ကြိုးကြာငှက်တွေ ပျံဝဲလို့
ခင်ဗျားတို့ တယ်လည်းကြိုးစားကြပါလား
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
မှ –
ဟိန်းမြတ်ဇော်၊ ၂၄ စက်တင်ဘာ၊ ၂၀၀၈။
(ကဗျာမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၈။ နှစ်ကာလများ။)
ကြိုးကြာငှက်တွေ ပျံဝဲလို့
ခင်ဗျားတို့ တယ်လည်းကြိုးစားကြပါလား
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
မှ –
ဟိန်းမြတ်ဇော်၊ ၂၄ စက်တင်ဘာ၊ ၂၀၀၈။
(ကဗျာမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၈။ နှစ်ကာလများ။)
အလွတ်မရသော်ငြားလည်း
အခိုက်အတန့်
၌
ဟူသည်
ကြယ်စင်များ အထင်အရှား ရှိခဲ့ပါသည်။
တဟီဟီ တဟားဟား
မြင်ကွင်းကိုပြပြီး ရယ်လို့လဲရ
သတင်းဖတ်သလို
ငိုလို့လည်းရ။ ။
ဟိန်းမြတ်ဇော်
၂၅-၀၉-၀၈
(ကဗျာမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၈။ နှစ်ကာလများ။)
နောက်ဆုံးတော့ အချိန် ကျ ပြီ
ကျွန်မ
တို့ မွေးထားတဲ့
မွန်းစတားတွေ အရွယ်ရောက်လာပြီး
ကျွန်မတို့နဲ့ အတူကစားတယ်
အယူသည်းမှုနဲ့ ကြေကွဲမှုဟာ
မြို့ကို ထုပ်ပိုးထားတယ်
မေးခွန်းကို ဖြေမယ့် အစား
ကြည့်မှန်ဟာ အစိတ်စိတ် အမွှာမွှာကွဲသွားပြီး
ပြတင်းပေါက် တစ်ချပ်ဖြစ်လာတယ်
လမ်းသွားလမ်းလာတွေကို မြင်နေရပေမယ့်
Continue reading →
တစ်ခုခုကို ပြောမလိုလုပ်ပြီးမှ ဘာမှမပြောဘဲ လှည့်ထွက်သွားတဲ့ အမူအရာမျိုးကို ငါတို့ ကျွမ်းကျင်ခဲ့ရပါပြီ။ ဘယ်သူရှိဦးမှာလဲ … ငါတို့ပဲလေ … ငါတို့ပေါ့။ ငါတို့ရဲ့ မမီလိုက်တဲ့ ရထားတွေမှာ ငါတို့မသိလိုက်တဲ့ ငါတို့ရဲ့ တစိတ်တပိုင်းတွေဟာ ပါသွားနှင့်ပြီလို့ အချိန်ပြည့်ခံစားနေရတာဟာ အချိန်ပြည့်။ အချိန်ပိုင်းအနေနဲ့၊ ထိခိုက်နစ်နာစရာ ဇာတ်ရုပ်တွေမှာ ငါတို့လူစားဝင် သရုပ်ဆောင်တယ်။ အချိန်ပြည့်အနေနဲ့ အဲဒီအချိန်ပိုင်းတွေကို ခဏခဏ ငါတို့ ပြန်ကြည့်တယ်။ အားလပ်ချိန်ပျော်ရွှင်မှုအနေနဲ့ တပ်ဆင်ထားခြင်း မရှိသေးတဲ့ ဖုန်းတွေကို ငါတို့ ဆက်ကြတယ်။ အဲဒီမှာ စိတ်သက်သာရာ တစ်ခုခု ရှိတယ်လို့ ယုံကြည်ကြည့်လို့ ရနေသားပဲ။ ပြီးတော့ အရေးအကြီးဆုံး တစ်ခုအနေနဲ့ “ငါတို့” လို့ ပြောပြောနေပေမယ့် “ငါ” လို့ပဲ အဓိပ္ပာယ်ရတယ်ဆိုတာ ငါတို့ သိနေကြတယ်။ ။
(၂၀၁၆- ဒီဇင်ဘာ)
အပျံသင်ချိန်မှာ ဆိုရမယ့် သီချင်းလို့
ဘဝကို ရိုးစင်းစေခိုင်းထားတဲ့ ရူးသွပ်မှု
မင်းတွေ့ခဲ့ဖူးတဲ့ သူစိမ်းတွေလို
အချိန်ကျတဲ့အခါ မင်းဘဝကို မင်းမေ့သွားမှာ
ဆိုတဲ့ Fortune Cookie လာ စာသားတွေ
အနက်ကောက်ယူခြင်းထဲက ဆိုလိုရင်းအဖြူထည်တွေ
မရှိ။ သူ့ ပကတိ အရှိ အဓိပ္ပာယ်သက်သက်ကို
လက်လွှတ်ပြီးရင်း လက်လွှတ်နေရတဲ့
ထပ်တလဲလဲအဖြစ်က မလွတ်မြောက်နိုင်ခြင်းတွေ။
ကျမ်းစာပိုဒ်တွေ၊ သစ်သီးတွေ၊ အမှန်တကယ်တွေ … ။ ။
–ဏေသစ် (၂၀၁၇)
Image: HubbleSite
မှန်တစ်ချပ်ရဲ့ ဟိုဖက်ခန်းမှာ ပြောင်းပြန်စကြဝဠာတစ်ခု ရှိတယ်။ အဲဒီ စကြဝဠာမှာ သူရူးတွေက သူကောင်းဖြစ်သွားတယ်။ အရိုးတွေက မြေကြီးအောက်ကနေ ကုပ်တွယ်ထွက်လာပြီး အချစ်ရဲ့ ပထမဆုံးသော အကျိအချွဲအဖြစ် ယုတ်လျော့ ပြောင်းလဲသွားတယ်။
ညနေဘက်ကျမှ နေက စထွက်တယ်။
အသက်တစ်ရက် ထပ်ငယ်ရလို့ဆိုပြီး ချစ်သူတွေ ငိုကြွေးကြတယ်။ မကြာခင်မှာ သူတို့ရဲ့ အပျော်တွေကို ငယ်ဘဝက အပြီးအပိုင် ယူငင် ရုပ်သိမ်းသွားတော့မှာလေ။
အဲသလို ကမ္တာ္ဘမျိုးမှာ ဝမ်းနည်းခြင်းတွေ သိပ်များတယ်။ အင်းလေ၊ အဲဒီဝမ်းနည်းခြင်းဟာ ပျော်ရွှင်ခြင်းပေါ့ …
(Antimatter)
The Childhood of an Equestrian (1973)
(အရုပ်လုပ်သူ – မောင်ဒေး။ မေ၊ ၂၀၁၇။ Black Swan Publishing.)
Selected Poems of Russell Edson)
မိန်းမတစ်ယောက်က အဘိုးကြီးတစ်ယောက်ကို မွေးဖွားတယ်။
ငါတော့ ဒါမျိုး ထပ်ကြုံရပြီဆိုပြီး အဘိုးကြီးက အော်ငိုတယ်။ ပြီးတော့ မတတ်နိုင်ဘူးလေဆိုပြီး သက်ပြင်းကိုချ၊ မိန်းမရဲ့နို့ကို ပါးစပ်နဲ့ ငုံလိုက်တယ်။
မိန်းမကတော့ ကလေးရလို့ ပျော်နေတယ်။ အသက်ကြီးတဲ့ကလေး ဆိုသော်လည်းပေါ့လေ။
တစ်ယောက်ယောက်က တကယ့်ကလေးကို ထားရမယ့်နေရာမှာ အဘိုးကြီးကို မှားပြီး ထားခဲ့တာလဲ ဖြစ်ကောင်းဖြစ်မယ်။ ကလေးက ကြီးရင့်လွန်းနေတယ် ဆိုတာကို သူတို့ တွေ့တော့ ဒီမိန်းမအတွက်က ဒီလောက်ဆို ရပြီ။ တကယ်ဆို ဘာနဲ့မှတန်တဲ့မိန်းမ မဟုတ်ဘူးဆိုပြီး သူတို့ ပြောကြပါတယ်။
မိန်းမက တွေးတယ်။ အဖေအရွယ်လောက်ရှိတဲ့ ကလေးကို ရထားတဲ့ မိခင်ဆိုရင် သူတစ်ယောက်တည်းပဲလား၊ နောက်ထပ် ရှိသေးလားပေါ့။
(The Pattern)
What A Man Can See (1969)
(အရုပ်လုပ်သူ – မောင်ဒေး။ မေ၊ ၂၀၁၇။ Black Swan Publishing.
Selected Poems of Russell Edson)
လူတစ်ယောက်ဟာ သစ်ရွက်နှစ်ရွက်ကို တွေ့တယ်။ သစ်ရွက်တွေကိုကိုင်ပြီး အိမ်ထဲဝင်လာရင်း သူ့မိဘတွေကို ပြောလိုက်တယ်။ ကျွန်တော်ဟာ သစ်ပင်တစ်ပင်ပါ။
ဒါဆိုရင် ခြံထဲကို သွားချေ။ ဧည့်ခန်းထဲ လာမပေါက်နဲ့။ နင့်ရဲ့ အမြစ်တွေက ကော်ဇောတွေကို ဖျက်ဆီးပစ်လိမ့်မယ်လို့ သူ့မိဘတွေက ပြန်ပြောတယ်။
သူက ပြောတယ်။ ကျွန်တော် လျှောက်နောက်နေတာပါ။ ကျွန်တော် သစ်ပင် မဟုတ်ပါဘူး။ ပြီးတော့ သူ့ရဲ့လက်ထဲက သစ်ရွက်တွေကို လွှတ်ချလိုက်တယ်။
ဒါပေမဲ့ သူ့မိဘတွေက ပြောတယ်။ ကြည့်ပါဦး သစ်ရွက်ကြွေတဲ့ ရာသီကိုတောင် ရောက်ပြီပဲ။
(The Fall)
What a man can see (1969)
– မောင်ဒေး
(အရုပ်လုပ်သူ – မောင်ဒေး။ မေ၊ ၂၀၁၇။ Black Swan Publishing.
Selected Poems of Russell Edson)
❝ကျွန်တော်သည် ကန်ရေပြင်ကို ငေးနေရင်း လက်ထဲတွင် ပိုက်ထားသော ဟောလစ်ပုလင်းကြီး အလွတ်တစ်လုံးကို သတိရလိုက်မိသည်။ ထိုပုလင်းမှာ အစ်ကိုလေးက ကျွန်တော့်ကို ပေးထားသော ပုလင်းကြီး ဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ်က ပျော်စရာကောင်းသောအခါ ပျော်စရာကောင်းသော အကြောင်းများ ရှိခဲ့လေတိုင်း အစ်ကိုလေးသည် “ပျော်ရွှင်စရာတွေ နည်းနည်း သိမ်းထားဦးမယ်” ဟုဆိုကာ ထိုဟောလစ်ပုလင်းကြီးထဲတွင် သိမ်းလေ့ရှိသည်။❞
(မိမိပြန်အလာကို နေ့စဉ်စောင့်မျှော်ရှာတဲ့ ဇနီးသို့)
မင်းရဲ့နာမည်မှာ ဘာမှမကျန်ရစ်တော့ဘူး
ကိုယ့်ပြန်အလာကို စောင့်ဖို့ကလွဲလို့
ဘာမှ မကျန်ရစ်တော့ဘူး
ကိုယ်တို့အိမ်က ဖုန်တွေနဲ့ပဲအတူ မျှော်လင့်လို့။
အထပ်လိုက် အထပ်လိုက် ဖုန်တွေ
ထောင့်တိုင်းမှာ ဖုန်တွေဟာ လျှံကျလို့။
ခန်းဆီးတွေ မင်းမဖွင့်ရက်ဘူးလေ
ဖုန်တွေရဲ့ ငြိမ်သက်မှုကို အလင်းတွေနှောင့်ယှက်လိုက်မှာ
မင်းခမျာ စိုးရိမ်လို့။
စာအုပ်စင်ပေါ်မှာ လက်ရေးနဲ့ရေးထားတဲ့ လေဘယ်လ်ဟာ
ဖုန်တွေအောက်မြုပ်နေပြီပေါ့လေ
ကော်ဇောရဲ့ အဆင်ဒီဇိုင်းဟာလည်း
ဖုန်တွေကိုပဲ ရှူသွင်းတယ်
ကိုယ့်ဆီမင်း စာတစ်စောင်ရေးနေချိန်မှာ
ကလောင်သွားဟာ ဖုန်တက်နေတာ ချစ်စရာ
ကိုယ့်မျက်လုံးတွေကို နာကျင်မှုဟာ ဓားလိုထိုးတယ်။
အဲဒီမှာမင်း တစ်နေကုန်တစ်နေခန်း ထိုင်တယ်
မလှုပ်ရဲမယှက်ရဲ
မင်းခြေလှမ်းတွေဟာ ဖုန်တွေကို နင်းချေမိမှာ စိုးရိမ်လို့
အသက်ကိုတောင် ထိန်းထိန်းသိမ်းသိမ်း မင်းရှူတယ်
တိတ်ဆိတ်မှုကို သုံးစွဲပြီး ဇာတ်လမ်းတစ်ပုဒ်မင်းရေးတယ်
ဒီလိုအချိန်မျိုးမှာ အသက်ရှူကြပ်စေတဲ့ ဖုန်တွေဟာပဲ
တစ်ခုတည်းသော သစ္စာစောင့်သိရိုသေမှု။
Continue reading →