တစ်ခါတုန်းက မှော်ဆရာ
တစ်ခါတုန်းက မှော်ဆရာ

တချိန်တုန်းက မှတ်မှတ်ရရပြောရရင် ၁၉၉၀ ရာဇဝင်များရဲ့ သတို့သမီးမထွက်ခင် အချိန်က မဂ္ဂဇင်းတစ်အုပ်ထဲမှာပါခဲ့တဲ့ ထူးအိမ်သင်ရဲ့ စကားတွေကို ကူးထားခဲ့တာပါ။ ဘာလို့ ဒီစကားလုံးတွေကိုမှရွေးကူးခဲ့မိလဲဆိုရင် ကျွန်မ ကိုယ်၌ကလည်း ဧရာဝတီကို ချစ်ခဲ့ဖူးသူတစ်ယောက်မို့ပါပဲ။ ချစ်တဲ့ ဧရာဝတီကို ပြည်မြို့ မြစ်ကမ်းနဖူးပေါ်ကနေငေးရင်း ဧရာဝတီနဲ့ပတ်သက်တဲ့ အနုပညာတစ်ခုခုတော့ဖန်တီးကြည့်ချင်ခဲ့ဖူးတယ်။ ခင်ဝမ်းရဲ့ ဧရာဝတီကိုဆိုညည်းရင်း…။တကယ့်တကယ်ကျတော့ ဧရာဝတီရဲ့ညှို့ငင်နိုင်စွမ်းတဲ့သမိုင်း ဟာ ကျွန်မကို လက်လျှော့သွားစေခဲ့ပါတယ်။ ဟုတ်တယ်။ ကျွန်မမှာ ဖွဲ့စရာ စကားလုံး တွေထိုက်တန်တယ်လို့မထင်မိအောင်ကို ရှားပါးကွယ်ပျောက်နေခဲ့ရတယ်။ဘယ်လို မြင့်မြတ်ခြင်းဖွဲ့စာလုံးတွေနဲ့ နှိုင်းဆင့်ရမှန်းမသိစေခဲ့တဲ့ ဧရာဝတီ……
နောက်တော့ ကိုငှက်(ထူးအိမ်သင်)ရဲ့ ရာဇဝင်များရဲ့ သတို့သမီး ဆိုတာထွက်လာတယ်။ ဒီအင်တာဗျူးဆန်ဆန်စာစုဟာ အဲဒီခွေမထွက်ခင်ကပါ။ ဒီစကားလုံးတွေမြင်လိုက်ရတဲ့အခါ ကျွန်မ မြောက်တက်သွားမတတ်ခံစားလိုက်ရတယ်။ ဧရာဝတီနဲ့ ကျွန်မတို့ အမိနိုင်ငံရဲ့ အသက်သွေးကြောနဲ့ ထိုက်တန်တဲ့ မှော်ပေါက်နေတဲ့ စကားလုံးတွေ…။ဘယ်လို လေးမြတ်ခြင်းဝိညာဉ်တွေကများ သူ့ကို ပူးကပ်ငြိတွယ်ခဲ့ပါသလဲ။ ဒီလို မှော်ပေါက်နေတဲ့ စကားလုံးတွေ သံစဉ်တွေကို ဘယ်ကများရပါသလဲ။ ကောင်းကင်တော်က အလိုရှိခဲ့တဲ့ သတို့သမိးတစ်ယောက်အတွက် ထိုက်တန်ရာ စကားလုံးတွေ ဘယ်လိုများ သူ့ရင်ထဲ ကိန်းအောင်းနေခဲ့တာလေလဲ။ သေချာတာကတော့ ထပ်မံဖွဲ့နွဲ့စရာ အကြောင်းမရှိဆိုတာ ပါပဲ။
မနော်ဟရီ
ကွယ်လွန်ပြီးသောအိပ်မက်များ…. ထာဝစဉ် လဲလျောင်းအိပ်စက်ရာ က္ကုနြေ္ဒကြီးမားလွန်တဲ့ ဒီမြေမှာတို့ရဲ့သွေးတွေ ဖြတ်သန်းရင်းစီးဆင်း သူဟာ ရာဇဝင်များရဲ့ လျို့ဝှက်ချက်ကိုသိမ်းဆည်းထား ဧရာဝတီ……..

ရာဇဝင်များရဲ့သတို့သမီး
၁၉၇၀ပြည့်နှစ်တုန်းက မြန်မာ့အသံအင်္ဂလိပ်ပိုင်အစီအစဉ်မှာ လွှင့်တဲ့ Pussy Cat ရဲ့ Mississippi ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ကိုအရမ်းစွဲလန်ခဲ့ဖူးပါတယ်။ Mississippi မြစ်ဝှန်းသားတွေ သူတို့ရဲ့ ဒီမြစ်ကြီးကို ဘယ်လိုများရင်ခုန်ခဲ့ပါသလဲ။ ကျွန်တော်လည်း ဒီသီချင်း လေးကို နားထောင်ရင်း လိုက်ဆိုရင်းနဲ့ ကျွန်တော်ကိုယ်တိုင်မမြင်ဖူး မတွေ့ဖူးးတဲ့ Mississippi မြစ်ကြီးကိုရင်ခုန်ခဲ့ရတယ်။ ကျွန်တော်သီချင်းစရေးတဲ့အချိန် ကတည်းက တစ်နေ့နေ့ကျရင် ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီးကို သီချင်းတစ်ပုဒ်ဖြစ်အောင် ရေးဖွဲ့မယ်လို့ အမြဲအိပ်မက်မက် ခဲ့ပါတယ်။ ဒါပေမယ့် ဧရာဝတီရဲ့ရင်ခုန်သံကို ပီပီပြင်ပြင် ဖမ်းဆုပ်နိုင်စွမ်း ကျွန်တော့်မှာမရှိခဲ့တဲ့အတွက် ဧရာဝတီဟာ ကျွန်တော့်ရင်ထဲမှာပဲ တိုးတိုးတိတ်တိတ် စီးဆင်းနေခဲ့ရပါတယ်။ အဲဒီရင်ခုန်သံ ဟာ တစ်ခါတစ်လေတော့ တိုးတိုးသဲ့သဲ့ တစ်ခါတစ်လေကျတော့ ကျယ်ကျယ်လောင်လောင်နဲ့ ဒီလိုနဲ့ပဲ အချိန်တွေအများကြီး ကျွန်တော်တို့ ဖြတ်သန်းခဲ့ရပေါ့။
၁၉၈၆(ပုဂံ)
ဒီဧရာဝတီမြစ်ကြီးရဲ့ မြစ်ဝှန်းမှာ ကျွန်တော်တို့ ဘိုးဘေးတွေ ရှေးမျိုးဆက်ဟောင်းကြီးတွေ ဘယ်လိုများတောက်ပတဲ့ ယဉ်ကျေးမှုမျိုးတွေထူထောင်ခဲ့ကြပါသလဲ။ ဘယ်လိုများ ရွှေရောင် တောက်စားတဲ့ မြို့ပြအဆောက်အဦတွေပါလိမ့်၊ဘယ်လိုများ ခိုင်ခံ့ခဲ့တဲ့ နိုင်ငံတော်တွေပါလိမ့်။ ဘယ်လိုကြံ့ခိုင်သန်မာတဲ့ အင်အားတွေပါလိမ့်..။သေချာတာတစ်ခုကိုတော့ ကျွန်တော် ပြက်ကနဲ မြင်လိုက်ရတယ်။ဧရာဝတီမှာ ရာဇဝင်ရှိတယ်…ဆိုတာပဲ။ ကျွန်တော့်ထက် အရင်လူတွေ ဧရာဝတီကို ရင်ခုန်ခဲ့ကြဖူးပါပြီ။ မြန်မာ့အသံက မြစ်ကြီးဧရာဝတီ တို့ ၊ကိုခင်ဝမ်းရဲ့ ဧရာဝတီ တို့ ကျွန်တော်တို့ခံစားဖူးကြပါပြီ။ ဒါပေမယ့် ကျွန်တော့် ဧရာဝတီရဲ့ ရင်ခုန်သံက သူတို့နဲ့မတူဘူး။ ကျွန်တော်က ဧရာဝတီကို အရင်လူတွေနဲ့ မတူခြားနားပြီးမြင်တယ်။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပါ။ ကျွန်တော်တို့ရဲ့ သွေးကြော ကြီးပါ။ ဒီဧရာဝတီ မြစ်ဝှန်းမှာပဲ ကျွန်တော်တို့ရဲ့ ဘိုးဘေးမိဘတွေ ရှေးမြန်မာကြီးတွေ …… သူတို့ရဲ့ ကြီးကြမ်းမောက်မာသလောက် သိမ်မွေ့နူးညံ့တဲ့ နှလုံးသားနဲ့ သန်မာကြံ့ခိုင်သလောက် ပြောင်းညွတ်တဲ့လက်ရုံးတွေနဲ့ ..တောက်ပတဲ့ ယဉ်ကျေးမှုတွေ ခမ်းနားတဲ့ မြို့ပြနိုင်ငံတွေ ထူထောင်ခဲ့ကြတယ်။ ဒီမြေ ၊ဒီရေ၊ကိုပိုင်ဆိုင်ဖို့ အတွက်၊ကာကွယ်ဖို့အတွက် သွေးမြေကျ စစ်ပွဲ ကြီးတွေ ဒီမြစ်ဝှန်းမှာ ခင်းကျင်းခဲ့ပါတယ်။ ဧရာဝတီရဲ့ သူရဲကောင်းတွေ ဒီမှာပဲ မွေးဖွား ဒီမှာပဲ စတေးပြီ ဧရာဝတီရဲ့သမိုင်ကို ခိုင်ခံ့အောင် ဆောက်တည်ခဲ့ကြတယ်။ ရာဇဝင်တွေ တစ်ခုပြီးတစ်ခု ဟောင်းသွားကြတယ်။ တစ်ခုပြီး တစ်ခု သစ်လာကြတယ်။ ဧရာဝတီက ရာဇဝင်များစွာရဲ့ သတို့သမီး ၊ကျွန်တော်တို့ရဲ့ မိခင်၊ ကျွန်တော် တို့ရဲ့ ဝိညာဉ်ပါပဲ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ အချိန်ကာလ အတိုင်းအတာတစ်ခုကြားမှာ ဧရာဝတီရဲ့ ရာဇဝင်သစ် တွေအတွက် ကျွန်တော် ကြိုဆိုရင်း ရင်ခုန်ရပါတယ်။
ထူးအိမ်သင်
နောက်တစ်ခုက အမေ့ရဲ့ဒုက္ခအိုးလေး။ ထင်းရူးပင်ရိပ်ကို ဖတ်စဉ်က ဒိကဗျာအတွက် ဒီလောက် တနင့်တသီး မခံစားခဲ့လိုက်မိတာဘာကြောင့်လဲလို့ ပြန်တွေးမိတဲ့ထိ ဖြစ်သွားခဲ့ ဖူးတယ်။ ကျွန်မတို့အားလုံးဟာ တကယ့်ကို အမေ့ရဲ့ ဒုက္ခအိုးကလေးတွေ ဖြစ်ခဲ့ကြတယ်။ အထူးသဖြင့် အနုပညာ ဆိုပြီး ဖက်တွယ်ရူးသွပ်ခဲ့ကြတဲ့သူတွေပေါ့။ ကျွန်မတို့မှာ ပိုင်ဆိုင် တာဆိုလို့ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ပွက်ပွက်ထ အနုပညာသွေးတွေပဲ မာနအဖြစ် ပိုင်ဆိုင်ထားခဲ့ကြတယ်။ ဘယ်လိုလူတွေရဲ့နားလည်မှုကများ ကျွန်မတို့ရဲ့ အနုပညာတွေ ကိုဖြတ်သန်းစီးဆင်းသွားနိုင်မှာတဲ့လဲ။ အမေ ပဲပေါ့ ။ အနုပညာကို မဟုတ်သည့်တိုင် ဒီမာနတွေကို မက်တွယ်နေတဲ့ သူတို့သားသမီးတွေကိုတော့ သူတို့ ခွင့်လွှတ်စိတ်နဲ့ နားလည်ပေးချင်နေတတ်ခဲ့ကြတယ်။ ကိုယ်တိုင်မိခင်တစ်ယောက်ဖြစ်လာတဲ့အခါမှာ ပိုပြီး နားလည်လာခဲ့တယ်။
ပိုက်ဆံတစ်ပြားမှမရှိတယ်။သူသိက္ခာရှိချင်သေးသတဲ့…ကျွန်မတို့ဟာ ပိုက်ဆံရှိချင်တဲ့ သူတွေမဟုတ်ဘူးအမေ ..လို့ ဘယ်လိုခွန်အားနဲ့ ဒီနေ့ခေတ်ကာလမှာငြင်းဆိုကြမလဲ။ တစ်ခါတစ်လေ commercial art ဆိုတဲ့စကားလုံးကြီးတွေကိုတွင်တွင်သုံးပြီး ဖြစ်ချင်တာ နည်းနည်းမကလျှော့ မဖြစ်ချင်တာတွေခပ်များများထည့်ပြီး စကားလုံးအတုတွေနဲ့ ရဲရင့်ပစ် လိုက်ရလို့ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ခဲ့ကြတဲ့သူတွေထဲ ကျွန်မလည်းပါမယ်ထင်ပါတယ်။ ပါဝင်ခွင့် မရတဲ့ အနုပညာသမားစစ်စစ်တွေကိုလည်း ဒီနေရာကနေဥိးညွတ်လိုက်ပါတယ်။
မနော်ဟရီ

အမေ့ရဲ့ ဒုက္ခအိုးလေး (မွေးနေ့) အမေ့ရဲ့ ဒုက္ခအိုးလေးမွေးနေ့မှာ ဖြစ်နိုင်ရင် အမေ့ကို နှုတ်ခွန်းဆက်ချင်ပါတယ် အမေ.. ဒီခေတ်အပေါ် ကြင်နာမှုကင်းစွာ ကိုးကွယ်တာကို သူ အမေ့ဆီက အမွေရခဲ့ခြင်းပါ။
ယက်ဗ် တူရှစ် (ရုရှစာဆို) မောင်သာနိုးမြန်မာပြန်
ဒီကဗျာလေးကိုဖတ်ပြီး ကျွန်တော် တော်တော်ခံစားရပါတယ်။ တကယ်ပဲ ကျွန်တော်အပါအဝင် ကျွန်တော်တို့သူငယ်ချင်းတွေ လူငယ်တွေ တော်တော်များများဟာ အမေ့ ဒုက္ခအိုးကလေးတွေ ဖြစ်နေကြတယ်။ သိပ်ကံကောင်းတဲ့ ဒါမှမဟုတ် သိပ်တော်တဲ့လူတချို့ကလွဲရင်ပေါ့။ အမေတို့ ယုံကြည်သလို၊မျှော်လင့်သလိုလည်းမဖြစ်၊ ကျွန်တော် မျှော်လင့်သလို၊ယုံကြည်သလို လည်းမဖြစ်တဲ့ ကျွန်တော်တို့ပါပဲ။ ဒီကြားထဲ ကိုယ်ယုံကြည်ရာကိုပဲ စွဲမြဲချင်သတဲ့။ ခေါင်းကလည်း မာလိုက်သေးရဲ့..။အသက်တွေ တဖြည်းဖြည်းကြီးလို့လာတယ်။ ကျွန်တော့်အိပ် မက်တွေကတော့ မပြောင်းမလဲ။။ဒီအတိုင်းပဲလေ။ ကိုယ်ယုံကြည်ရာမှာပဲ အဆုံးအရှုံးတွေနဲ့ ရင်ခုန်နေကြတယ်။ ဘဝမှာ အောင်မြင်မှုက လည်းဘာမှမရ ဒါတောင်မှမာနက လည်းကြီးချင်ရ..။ပိုက်ဆံသာ တစ်ပြားတစ်ချပ်မှမရှိတာ။ ဂုဏ်သိက္ခာကလည်းရှိချင်ရဲ့။ အဲဒီလိုမျိုး ဆန့်ကျင်ဖက် အဖြစ်အပျက်တွေနဲ့ စိတ်အခြေအနေတွေကြားမှာ အသက်ရှင်နေထိုင် ကြရတဲ့လူငယ်တွေဟာ ကျွန်တော်တို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ စိတ်မပျက်ကြပါဘူး။ ကမ္ဘာကြီးမှာ မသမာစွာ နေထိုင်ရမှာနဲ့စာရင် ရိုးသားစွာ ရှင်သန်နေထိုင်ခွင့် ရတာကိုပဲ ကျေနပ်နိုင်ကြပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ဘဝရဲ့ အနက်အဓိပ္ပာယ်ကိုသင်ကြားရင်း ကြိုးစားအားတင်းပြီး ကိုယ့်လိပ်ပြာ ကိုယ်သန့်နေရင်းက မိတ်ဆွေတချို့ရဲ့ ပျက်ရယ်ပြုမှုကိုခံရတဲ့အခါမျိုးမှာ နောက် ကိုယ့်ချစ်သူက ကိုယ့်ကိုနားမလည်တတ်တဲ့အခါမျိုးမှာ ကျွန်တော်တို့ တကယ်ပဲ အသည်းကွဲကြရပါတယ်။
ထူးအိမ်သင်
(Htoo Eain Thin Memorial )14th August’09
လယ်တောလေးနှင့်ချစ်သောအိမ်
လယ်တောလေးနှင့်ချစ်သောအိမ်
တစ်ချိန်က (ကို) ခင်မောင်တိုးသီချင်းလေးတစ်ပုဒ်ကတော့ မြက်ခင်းစိမ်းနဲ့ တဲငယ်လေးတဲ့။ အဲဒီသီချင်းလေးကို နားထောင်ပြီး ဟိုးပုသိမ်ကောလိပ်ဝန်းထဲက မြက်ခင်းစိမ်းတွေ၊လယ် တောတွေကိုဖြတ်သွားရင်ရောက်တဲ့ လယ်တဲလေးတွေကိုသွားသတိရတယ်။ သိပ်သတိရ တဲ့အခါကျထိုင်ဖို့ အိမ်ရှေ့မှာ မြက်ခင်းစိမ်းစိမ်းလေး စိုက်ခဲ့ဖူးတယ်။ခုတော့လည်း မရှိတော့ ပါဘူး။ အရာအားလုံးဟာ နေ့ရက်တွေနဲ့အတူဟောင်းအိုကျန်နေခဲ့ပေါ့။
ခုတော့လည်း လူတွေမှာဖြစ်နေကျအတိုင်း ပုံရိပ်ယောင်တွေနဲ့ပျော်နေတတ်ခဲ့ပြီ။ facebook ဆိုတဲ့ တကယ်မမြင်ရတဲ့ မျက်နှာစာအုပ်လေးထဲမှာ ကိုယ်ပိုင်စိုက်ခင်းကိုယ်စီနဲ့ ကိုယ်ပိုင် စိမ်းလန်းမှုတွေကို စိတ်ကူးနဲ့ဖန်တီးနေတတ်ခဲ့ကြပြီ။ ပထမဆုံးကျွန်မကို လယ်တောဆီ ရောက်အောင်ခေါ်တဲ့ julydream ကိုကျေးဇူးတင်ပါတယ်။(သူကတော့ ခု မကောင်းမှုကိုပဲ စိုက်လိုက်မတ်တတ်လုပ်ပါတော့တယ်..မာဖီးယားကြိးလုပ်နေတာကိုပြောတာပါ..သူ့ဟာသူ ကျွန်မကို လယ်တောကိုခေါ်ခဲ့တဲ့သူဆိုတာတောင်မေ့နေပါပြီ..)
ပထမတော့ သူပို့လိုက်တဲ့ ဝက်တစ်ကောင်နဲ့ စိုက်ခင်းထဲပါလာတဲ့အခင်းသုံးလေးခုနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိပါဘူး။ ဘဝမှာလည်း ဂိမ်းတွေကိုဆော့လေ့မှမရှိတာ။ တော်တော်ကြာပစ်ထားလိုက်သေးတယ်။နှလုံးသားရပ်ဝန်းကပါဆိုတဲ့ Boyz ဆီကလည်း အပင်တွေဘာတွေရသေးတယ်။ နောက်တော့သူလည်း တိုက်ရခိုက်ရတာပဲဝါသနာပါသွား ပုံရတယ်။မတွေ့တော့ဘူး။


ဘာလုပ်ရမှန်းမသိလို့ ရသမျှပစ္စည်းတွေစုသိမ်းပြိးဒီတိုင်းပစ်ထားလိုက်တာတော်တော်ကြာ ပါတယ်။ နောက်မှ ဟိုကလစ် ဒိကလစ်နဲ့ လယ်ထွန်တတ်၊အပင်စိုက်တတ်သွားတယ်။ စိုက်ပြီးရင်သွားရောင်းလို့ရတယ် ။ရတဲ့ပိုက်ဆံနဲ့ ပြန်စိုက်လို့ရတယ်ဆိုတာသိလာတယ်။ အဲဒါနဲ့ အားတွေတက်ပြီးစိုက်လိုက်ပျိုးလိုက်တာ တော်တော်ကြာသွားတယ်။ အိမ်နီးချင်းဆို တာတွေလည်း လာ addရင် လက်ခံလိုက်တယ်။ ကိုယ်က ပြန်မaddဖြစ်ဘူး။အရင်က တော့ သူတို့က လာ addလို့ လက်ခံလိုက်ရင် သူတို့လည်း ကိုယ့် အိမ်နီးချင်းစာရင်းထဲ ဝင်လာသလို ကိုယ်လည်းသူတို့အိမ်နီးချင်းစာရင်းထဲဝင်သွားတယ်။ခုကျတော့ အဲလိုမဟုတ် ပြန်ဘူး ။ ကိုယ်ကလိုချင်ရင် ကိုယ်က add ရတယ်။ သူတို့ကလိုချင်ရင်သူတို့ကadd ရ တယ် ။အဲဒါ မှားချင်လည်းမှားပါလိမ့်မယ်။ ကျွန်မဆီမှာတော့ဒီတိုင်းပါပဲ။
နောက် ကစားတာလယ်ဗယ်တစ်ဆယ်ကျော်သာရောက်ရော စိုက်ထားသမျှတွေကို သူများကို ရိတ်သိမ်းခိုင်းလို့ရတယ်ဆိုတာ မသိပါဘူး။ တစ်ရက်ကျတော့ ဆောင်းကြယ်ဖြူ ဆိုတဲ့ညီမလေးက ကျွန်မကို လယ်ရိတ်တာလာကူပါ ဆိုတဲ့ မက်ဆေ့ခ်ျလေးနဲ့ခေါ်ပါတယ်။ သူတို့က အဲဒီတုန်းက လယ်ဗယ်အမြင့်သမားတွေပေါ့။ကိုယ်က သူတို့ကိုအားကျရသူ။သူ့ ဆီလိုက်သွားတော့ အားပါး..သူ့လယ်မှာ ရွှေဖရုံသီးတွေဝင်းလို့။တစ်ခင်းရိတ်ရင် ၉၉ကျပ် ရတယ်။ အဲဒီနေ့ ဝင်ငွေတော်တော်ကောင်းသွားလိုက်တာ ကိုယ်လည်း မျိုးစေ့ကောင်းကောင်း ဝယ်စိုက်နိုင်သွားတယ်။ ဒါတောင် ကိုယ့်အလှည့်ကျရင် သူများကို ခေါ်ရိတ်ခိုင်းဖို့မတွေးမိဘူး။ နောက်မှသိရတာက သူများကိုခေါ်ရိတ်ခိုင်းလို့ရတဲ့အသီး တွေက ပိုပြီးဈေးရတယ်ဆိုတာပါပဲ။ နောက်ပိုင်းမှာတော့ ကျွန်မကို မိတ်ဆွေတွေက သင်ကြပါတယ်။ စိုက်ခင်းတွေကို တစ်ကွက်နဲ့တစ်ကွက် ကြားချဲမရှိအောင်ဘယ်လိုလုပ် ရတယ်။ နောက်..သစ်ပင်တွေ၊ပန်းပင်တွေ၊အဆောက်အဥိတွေကို လိုသလို ခဏဖျောက် ထားလို့ရတယ်ဆိုတာတွေသင်ပေးတယ်။
တကယ်တော့ လယ်တောထဲက မိတ်ဆွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်ဘယ်သူမှန်း တောင်မသိကြပါဘူး။ facebook id ကတစ်မျိုး၊ farm town id ကတစ်မျိုးနဲ့လူတွေ အများ ကြီးပါ။ ကိုယ့်လို id တစ်မျိုးတည်းနဲ့လုပ်နေတဲ့သူက နည်းပါတယ်။ ဒါပေမယ့် အဓိကက အိုင်ဒီတွေ အမည်နာမတွေမဟုတ်ပါဘူး။ လယ်တောမိတ်ဆွေချင်းကတော့ အလိုလိုကို ရင်းနှီးကြပါတယ်။ ဒီထဲမှာ ရှေ့ကနေပြေးပြီးအပြိုင်အဆိုင် ပန်းဝင်သွားကြတဲ့ လယ်ဗယ် ၃၄ ရောက် ကျွန်မမိတ်ဆွေလယ်သမားကြီးနှစ်ယောက်လည်းရှိပါတယ်။ သူတို့က ကျွန်မ ကို အများကြီးအကူအညီပေးခဲ့ကြတယ်။ခုလည်း သူတို့ပန်းဝင်သလိုဖြစ်နေပြီမို့ မကစားချင် တော့တဲ့တိုင် ဈေးထဲသွားအလုပ်မရှာတတ်တဲ့ ကျွန်မအတွက် အပင်တွေစိုက်ပေးနေတုန်း ပါပဲ။ (ကျေးဇူးတင်ပါတယ် KTM နဲ့ Danny Arkar)


နောက်ပိုင်းကျတော့ သူငယ်ချင်းတွေအများကြီးလယ်ထဲရောက်လာခဲ့တယ်။ ဘလော်ကာ တွေချည်းများပါတယ်။ ကိုဖြိုးနဲ့ အိအိ တို့စုံတွဲ၊ သူငယ်ချင်းမဂျူ၊ ဖိုးစိန်၊မိုးကုတ်သား၊ Sweetpeony.. မခင်မင်းဇော်၊ မသိဂီ င်္နွယ်၊စသဖြင့်…တပျော်ကြီး ရောက်လာကြတယ်။ အရင်က KTM ရယ် Danny Arkarရယ် ကျွန်မရယ် ပျော်ရွှင်စွာလယ်စိုက်ကြရိတ်ကြဖူး တယ်။နောက်တော့ သူတို့အလာကျဲသွားတော့ ကျွန်မ ရယ် မဂျူရယ်၊ဖိုးစိန်၊မိုးကုတ်သားနဲ့ ဆွိရယ်၊နောက် ပါမောက္ခညို ရယ် လယ်ထဲမှာပျော်ရွှင်စွာစိုက်ဖြစ်ပျိုးဖြစ်ကြတယ်။
လယ်ထဲမှာက အိမ်ကလေးတွေကိုယ်စီ၊ပန်းခင်းတွေကိုယ်စီ၊စမ်းချောင်းတွေကိုယ်စီနဲ့ သီးပင်စားပင်တွေကလည်းစုံလို့…။ စမ်းချောင်းကလေးဘေးနားသွားထိုင်မလား၊ ပန်းခင်းတွေကြားပဲ နေမလား စိတ်ချမ်းမြေ့စရာပါပဲ။ တစ်ခါတစ်ခါများဆို စကားပြောစရာ နေရာတွေအများကြီးရှိပါလျက် လယ်ထဲမှာရပ်ပြီးစကားတွေပြောနေဖြစ်ကြတယ်။ ကဗျာတွေအကြောင်း၊စာတွေအကြောင်း၊ ကိုယ်ရေးနေတဲ့ဘလော့ခ်တွေအကြောင်း၊ ခဲခြစ်ပန်းချီအကြောင်း(KTMနဲ့)၊ သီချင်းတွေအကြောင်း စသဖြင့်အစုံအစုံပေါ့။ ဂျီတော့ခ် ကိုခြေမချချင်တဲ့သူတွေအတွက် နေရာတစ်နေရာပေါ့။ ကျွန်မဆို ဂျီတော့ခ်ကို ပိတ်ထားတတ်တာကြာပါပြီ။ စီဘောက်စလည်းလူစုံတတ်ပါလျက်နဲ့ အမီမလိုက်နိုင်လို့ သိပ်မပြောဖြစ်ဘူး၊ လယ်ထဲမှာတော့ ပြောဖြစ်ကြပါတယ်။

အားလုံးရဲ့တညီတညွတ်တည်းအသံကလည်း ဒီလိုမျိုးစိုက်ခင်းစိမ်းစိမ်းတွေနဲ့ သိပ်သာယာ တဲ့အိမ်ကလေး ယာကလေးနဲ့ ဘဝလေးတွေကိုတောင့်တမိကြတယ်ဆိုတာပါပဲ။ ရုပ်ဝတ္ထု တွေရှိရာဆီ ဘယ်သူမှစေခိုင်းမှုမပါပဲနဲ့ ခြေကုန်သုတ်လိုက်နေမိကြတဲ့ ကျွန်မတို့တွေ တစ်ခါတစ်လေတော့လည်း မသိစိတ်က မြက်ခင်းစိမ်းနဲ့တဲငယ်လေးတွေကိုတမ်းတတတ် ကြမှာပါ။ ဒါပေမယ့် တကယ့်တကယ်ကျ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ အတိတ်မြက်ခင်းစိမ်း တွေရှိရာ ခြေဦးပြန်မလှည့်နိုင်သလိုပဲ စိတ်ကူးအိပ်မက်ထဲက လယ်တောအိမ်လေးရှိရာဆီ လည်းအရောက်မသွားနိုင်ခဲ့ကြပါဘူး။ ဟောဒီပူလောင်တဲ့မြို့ပြကန္တာရကြီးတွေဆီမှာ မိသား စုတွေ ဒါမှမဟုတ် ချစ်ခင်သူတွေအတွက် အိုအေစစ်တွေကိုရှာဖွေရင်း ချစ်သူတွေနဲ့ ဝေးရာမှာ ဝေးကွာမှုကိုစိတ်ကူးနဲ့ဆွဲဆွဲချုံ့လို့ နာကျင်နေကြဆဲပါပဲ။
လယ်တောထဲက ချစ်စရာအိမ်ကလေးတွေကိုငေးရင်း လက်တွေ့ဘဝကို နာကျင်ရင်း မလှမ်းနိုင်တဲ့ခြေလှမ်းတွေကို စိတ်ပျက်ရွံရှာမိရင်း နွေးထွေးတဲ့အိမ်ကလေးတစ်လုံးကိုတော့ အားလုံးတောင့်တနေကြလိမ့်မယ်ထင်ပါတယ်။
အိမ်…တဲ့။
နေထိုင်ခိုနားရာနေရာလေးတစ်ခုလို့ နားလည်ထားခဲ့တဲ့နေရာလေးပေါ့။အဲဒီထဲမှာ မိသားစု လို့ခေါ်တွင်တဲ့ ဝေါဟာရတစ်စုရှိမယ်၊မေတ္တာ၊သံယောဇဉ်၊နားလည်မှု၊နားမလည်မှု၊နာကျင်မှု စတဲ့ခံစားမှုတွေနဲ့ပြွန်းနေတဲ့ အရိပ်တွေအယောင်တွေရှိမယ်၊ ရှေ့ရေးတွေ အနာဂါတ်တွေ ကျေးဇူးတုံ့ပြန်မှုတွေနဲ့ ခုန်ပေါက်နေတဲ့ အိပ်မက်တချို့ရှိမယ်။ ဒါတစ်ချိန်ကအတွေးပေါ့။ ခုချိန်ကျတော့လည်း ဓီရာမိုရ်သီချင်းထဲကလိုပါပဲ။ အိမ်အစစ်တွေနဲ့ဝေးနေကြတဲ့သူတွေ အတွက်တော့ နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ် ဆိုတာလိုပဲ…ကျွန်မတို့နှလုံး သားတွေနွေးထွေးနေတဲ့နေရာလေးတစ်နေရာကိုတွေ့ခဲ့ကြတယ်။
ကျွန်မ ဘလော့ခ်လောကထဲစရောက်တော့ အိမ် ဆိုတဲ့အသုံးအနှုန်းကိုနားမယဉ်ဘူး။ နောက်ပိုင်းကျမှ ကိုယ့်ဘလော့သူ့ဘလော့ကို အိမ် ဆိုတဲ့ဝေါဟာရလေးနဲ့ ခိုင်းနှိုင်းကြတယ် လို့နားလည်လာတယ်။လက်ခံနိုင်လာတယ်။ ခုဆို ကျွန်မ အိမ်ကလေးဟာလည်း ကျွန်မ ချစ်တဲ့သူတွေ၊ကျွန်မကို ချစ်တဲ့သူတွေနဲ့ဝေစည်လို့။ ညညဆို စီဘုံးလေးမှာပါတီပွဲကျင်းပ သလားလို့ တခြားသူတွေက ပြောစမှတ်ပြုရလောက်အောင် လူစည်နေတတ်တယ်။
အချင်းချင်းစကားပြောစရာနေရာတွေအများကြီးရှိပါလျက် ဒီနေရာလေးမှာပဲလာလာစုဝေး နေတတ်ကြတာဘာလို့ပါလဲ။ ကျွန်မ ထင်တာကတော့ နွေးထွေးတဲ့နေရာလေးတစ်ခုမို့ပဲ လို့ထင်ပါတယ်။ကျွန်မတို့တစ်နေရာစီမှာနေထိုင်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့နှလုံးသား တွေကတော့နီးစပ်နွေးထွေးနေကြတယ်။ ဒီတော့ ပျော်ရွှင်ရာ ပုံရိပ်ယောင်အိမ်ကလေးထဲ မှာပဲ ကျွန်မတို့ ဖြေသိမ့်နွေးထွေးတတ်လာတယ်။ တစ်ယောက်ငိုနေရင် တစ်ယောက်က ဖေးကူမယ်၊တစ်ယောက်စိတ်ညစ်နေရင် တစ်ယောက်က ပျော်အောင်လုပ်ပေးတယ်။ တစ်ယောက်က ပျော်ရွှင်နေရင် အဲဒီပျော်ရွှင်မှုကိုဝေမျှကြတယ်။ ဒီလိုနဲ့ နှလုံးသားတွေနဲ့ မီးဖိုထားတဲ့ အိမ်ကလေးတွေလင်းချင်းပျော်ရွှင်လာခဲ့တယ်။
ကျွန်မ ဆိုရင် ဘလော့ခ်လောကထဲရောက်မှ မိတ်ဆွေတွေအများကြီးရလာတယ်။ (ရန်သူ တွေကတော့ သူတို့ဟာသူတို့ ကွယ်ရာကနေရှေ့ကနေထိုးမစိုက်ရဲတဲ့ ဓားတွေကို သွေးနေကြပါလိမ့်မယ်..အခါခပ်သိမ်းတော့လည်းကျွန်မတို့….သူတို့ကိုသတိရနေကြမယ်မထင်ပါဘူး)..။ ချစ်စရာခင်စရာကောင်းတဲ့ မောင်နှမ တွေရလာတယ်။ ပျော်စရာအိမ်ကလေးတွေကိုယ်စီနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် သွားတတ် လာတယ်။ ခုဆို ကျွန်မမှာ ချစ်ခင်စရာ အစ်ကိုတွေ၊အစ်မတွေ၊မောင်တွေ၊ညီမတွေ၊တူတွေ တူမတွေနဲ့သားတစ်ယောက်တောင်ပိုင်ဆိုင်ထားခဲ့ပါပြီ။
ဒီလူတွေရဲ့ဆုံဆည်းမှုကရော …လောကရဲ့ဓမ္မတာကို ဘယ်လောက်ထိ အံတုကျော်လွှား နိုင်ကြမှာမို့တဲ့လဲ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာလည်းပြန်လည်ဝေးကွာသွားနိုင်သေးတာပဲ။ ဒါပေမယ့် ပြန်တွေးလိုက်တဲ့အခါတိုင်းကြည်နူးမှု ချစ်ခြင်းရနံ့တွေနဲ့သင်းပျံ့ကျန်နေခဲ့မယ့် မိသားစုဆန်ဆန် အိမ်ရနံ့သင်းသင်းနဲ့ နွေးထွေးတဲ့ ရက်စွဲတွေကိုရဖို့ ခုချိန်မှာတည်းက ကျွန်မတို့အချင်းချင်းနားလည်မှုတွေနဲ့လက်တွဲထား ကြဖို့လိုလိမ့်မယ်လို့ထင်ပါတယ်။
တကယ်ပဲ တစ်နေ့မှာ ကျွန်မတို့ ချစ်သော ခြေတစ်ချောင်းထောက် မြေပုံလေးပေါ်က နေရာ စိမ်းစိမ်းလန်းလန်းတွေမှာ ကျွန်မတို့လိုချင်တဲ့ စိမ်းလန်းအိပ်မက်တွေနဲ့ပုံဖော်ထားတဲ့ လယ်တောနဲ့အိမ်ကလေးတွေကိုပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်……………………
…………………………………………….
ကျွန်မကိုလွမ်းဆွတ်နေတဲ့နံနက်ခင်းများ
ကျွန်မကိုလွမ်းဆွတ်နေတဲ့နံနက်ခင်းများ

နံနက်ခင်းလေးတစ်ခုခုက ကျွန်မကိုလွမ်းဆွတ်နေပါတယ်ဆိုရင် သေချာတယ် အဲဒီနံနက်ခင်းလေးဟာ နှင်းငွေ့တွေဝေနေတဲ့ သိဟ်ရာသီနက္ခတ်အောက်က နံနက်ခင်းလေးတစ်ခုလည်းပါဝင်နေလိမ့်မယ်။ ကျွန်မမကြားရဲတဲ့နံနက်ခင်းတေးသွားတစ်ခုကိုခပ်တိုးတိုးညည်းဆိုနေရင်း.ကျွန်မကိုပုဂံလမ်း ထက်ကနေ စောင့်မျှော်နေခဲ့လိမ့်မယ်။အို….ကျွန်မ…နှင်းတွေကြားထဲမှာလမ်းပျောက်နေခဲ့ပါပြီ။ ပြန်လာခဲ့ချင်ပေမယ့် သက္ကရာဇ်အထပ်ထပ်တွေက ကျွန်မရှေ့မှာပိတ်မှောင်ကာဆီးလို့……….။
နံနက်ခင်းလေးနဲ့အတူ ကံကော်တွေကလည်းကျွန်မကိုလွမ်းဆွတ်လို့တဲ့ ကဗျာရှည်တစ်ပုဒ်ကိုဖွဖွညင် ညင် ရွတ်ဆိုမြည်တမ်းလို့ ။စိမ်းစိမ်းချွန်ချွန်ကံ့ကော်ရွက်တွေကလည်း ကံကြမ္မာကိုသူတို့ရဲ့ချွန်ထက်တဲ့ လက်သည်းတွေနဲ့ပဲ ကျွန်မကိုယ်စားထိုးစိုက်ပေးတော့မယောင်နဲ့…ညင်သာသွယ်ပြောင်းစွာ ခက်ထန် မာကျောလို့…။ကျွန်မ ကလဲ့စားခြေမှုတွေကိုမုန်းပါတယ်ကွယ်။ထားခဲ့လိုက်ပါတော့နော်။
လက်ဘက်ရည်ဆိုင်အိုလေးထဲက ဟောင်းနွမ်းနေတဲ့ခုံလေးပေါ်က လက်ဘက်ရည်ခွက်လေးတစ်ခွက် ပါဝင်တဲ့ နံနက်ခင်းလေး ကလည်း ကျွန်မကိုမျှော်လင့်လွမ်းဆွတ်နေခဲ့တယ်။
အမ မသောက်တော့ သူ့ခမျာ သနားပါတယ် ….တဲ့။
စားပွဲထိုးလေးကပြောတယ်။ဟန်ဆောင်တင်းမာနေတဲ့ မျက်နှာပြင်အောက်ကအပူငွေ့တွေနဲ့ လက်ဘက်ရည်ခွက်ကလေးဟာ ကျွန်မကို..မသိကျိုးကျွံပြုကာ..တမ်းတလို့………။ ကျွန်မ..မရေမတွက်နိုင်တဲ့……အပေါ်ယံကော်ဖီခွက်တွေကိုမုန်းလှပါပြီ။ကျွန်မပြန်လာခဲ့ပါ့မယ်။ ဘယ်တော့လဲဆိုတာတော့ကျွန်မလည်း မသိသေးလို့ ခွင့်လွှတ်ပါဥိး။
ကျွန်မရဲ့ခြေသံကိုတိတ်ဆိတ်စွာမျှော်လင့်စောင့်စားနေတဲ့ နံနက်ခင်းကလေးကတော့ ခုထိ မျှော်လင့်ခိုး တွေတဝေဝေနဲ့ ကျွန်မကို လွမ်းဆွတ်နေတုန်း။ ကျွန်မ သူ့ကို ဘာတွေနဲ့ဖြေသိမ့်ပေးလိုက်ရမှာတဲ့လဲ။ တကယ်တော့ နံနက်ခင်းတွေကို ကျွန်မတို့က ရွေးချယ်ခွင့်မရှိသလို နံနက်ခင်းတွေကလည်း ကျွန်မတို့ ကိုရွေးချယ်ခွင့်မရှိတာ ကျွန်မ ဘယ်လိုရှင်းပြလိုက်ရပါ့။ ပစ်ချခံလိုက်ရတဲ့ဘဝကိုယ်စီမှာ အတိတ်ကံ အင်္ကျီဟောင်းတွေကို မနှစ်လိုစွာဝတ်ဆင်ရင်း သက်ပြင်းတွေကိုသာခပ်ကြမ်းကြမ်းမှုတ်ထုတ်ပစ်လိုက် ရတဲ့အခါ ကျွန်မကမ္ဘာဟာလည်း နံနက်ခင်းလေးလိုပဲ သက်ပြင်းခိုးတွေနဲ့စိမ့်ဝေနေခဲ့ပြန်ပါတယ်။
တစ်ချိန်တုန်းကတော့ နံနက်ခင်းဝေသီသီထဲမှာ ပုဂံလမ်းပေါ် တစ်လှမ်းချင်းခြေချနင်းလျှောက်ရတာကို ပျော်မွေ့နေခဲ့ဖူးတယ်။ တိတ်ဆိတ်နေတဲ့ နံနက်ခင်းထဲမှာ ကျွန်မရဲ့ခြေသံကလွဲရင် ကံ့ကော်ပွင့်တွေရဲ့ ဝတ်မှုန်တေးသံတချို့သာ သာသာယာယာကြားနေရတတ်တာပေါ့။ အနက်ရောင်လမ်းမလေးရဲ့ ခပ်သဲ့သဲ့ ငိုရှိုက်သံတွေကို အဲဒီတုန်းကတော့ ကျွန်မက မသိကျိုးကျွံပြုခဲ့မိတယ်။ ဒီရာဇဝင်လမ်းကလေး မှာ ပုံပြင်တွေအများကြီးနဲ့ ရင့်အိုနာကျင်နေခဲ့ရှာမှာပဲလို့ မတွေးခဲ့မိဘူး။ခုတော့ သူ့ပုံပြင်တွေထဲမှာ ကျွန်မက ဒဏ္ဍာရီဇာတ်ကောင်တစ်ကောင်အဖြစ်အသက်ဝင်ခဲ့ရပြီပဲ။
နံနက်ခင်းကလေးရေ…ကျွန်မကိုလွမ်းတိုင်း ပုဂံလမ်းမပေါ်က ဒဏ္ဍာရီတွေကိုသွားဖတ်တတ်တယ်တဲ့ လား………။ အဲဒီမှာ မာကျောကျော ကျွတ်ဆတ်ဆတ်ပုံပေါက်နေတဲ့ သံမဏိပွင့်ဖတ်လေးရဲ့ အတ္ထုပ္ပတ္တိ တစ်စကို တွေ့ရလိမ့်မယ်။ ULB အဆောက်အဦဘက်သွားတဲ့လမ်းမဖက်ဆီ ငေးရီရင်း ကျွန်မများ အရင်တချိန်ကလို တစ်စုံတစ်ခု ပျောက်ဆုံးနေလို့လာရှာသလို ခြေဦးလှည့်လာလိမ့်ဦးမလားဆိုတဲ့ အတွေးတွေနဲ့ ငေးကြည့်နေမိတတ်သေးသတဲ့။ ကျွန်မကို ခွင့်မလွှတ်လိုက်ပါနဲ့။ ကျွန်မဟာ ပျောက်ဆုံး နေသောနာကျင်မှုတွေနဲ့ အသားကျနေခဲ့သူပါ။ လူးလာခေါက်တုံ့ပြန်ပြန်လှည့်လာတဲ့ ဖန်တရာထေ ကံကြမ္မာဆိုးတွေကို လက်ခံနေမိတတ်သူပါ။
နှင်းရည်တွေနဲ့စိုလဲ့နေတဲ့မြက်ခင်းစိမ်းနုနုလေးတစ်ခုပါဝင်တဲ့နံနက်ခင်းကလေးကလည်း ကျွန်မကို လွမ်း နေသတဲ့။ စကားလုံးတွေ၊စာအုပ်တွေ စကားပွင့်ကြွေတွေ နဲ့သူ့ရင်ခွင်မှာလာဖြန့်ကျဲထားတတ်ပြီး သူ့ကို တော့မေ့လျော့နေတတ်တဲ့ ၊ကုန်ဆုံးသွားတဲ့နံနက်ခင်းတွေကို လက်ဘက်ရည်တစ်ခွက်နဲ့ အရသာခံနေ တတ်တဲ့ ကျွန်မကို သူလွမ်းဆွတ်နေသင့်ရဲ့လား။ တကယ်တော့ ကျွန်မဟာ မတရားခဲ့သူပါ။ ခုတော့ လည်းပြန်စရာလမ်းတွေက ပျောက်ဆုံးနေခဲ့ရပြီ။ဝင်္ကပါအထပ်ထပ်နဲ့ ထွက်ပေါက်မဲ့နေတဲ့ ဘဝတွေထဲ ငါလည်း မင်းကိုလွမ်းနေတယ်လို့ ပြောလိုက်ဖို့တောင် အားအင်တွေမဲ့နေခဲ့ရပေါ့။
တစ်ထစ်ပြီးတစ်ထစ် နင်းတက်လာရတဲ့လှေခါးတွေကိုခေါင်းအုံးမော့ကြည့်လိုက်တော့ မိုးကချုပ်စပြုနေ ခဲ့ပြီ။ ဒီတစ်ညကိုဖြတ်ကျော်လိုက်ရင် ကျွန်မကိုလွမ်းဆွတ်နေတဲ့နံနက်ခင်းကလေးဆီ ပြန်လှည့်နိုင်မှာ မို့လား။ ညညတွေမှာ အိပ်စက်ခြင်းကင်းမဲ့စွာ နံနက်ခင်းတွေကို စောင့်ကြိုဖမ်းဆုပ်ဖို့ကြိုးစားနေခဲ့ ပေမယ့် တကယ်တမ်းကျ ကျွန်မက နံနက်ခင်းတွေထက် နောက်ကျနေခဲ့ရပြန်တယ်။ နာရီတွေကို နောက်ပြန်လှည့်ပစ်ဖို့ပညာရပ်မတတ်စွမ်းခဲ့သလို နံနက်ခင်းတွေကိုလည်း ခရီးထွက်လာနိုင်စေဖို့ မစွမ်း ဆောင်နိုင်ခဲ့တဲ့ငါဟာ လူညံ့တစ်ယောက်ပါ။ ပစ်စလက်ခတ်ညံ့ဖျင်းမှုတွေနဲ့ အသံသေနေခဲ့သူပေါ့။
ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့..လေညင်းကလေးရေ…မင်းချစ်တဲ့နံနက်ခင်းတွေကိုပြောပြလိုက်ပါ။ လွမ်းဆွတ်ခြင်းတွေကို တနင့်တပိုးလက်ခံရရှိထားတဲ့အကြောင်းပေါ့။ အရာကိုကိုခွာချထားရစ်တတ်ချင် တဲ့..ငါ..ခုကျကာမှ ဒီလွမ်းဆွတ်ခြင်းတွေကို ဘာလို့များ နင့်နင့်သီးသီးလက်ခံထားမိရတာတဲ့လဲ။ ကျွန်မ ကိုမလွမ်းကြပါနဲ့ လို့လည်း မတားရက်နိုင်ပြန်ပါဘူး။တကယ်ဆိုရင်လည်း ကျွန်မဟာ လွမ်းဆွတ်ချင်စရာ မကောင်းတဲ့သံမဏိစလေးတစ်စသာသာပါပဲ။ ကိုယ့်ကိုယ်ကိုပါးလျပ်မာကျောဟန်ဆောင်ထားရင်း အပေါ်ယံကြောတင်းနေတဲ့ ကော်ဖီခွက်တွေကိုမေ့လျော့ရှောင်ကွင်းရင်း နံနက်ခင်းတွေကို လျစ်လျူရှု ထားခဲ့မိတာလေ။
အလင်းစက်တွေပြိုကျလာတဲ့ လမ်းအိုလေးကတော့ ကျွန်မနာမည်ကို ခပ်ဖွဖွရွတ်ဆိုလို့ နံနက်ခင်းလေး ကိုနှစ်သိမ့်ဖို့ကြိုစားခဲ့သတဲ့။ ခြေတစ်လှမ်းအချမှာ ကျွန်မခပ်ဖွဖွရွတ်ဆိုတတ်တဲ့သံစဉ်တွေကို မှတ်တမ်း တင်ထားတတ်တဲ့နံနက်ခင်းကလေးကတော့ ကျိုးပျက်ကျန်နေခဲ့တဲ့နရီတွေကို လိုက်ကောက်နေခဲ့တုန်း။ ဘယ်လိုမှ ပြန်လည်ဖွဲ့သီလို့မရတော့မှာ သိရက်သားနဲ့..နံနက်ခင်းတွေမှာလည်း မျှော်လင့်ချက်မှုန်မှုန် တွေကျနေတတ်ပါသေးလား…။ဘယ်လိုနေရောင်ခြည်ကများ ဒီမျှော်လင့်ချက်တွေကို အငွေ့ပျံစေခဲ့တာ ပါလိမ့်။
သိင်္ဂါရ ရသမြောက်တဲ့ လက်တစ်ကမ်းအကွာကခြေလှမ်းတွေကိုလွမ်းဆွတ်မိတဲ့အခါ နံနက်ခင်းတချို့က ကျွန်မနဲ့အတူကပ်ပါလာတယ်။ စောင့်မျှော်ခြင်းလက်ဘက်ရည်ခွက်တွေကို မသိကျိုးကျွံပြု ကျော်ကျော် သွားပြီးမှ မသိသလိုပြန်ပြန်လှည့်လာတတ်တဲ့ အရိပ်တွေကိုများ လိုက်လံရှာဖွေနေရော့သလား…။ စစ်ကိုင်းလမ်းပေါ်က ရယ်မောသံတချို့တောင်ကွယ်ပျောက်နေခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ။ ဒါဟာ တချိန်က ငါတို့ရဲ့ နေရာတဲ့လား။ ကံ့ကော်တင်းကုတ်လေးတစ်ခုသာပါဝင်တဲ့ နေဝင်ရီတရောအချိန် လေးတွေကိုမှ ကျွန်မတို့က.ဘာလို့တပ်မက်ခဲ့ကြတာလဲ။သင်းပျံ့ကျန်နေရစ်ခဲ့ပေမယ့် ပြန်လည်ဆက်သီ မရတော့တဲ့ ရနံ့တွေနဲ့အတူ ငါတို့ ရူးသွပ်ခဲ့ကြတော့မယ်။ နံနက်ခင်းလေးရေ ကျေးဇူးပြုပြီး ငါ့ကိုမလွမ်း လိုက်ပါနဲ့တော့…။ငါ့ပေါ်ရွာရွာကျလာတဲ့ မျှော်လင့်ခြင်းအခိုးအမှုန်တွေကို ငါက တုန်နေအောင်ကြောက် တတ်တဲ့သူပေါ့။ သံမဏိပွင့်ဖတ်တစ်ခုလို ဟန်ဆောင်နေထိုင်ကျင့်ကြံခဲ့ဖူးတာဝန်ခံလိုပါရဲ့။ ဒါပေမယ့် ငါဟာ ငါ့ရနံ့တွေကိုတော့သိုဝှက်မထားခဲ့မိပြန်ပါဘူး။ညံ့ပြီးရင်းညံ့ဖျင်းနေခဲ့ရတဲ့သူပါ။
တချို့ပုစ္ဆာတွေက အဖြေမရှိဘူး။ တချို့ပုစ္ဆာတွေရဲ့အဖြေက အနန္တ၊တစ်ချို့ပုစ္ဆာတွေရဲ့အဖြေက သုည။ သုညတွေအများကြီးကိုထမ်းပြိး အနန္တတွေရှိရာဆီ ရမ်းရော်ခရီးဆက်ကြတဲ့အခါ မရေရာခြင်းတွေသာ ပြိုကျလာတော့ရဲ့။ ပြန်ဆုံခွင့်မရှိတော့တဲ့ နံနက်ခင်းတွေရဲ့ အော်ဟစ်ညည်းညူသံကို မကြားလိုတော့ ပါဘူး။ ကျွန်မကို ခွင့်မလွှတ်လိုက်ပါနဲ့။ ကျွန်မမှာ လှည့်ပြန်လာစရာလမ်းရှိခဲ့ရင်တောင် ကျွန်မခြေလှမ်း တွေက ဆွံ့အ ထုံကျင်နေခဲ့တော့မယ်။ မတော်တဆ ပြန်လည်ကောက်ရသလိုမျိုးများ ကျွန်မကို ပြန်ကောက်ရခဲ့မယ်ဆိုရင် နံနက်ခင်းကလေးတွေရေ …ကျွန်မကို သေချာပြန်လည်သိမ်းထုတ်ပေးလှည့် ပါ။ မြက်ခင်းစိမ်းစိမ်းနဲ့ စကားပွင့်ကြွေတွေသာပါတဲ့ ပုဂံလမ်းပေါ်က နေ့ရက်ခြေသံတွေထဲသာ အသေ အချာသိမ်းထုတ် ထားပစ်လိုက်ပါ။ ခုတော့ နံနက်ခင်းတွေမပါတဲ့ အလင်းတွေဟာ လင်းတောက်စူးရှစွာ ရင့်မှောင်နက်ရှိုင်းနေခဲ့ပါတယ်။ ၊
မနော်ဟရီ
အရှေ့မြို့ရိုးပေါ်မှ နံနက်ခင်း ကဗျာပြပွဲ

ကဗျာဆရာ တာရာမင်းဝေ အတွက် အမှတ်တရ ပန်းချီထိန်လင်း၊အိန္ဒြာ၊အမရာ၊သစ်ကောင်းအိမ်၊Zephyr၊ကမာပုလဲ။လင်းဆက်၊တင်မင်းထက်၊နေဆူးသစ် လင်းဒီပ၊လူဇော်သစ်၊အိုင်လွယ်ပန်၊သျှင်နွေခ၊ Xanthos တို့၏
အရှေ့မြို့ရိုးပေါ်မှနံနက်ခင်း ကဗျာပြပွဲ
ခုတလော

ခုတလော
တွေးနေမိတာက
(၁) လိပ်ပြာမလုံတဲ့သူတွေအကြောင်း
(သူတို့ကိုနားလည်တာဟာ ကိုယ့်ကိုယ်ကို မတရားရာကျတယ် ဆိုတာလည်းပါတယ်။)
(၂) ကြီးကြီးသေးသေး မြွေပွေးကတော့ မြွေပွေးပါပဲ ဆိုတာ…
(ဘယ်လိုဖြစ်ဖြစ်ပေါက်မယ်ဆိုတာချည်းပဲကိုး..)
(၃) ခွေးဟောင်လို့တောင်မရွေ့ ဆိုတဲ့စကားပုံအကြောင်း
(ငယ်ငယ်ကသင်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်တောင် သတိရမိသေး..ရွှေလရောင် ပြောင်မပျက် တယ် လင်းလျက်သာပဲ…ဆိုတဲ့ကဗျာလေး..)
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
တိရစ္ဆာန်တွေအကြောင်းချည်းများတွေးနေသလားလို့.. 😦
(လိပ်ပြာတွေ၊မြွေတွေ၊ခွေးတွေ… ခစ်..)
ကျန်းမာရေး
ဓားကိုးလက် က မတက်သေးဘူး။ နောက်တစ်လက်ထပ်တိုးလိုက်ရင်တော့ သေချာပြီ..
(Tarot မှာ ဓားဆယ်လက်ကဒ်က Rebirth တဲ့.. 😦 ..)
ဖတ်ဖြစ်တဲ့စာအုပ်တွေက
ပိုင်စိုးဝေ၊နေမျိုး၊ခိုင်မြဲကျော်စွာ၊မိုဃ်းဇော်၊ပိုင်..တို့ရဲ့ ကဗျာစာအုပ်တွေနဲ့ အာဟာရတွေ အများ ကြီးပါတဲ့ ပိတောက်ပွင့်သစ်၊နောက် 101 People ,you won’t meet in Heaven ~~ (ခေါင်းစဉ်ဖတ်ပြီး သိပ်စိတ်ဝင်စားသွားလား ကိုယ်တို့အမျိုးပေါက်ဖော် တစ်ယောက်တောင် ပါသေး..ဂုဏ်ယူတတ်မယ်ဆိုရင်ပေါ့..)
ရောက်နေဖြစ်တာက
Farm Town ထဲက လယ်တောအိမ်ကလေး
(စိတ်ချမ်းသာစရာကောင်းလိုက်တာ)
ရေးဖြစ်နေတာက
ကဗျာတွေ…. ကဗျာတွေ….
(တစ်ပုဒ်လုံးအပြည့်တွေရော…. တစ်ကြောင်းစနှစ်ကြောင်းစတွေရော
တစ်ဝက်တစ်ပျက်တွေရော၊နှစ်ဝက် တစ်ပျက်တွေရော….)
နားထောင်ဖြစ်နေတာက
Gospel Songs
(ဘုရားတရားဖက်စိတ်ရောက်နေတယ်လို့ ထင်ရင်လည်းထင်ကြပါစေလေ)
ရွတ်နေမိတဲ့ကဗျာက
ငါ့စိတ်တွေလေးလံလွန်းလို့ တိမ်တွေနဲ့ ကျောက်ချထားရတယ်
(ဘယ်သူ့ကဗျာလဲ လို့မမေးနဲ့ ကဗျာရှင်လာအော်လိမ့်မယ် )
ဖြစ်ချင်နေတာက
တန်ခိုးရှင်
(လူတချို့ကိုကယ်တင်ချင်လို့ စိတ်စစ်စစ်နဲ့ ဒုက္ခစစ်စစ်ကိုရင်ဆိုင်နေရသူများ အတွက်သာ….)
စားဖြစ်နေတတ်တာက
အစိမ်းရောင်နေ့လည်စာများ
သနားနေမိတာက
ထူထူထဲထဲပေါက်ရောက်လာတဲ့ လူ့အန္ဓတွေ
(မိုးကြီးရွာထားတယ်ထင်ပါရဲ့..)
လွမ်းနေမိတာက
ကျွန်မ မိတ်ဆွေ မင်းသားလေး
မေ့လျော့ပစ်နေမိတာက
အတိတ်မီးလျှံများ
ခါးသက်နေမိတာက
အငွေ့ပျံသွားတဲ့ ဟန်ဆောင်မှုအတုများ
တမ်းတနေမိတာက
Lucky Seven ကလက်ဘက်ရည်၊ အန်တီမြ ထမင်းဝိုင်း၊ ကျောင်းဆရာရဲ့ ဟာသတွေ
(ရယ်မောခြင်းနဲ့ သိပ်တရင်းတနှီးမရှိတာကြာနေသလိုပဲ…)
ကြိတ်ပြီးချီးကျူးနေမိတာက
ကဗျာကို သဒ္ဒါနဲ့ရေးရမယ်ဆိုတဲ့သူ
(အရမ်းကိုလေးစားနေမိတာ)
ကြည့်ရတာကဗျာဆရာတွေကို လိုင်စင်(poetic license)ထုတ်ထုတ်ပေးနေတဲ့သူကြီးကို များ သူသတ်လိုက်မိသလားမသိ… ????
ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်အပြစ်သူများမြင်မှာစိုးလို့ ဦးအောင်လက်ညှိုးထိုးတတ်တဲ့သူတွေ
(တော်သေးတယ် လက်သီးနဲ့မထိုးတာ..)
ဆန္ဒမရှိတဲ့နေရာ
ခုချိန်ထိ G-talk ပဲ (အပြောင်းအလဲသိပ်မများဘူးဆိုတဲ့သဘော ..:P)
ဆန္ဒရှိနေတဲ့ကိစ္စ
ကမ္ဘာတစ်ဝှန်းက မြန်မာဘလော်ကာတွေတွေ့ဆုံပွဲလုပ်ဖို့
(ထီပေါက်ရင်ပြောပါတယ်..အဲဒီကျမှ မျက်နှာချင်းဆိုင် အားရပါးရ သတ်ကြ..အဲ ချစ်ကြ တာပေါ့နော်.. 😛 မှတ်ချက်..မျက်နှာဖုံးတပ်ဆင်ခွင့်မပြု… သိပ်တော့မကြောက်သွားကြပါနဲ့…ခုထိတော့ ထီထိုးဖို့က စိတ်ကူးထဲကကို မထွက်ဘူး ဆိုသလိုပဲ….)
မုန်းတီးနေမိတာက
တီကောင်တွေ……….. 😦
(သူတို့ချင်းမချစ်ပဲလုံးထွေးနေကြပုံက … .. … မသင်္ကာစရာ..)
ချစ်နေတာက
သက်မဲ့… Rosary အနက်ရောင် ( မပြောင်းလဲသေးဘူး)
သက်ရှိ… မပြောင်းမလဲကိုကို၊သားကြီးသြရသ….
စိတ်ပျက်နေမိတာက
ကိုယ့်တာဝန်ကိုယ်သေချာမယူနိုင်တဲ့ တရားမဲ့လက်လွတ်စပယ်လုပ်တတ်တဲ့သူတွေ
(ဘာဖြစ်ချင်မှန်းမသိဘူး…)
စွဲလန်းနေမိတာက
တိမ်ဖြူတွေ ( စွဲနေမိတုန်းပဲ)
လိုအပ်နေတာက
စိတ်၏ငြိမ်းချမ်းရာ
တောင်းနေမိတဲ့ဆု
!*@&#*$^~~~
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အဖြေမရှိတဲ့ မေးခွန်းတွေ.. ????????????????????
ဝန်ခံချင်တာက
ဒီပို့စ်က တစ်ယောက်သောသူရဲ့ အကြံပေးချက်အရ တက်ဂ် ချင်လို့ရေးတဲ့ပို့စ် ဆိုတာ
ကဲ..tag ပါပြီ။
မေငြိမ်း
မသိဂီ င်္နွယ်
မသီတာ
ကိုအောင်သာငယ်
ကိုဆောင်းယွန်းလ
မခင်ဦးမေ
တင်မင်းထက်၊
မိုးချိုသင်း၊
ကေ
Zephyr
ဖိုးစိန်၊
ဝါဝါခိုင်မင်း၊
အိန္ဒြာ၊
မကြေးမုံ၊
ပန်ဒိုရာ
သစ်ကောင်းအိမ် (ရေးလေ့မရှိပေမယ့် tag ချင်ပါသည်)
အမည်မဲ့
နန်းညီ
မိုးခါး
မီယာ ( Prosper & Peace)
မိုးကုတ်သား
ကိုရင်နော်
ခင်လေးငယ် (မှတ်ချက်..တစ်ယောက်တစ်ခုစီရေးရန်)
ကိုနိ မနိ (ပျောက်နေတာတော့ကြာပြီ tag တာတော့ tag မှာပဲ)
မိုးနေ
မေ (စိတ်ဖြေရာ)
ချိုသောpeony
သက်ပိုင်သူ
စိမ်းတိမ်းတိမ်းဆိုတဲ့ လွမ်းသုရင်
ဂျူလိုင်အိပ်မက် (July Dream)
ကလိုစေးထူး
လင်းဒီပ
အိုင်လွယ်ပန်
အမရာ
ဇော် ဆိုသော လတ်လတ်ဇော်
မယ်ကိုး
Craton(အထူးတလည် tag ခြင်းဖြစ်ပါသည်။)
*** blogger မဟုတ်ပဲ tag ချင်တာက သူငယ်ချင်း Julian ပါ။ ရေးပါဟာ။ လျို့ဝှက်ခန်းကြီး ဖွင့်မပြချင်လည်း ရေးပြီးရင် ငါ့ဆီမှာပဲတင်ပါ့မယ် နော်…
ချစ်သော သူငယ်ချင်း (ကိုယ့်ကို အတော်ကြောက်ရှာတာ ခမျာ သနားပါတယ်) ချက်ချင်းရေးပေးလိုက်တဲ့
တက်ဂ်ပို့စ်ပါ ..ညညဆို timer ဝယ်ထားတာထက်တောင်မှန်တဲ့ အသံက မနက်နှစ်နာရီများကျော်ပလား ဟေ့ဆိုရင် အိပ်တော့ အိပ်တော့ တဲ့ ကောင်းသောညပါ ကောင်းသောညပါ တဲ့ ..ဒီတော့ သူရေးတဲ့ပို့စ် ကို မနက်မိုးလင်းမှတွေ့ရတယ်။ ကွန်မင့်ထဲကမို့ ပြန်ကူးတင်ပေးလိုက်ပါတယ်။
ခုတလော
တွေးနေမိတာက
(၁) လယ်ထဲမှာဘယ်လိုအဆင့်အောင်လုပ်ရမလဲ လက်တွေ့မှာကောဒီလိုလေး လွယ်ရင်ကောင်းမှာဘဲ သူ့မှာရာသီဥတုတွေ ဈေးပြိုင်စံနစ်တွေ ဈေးအတက်အကျတွေ ပုပ်သိုးတာတွေ သယ်ဆောင်ခတွေ မရှိဘူးလေ
(၂) အဲလိုတွေးနေရင် ခက်တာကမုန့်လုံးစက္ကူကပ်သလို တွေးရင်ခေါင်းကိုက်တယ် ခေါင်းကိုက်တာကို ကူညီယူမ သွားမဲ့ GOD ကလဲမရှိ မရှိတော့ ဒီခေါင်းကိုက်တာက ကိုယ့်ကိုတအားချစ် ဘာလို့ ဂလောက်ချစ်နေပါလိမ့်လို့တွေးမိတော့ခေါင်းပြန်ကိုက် ဂျာအေးသူ့အမေရိုက်
(၃) ဘယ်တော့သေမလဲ ဘယ်လိုသေမလဲ ဘယ်မှာသေမလဲ ငါသေရင် ငိုမယ့်သူလက်ချိုးရေတောင်လက်၂ဖက်မပြည့်ချင်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
နဲနဲစိတ်ကျန်းမာရေးလိုအပ်နေသလို ကိုယ်ကျန်းမာရေးလဲချို့တဲ့လာပြီ
ကျန်းမာရေး
ဓားကိုးလက်နဲ့လက်ကိုင်ရိုး က မတက်သေးဘူး။ နဲနဲပိုရမယ် မေခထက် သူ့မှာက ချစ်စရာ သားကြီးသြရသရှိတယ် နာ့မှာဖြေစရာရှိဘူး ဒီတော့ တစ်မူးပိုပြီး လက်ကိုင်ရိုးထည့်ပေးမယ်။ သူခိုးဓါးရိုးကမ်းတယ်ဆိုတာကြားဘူးတယ်ဟုတ်….
ဖတ်ဖြစ်တဲ့စာအုပ်တွေက
သနားစရာ ဘာစာအုပ်မှမရှိလို့ e book နဲ့ ဘလောဂ်တွေကို စာအုပ် သဘောထားဖတ်နေရတယ် လက်နဲ့ပိုင်ပိုင်နိုင်နိုင်ကိုင်ဖတ်လို့မရ အိပ်ယာပေါ်မှာဇိမ်ကျကျဖတ်လို့မရတဲ့ဘဝ
ရောက်နေဖြစ်တာက
Farm Town ထဲက လယ်တောအိမ်ကလေး – -ဘ၀မှာဒီလောက်နစ်ဝင်မိတဲ့ကစားနည်းမျိုး နဲနဲဘဲကြုံဘူးတယ်။
ရေးဖြစ်နေတာက
ငါဘယ်သူလဲ ငါဘာကောင်လဲ ငါဘယ်လောက်တန်ဖိုးရှိသလဲ ငါ့…ငါ….ငါ… ချရေးနေတာနဲ့တင် အတ္တတွေများလာတယ်
နားထောင်ဖြစ်နေတာက
မတတ်နိုင်တဲ့အဆုံး ပရိတ်နဲ့ပဌာန်းအပြောင်းအပြန်ဖွင့်ရင်း ကြိုကြားကြိုကြား 20s 40s 60s တွေနားထောင်ရင်း မြင်ယောင်နေမိတဲ့ ပြန်မရ ပြင်မရတော့တဲ့အတိတ်
ရွတ်နေမိတဲ့ကဗျာက
အမေ ကျနော့ကိုသူကမုန်းသတဲ့
မမြင်ချင်အောင်မုန်းသတဲ့
………….
ကိုယ့်ပါးကိုယ်ပြန်ရိုက်မိတယ်
( လွန်ခဲ့တဲ့ နှစ်20 ကျော်က ရုတ်တရက်စွဲလမ်းသွားတဲ့ကဗျာလေး ဒီအပိုဒ်ကလေးဘဲမှတ်မိတယ် ခေါင်းစဉ်ကတော့ ကဝေမ တဲ့ )
ဖြစ်ချင်နေတာက
လူတွေရဲ့တကယ့်စိတ်ကလေးကိုသိချင်နေတယ် ….
ထူထုံလွန်းတော့ ခဏခဏခံရပါများနေပြီ….
သူတို့ဘယ်လိုရင်ဘတ်တွေ ဘယ်လိုလျာဖျားတွေနဲ့ပြောသလဲဆိုတာသိချင်လာတယ်
စားဖြစ်နေတတ်တာက
ပန်းသီး ပန်းသီး ပန်းသီး ခေါက်ဆွဲပြုတ် ခေါက်ဆွဲပြုတ် ခေါက်ဆွဲပြုတ် Tropicana juice Mango Juice….
သနားနေမိတာက
ကိုယ့်ကိုယ်ကိုယ် – မနေသင့်သောအရပ်မှာအူကြောင်ကြောင်ရောက်နေရတဲ့ကိုယ့်အတိတ်ဘ၀ ကုသိုလ်ကံကောင်းလွန်းပုံကို ( မှတ်ချက်*** ဒီဘ၀တော့ဒီမျှသာ )
လွမ်းနေမိတာက
မပြောပြဘူးနော် ပြောဘူး ဟင့်အင်း
မေ့လျော့ပစ်နေမိတာက
မုန်းစရာကောင်းလွန်းသောလူတစ်ချို့ရဲ့ရက်လွန်ဒိန်ခဲများ
နောက်ဘ၀အတွက်ကျောက်ခဲတွေကောက်စုနေသောလူများ
ခါးသက်နေမိတာက
လူလူချင်း တမူးပိုရှုနေသောသူများ ( ကုလားမခြေထောက်တပ်ထားသောသူများ )
တမ်းတနေမိတာက
အမလတ်ရဲ့ ဘ၀ကိုပျော်စရာရီစရာဖြစ်အောင်နေတတ်ပြောတတ်ပုံများ ဘယ်လိုကုသိုလ်ကံကောင်းသလဲမမေးနဲ့ တော်တော့်ကို စိတ်ထားကောင်းသောအမ စိတ်ပုပ်သောကိုယ်ကအလကားနေရင်း သူ့စိတ်ကောင်းကိုဒေါသထွက်ရတယ် သူကတော့ခံရတယ်လို့ကိုမမှတ်တော့တာ အရင်ဘ၀ရှေးကုသိုလ်တဲ့
ကြိတ်ပြီးချီးကျူးနေမိတာက
ဟန်ဆောင်ကောင်းသောပတ်ဝန်းကျင်
နောက်ကျောကိုဓါးနဲ့ထိုးသောအတတ်ကိုပိရိသေသပ်စွာတတ်ကျွမ်းသောတစ်ချို့သောသူများ
ကြိတ်ပြီးအထင်သေးနေမိတာက
စိတ်ပျက်စရာကောင်းသောသူများ
အရှက်မရှိသောမျက်နှာနှင့်အဆီဝင်းပနေသော – မျက်နှာဖုံးအောက်မှမျက်နှာများ
ဆန္ဒမရှိတဲ့နေရာ
ဘယ်သူနဲ့မှစကားမပြောချင်သော ဆယ့်တစ်ကျပ်ကျနေသောကြောင့်မည်သည့် စကားပြောဆွေးနွေးခန်းကိုမှမဖွင့်ပါ
ဆန္ဒရှိနေတဲ့ကိစ္စ
ထီပေါက်ချင်တယ် အိုင်ယာလန်ထီ ( ဘယ်တော့မှလည်းမထိုးသောထီ)
မကြုံစဖူးထူးဆန်းဖွယ်နောင်ရေးအတွက် သေသည်အထိမပူရတော့မယ့်ပိုင်ဆိုင်မှုတွေရမယ်ဆိုရင်တော့ ဒီအရပ်ဒေသလို ပတ္တမြားစီချယ်လေယာဉ်နဲ့ခေါ်မယ်ဆိုရင်တောင်မလာတော့ပါ ချစ်သောကိုယ့်တိုင်းပြည်မှာဘဲ ဝေလေလေလုပ်နေချင်တော့သည်
မုန်းတီးနေမိတာက
တီကောင်တွေ နှင့်တူသောလူတွေ……….. 😦
(သူတို့ချင်းမချစ်ဘဲလုံးထွေးသွားဖြဲပြနေကြတာက … .. … မသင်္ကာစရာ ရွံ့စရာ..)
ချစ်နေတာက
သက်မဲ့… ကွန်ပြူတာ ( ဒါဘဲချစ်ဘို့ရှိတယ် )
သက်ရှိ… မပြောင်းမလဲ မေမေ ၊ မလတ်
စိတ်ပျက်နေမိတာက
ရွေးချယ်မှုမှားခဲ့သောကိုယ့်ကိုယ်ကိုယ် ( တကယ်ကတော့ရွေးချယ်ခွင့်မရှိခဲ့တာပါလေ )
စွဲလန်းနေမိတာက
ဘာကိုမှကိုမရှိတော့အောင် နေသားကျနေပြီ
လိုအပ်နေတာက
စိတ်၏ငြိမ်းချမ်းရာ- တူတူဘဲ တူတူဘဲ
တောင်းနေမိတဲ့ဆု
ရာထူးတိုးပါစေ
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
why why why…… နင်းစရာချောက်ကမ်းပါးစွန်းဘဲရှိသူကို ခြေထောက်၂ချောင်းစာအပြင် နေစရာအိမ်ပါရှိနေသူများက တွန်းချဘို့ကြိုးစားကြတာနားမလည်နိုင်
ဝန်ခံချင်တာက
ဘာကိုမှဝန်မခံချင်တာရယ် အပေါ်ကရေးသမျှဟာ ဘယ်လောက်ထိကြာကြာခံမလဲဆိုတာမသိတာရယ်
သိတယ်ဟုတ် စိတ်တစ်ခုယုတ်ကိုးဆယ် ၈၉ ခါဖြစ်ပျက်နေသောစိတ်ကိုအစိုးမရနိုင်ပါ
တက်ဂ်ဖြေပြီးပြီ မောတွားတာဘဲကွယ်
လယ်အလုပ်ရပ်ထားပြီး ကိုယ့်သူငယ်ချင်းစိတ်အနှောက်အယှက်ဖြစ်ပါစေဆိုတဲ့သဘောနဲ့ သေသေချာချာ မန့်တွား ဖြေတွားပါ၏။
လယ်ထဲကိုပြန်ဘီ……..
ဂျူ
ခုတလော
ခုတလော
တွေးနေမိတာက
(၁) လိပ်ပြာမလုံတဲ့သူတွေအကြောင်း
(သူတို့ကိုနားလည်တာဟာ ကိုယ့်ကိုယ်ကို မတရားရာကျတယ် ဆိုတာလည်းပါတယ်။)
(၂) ကြီးကြီးသေးသေး မြွေပွေးကတော့ မြွေပွေးပါပဲ ဆိုတာ…
(ဘယ်လိုဖြစ်ဖြစ်ပေါက်မယ်ဆိုတာချည်းပဲကိုး..)
(၃) ခွေးဟောင်လို့တောင်မရွေ့ ဆိုတဲ့စကားပုံအကြောင်း
(ငယ်ငယ်ကသင်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်တောင် သတိရမိသေး..ရွှေလရောင် ပြောင်မပျက် တယ် လင်းလျက်သာပဲ…ဆိုတဲ့ကဗျာလေး..)
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
တိရစ္ဆာန်တွေအကြောင်းချည်းများတွေးနေသလားလို့.. 😦
(လိပ်ပြာတွေ၊မြွေတွေ၊ခွေးတွေ… ခစ်..)
ကျန်းမာရေး
ဓားကိုးလက် က မတက်သေးဘူး။ နောက်တစ်လက်ထပ်တိုးလိုက်ရင်တော့ သေချာပြီ..
(Tarot မှာ ဓားဆယ်လက်ကဒ်က Rebirth တဲ့.. 😦 ..)
ဖတ်ဖြစ်တဲ့စာအုပ်တွေက
ပိုင်စိုးဝေ၊နေမျိုး၊ခိုင်မြဲကျော်စွာ၊မိုဃ်းဇော်၊ပိုင်..တို့ရဲ့ ကဗျာစာအုပ်တွေနဲ့ အာဟာရတွေ အများ ကြီးပါတဲ့ ပိတောက်ပွင့်သစ်၊နောက် 101 People ,you won’t meet in Heaven ~~ (ခေါင်းစဉ်ဖတ်ပြီး သိပ်စိတ်ဝင်စားသွားလား ကိုယ်တို့အမျိုးပေါက်ဖော် တစ်ယောက်တောင် ပါသေး..ဂုဏ်ယူတတ်မယ်ဆိုရင်ပေါ့..)
ရောက်နေဖြစ်တာက
Farm Town ထဲက လယ်တောအိမ်ကလေး
(စိတ်ချမ်းသာစရာကောင်းလိုက်တာ)
ရေးဖြစ်နေတာက
ကဗျာတွေ…. ကဗျာတွေ….
(တစ်ပုဒ်လုံးအပြည့်တွေရော…. တစ်ကြောင်းစနှစ်ကြောင်းစတွေရော
တစ်ဝက်တစ်ပျက်တွေရော၊နှစ်ဝက် တစ်ပျက်တွေရော….)
နားထောင်ဖြစ်နေတာက
Gospel Songs
(ဘုရားတရားဖက်စိတ်ရောက်နေတယ်လို့ ထင်ရင်လည်းထင်ကြပါစေလေ)
ရွတ်နေမိတဲ့ကဗျာက
ငါ့စိတ်တွေလေးလံလွန်းလို့ တိမ်တွေနဲ့ ကျောက်ချထားရတယ်
(ဘယ်သူ့ကဗျာလဲ လို့မမေးနဲ့ ကဗျာရှင်လာအော်လိမ့်မယ် )
ဖြစ်ချင်နေတာက
တန်ခိုးရှင် (လူတချို့ကိုကယ်တင်ချင်လို့ စိတ်စစ်စစ်နဲ့ ဒုက္ခစစ်စစ်ကိုရင်ဆိုင်နေရသူများ အတွက်သာ….)
စားဖြစ်နေတတ်တာက
အစိမ်းရောင်နေ့လည်စာများ
သနားနေမိတာက
ထူထူထဲထဲပေါက်ရောက်လာတဲ့ လူ့အန္ဓတွေ
(မိုးကြီးရွာထားတယ်ထင်ပါရဲ့..)
လွမ်းနေမိတာက
ကျွန်မ မိတ်ဆွေ မင်းသားလေး
မေ့လျော့ပစ်နေမိတာက
အတိတ်မီးလျှံများ
ခါးသက်နေမိတာက
အငွေ့ပျံသွားတဲ့ ဟန်ဆောင်မှုအတုများ
တမ်းတနေမိတာက
Lucky Seven ကလက်ဘက်ရည်၊ အန်တီမြ ထမင်းဝိုင်း၊ ကျောင်းဆရာရဲ့ ဟာသတွေ
(ရယ်မောခြင်းနဲ့ သိပ်တရင်းတနှီးမရှိတာကြာနေသလိုပဲ…)
ကြိတ်ပြီးချီးကျူးနေမိတာက
ကဗျာကို သဒ္ဒါနဲ့ရေးရမယ်ဆိုတဲ့သူ
(အရမ်းကိုလေးစားနေမိတာ)
ကြည့်ရတာကဗျာဆရာတွေကို လိုင်စင်(poetic license)ထုတ်ထုတ်ပေးနေတဲ့သူကြီးကို များ သူသတ်လိုက်မိသလားမသိ… ????
ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်အပြစ်သူများမြင်မှာစိုးလို့ ဦးအောင်လက်ညှိုးထိုးတတ်တဲ့သူတွေ
(တော်သေးတယ် လက်သီးနဲ့မထိုးတာ..)
ဆန္ဒမရှိတဲ့နေရာ
ခုချိန်ထိ G-talk ပဲ (အပြောင်းအလဲသိပ်မများဘူးဆိုတဲ့သဘော ..:P)
ဆန္ဒရှိနေတဲ့ကိစ္စ
ကမ္ဘာတစ်ဝှန်းက မြန်မာဘလော်ကာတွေတွေ့ဆုံပွဲလုပ်ဖို့
(ထီပေါက်ရင်ပြောပါတယ်..အဲဒီကျမှ မျက်နှာချင်းဆိုင် အားရပါးရ သတ်ကြ..အဲ ချစ်ကြ တာပေါ့နော်.. 😛 မှတ်ချက်..မျက်နှာဖုံးတပ်ဆင်ခွင့်မပြု… သိပ်တော့မကြောက်သွားကြပါနဲ့…ခုထိတော့ ထီထိုးဖို့က စိတ်ကူးထဲကကို မထွက်ဘူး ဆိုသလိုပဲ….)
မုန်းတီးနေမိတာက
တီကောင်တွေ……….. 😦
(သူတို့ချင်းမချစ်ပဲလုံးထွေးနေကြပုံက … .. … မသင်္ကာစရာ..)
ချစ်နေတာက
သက်မဲ့… Rosary အနက်ရောင် ( မပြောင်းလဲသေးဘူး)
သက်ရှိ… မပြောင်းမလဲကိုကို၊သားကြီးသြရသ….
စိတ်ပျက်နေမိတာက
ကိုယ့်တာဝန်ကိုယ်သေချာမယူနိုင်တဲ့ တရားမဲ့လက်လွတ်စပယ်လုပ်တတ်တဲ့သူတွေ
(ဘာဖြစ်ချင်မှန်းမသိဘူး…)
စွဲလန်းနေမိတာက
တိမ်ဖြူတွေ ( စွဲနေမိတုန်းပဲ)
လိုအပ်နေတာက
စိတ်၏ငြိမ်းချမ်းရာ
တောင်းနေမိတဲ့ဆု
!*@&#*$^~~~
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အဖြေမရှိတဲ့ မေးခွန်းတွေ.. ????????????????????
ဝန်ခံချင်တာက
ဒီပို့စ်က တစ်ယောက်သောသူရဲ့ အကြံပေးချက်အရ တက်ဂ် ချင်လို့ရေးတဲ့ပို့စ် ဆိုတာ
ကဲ..tag ပါပြီ။
မေငြိမ်း
မသိဂီ င်္နွယ်
မသီတာ
ကိုအောင်သာငယ်
ကိုဆောင်းယွန်းလ
မခင်ဦးမေ
တင်မင်းထက်၊
မိုးချိုသင်း၊
ကေ
Zephyr
ဖိုးစိန်၊
ဝါဝါခိုင်မင်း၊
အိန္ဒြာ၊
မကြေးမုံ၊
ပန်ဒိုရာ
သစ်ကောင်းအိမ် (ရေးလေ့မရှိပေမယ့် tag ချင်ပါသည်)
အမည်မဲ့
နန်းညီ
မိုးခါး
မီယာ ( Prosper & Peace)
မိုးကုတ်သား
ကိုရင်နော်
ခင်လေးငယ် (မှတ်ချက်..တစ်ယောက်တစ်ခုစီရေးရန်)
ကိုနိ မနိ (ပျောက်နေတာတော့ကြာပြီ tag တာတော့ tag မှာပဲ)
မိုးနေ
မေ (စိတ်ဖြေရာ)
ချိုသောpeony
သက်ပိုင်သူ
စိမ်းတိမ်းတိမ်းဆိုတဲ့ လွမ်းသုရင်
ဂျူလိုင်အိပ်မက် (July Dream)
ကလိုစေးထူး
လင်းဒီပ
အိုင်လွယ်ပန်
အမရာ
ဇော် ဆိုသော လတ်လတ်ဇော်
မယ်ကိုး
*** blogger မဟုတ်ပဲ tag ချင်တာက သူငယ်ချင်း Julian ပါ။ ရေးပါဟာ။ လျို့ဝှက်ခန်းကြီး ဖွင့်မပြချင်လည်း ရေးပြီးရင် ငါ့ဆီမှာပဲတင်ပါ့မယ် နော်…
ထရပ်ကားပေါ်က သစ်သီးတေ

နေမျိုးရဲ့ ထရပ်ကားပေါ်က သစ်သီးတွေ ဆိုတဲ့ ကဗျာစာအုပ်လေးကို အဝေးရောက်နေတဲ့ ကဗျာချစ်သူတွေအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ ဒီစာအုပ်လေးကို ရိုက်ပို့ပေးတဲ့ မိုးနေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကဗျာစာအုပ်ကိုကြည့်မယ်ဆိုရင် နေမျိုးရဲ့ အရွေ့ တစ်ခုကိုတွေ့မြင်ခံစားရလိမ့်မယ်လို့ ယုံပါတယ်။ ကျွန်မချစ်သော ကဗျာများ မှာတင်ထားတာ သွားဖတ်နိုင်ပါတယ်။
တိမ်ပြိုရာသီ

အလွမ်းတွေအုပ်ဖွဲ့ ပျံသန်းလာတာကိုမြင်ရရဲ့
လမ်းလွှဲခွင့်မရှိတော့တဲ့ တောင်တန်းဟာ ငါပါ
အနာဂတ်တွေဟာ ငါ့အပေါ် လာရောက်ငြိတွယ်နေတဲ့ တိမ်တစ်စလိုပဲ။
မကြာခင် မျှော်လင့်ခြင်းတွေရွာချပေးခံရမယ်တဲ့လား
ငါ့ကိုအခြေကနေ တွန်းဖဲ့ထိုးကော်ပစ်လိုက်စမ်းပါ
တစ်ခါတစ်ခါ တချို့လူတွေအတွက်
သေခြင်း ဟာ အရသာသိပ်ရှိမှာပါ။
မနော်ဟရီ
က္ကုတ္ထိယတောင်တန်း
ဆရာပိုင်စိုးဝေ ရဲ့ ကဗျာစာအုပ် က္ကုတ္ထိယတောင်တန်း ကို အဝေးရောက်နေတဲ့ ကဗျာချစ်သူများအားလုံး အတွက် ကျွန်မချစ်သောကဗျာများ မှာ တစ်အုပ်လုံးတင်ပေးထားပါတယ်။ ဒီစာအုပ်လေးကို ကျွန်မဆီ ငွေကုန်ကြေးကျခံပြီး ပို့ပေးတဲ့ ညီမငယ် မိုးနေ ကိုလည်းကျေးဇူးအထူးတင်ပါတယ်။ ဒီစာအုပ်လေးကိုပြန်မျှဝေဖြစ်တာကလည်း စာပေ ကုသိုလ်အတူရချင်လို့ပါ။
Idea Magazine August Issue

Idea Magazine August Issue ကို ဖတ်လို့ရပါပြီ။
မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊နီကိုရဲ၊မောင်ကိုကို(အမရပူရ)၊ဘုန်းနေသွန်း တို့ရဲ့ စာမူတွေနဲ့အတူ
သုခမိန်လှိုင်၊ငုအိမ်ထက်မြက်၊မင်းခိုက်စိုးစန်၊မောင်ခင်သာ(တောင်တွင်း)၊ပုသိမ်မောင်ရွှေမူ၊
မိုသျှန်း၊မြေမှုန်လွင်၊ရိုးရိုး၊သုမင်းညိုနှင့် Zephyr တို့၏ကဗျာများ………..
Recent Comments