ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ

Sunday, November 4, 2012

ဆရာတော်အား လာရောက်ဖူးမြော်ကြသော ဧည့်သည်တွေ

Image

Image
ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ဧည့်သည်တွေ ဆရာတော်အားလာရောက်ဖူးမြော်ကြသည်။

အရှင်ကုမုဒ

Sunday, October 28, 2012

သီတင်းကျွတ်

သီတင်းကျွတ်ဟူသော အမည်မှာ ရဟန်းသံဃာတော်တွေ ၀ါတွင်းသုံးလ သီးတင်းသုံးနေထိုင် ကျွတ်လွတ်သော လကို ဆိုတာပါ။ မြတ်စွာဘုရားရှင်လက်ထက်က ရဟန်းသံဃာတော်တွေ အရမ်းများပါတယ်။ များပြားလှတဲ့ ရဟန်းသံဃာတွေဟာ တစ်နေရာတည်းမှာ နေထိုင်သီတင်းသုံး ကြတာမဟုတ်ပဲ မိမိနှင့်သပ္ပါယဖြစ်မည့်နေရာ များကို လှည့်လည်သီတင်းသုံးကြရပါတယ်။ အဲဒီလိုလှည့်လည်သီတင်းသုံးတဲ့အခါ နွေဦးလိုရာသီမျိုးမှာ ပြသ်သနာမဟုတ်သော်လည်း လူတွေစိုက်ပျိုးရေး အဓိကဖြစ်ထွန်းတဲ့ မိုးတွင်းလိုအခါမျိုးမှာ များပြားလှတဲ့ ရဟန်းသံဃာတွေရဲ့ လှည့်လည်သွားလာမှုကြောင့် လူတို့ရဲ့ လယ်ယာတွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက ရဟန်းသံဃာတော်တွေ ၀ါဆိုလပြည့်ကျော်(1)ရက်နေ့မှစပြီး သီတင်းကျွတ်လပြည့်နေ့အထိ မိမိနေထိုင်ရာ ကျောင်းတိုက် အရမ်ကနေ ခရီးဝေးမထွက်ပဲ ၀ါတွင်းသုံးလ နေထိုင်သီတင်းသုံးရမယ်လို့ ပညတ်တော်မူခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတော်တွေဟာ မိမိတို့နှင့် သင့်တော်မည့် သပ္ပါယဖြစ်မည့် အရပ်ဒေသမှာ ၀ါတွင်းသုံးလပတ်လုံး နေထိုင်သီတင်းသုံးပြီး တရားဓမ္မတွေကို ကျင့်ကြံကျိုးကုတ်အားထုတ် ကြပါတယ်။ သီတင်းကျွတ်ပြီဆိုရင်တော့ မိမိတို့နေထိုင်သီတင်းသုံးတဲ့ နေရာမှ မြတ်စွာဘုရားဝါကပ်တော် မူသည့် ဇေတ၀န်စသော ကျောင်းတိုက်ကြီးများသို့ သွားရောက်ပြီး မြတ်စွာဘုရားကို ဖူးမြော်ကာ မိမိတို့ ၀ါတွင်းသုံးလ ကျင့်ကြံထားသည့် တရားတော်အဆင့်ကို လျှောက်ထားကြပါတယ်။ အဲဒါကြောင့် ရဟန်းတော်များ ခရီးမထွက်ရပဲ သီတင်းသုံးနေထိုင်ရခြင်းမှ ကျွတ်လွတ်သော လ ကျွတ်လွတ်သောနေ့ဖြစ်လို့ သီတင်းကျွတ်လို့ ခေါ်ဆိုဟန်တူပါတယ်။
နောက်ပြီး သီတင်းကျွတ်လပြည့်နေ့ဆိုရင် ရဟန်းသံဃာတော်တွေ ပ၀ါရဏာပြုကြရပါတယ်။ ပ၀ါရဏာဆိုတာကတော့ ဖိတ်ကြားခြင်းကို ဆိုလိုတာပါ။ မိမိတို့မှာ အပြစ်တစ်ခုခုကိုတွေ့ရင် မြင်ရင် ကြားရင် သံသယရှိရင် ပြောကြပါ။ ပြုပြင်ပါမည်ဟု ဖိတ်ကြားခြင်းပါ။ သံဃံ ဘန္တေ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ သုတေန ၀ါ ပရိသင်္ကာယ၀ါ ၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ ပသ်သန္တော ပဋိကရိသ်သာမိလို့ သုံးကြိမ်တိုင်တိုင် ဖိတ်ကြားရပါတယ်။
နောက်ပြီး မြတ်စွာဘုရားဟာ သတ္တမ၀ါကို တာဝတိံသာမှာ ဆိုတော်မူပါတယ်။ အကြောင်းကတော့ မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုသိတနတ်သားကို အဦးပြု၍ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာတရားတော်မြတ်ကြီးကို ဟောတော်မူခြင်းဟူသော အကြောင်းကြောင့်ပါပဲ။ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်မြတ်ကြီးကို ဟော်တော်မူပြီးလို့ လူ့ပြည်ကို ပြန်လည်ဆင်းသက်တဲ့နေ့ဟာ ဒီသီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်ပါတယ်။ ဆင်းသက်တော်မူတဲ့အခါမှာလည်း နတ်ဗြဟ္မာတွေဖန်ဆင်းသည့် ငွေလှေကား ရွှေလှေကား ပတ္တမြားလှေကားတို့ဖြင့် ဆင်းတော်မူသလို မြတ်စွာဘုရားဆင်းတော်မူရာ သင်္ကသနဂိုရ်မြို့သူ မြို့သားတွေကလည်း ပန်းဆိမီးရောင်စုံထွန်းညှိလျက် ကြိုဆိုပူဇော်ကြပါတယ်။ ဒါကြောင့်လည်း သီတင်းကျွတ်မီးထွန်းပွဲတော်ဆိုတာ အဲဒီအချိန်ကတည်းက စခဲ့တာဟုဆိုလျှင် မမှားနိုင်ပါဘူး။
သီတင်းကျွတ်လဟာဆိုရင် ၀ါတွင်းကာလရဲ့နောက်ဆုံးလဖြစ်ပြီး မြန်မာ့12လရာသီမှာ သတ္တမမြောက်ရာသိဖြစ်ပါတယ်။ ရာသီခွင်ကတော့ တူရာသီဖြစ်ပြီး အသ၀တီနက္ခတ်နဲ့ ကြယ်တာရာလမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ပြီး ပွင့်မြဲရာသီပန်းမှာ ကြာဖြူပန်းဖြစ်ပါတယ်။ မြန်မာ12-လရာသီမှာ နေ့တာ ညတာ တူညီသော တစ်ခုတည်းသော လလည်ဖြစ်ပါတယ်။ ချိန်ခွင်ပုံ နက္ခတ်ကြယ်တာရာများစုဝေးသော မိုးကာလ၊ တောင်သူလယ်သမားတို့၏ စပါးများ ပြည့်ဖြိုးဝင်းဝါသော လဟု ရှေးမြန်မာပညာရှိများ က ဆိုမိန့်ခဲ့သည်ကို မှတ်သားဖူးပါတယ်။ ဒါကြောင့် ကင်းဝန်မင်းကြီးက သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်းလို့ ဆိုခဲ့တာ ဖြစ်မယ်။ ဒါကတော့ သီတင်းကျွတ်နဲ့ပတ်သက်ပြီး မှတ်သားဖူးသမျှ အကျဉ်းချုပ်ကလေးပါ။

Image

Image

Image

Image

Image

Image

Image

Image

Image

Image

Image



Sunday, October 14, 2012

Image

Image
Image 
 ယခုနှစ်မှ အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ထားသော ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် မုခ်ဦးပုံ

အောက်ကပုံက အရင်မုခ်ဦးအဟောင်းပုံလေးပါ

Image

တနင်္ဂနွေနေ့တန်းဆွမ်းခံ

Image
တာချီလိတ်မြို့တွင်းသို့ ဆွမ်းခံကြွရောက်ရန် တန်းစီနေသော ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ
သံဃာတော်များ၏ ကြည်ညိုဖွယ်ရာကို အများကြည်ညိုနိုင်ရန် တင်ပေးလိုက်ပါသည်။ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်တွင် 2012-ခုနှစ်ဝါတွင်း တရားအားထုတ်သူ ရဟန်းယောဂီ 100-ကျော်ရှိသည်။ တနင်္ဂနွေနေ့တစ်ရက်သာ မြို့တွင်းသို့ ဆွမ်းခံကြွပြီး ရန်သော၇က်များမှာ ကျောင်းမှ ဆွမ်းကိစ္စကို စီစဉ်ပေးသည်။ ထိုတနင်္ဂနွေနေ့ဆွမ်းခံကြွရန် တန်းစီနေစဉ် ပုံဖြစ်ပါသည်။

အရှင်ကုမုဒ

Friday, December 30, 2011

ဆရာတော်ဘုရားကြီး၏ သက်တော် ၆၀ ပြည့် မွေးနေ့မင်္ဂလာ

မြန်မာသက္ကရာဇ် ၁၃၇၃-ခု၊ ပြာသိုလဆန်း (၆)ရက်၊ ခရစ်သက္ကရာဇ် ၃၀.၁၂.၂၀၁၁ (သောကြာနေ့) တွင်ကျရောက်သော
ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိရောစန ၏ သက်တော် (၆၀)ပြည့် မွေးနေ့ မင်္ဂလာ တရားသဘင် အမှတ်တရ
ဓါတ်ပုံများ-

Image

Image

Image

Image

Image

Image

ဆရာတော်ဘုရား သက်တော်ရာကျော် ရှည်ပါစေ...ဘုရား
akmkuntha

Template by : kendhin x-template.blogspot.com