အလစ်ချောင်းမှုဟာ ကြီးထွားလာတဲ့အခါ
အီဖယ်လ် မျှော်စင်ကြီး ဖြစ်လာတော့တာပေါ့
ပေါင်မုန့်အစအနလေးများနဲ့ လမ်းရှာခဲ့သလို
ဘာလင်၊ ပါရီ၊ ဘယ်လ်ဂျီယန်နဲ့ ဥရောပနိုင်ငံတချို့
တကယ်တမ်းပြောရတော့မယ်ဆိုရင် ဘယ်ကစပြောရမှန်း
မသိဖြစ်ရမြဲ ထူလဗျစ်ဝက်ခြံလို ချည်ခင်အစအနများ
အယုဒ္ဓယမြို့ဟောင်းရဲ့ အချို့နေရာမှာ ခမ်းနားခြင်းတွေ
ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကဗျာကို စာလုံးပေါင်းရန်
နေ့အပူချိန်များ အထူးမြင့်မားလာခိုက် မှာ ကွန်မြူနစ်ပြောက်
ကျားများက ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦးကို ပစ်သတ်ခဲ့တယ်
ဘယ်မှာမဆို အချစ်ဟာ သေးသိမ်လွန်းတယ် တိုင်း ဒေသကြီးမှာ
ပဲဖြစ်ဖြစ် ဘာလီကမ်းခြေ တစ်နေရာရာမှာပဲဖြစ်ဖြစ် ဒါမှမဟုတ်
ထုတ်လုပ်ရာမှ လွင့်လာသည့် အမှုန်အမွှားများ သတ္တုရိုင်းများအား
သူ့ဝက်အူချောင်းက နည်းနည်းနောနောကြီး မဟုတ်ပါဘူး
နာကြည်းချက်မြို့တော်နဲ့ ကီလီယိုပက်ထရာတေးဆီးရီး
အီနာဂါကီသည် မိခင်ကို ရေနွေးအိုးဖြင့် ထုသတ်ပြီးနောက် —
၎ မေလ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၂၀း၄၄ နာရီ
( အက်ပီဖနီ – ခင်အောင်အေး။ ၂၀၁၅ – လှေကားစာပေ။)