို့ကွန်ပြူတာမှာသုံးကြတယ်။ ၀င်းဒိုး ကလည်း ဂျပန်ဝင်းဒိုးဖြစ်နေတာက တစ်ပိုင်းပေါ့ရှင်။

ကျွန်မတို့တွေက အင်တာနက်ပေါ်မှာ မြန်မာစာကိုဖတ်ချင်တယ်ရယ်လို့၊  မြန်မာဘလော့ဂ်တွေကို
နေ့တိုင်းကြည့်ချင်နေကြတယ်ရယ်လို့၊ ဘလောဂ့်ဒေးရယ်လို့ ဖြစ်နေတဲ့ကာလမှာ အထူးသဖြင့် မြန်မာနိုင်ငံအပြင်ဘက်မှာရောက်နေတဲ့ မြန်မာလူမျိုးအချို့ကတော့
မြန်မာစာကို သူတို့စက်(ကွန်ပြူတာ)နဲ့ ဖတ်လို့မရဘူးဆိုတဲ့သူတွေ တော်တော်ရှိနေသေးတာကို အံ့သြစွာတွေ့ရ၊ သိရတာပါ။

အခုလို ဘလော့ဂ်ဒေး အထိမ်းအမှတ်မှာ ကျေးဇူးတရားနဲ့ ကြည်နူးမှုတွေကို သတိရမှတ်တမ်းတင်ရင်းနဲ့ အားနည်းမှုတစ်ခုအတွက်လည်း ရည်မှန်းဆုတောင်းလိုက်ပါတယ်။
“မဝေးတော့တဲ့ အနာဂါတ်မှာ မြန်မာဖေါင့် ကို မြန်မာလူမျိုးတွေပိုသုံးလာကြပါစေ”


ပုံကို အင်တာနက်က ကူးယူပါတယ်

July 25, 2011

ဖန်တီး

ကြံဖန်ချက်စားပြီး တစ်ယောက်တည်း အ၀တီးပစ်လိုက်တာကို အတိုကောက်အနေနဲ့ “ဖန်တီး”လို့ ရေးလိုက်တာပါ။

Image


July 11, 2011

ကြက်ဆီပြန် ၀က်သားနီလန်

ဝါဆိုသင်္ကန်း (၂၀၁၁၊ဇူလိုင်လ၊ ၁၀ရက်၊ တနင်္ဂနွေနေ့)
 တိုကျိုကမြန်မာဘုန်းကြီးကျောင်း စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲကို သွားခဲ့ပါတယ်။
ဘုန်းကြီးကျောင်းရဲ့ ၀ါဆိုသင်္ကန်း ဖိတ်စာမှာရေးထားတဲ့ ၀ါဆိုသင်္ကန်းကပ်လှူခြင်းအကြောင်းကို ရေးထားတာကိုဖတ်ပြီး သွားမယ်လို့ အားခဲတာပေါ့။ (ဘလော့ဂ်မိတ်ဆွေ သဂျီး ကိုကိုမောင် ကလည်း အားပေးတယ်လေ)



Image

July 9, 2011

အနှစ်အပြည့်နဲ့ ကိုယ့်ဘဝ

မနက်က ကြက်ဥပြုတ်ပြီးခွဲလိုက်တော့ ကြက်ဥတစ်လုံးထဲမှာ အနှစ် နှစ်ခုကိုတွေ့ရတယ်။

Image

June 15, 2011

love yourself

ကျွန်မရဲ့ အလှ ဂုရု နဲ့ မိတ်ဆက်ပေးပါရစေ။ သူကကျွန်မကို တပည့်အဖြစ်လက်ခံထားတာမဟုတ်ပေမယ့် ၊ ကျွန်မက သူ့ကိုဆရာတင်ထားတာပါ။ သူ့ကို ဆရာတင်တာ ကျွန်မတစ်ယောက်တည်းတော့ မဟုတ်ဘူး။
သူ့အလုပ်အကိုင်ကိုပြောရင် ဘယ်သူတွေကဆရာတင်ထားတာလဲ ဆိုတာသိရပါမယ်။ 

June 10, 2011

ပုဂ္ဂိုလ်နှစ်ဦးရဲ့ ပြောကြားချက်


ဖတ်လိုက်ရတဲ့သူတွေလည်း ရှိမှာပါပဲ။ ကျွန်မကတော့ ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ ပြောကြားချက်တွေကို သပ်သပ်စီဖတ်ခဲ့ပေမယ့် ယှဉ်တွဲပြီး မှတ်မိနေတဲ့ အကြောင်းအရာအချို့ကို ကျွန်မရဲ့ ဘလော့ဂ်မှာ ပြန်လည်ကူးယူထားပါတယ်။
ဒါကို သူတို့ရဲ့ အာဘော်လို့ပြောမလား။ သို့မဟုတ် သူတို့အပေါ်မြင်တွေ့ရတဲ့ ကျွန်မရဲ့သဘောထားပဲလား ။
ဒီလိုယှဉ်တွဲဖေါ်ပြမှု ကို ဖတ်ရတဲ့ အခါမှာ စာဖတ်သူကော ကျွန်မလိုတွေးဖြစ်မယ်ထင်တယ်။


June 5, 2011

ဘူလ်တန်

တီဗွီကြည့်ရင်း အတွေးအမျိုးမျိုးနဲ့ စိတ်ထဲမှာ ထင်ကျန်နေတဲ့ အကြောင်းလေးကတော့ ဘူလ်တန် နိုင်ငံရဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအကြောင်းပါ။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုပေမယ့်  နိုင်ငံရေး နဲ့ ဘာသာရေး အတွေးအခေါ်တွေအများကြီးပါနေပါတယ်။

Image
ကမ္ဘာ့နံမည်အကြီးဆုံးဘုန်းကြီးကျောင်းများထဲက ဘူလ်တန်နိုင်ငံရဲ့ Tiger's nest

May 23, 2011

အဓိပ္ပါယ် များစွာ ရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်

မိ။ ။ ဂျပန်ရုပ်ရှင်တို့ စာအုပ်တို့ သိတာတွေများရှိပါသလား။
Image


စု။ ။ ရုပ်ရှင်သိပ်မကြည့်ဖြစ်ပေမယ့် တစ်ကားလောက်ပြောဆိုရင်တော့ ကျွန်မအတွက် တော့ သိပ်ကိုအနုပညာမြောက်တဲ့ ရုပ်ရှင်ရှိတယ်။ အဲဒီကားက ကျွန်မရဲ့ ပထမဦးဆုံးအကြိမ်ကြည့်ဘူးတဲ့ ဂျပန်ကားပါ။ ပြောပြရင်..............မင်းတော့ ရယ်တော့မှာပဲ။


May 22, 2011

တေးမသီတဲ့ငှက် ကို ဘယ်လိုလုပ်မလဲ

မိ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအချိန်မှာ စိတ်အ၀င်စားဆုံးအရာကိုပြောပြလို့ရနိုင်မလား။ 
Image

May 21, 2011

SPIRIT

ဗမာနိုင်ငံရဲ့ ကံကြမ္မာကတော့ ဗမာပြည်သူပြည်သားတွေရဲ့ စိတ်ဓါတ်နဲ့အားမာန်အပေါ်မှာမူတည်ပါတယ် 

Image

May 20, 2011

The Dignity of Freedom

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “  ပင်ကိုယ်ကျွန်မနဲ့ မနက်ဖန်အတွက် မျှော်လင့်ချက်

Image


၇နှစ်ခွဲကြာလောက်အောင် သုံးကြိမ်နေအိမ်အကျယ်ချုပ်ချခံရမှုကနေ လွတ်မြောက်လာခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်။ ဘ၀ရဲ့တ၀က်ကို အမိမြေအတွက်ပေးဆပ်ပြီး လက်ရှိ လည်း ဗမာပြည်(မြန်မာနိုင်ငံ)ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုအတွက် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။  နေအိမ်အကျယ်ချုပ်ခံရမှုကို အကြိမ်ကြိမ်ကျခံနေခဲ့ရတဲ့ ကြမ်းတမ်းလှတဲ့ ကံကြမ္မာထဲမှာ ရှိနေတာတောင်၊ သူမဟာ လှပစွာ၊ ဂုဏ်ယူစရာရှင်သန်နေနိုင်ခဲ့တာဟာ ဘာကြောင့်များပါလိမ့်.......။ ဒီလို စိတ်ဓါတ်ပြင်းထန်တဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ကူးအတွေးတွေကို ပိုင်ဆိုင်ထားပါလိမ့်.......။


May 19, 2011

The Age of Beauty

ဂျပန်နိုင်ငံရဲ့ ဖက်ရှင်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ VOGUE JAPAN မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူး ပါလာပါတယ်။ မဂ္ဂဇင်းရဲ့ ဇွန်လအတွက် ခေါင်းစဉ်က “The Age of Beauty”။ အသက်အရွယ်နဲ့ အလိုက် အခက်အခဲတွေကိုဖြတ်သန်းကျော်လွှားပြီး ပိုမိုအောင်မြင်တောက်ပလာသူ အမျိုးသမီးများ ရဲ့ လျှို့ဝှက်ချက်ကို အထူးတင်ပြထားတာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တစ်ယောက်ကို တွေ့ဆုံမှုအထူးဆောင်းပါးဖြစ်ပါတယ်။
Image



May 5, 2011

ရွှေရောင် ရက်သတ္တပါတ်

မေလ ပထမပါတ်မှာ အထိမ်းအမှတ်ပိတ်ရက် ၃ရက်ရှိနေလို့ Golden Week ဆိုပြီးခေါ်ကြတယ်။ ဒီနှစ်မှာတော့ ဧပြီလ ၂၉ရက်ကနေ မေလ၈ရက်နေ့အထိပိတ်တဲ့ ရုံးတွေလည်းရှိတယ်။ ကျွန်မရဲ့ ရုံးကတော့ အဲလိုမဟုတ်ဘူး။ ကြားရက်လေးတွေဖြစ်တဲ့ မေလ၂ရက်နဲ့ ၆ရက်နေ့တွေမှာရုံးတက်ရတယ်လေ။ ဘယ်ကိုမှ ခရီးမထွက်ဖြစ်သလို နေ့ချင်းပြန်ခရီးတွေလည်း မသွားဖြစ်ပါဘူး။ နေ့တိုင်း တီဗွီအစီအစဉ်တွေကြည့်ပြီး အိမ်သန့်ရှင်းရေးနဲ့ ဆောင်းတွင်းအ၀တ်တွေကိုသိမ်း နွေအ၀တ်တွေပြန်ထုတ် တာတွေလုပ်နေခဲ့ပါတယ်။
Image
အထိမ်းအမှတ်ပိတ်ရက်ရယ် စနေတနင်္ဂနွေရယ်ဆက်ပြီး အခုလိုရက်ရှည်ဖြစ်နေလို့ ဂိုးလ်ဒင်းဝိခ် လို့ခေါ်တာပါ

April 23, 2011

စနေမနက်စာ

တစ်ပါတ်လုံးစာ အ၀အိပ်ပစ်လိုက်တယ်။ မနက်၁၀နာရီအထိ။ မြန်မာစံတော်ချိန်နဲ့ဆို၇နာရီခွဲပဲရှိသေးတာ။
သားကတော့ ကိုးနာရီကတည်းက ထလို့ သူ့အဖေက ကာတွန်းချယ်နယ်ဖွင့်ပေးထားတာကို ရေနွေးသောက်ပြီးထိုင်ကြည့်နေရှာတယ်။
Image
သားကြိုက်တဲ့ ကာတွန်းကားတွေထဲက တစ်ခုပေါ့။ သောမတ်စ် နဲ့ ပါစီ။

April 18, 2011

မြန်မာနှစ်သစ်မင်္ဂလာ

မြန်မာနှစ်သစ် ၁၃၇၃ခုနှစ် ။
မြန်မာလို နှစ်သစ်တစ်နှစ်ကူးပြောင်းသွားတဲ့ မင်္ဂလာတစ်ခုကို မြန်မာပြည်ရဲ့ အဝေးကနေပဲ မှန်းဆဆင်နွှဲခဲ့ပါတယ်။

Image


April 12, 2011

ခြာလည်မူး ချယ်ရီ၊ ရွှေရည်လူး ပိတောက်


တချိန်လုံးနီးပါးငလျင်လှုပ်တော့ လူကမူးပြီးယိုင်နေသလိုပါပဲ။
မနေ့က ၄လပိုင်း၁၁ရက်နေ့ ၊ ဟီဂါ့ရှိနိဟွန်း ဒိုင်းရှင်းဆိုင်း ဆိုတဲ့ ငလျင်နဲ့ ဆူနာမီဘေးကျခဲ့တဲ့ ၃လပိုင်း၁၁ရက်နေ့ကနေ တစ်လပြည့်ခဲ့ပါပြီ။
Image

April 5, 2011

ပါရာဒိုင်းရှစ်ဖ် ကို လက်မခံလိုသော အစိုးရ ရှိပါသလားရှင်

ဟီဂါ့ရှိနိဟွန်ဒိုင်းရှင်းစိုင်း ဆိုတဲ့ ငလျင်နဲ့ ဆူနာမီဘေးဆိုးကြီးဖြစ်ပွါးအပြီးမှာ ဂျပန်နိုင်ငံတွင်းမှာ ဂျပန်လူမျိုးတွေကို မှတ်မှတ်ထင်ထင်ဖြစ်စေခဲ့တာကတော့ “ဆိုရှယ်မီဒီယာ ရဲ့ အရေးပါတဲ့ အခန်းကဏ္ဌပါ။
Image
 

April 3, 2011

လည်လည်ထွက်ခဲ့တယ်

စနေနေ့က သားကို ကစားတဲ့နေရာတွေမပို့ရတာကြာပြီဖြစ်လို့ အိုမိုးတဲ့ဆန်းဒိုးမှာရှိတဲ့ ကလေးကိုယ်လက်လှုပ်ရှားကစားကွင်းကို သွားဖြစ်ခဲ့ပါတယ်။

အပူချိန်က ၁၈။ သာသာယာယာနဲ့ အပြင်ဘက်ထွက်လည်သူတွေလည်း ပြန်များလာပါပြီ။ 


March 31, 2011

မချစ်မနှစ်သက်သူ မင်း

မြန်မာတွေကတော့ ရန်သူငါးပါး ကို ရေ၊ မီး၊ မင်း။ ခိုးသူ၊ မချစ်မနှစ်သက်သူ လို့ဆိုကြတယ်။
ဂျပန်တွေမှာလည်း အလားတူ အဆိုရှိပါတယ်။ အဲဒါတွေကတော့ ကြောက်စရာ ၄မျိုးလို့ဆိုကြတယ်။ (ရှေးယခင်ကတည်းက ရှိခဲ့တဲ့ စကားပါ)
Image
ဘေးဒဏ်ခံရသူတွေရဲ့ စကားကို စိတ်ဝင်တစား နားထောင်ပေးတယ်

March 29, 2011

အသေးစိတ် အတွေ့အကြုံ နဲ့ နည်းပညာ


ပြီးခဲ့တဲ့ ဟီဂါ့ရှိနိဟွန်း ဒိုင်းဂျိရှင်း လို့ခေါ်တဲ့ အင်အားကြီးငလျင်ကြီးလှုပ်တဲ့အခါမှာ အချို့နိုင်ငံရပ်ခြား သတင်းလောကမှာ ဂျပန်နိုင်ငံရဲ့ဆောက်လုပ်ရေးအဆင့်အတန်းကိုချီးကျူုး ရေးသားကြတာတွေ့ရပါတယ်။ ကျွန်မကိုယ်တိုင်လည်း ငလျင်တော်လည်းသံနဲ့အတူ မိုးထိမြင့်မားတဲ့ အဆောက်အဦကြီးတွေယိမ်းထိုးတာကို ကြည့်ပြီး အားလုံးပြိုကျလာမလားလို့ထင်ခဲ့မိပါတယ်။ မျက်စိရှေ့မှာမြင်ရတဲ့ အဆောက်အဦတွေရဲ့ ခိုင်မာမှုတွေကိုကြည့်ရင်း သူတို့နဲ့ ကျွန်မတို့ရဲ့ ကွာခြားချက်တွေကို တွေးမိရေးမိပါတယ်။
Image
အံ့သြစရာမြင်ကွင်းကို မြင်ကြရသူတွေပေါ့

March 24, 2011

ဂျပန်မှာ ငလျင်ထူတယ်


သတင်းတွေကနေ ဟင်းသီးဟင်းရွက်နဲ့ ရေထဲမှာ ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ်တွေ့ရှိရကြောင်းသိရပါတယ်။ သို့သော်လည်း ကျမ္မာရေးထိခိုက်နိုင်တဲ့ အဆင့် မဟုတ်ဘူးလို့ဆိုပါတယ်။ 
Image
မစိုးရိမ်ရဘူးဆိုသော်လည်း ခလေးတွေကို ရေသန့်ပုလင်းသာပေးသောက်နေကြတယ်

March 19, 2011

မြေလွှာအရည်ပျော်ခြင်း


ကျွန်မတို့ရပ်ကွက်ရေမလာတဲ့ အကြောင်းကို ပြောပြပါရစေ။

Image
မြေလွှာအရည်ပျော်ခြင်း

March 18, 2011

ကျွန်မတို့အိမ် မီးပြန်လာပါပြီ

ဂျပန်မှာ နေတာ ပထမဆုံးမီးပျက်တဲ့ အတွေ့အကြုံပါပဲ။
မှောင်သွားလိုက်တာ မဲ ဆိုသလိုပေါ့။
ကိုယ်ကတော့ မီးပျက်တဲ့နိုင်ငံကလာတာပဲလေ။

အိမ်ထဲမှာလည်းဖြစ်တော့ ဘာမှမထိခိုက်ပါဘူး။
Image
မီးပျက်တဲ့ည

black out

@home. black out201103181910

March 17, 2011

လူများစွာရဲ့ သတင်းများစွာ


ဝေးရာကို ပြေးခွါသူများ
ဂျပန်ရောက် နိုင်ငံခြားသားအချို့ နဲ့ မြန်မာအချို့ က တိုကျိုမြို့မှထွက်ခွါပြီး ဂျပန်နိုင်ငံအလယ်ပိုင်းသို့တိမ်းရှောင်ခြင်း အမိမြေသို့ခေတ္တပြန်ခြင်းတွေများပြားလာပါတယ်။
ကျွန်မရဲ့ မိတ်ဆွေတရုတ်လူမျိုးများကတော့ ကုမဏီကိုခွင့်ယူပြီး နာဂိုယာကိုသွားကြပါတယ်။ နာဂိုယာမှာ တိန်းရှောင်နေပြီး အခြေအနေပိုဆိုးလာရင်တော့ နာဂိုယာလေဆိပ်ကနေ တရုတ်နိုင်ငံကို ချက်ချင်းပြန်ကြဘို့ပါ။ 
Image
ရှီနာဂါဝါ ပြည်ဝင်ပြည်ထွက် ကြီးကြပ်ရေးရုံးရှေ့မှ ပြည်ပြန်ဝင်ခွင့်ဗီဇာယူကြသူ နိုင်ငံခြားသားများ

မီးပျက်နိုင်ခြေရှိကြောင်း အရေးပေါ် သတင်း

ခန့်မှန်း၍ မရသော ဧရိယာအကျယ်အ၀န်းကြီးမားစွာဖြင့် မီးပျက်နိုင်ခြေရှိကြောင်း အရေးပေါ် သတင်းထုတ်ပြန်
Image
စက်မှုစီးပွါးကုန်သွယ်ရေးဝန်ကြီး ခိုင်းအိအယ်ဒါ့


အင်္ဂလန်အစိုးရရဲ့ ဖူကူရှီးမားဖြစ်ပွါးမှုအပေါ် ဝေဖန်သုံးသပ်ချက်


အင်္ဂလိပ်ဘာသာဖြင့်

ဂျပန်ဘာသာဖြင့်

March 16, 2011

အခု အရမ်းလှုပ်သွားတယ်

ထမင်းစားပြီးကာစ အချိန်။
လှုပ်လိုက်တာ။
ချက်ချင်းတော့ပြီးသွားတယ်။
ကြောက်စရာပဲ။

သားကို သတိရမိတယ်။
တော်သေးတယ် ၅အပျော့ဆင့်။



ဒုက္ခ နဲ့ ဒေါသ


ရေဒီယိုသတ္တိကြွရောင်ခြည်ပျံ့လွင့်
Image

 ဖူကူရှီးမားခရိုင် အဏုမြူစွမ်းအင်လျှပ်စစ်ဓါတ်အားပေးစက်ရုံ ၁ရဲ့ အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင် ၁နှင့် ၃တို့ရဲ့ အအေးပေးကန်များပေါက်ကွဲပြီးနောက်ပိုင်း ထိုဒေသကနေ တဖြည်းဖြည်း ရေဒီယိုသတ္တိကြွရောင်ခြည်ပျံ့လွင့်တာတွေကို တိုင်းတာတွေ့ရှိလာရပါတယ်။
 

March 14, 2011

စိတ်လှုပ်ရှားဘွယ်ရာများ

ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ဓါတ်အားပေးစက်ရုံ ၁ က အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင်ရဲ့ အအေးပေးရေကန် ဟာ ၁၄ရက်နေ့ ၁၁နာရီလောက်မှာပေါက်ကွဲသွားခဲ့ပါတယ်။
Image


စိုးရိမ်စရာတွေ


အခြေအနေတွေက ဆိုးဝါးလာတယ်လို့ပြောနိုင်ပါတယ်။
Image


March 12, 2011

ရေမလာသေးပါ

မနေ့ညက အိပ်မပျော်ဘူးထင်ပေမယ့် စိတ်လှုပ်ရှားရပြေးရလွှားရလို့ပင်ပမ်းတာနဲ့ ကိုယ့်အိမ်ကအိပ်ရာလေးကို မိသားစု၃ယောက်အတူပြန်အိပ်ရတာရယ်ကြောင့် အိပ်ပျော်သွားတာ တစ်ရေးပါပဲ။ 
Image


M8.8

အိမ်ကိုပြန်ရောက်ခဲ့ပါတယ်။ (လှုပ်တော့လှုပ်နေပါသေးတယ်)
Image


March 11, 2011

လှုပ်ပြန်ပြီ

ဒုတိယအကြိမ် အရမ်းပါပဲ။
စိတ်ပူလိုက်တာ။
ဘယ်ကိုမှ ဆက်သွယ်လို့မရဘူး။
ရုံးခန်းထဲတော့ပြန်ရောက်ပါတယ်။
ရထားတွေမှ မသွားတော့ ဘယ်လိုလုပ်အိမ်ပြန်မလဲ။
ဒီလောက်ကြောက်စရာကောင်းအောင် လှုပ်တာ ပထမဆုံးပါပဲ။

ငလျင်

ကြောက်စရာကောင်းတဲ့ ငလျင်လှုပ်သွားခဲ့တယ်။
ဒီ ၈နှစ်အတွင်း အရမ်းပြင်းတဲ့ ငလျင်ပါပဲ။
လက်ကိုင်ဖုန်းကော လိုင်းဖုန်းကော အားလုံးပြတ်သွားပြီ။



March 6, 2011

ပညာပေးဘို့လိုတာလား ပညာယူဘို့လိုတာလား


ကျွန်မလွန်ခဲ့တဲ့၁၅နှစ်ဝန်းကျင်လောက်က ဂျပန်ဧည့်သည်တွေနဲ့ ကလောမြို့ကိုရောက်သွားတော့  ငါးရက်တစ်ဈေးနေ့ကြုံတာနဲ့ ဈေးရှိတဲ့ဘက်ကိုမနက်ခင်းလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။

Image


February 11, 2011

တစ်ခါက နှင်း ၊ ဒီနေ့လည်း နှင်း


ဒီနေ့ နှင်း
ဂျပန်နိုင်ငံအနှံ့အပြားလိုလိုမှာ နှင်းတွေကျပါတယ်။ တိုကျိုဘက်မှာတော့ ဒီဆောင်းမှာ သေချာစကျတဲ့  နှင်းလို့ပြောရမှာပေါ့။ အစပိုင်းတော့ ရေများတဲ့ နှင်းမိုးတွေပါ။ တဖြည်းဖြည်းနဲ့ ရေပါတာနည်းတဲ့ နှင်းတွေဖြစ်လာပြီး နှင်းပွင့်လေးတွေလည်း ပေါ့ပါးလွင့်ဝိုက်ပြီး အကျများလာပါတယ်။ ဒီနှင်းတွေကို ပထမဆုံးမြင်ဘူးခဲ့တဲ့ အချိန်ကိုလည်း သတိမိပါသေးတယ်။
Image
ဒီတက္ကသိုလ်မှာကျောင်းသူဘ၀နဲ့ နှင်းကို စမြင်ဘူးခဲ့ရတယ်



February 5, 2011

♪မလှဘူးပြောရင် စိတ်ဆိုးတယ်၊မချစ်ဘူးပြောတာ တကယ်လားကွယ်....♪

 ဒီစနေတနင်္ဂနွေမှာ ကျွန်မနည်းနည်းတော့ ၀မ်းနည်းသလိုဖြစ်မိတယ်။သံယောဇဉ်ရှိသူတစ်ယောက်နဲ့ ကွဲကွာရတဲ့အခါ ရင်ထဲမှာ ဟာတာတာဖြစ်နေသလိုခံစားမှုမျိုးခံစားဘူးကြမှာပါ။ သူ့ကိုဘာကြောင့်သံယောဇဉ်ဖြစ်ရသလဲဆိုရင် သူ့ရဲ့ ပံ့ပိုးမှု ဦးဆောင်မှုကြောင့် နေ့တိုင်းအလုပ်ခွင်မှာလည်းအဆင်ပြေ၊ ကိုယ့်ကိုကိုယ်လည်းယုံကြည်မှုရှိခဲ့ရပါတယ်။ ကျောင်းပြီးလို့အလုပ်စ၀င်ချိန်ကနေစပြီး သူ့ကျေးဇူးနဲ့ ကျွန်မကိုယ်တိုင်ကော ကျွန်မသူငယ်ချင်းအချို့ကိုလည်း အကူအညီတွေပေးနိုင်ခဲ့ပါတယ်။ သူကလည်းကျွန်မကျေးဇူးတွေသူ့မှာရှိတယ်လို့ပြောပါတယ်။ ဒီလိုနဲ့  သောကြာနေ့က တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးစကားတွေအပြန်အလှန်ဆိုရင် နှုတ်ဆက်ခဲ့ကြတယ်။
Image
သဘာဝအတိုင်းကပိုကောင်းပါတယ်ဆိုတာ တကယ်လား

January 2, 2011

၂၀၁၁ နှစ်သစ်မင်္ဂလာ

နှစ်ဟောင်းကုန်မြောက် နှစ်သစ်ရောက်ဘို့ နှစ်သစ်ကူးမင်္ဂလာကို လူမျိုးအသီးအသီးက တလေးတစားနဲ့ တန်ဖိုးထားကျင်းပကြတာကတော့ တစ်ကမ္ဘာလုံး သူ့နိုင်ငံနဲ့သူ့ယဉ်ကျေးမှုအရပေါ့နော်။ ကျွန်မလည်း ဒီဂျပန်နိုင်ငံရဲ့ နှစ်ဟောင်းတစ်နှစ် ကုန်လို့ နှစ်သစ်တစ်နှစ်ကို ကြိုဆိုပုံတွေကို တွေ့မြင်ရတော့ နှစ်သစ်ကူးမင်္ဂလာယူပုံလေးတွေထဲက တချို့ကိုမိတ်ဆက်တင်ပြလိုက်ပါတယ်။


Image


ဒီဇင်ဘာလ၃၁ရက်နေ့ ညမှာ “ဆိုးဘာ့” ဆိုတဲ့ ခေါက်ဆွဲတစ်မျိုးကို မိသားစုစုံစုံလင်လင်နဲ့ စားကြပါတယ်။ “တိုရှိခို့ရှိဆိုဘာ့”လို့ခေါ်တဲ့ သူ့နံမည်ရဲ့ အဓိပ္ပါယ်ကတော့ နှစ်ကူးမယ့်ဆိုဘာ့ လို့ ဘာသာပြန်ရရင်ကောင်းမလားပဲ။ 


Image
ဆိုဘာ့ ခေါက်ဆွဲ စားရန်အသင့်ပြင်ဆင်ထားပုံ၊ ခေါက်ဆွဲပေါ်ကို အဆာပလာလေးတွေဖြူးဖြန်းပြီး ဟင်းချိုရည်လေးဆမ်းပြီး ရှလွတ်ရှလွတ်နဲ့ စားလို့ရှိရင် တစ်ပန်းကန်ကတော့ အသာလေးပါပဲ
 ဆိုဘာ့ ဆိုတဲ့ ခေါက်ဆွဲတစ်မျိုးကို ပုံမှန်က တစ်နှစ်လုံးလည်းစားပေမယ့် ဒီ  “တိုရှိခို့ရှိဆိုဘာ့”လို့အမည်ပေးစားတဲ့ ခေါက်ဆွဲကိုတော့ ၃၁ရက်နေ့ ည၁၂နာရီမထိုးခင်မှာ စားပြီးရမယ်လို့သတ်မှတ်ထားကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ဒေသအလိုက် “တိုရိခို့ရှိဆိုဘာ့”ကို လုပ်စားပုံစားနည်းက အမျိုးမျိုးရှိပေမယ့် အားလုံးကတော့ နိမိတ်ကောင်းဘို့အတွက် ည၁၂နာရီမထိုးခင် စားကြပါတယ်။ အတိတ်နိမိတ်ယူပုံကလည်း အမျိုးမျိုးရှိကြပါတယ်။ လွယ်လွယ်နဲ့ ပြောရရင်တော့ ခေါက်ဆွဲလေးလို အမျှင်ရှည်ရှည်နဲ့ ခေါက်ပြီးဆွဲသွားမယ်ဆိုသလိုပေါ့။ (ရယ်စရာအဖြစ်ရေးတာပါ)။ “ဆိုဘာ့” ကို ဂျပန်ဘာသာမှာ သံတူကြောင်းကွဲအနေနဲ့ “ဆိုဘာ့လို့အမည်ရတဲ့ ပန်းဂျုံကနေလုပ်တဲ့ ခေါက်ဆွဲ”ဆိုတာအပြင် “အနီး/ဘေး/အနား”လို့ဆိုပြီး အဓိပ္ပါယ်နောက်တစ်မျိုးလည်းရှိပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေက အဆုံးမရှိထာဝရအနားမှာနေသွားကြမယ် ဆိုတဲ့ ပညတ်ယူတဲ့အနေနဲ့ စားကြပါတယ်တဲ့။

Image
ဘုရားကျောင်းတွေမှာ နှစ်ဆန်းတစ်ရက်နေ့ကတော့ ကြိတ်ကြိတ်တိုးပါပဲ။ ဘုရားကျောင်းဝင်ပေါက်ကနေ ပင်မဘုရားကျောင်းဆောင်ရှေ့ရောက်ဘို့ တန်းစီဝင်ရတာနဲ့တင် ၁နာရီလောက်ကြာပါတယ်။

ည၁၂နာရီထိုးပြီးတစ်နှစ်ကူးပြောင်းတာကို တချို့ကတော့ ဂျပန်နတ်ဘုရားကျောင်းတွေကိုသွားပြီး ပူဇော်ဆုတောင်းကြပါသေးတယ်။ အဲဒီလိုနှစ်သစ်ကူး ဘုရားကျောင်းသွားပြီး ၀တ်ပြုဆုတောင်းတာကို “ဟတ်ဆုမိုးဒဲ့”လို့ခေါ်ပါတယ်။  ၀တ်ပြုဆုတောင်းတာနဲ့အတူ အန္တရာယ်ကင်း အဆောင်တွေ၊ အိမ်ကဘုရားစင်အတွက် ကပ်လှူပူဇော်စရာတွေလည်းဝယ်ကြပါတယ်။ နှစ်သစ်တစ်နှစ်ရဲ့ အိမ်ကနေပထမဆုံးအပြင်ကိုသွားတာကို ဒီလိုဘုရားကျောင်းကိုသွားလိုက်ရတယ်ဆိုတဲ့ အတိတ်ကောင်းနိမိတ်ကောင်းတစ်ခုပါပဲ။  နှစ်ဆန်း၃ရက်နေ့အထိ သွားဖြစ်အောင်သွားကြသလို ဇန်န၀ါရီလတစ်လလုံးမှာ သွားတာကိုလည်းပြောလို့ရပါတယ်လို့လည်း ဖတ်ရပါတယ်။

Image
ဘုရားဝတ်ပြု၊ ယတြာချေ၊ ဗေဒင်မေး၊ အဆောင်ဝယ် ပျားပန်းခတ်မျှစည်ကားလှပါတယ်

ကျွန်မတို့မြန်မာပြည်မှာ အတာအိုးနဲ့ သိကြားမင်းကို ကြိုသလို ဂျပန်နိုင်ငံမှာလည်း အိမ်တွေ၊ရုံးတွေ၊ ဘူတာတွေ၊ လေယဉ်ကွင်းတွေမှာပါ ပြင်ဆင်ပြီး နှစ်သစ်ကိုကြိုဆိုတာမျိုးလည်းရှိပါသေးတယ်။  “ခါ့ဒိုမာ့ဆု”လို့ခေါ်တဲ့ ဂျပန်အတာအိုး(ကျွန်မစိတ်ကြိုက်သုံးထားတဲ့ ဝေါဟာရပါ)မှာ အဓိကပါဝင်ရတာကတော့ “ထင်းရူး၊ ၀ါး ၊ ဂျပန်မက်မန်း” ဆိုတဲ့ အပင်သုံးမျိုးရဲ့ အကိုင်းအခက်အရွက်အလက်တွေပါ။ အဲဒီ အပင်သုံးမျိုးမှာလည်း သူ့အယူတော်နဲ့သူ သတ်မှတ်ချက်တွေ ရှိနေပါတယ်။


Image
အိပ်ဝင်ပေါက်တွေမှာ ပိုက်ဆံရှိရင်ရှိသလို အလှအပတန်ဆာဆင်မှုနဲ့ အရွယ်အစားကလည်း အမျိုးမျိုးနဲ့ပေါ့။

သူ့ အယူအဆတွေကတော့ တရုတ်ပြည်ကနေ တဆင့် ဆင်းသက်လာတယ်လို့ဆိုကြပါတယ်။  ကျွန်မကိုယ်တိုင်ကတော့ အိမ်ပေါက်စေ့ အတာအိုးတွေကို ပြင်ဆင်ထားတဲ့ ပတ်ဝန်းကျင်နဲ့ ဝေးလာတဲ့နေရာမှာ အဲဒီ ခါ့ဒိုမာ့ဆုတွေ ပြင်ဆင်ထားတာတွေတွေ့ရရင် စိတ်ထဲကနေ “ အော်နှစ်သစ်မင်္ဂလာပဲ”လို့ သူ့အလိုလိုခံစားမိလာရပါတယ်။

Image
မက်ကိုမက် လိုက်ဦး မယ်၊ သုံးခုစလုံးပါအောင်

နှစ်သစ်တစ်နှစ်ပြောင်းလို့ နှစ်ဆန်းတစ်ရက်နေ့ လည်းရောက်ရော နောက်ထပ် အတိတ်နိမိတ်ယူတာတစ်ခုကိုလည်း ဂျပန်ယဉ်ကျေးမှုမှာတွေ့ရပါသေးတယ်။ နှစ်ဆန်းတစ်ရက်နေ့ ည သို့မဟုတ် နှစ်ဆန်းနှစ်ရက်နေ့ညမှာ မက်တဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးမက်တဲ့ အိပ်မက်ပါ။

Image
အိပ်မက်ဦး ပန်းချီကား
အဲဒီအိပ်မက်ကလည်း ကျွန်မတို့ မြန်မာလူမျိုးတွေပြောလေ့ပြောထရှိတဲ့ မြွေကိုအိပ်မက်မက်တာတို့၊ သွားကျိုးတာတို့၊ မနက်လင်းခါနီးမက်တာတို့နဲ့တော့ ဆင်မလိုလိုနဲ့ တခြားစီဆိုသလိုပေါ့။  သူတို့အိပ်မက်က အိပ်မက်ထဲမှာ “ဖူဂျီတောင်၊ သိမ်းငှက်၊ ခရမ်းသီး” ပါရင် အလွန်နိမိတ်ကောင်းတာပါပဲ။ သုံးခုထဲကမှ အကောင်းဆုံးပြန်စီရင် ၁၊ဖူဂျီ။ ၂၊သိမ်းငှက်။ ၃၊ခရမ်းသီး” တဲ့။ သူ့အသီးသီးရဲ့ အစွမ်းတွေကိုသိချင်ရင်တော့ အပေါ်မှာလင့်ချိပ်ပေးထားတဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးမက်တဲ့ အိပ်မက် ဆိုတဲ့နေရာမှာ ဖတ်ကြည့်ပါနော်။
တစ်ခုစီဆက်ရေးနေရင် ကျွန်မကတော့ ဒီနေ့ည တော့ အိပ်မက်ဖြစ်ပါ့မလားပဲ။ ဒီညမမီလည်း နှစ်ဆန်းနှစ်ရက်နေ့ကျမှပဲ ကြိုးစားပြီး မက်လိုက်ဦးမယ်။








စာကြွင်း။
ပြီးခဲ့တဲ့ပို့စ်ကနေ တစ်လကျော်ဘလော့ဂ်ကို ပစ်ထားခဲ့ပါတယ်။ ရုံးအလုပ်၊ ကြားပေါက်ပိုက်ဆံရတဲ့ အလုပ်၊ သားလေးရဲ့နေမကောင်းဖြစ်လိုက်ပြန်ကောင်းလိုက်ဆိုတဲ့ ပုံမှန်ဖြစ်နေကျကိစ္စတွေထဲကနေ ရုန်းမထွက်နိုင်လောက်အောင် အချိန်ကုန်ခဲ့ရပါတယ်။ ဒီနေ့တော့ သားနဲ့ သားအဖေအိပ်နေတုန်း ဒီပို့စ်ကလေး ထရေးပြီးတင်လိုက်ပါတယ်။ အမြဲတစေ သတိတရရှိပေးသူတွေကော၊  တကူးတက နှုတ်ဆက်ကြသူတွေကော ၂၀၁၁မှာကျက်သရေမင်္ဂလာအပေါင်းခညောင်းပြီး စိတ်ကိုယ်နှစ်ဝ ဆန္ဒ တွေပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။


ဓါတ်ပုံများကိုတော့ ပင်ပင်ပမ်းပမ်းနဲ့ အင်တာနက်မှကူးယူးပါတယ်။