ငြိမ်းချမ်းရေး မလိုချင်ပါဘူး …. ဆို
မာနယ်ပလောမှာ
အလောင်းတွေ ထပ်ခဲ့တယ်
အပေါ်စီးရနေတဲ့ လင်းဠတွေက
ငြိမ်းချမ်းရေး မလိုချင်ဘူးတဲ့
အရိုးတစ်ဈေး အသားတစ်ဈေး ရောင်းစားချင်သေးတယ်
ကိုယ့်ကိုယ်ကိုယ် ချစ်လို့မဝလို့
သူများကို လိုက်လိုက်ချစ်
ကိုယ့်ကိုယ်ကိုယ် မုန်းလို့မဝလို့
သူများကို လိုက်လိုက်မုန်း
တော်လောက်ပါပြီ
သွေးသားဆိုးတော့ သည်းခြေခိုက်သွားတယ်
ရောဂါဟောင်းက နှစ်မျိုး
အကျင့်ဆိုးက သုံးမျိုး
အကုသိုလ်တွေ ထပ်ခိုးပေါ် ခဏတင်ထားလိုက်
ငရဲပြည်ကို ရောက်သွားတဲ့လူတွေနဲ့
အကျင့်က တူ တူ နေတော့
လူ့ပြည်ကလည်း ငရဲပြည်နဲ့တူလာတယ်
ပူပူလာတယ်
Continue reading
