နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။




Image
Image



သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Image Image Image Image Image

Tuesday, November 30, 2010

ငါသည် ဤသို့နှလုံးသွင်းခဲ့၏...

Image






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။

သာဓု... သာဓု... သာဓု...။

Monday, November 29, 2010

အခြား ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု ငါ သိ၏...


Image

အခြား ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု ငါ သိ၏...

ပညာသုတ်

ရဟန်းတို့...
ရဟန်းသည် ပညာဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီးသောအခါ ထိုရဟန်းအား ''ဖြစ်မှု 'ဇာတိ' ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ မဂ်ကိစ္စအလို့ငှါ အခြား ပြုဖွယ်ကိစ္စ မရှိတော့ပြီ ဟု ငါ သိ၏'' ဟု ဤစကားကို ဆိုရန်သင့်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည်
ပညာဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်သနည်းဟူမူ...

Image
''ငါ၏ စိတ်သည် ရာဂကင်း၏'' ဟု
''ငါ၏ စိတ်သည် ဒေါသ ကင်း၏'' ဟု
''ငါ၏ စိတ်သည် မောဟကင်း၏'' ဟု
''ငါ၏ စိတ်သည် ရာဂနှင့် တကွ ဖြစ်ခြင်း သဘော မရှိ'' ဟု
''ငါ၏ စိတ်သည် ဒေါသနှင့်တကွ ဖြစ်ခြင်းသဘော မရှိ'' ဟု
''ငါ၏ စိတ်သည် မောဟနှင့်တကွ ဖြစ်ခြင်း သဘော မရှိ'' ဟု
''ငါ၏ စိတ်သည် ကာမဘဝ အလို့ငှါ ပြန်လည်ခြင်း သဘော မရှိ'' ဟု
''ငါ၏ စိတ်သည် ရူပဘဝ အလို့ငှါ ပြန်လည်ခြင်း သဘော မရှိ'' ဟု
''ငါ၏ စိတ်သည် အရူပဘဝ အလို့ငှါ ပြန်လည်ခြင်းသဘောမရှိ'' ဟု

ပညာဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်၏။


ရဟန်းတို့ ရဟန်းသည် ပညာဖြင့် စိတ်ကို ကောင်းစွာ ပွါးများအပ်ပြီး ဖြစ်သောအခါ ထိုရဟန်းအား ''ဖြစ်မှု 'ဇာတိ' ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စ အလို့ငှါ အခြားပြုဖွယ်ကိစ္စ မရှိတော့ပြီဟု ငါ သိ၏'' ဟူ၍ ဤစကားကို ဆိုရန် သင့်၏ ဟု မိန့်တော်မူ၏။ 25

၅ - ပညာသုတ်၊ သတ္တာဝါသဝဂ်၊ နဝကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ 
 
သာဓု... သာဓု... သာဓု...။

Tuesday, November 16, 2010

သင် ကျင့်မှသာ ပယ်နိုင်လိမ့်မယ်...

အဝိဇ္ဇာများ ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
တဏှာသုံးပါး ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
သြဂလေးပါး ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
ဥပါဒါန်လေးပါး ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
ဘ၀သုံးပါး ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
ဒုက္ခသုံးပါး ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...
သက္ကာယကို ပယ်ခြင်းငှါ မဂ္ဂင်ရှစ်ပါးကျင့်လိုက်ပါ...

အဝိဇ္ဇာလေးပါး
ဆင်းရဲ 'ဒုက္ခ' ၌ မသိမှု၊ ဆင်းရဲဖြစ်ကြောင်း၌ မသိမှု၊
ဆင်းရဲချုပ်ရာ၌ မသိမှု၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်၌ မသိမှု။

တဏှာသုံးပါး
ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ၊

သြဂလေးပါး
ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ၊


ဥပါဒါန်လေးပါး
ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်၊

ဘ၀သုံးပါး
ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊

ဒုက္ခသုံးပါး
ဒုက္ခဒုက္ခ၊ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊

သက္ကာယဆိုသည်မှာ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ခေါ်သည်
ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာ၊

၃၂၂-၃၂၈၊ ၄ - ဇမ္ဗုခါဒကသံယုတ်၊ သဠာယတန၀ဂ္ဂ သံယုတ်ပါဠိတော်။