ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ
Continue reading
ရာသီဥတု ငါနဲ့အတူရှိပါစေ (မောင်ဒေး)
ရာသီဥတု ငါနဲ့အတူရှိပါစေ ငါ့ရဲ့အခန်းထဲမှာ တစ်စုံတစ်ယောက်က
မှန်တစ်ချပ်လာထားသွားတယ် မနက်တိုင်းမှာ အဲဒီမှန်ကိုမကြည့်မိဖို့ ငါ ကြိုးစားရတယ် သစ္စာတရားဆိုတာ ရုပ်ကြွင်းလောင်စာလိုပဲ
၂၀၀၈ ခုနှစ်မှာ Peak ဖြစ်သွားပြီး အကျဘက်ကိုပဲ ရောက်လာခဲ့ပြီ
ငါတို့အထိတ်တလန့် ဖြစ်ရတဲ့အရာဟာ အခုအိမ်ရှေ့မှာ မဟုတ်ဘူး
အိမ်ထဲကို ရောက်လာခဲ့ပြီ မန်ကျည်းပင်ပေါ်က ပုရွက်ဆိတ်ကလေးတွေ တစ်ကောင်ပြီးတစ်ကောင်ထပ်ပြီး စုလိုက်တော့ ငါ့ရဲ့ဦးခေါင်း ဖြစ်လပါလေရော — နေဟာ တစ်ယောက်ချင်းစီအတွက် လင်းတယ် — လေဟာ တစ်ယောက်ချင်းစီအတွက် တိုက်တယ်– ဒါပေမယ့် နောင်အနှစ်၅၀ မှာ ညအချိန်ဆိုတာ ရှိနိုင်ပါဦးမလား ဟိုက္ကူကဗျာတွေထဲမှာ ချယ်ရီပင်တွေ
Continue reading
သူတို့က ငါတို့ကိုမုန်းတယ် ငါတို့ကကော သူတို့ကို ပြန်ချစ်နိုင်ပါ့မလား (မောင်ဒေး)
သူတို့က ငါတို့ကိုမုန်းတယ်ငါတို့ကကော သူတို့ကို ပြန်ချစ်နိုင်ပါ့မလားေ မာင်းသူမဲ့အာကာသယာဉ်တွေထဲကို ခွေးတွေထည့်ပြီး မျောက်တွေထည့်ပြီး သူတို့စေလွှတ်တယ်ငါတို့ဟာ ကိုယ့်ချစ်သူရဲ့လက်ကိုဆွဲပြီး ကမ်းခြေဘက် ပြေးထွက်ခဲ့ကြတယ် ရုပ်ရှင်ရုံတွေထဲဝင်ခဲ့ကြတယ်သူတို့ကအမုန်းတရားအားဖြင့် ဖောက်လုပ်ခဲ့တဲ့လမ်းတွေကို ငါတို့ကခြေဗလာနဲ့ လျှောက်ခဲ့ကြတယ်
သူတို့က ဒေါသနဲ့ဆောက်လုပ်ခဲ့တဲ့တံတားတွေရဲ့အောက်မှာ ငါတို့က
Continue reading
ဟယ်လို မြို့မငြိမ်း (အောင်ခင်မြင့်)
တံခါးများ ပိတ်နေပါပြီဆိုတဲ့ ခံစားချက်မဲ့ ကြေငြာသံ
ရထားပလက်ဖောင်း အဟထဲ ပန်းတစ်ပွင့် ပြုတ်ကျသွား
ခု မပြောလည်း နောက် ပြောရမယ့် စကားများ ရင်ထဲမှာ
အထပ်မြင့် တိုက်များဆီမှ လွင့်ကျလာသော အင်္ကျီများ
မှိုင်းညို့မှုထဲ တောင်ဝှေးနဲ့ ထောက်ရင်း စမ်းရင်း သွားခဲ့
လူဟာ ချောကလက်ကြီးအဖြစ် သရုပ်ဆောင်ရတဲ့ ကမ္ဘာ
ခြင်္သေ့ကြီးက အရှိန်နဲ့လာနေတဲ့ ရထားရှေ့မှာ ရပ်ခဲ့
သေခြင်းဟာ ပေါက်ပေါက်ဆုပ်များပမာ ချိုချိုမွှေးမွှေး
ငါ ခေါ်ဆိုနေသော ဖုန်းဟာ ဘယ်သူ့ထံမှာ မြည်နေတာ
Text: Aung Khin Myint (2017)
Image: Aung Khin Myint: Recycled Meanings (2011)
မူလဆီသွားခြင်း (အောင်ခင်မြင့်)
မူလဆီသွားဖို့ လေထဲမှာ စက်ဝိုင်းကို သင်ရေးဆွဲလိုက်တယ်။ စက်ဝိုင်းဟာ သိပ်မဝိုင်းလှဘူး။ အိမ်ထဲကမထွက်ခင် အိမ်ဖော်မလေး ရဲ့ပါးကို သင်ခိုးနမ်းခဲ့သေးတယ်။ သင့် မိန်းမ ဖုန်းပြောနေတုန်း။ မူလဆီသွားခြင်းဟာ မူလဆီပြန်ခြင်း မဟုတ်ဘူး။ အဲဒါကို မသိရင် မြင်းဟာ ကျာပွတ်ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အဲဒီခြေကြိုခြေကြားတွေထဲ လိမ့်နေတဲ့ မျက်ရည်ယိုဗုံး နောက်လည်း တကောက်ကောက်လိုက်စရာ မလိုပါဘူး။ လူတိုင်း ဟာ ဘဝမှာ တစ်ကြိမ်ဖြစ်ဖြစ် ကြောင်ကို ခြေထောက်နဲ့ ကန်မိတာပဲ။ ဒါဟာ မူလဆီသွားဖို့ ဖြစ်လာစေမယ့် အကြောင်းတစ်ခုလို့ ဘယ်သူက သိနိုင်မှာလဲ။ မူလဆီသွားဖို့ သူဟာ သူ့မျက်လုံးတွေကို ထိုးဖောက်လိုက်တယ်။ ဒီလိုလုပ်ဖို့ လိုမလို သူလည်းမသေချာဘူး။ လေဆိပ်က လူဝင်မှုကြီးကြပ်ရေး အရာရှိရှေ့က ကင်မရာလို သူဟာ မျက်နှာတွေကို ငြီးငွေ့လာလို့လား။ ဂင်္ဂါမြစ်ပေါ်မှာ ခြေတစ်ဖက်တည်းနဲ့ ရပ်နေတဲ့ ဆာဒူးတွေရော မူလဆီ သွားနေတာလား။ အထည်ချုပ် အလုပ်သမလေးဟာ မူလဆီမသွားခင် တင်ပါးပေါ်မှာ အသည်းပုံတက်တူး ထိုးလိုက်တယ်။ Continue reading
၁၉၉၀ အထူးသီးသန့် (သီဟသူ)
နှစ်ပေါက်အောင် ဝတ်
အရိုးအထိ ငြီးငွေ့၊
အမှောင်ထဲမှာ
အမှောင်နဲ့အတူ က၊
ကိုယ့်ကိုယ်ကို သတ်သေမယ့်ချာတိတ်
ဆံပင်တွေဖြူလာ။
အား၊ မြန်ဆန်သောနွေများ
ပြီးစီးပြီး ကုန်ဆုံးသွား
အမြဲထာဝရ။
အခု
သေခြင်းက
ကျုပ်ကို ချောင်းကြည့်နေပြီလား။
ဟင့်အင်း၊ အဲဒါ ကျုပ်ရဲ့ကြောင်ပါ၊
ဒီ
တစ်ခါ။
( Charles Bukowski ရဲ့ 1990 special မြန်မာပြန် – သီဟသူ။)
အိုး၊ ရက်စ် (သီဟသူ)
အထီးကျန်
ဖြစ်ရတာထက် ပိုဆိုးတဲ့အရာတွေ အများကြီး
ဒါပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြာတယ်
ဒါကို သိနားလည်ဖို့
နောက်ပြီး မကြာခဏဆိုသလို
ခင်ဗျား နားလည်တဲ့အခါ
အရမ်း နောက်ကျသွားပြီ
အရမ်းနောက်ကျ
တာထက်
ဆိုးတာ ဘာမှမရှိတော့။
( Charles Bukowski ရဲ့ oh, yes မြန်မာပြန် – သီဟသူ။)
လျှို့ဝှက်ရယ်သံ (သီဟသူ)
ရှာဖွေခံနေရတဲ့ လူလိမ်ဟာ
ခင်ဗျားနောက်ဆုံးမှ ရှာကြည့်လောက်မယ့်
နေရာမှာ ပုန်းနေ
နောက်ပြီး ရှာတွေ့ရင်တောင်မှ ခင်ဗျား ယုံမှာမဟုတ်
အဲဒီမှာ တကယ်ရှိနေတယ်ဆိုတာ
တစ်ပုံစံထဲပဲ
သာမန်လူတစ်ယောက်
တကယ့်ပန်းချီကားကောင်းတစ်ချပ်ကို မယုံကြည်သလိုမျိုး။
( Charles Bukowski ရဲ့ secret laughter မြန်မာပြန် – သီဟသူ။)
ရယ်ရွှင်ဖွယ်ရာများခေတ် ကုန်ဆုံးခြင်း (နေမျိုး)
ကျုပ်အဖို့ ရယ်ရွှင်ဖွယ်ရာများခေတ် ကုန်ဆုံးခဲ့ပြီ
ကျွန်ုပ်ဘာသာ ရပ်နေမည်
ဤအစိုင်အခဲကြီးများကို နှစ်များစွာ ကွန်ုပ် ထမ်းပိုးထားခဲ့သည်
ကျွန်ုပ်၏ အရိုးထဲတွင် ရယ်သံတစ်ခု သိမ်းဆည်းထားခဲ့၏။ သင်နားထောင်မည်လား
ယခု ကျွန်ုပ်ဘာသာ ရပ်နေသည်
တိတ်ဆိတ်မှုထဲမှာ ကျွန်ုပ်ရှိ၏
ပျော်ရွှင်မှုသည် ကြောက်မက်ဖွယ်ကောင်းသော မေ့လျော့မှုတစ်မျိုး ဖြစ်သည်
ဟု ဖတ်ရှုခဲ့ဖူးသည်။
မင်းပြောချင်တာ ဒါအကုန်ပဲလား၊ ရယ်စရာပဲ
ဒါပေမဲ့ ရယ်ရွှင်ဖွယ်ရာများခေတ် ကုန်ဆုံးသွားခဲ့ပြီ
ကျွန်ုပ် တိတ်ဆိတ်နေမည်
အစိုင်အခဲကြီးများ ရောက်လာလိမ့်မည်
အားလုံး အလုံအလောက် ဖြစ်သည်။
၂၀၁၀-၇-၃၀ (ည ၁၁း၀၅ နာရီ)
(ချင်းတွင်း – ၂၀၁၀)







