“ ဘယ်ဘဝပဲရောက်ရောက် ပန်းချီဆရာ ဖြစ်ပါရစေလို့ပဲ ဆုတောင်းတယ်
If there’s reincarnation, I wanna come back as a painter..”
– ရာဟုလာ (1946-2011)
Directed & edited by Shin DaeWi
Video Src: Vimeo
Image Src: Imaginary Clouds
“ ဘယ်ဘဝပဲရောက်ရောက် ပန်းချီဆရာ ဖြစ်ပါရစေလို့ပဲ ဆုတောင်းတယ်
If there’s reincarnation, I wanna come back as a painter..”
– ရာဟုလာ (1946-2011)
Directed & edited by Shin DaeWi
Video Src: Vimeo
Image Src: Imaginary Clouds
This gallery contains 28 photos
“ဘိုဟီးမီးယန်းဆိုတာကတော့ တော်တော်များများ သိကြပါတယ်။ လွတ်လွတ်လပ်လပ် နေလိုတဲ့စိတ် ရှိသူတွေပေါ့။ သူတို့ သွားချင်တဲ့ဆီ သွားမယ်။ လာချင်တဲ့ဆီ လာမယ်။ စိတ်ထဲရှိတာ လုပ်ကြမယ်။ ဒါပေမဲ့ သူတို့ဟာ အသုံးမကျတဲ့ အလေအလွင့်တွေတော့ မဟုတ်ဘူး။ အဲဒီလို ဘိုဟီးမီးယန်းတစ်ယောက်ရဲ့ ဖြတ်သန်းရတဲ့ အကန့်လေးတစ်ခုကို ပြောတာပါ။ – မင်းသူရိန် –
This gallery contains 19 photos
“တစ်ဖက်သားကို ချမ်းမြေ့စေ … ဖော်ရွေသော မျက်နှာလေးတွေ … အကြင်နာရောင် သန်းကာလေ … အလှပန်းပွင့်ပါတဲ့မေ …”
ကျွန်တော်သည် (၂၄)လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ တိုက်ခန်းပေါ်သို့ လှေကားအတိုင်း တက်လာသည့်အခါ ပေါ်ဦးသက် သီချင်းဟစ်နေသံကို ကြားရသည်။ ထုံးစံအတိုင်း သူသည် မြို့မငြိမ်းသီချင်းများကို သီဆိုလေ့ရှိသည်။ ဧကန္တ၊ သူ ပန်းချီဆွဲနေသည်ဖြစ်မည်။ ကျွန်တော်သည် အခန်းတံခါးကို ဖွင့်ပြီးဝင်လိုက်၏။ သူသည် သီချင်းဆိုနေသည်ကို မရပ်ဘဲ သူဆွဲနေသည့် ပန်းချီကားကို ဆက်လက်၍ ဆွဲနေ၏။ “မနက်ဖြန် ပေးရမယ့် ပန်းချီကား ဆယ်ကားလုံး ပြီးပြီလား။”
“ကိုးကားပြီးပြီ။ တစ်ကားပဲ ကျန်တော့တယ်။” သူသည် ကျွန်တော့်အားကြည့်၍ ပြုံးနေသည်။
“ဒါဖြင့် အဲဒီဆီဆေးကားက ဘာလုပ်ဖို့တုန်း”
“ကိုယ်ဆွဲချင်လို့ ဆွဲတာ။ လူများမှာတာတွေ ငြီးငွေ့လို့။”
“တစ်ခုတည်းကျန်တာ ပြီးအောင်လုပ်လိုက်ပါလား။”
“စိတ်ချပါ။ ပြီးအောင်လုပ်မှာပါ။ စိတ်လွတ်လပ်သွားအောင် ခဏလေး ပြောင်းလုပ်တာ။ မင်းက ပန်းချီဆွဲတာကို စက်ရုပ်လို မှတ်နေလား။”
“မမှတ်ပါဘူး။ ကဲ … ကဲ ပြီးအောင်လုပ်”ဆိုပြီး နောက်ဖေးသို့ ကျွန်တော် ခဏ၀င်လိုက်၏။ ထိုအခါ လူတစ်ယောက် ၀င်လာသည်ကို ကျွန်တော်ကြားလိုက်ရ၏။ ထိုသူ မည်သူမည်ဝါ ဆိုသည်ကို ကျွန်တော်မသိသေးပါ။