ပုဂံ ညနေခင်းများ——-
သူ——-က—
သူ———တိုးတိတ်လွန်းစွာ–
ကျမ——-က-ရော–
ပုဂံ ညနေခင်းများ——-
သူ——-က—
သူ———တိုးတိတ်လွန်းစွာ–
ကျမ——-က-ရော–
Posted in ခရီးသွားဆောင်းပါး | 17 Comments »
ပုဂံ နေ့လည် ခင်း——–
မ-ရယ်–အဖြူရောင် လက်ရှည်လေးနဲ့ ဆံပင်ရှည်တွေ— လေ မှာ ဝဲနေပြီး မ-လမ်းလျှောက် လာတဲ့ အမူအယာ လေးဟာ–လေထဲမှာ လွင့်ပါးကြွေလျော လာတဲ့–နှင်းဆီ–ပွင့်ဖတ်လေးလို-ငေးနေ ရလောက်အောင် မြန်မာ ဆန်လွန်းတဲ့ အလှပါဗျာ—လို့ ပြောတော့–ကျမ ရှက်သွေးဖြန်းသွားခဲ့ပါသည်—မ-ကို ကျွန်တော် အိပ်မက် နေတာ–ကြာလှပါပြီ–ဒါပေမယ့် မ-ကတော့ မသိခဲ့ပါဘူး–ရန်ကုန်မှာ မ-နေတဲ့ ပြည်လမ်းက အဆောင်ရှေ့ကို ကျွန်တော် အမြဲလိုလို ရောက်နေခဲ့တယ်–အဆောင် ပြူတင်းပေါက်က မ-အရိပ်လေး ကို ကျွန်တော်ငေးပြီး ပြန်လာခဲ့ရတာပါ–မ-အတန်းတက်နေရင် ကျွန် တော် လာငေးနေတတ်တာ-မ-မသိခဲ့ပါဘူး-မ – မသိအောင် မ-သွားလေရာ ခပ်လှမ်းလှမ်းက တကောက် ကောက် လိုက် နေခဲ့တာ အတော် များခဲ့ပါပြီ–
အယ်——ပေါ်ပြီ–အဲဒီတုံးက ဘာလို့ လာနှုတ်မဆက်တာလဲလို့ — ကျမကမေးတော့–မ-က-ကျွန်တော့်ထက် ပညာရေး ကအစ သာတယ်လေ–မ-ကိုချစ်တဲ့သူတွေ—လိုချင်တဲ့ သူတွေ–လည်း များတယ်–ကျွန်တော် အနား တောင် မကပ်ရဲ ပါဘူး–တဲ့ ။
အဲလို–မပြောစမ်းပါနဲ့လို့ –ကျမက ပြောတော့–မ-ကို ချစ်တဲ့သူတွေများတော့ မ-က အချစ်ကို အထူးအဆန်းလို့ မထင်တော့ဘူးပေါ့နော်–ဘယ်သူ့ အချစ်က မ ရင်ထဲမှာ ပိုပြီး တန်ဖိုးရှိတယ်လို့–မထင်တော့ ဘူးလား– ကျမ မျက်နှာ ညိုးသွားတော့ သူ စကားလွဲပြောင်းလိုက်သည်။
မ—–ပုဂံ ရှုခင်းတွေသိပ်လှတယ်နော်–ဧရာဝတီက တော့ ခေတ်တွေ–အဆက်ဆက် ဖြတ်သန်း နေပေမယ့် သူက တော့ တည်ငြိမ်စွာ စီးဆင်းမြဲပါ—ပုဂံ ခေတ်က စစ်သည် လေးသိန်းနဲ့ ညီမျှ တဲ့ သူရဲကောင်းလေးဦး ရှိခဲ့တယ်–ကျန်စစ်သားရယ်—အဲနောက်တယောက်ကတော့-ထန်းပင် တစ်ထောင် ကို တက်လိုက် ဆင်းလိုက် တနေ့ထဲ လုပ်နိုင်တဲ့ မြင်းမူ အရပ်က ငထွေးရူးရယ်—နောက်တယောက်က နွားအရှဉ်းသုံးဆယ်ကို တပြိုင်တည်း ထွန်နိုင်တဲ့ ပုပ္ပါးအရပ်က ငလုံးလက်ဖယ်ရယ်–ညောင်ဦးကမ်းပါးကနေ ဧရာဝတီ မြစ်ထဲ ဆင်းကူးပြီး ဟိုဘက်ကမ်း ရောက်တာနဲ့ ချက်ခြင်းပြန်ကူးလာပြီး ညောင်ဦးကမ်းပါးပေါ် ရောက်တာနဲ့ ပြေးတက် လာနိုင်တဲ့ ညောင်ဦးဘီး ရယ်–ပေါ့—–ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ မြန်မာ့ သမိုင်းပုဂံ သူရဲကောင်း တွေ—မှတ်မိတယ်မို့လား-လို့ပြောတော့ ကျမ–ခေါင်းညိတ်မိသည်။ဟိုတနေ့က ရန်ကုန်က ခြောက်နှစ်ကျော် လောက်ရှိတဲ့ –ကျွန်တော့် တူလေး နဲ့ဖုံးဆက် ဖြစ်တယ်- တူလေး ဘာလုပ် နေတာလဲ မေးတော့—သိုင်းသမား တရုတ် သူရဲကောင်း ကျန်ကျောင်း လုပ်တမ်း ကစား နေတာတဲ့–ပုဂံခေတ် မြန်မာ သူရဲကောင်း ကျန်စစ်သား လုပ်တမ်း ကစား ပါလား ပြောတော့– ကျန်စစ်သားကို မသိဘူး တဲ့–သားတို့က တရုတ်သိုင်းကားပဲ ကြည့်တော့ သိုင်းသူရဲကောင်း ကျန်ကျောင်းပဲ သိတာတဲ့လေ
သူက ပင့်သက် ရှိုက် ရင်း-ငြီးတွား စွာ ပြောပြ နေသည်-မြန်မာပြည် ကို လာ သွား တဲ့ ဂျပန် လူမျိုး ဓါတ်ပုံ ဆရာ ယာမာမိုတို က နှိုက်ကလပ် တခုမှာ ရိုက် ခဲ့တဲ့ ဓါတ်ပုံ တွေ ကို ဂျပန်မှာ ဓါတ်ပုံ စာအုပ် ကြီး ထုတ် ထားတယ်-ဒီ ခေတ် ဒီ စနစ်ကြီး ထဲက ဆယ်ကျော် သက် လူငယ် က လေး တွေ နဲ့–ဆယ်နှစ် ဝန်းကျင် ကလေး တွေ ဟာ အ နာဂတ် တိုင်း ပြည် အတွက် အမျိုး သား ရေး စိတ် ဓါတ် တွေ–အမျိုးသား ယဉ်ကျေးမှု တွေကို–ရှေး ဘိုးဘေး ဘီဘင် တွေ လို မျိုးချစ် စိတ် အပြည့် နဲ့ ဆက်လက် ထိမ်း သိမ်း နိုင်ပါ့ မလား ဗျာ–ကျွန်တော်တို့ မြန်မာလူမျိုး ဘိုး ဘေးဘီဘင်တွေ ကိုလိုနီ ပေါ်တူဂီ ဆန့်ကျင်ရေးစစ်ပွဲဟာ နှစ်ပေါင်း ၃၅၀ တိတိ ရှေးကျခဲ့တယ်- ၁၉၆၃-ခုနှစ်ကမှ အိန္ဒိယနိုင်ငံ မှာရှိတဲ့ ပေါ်တူဂီ ကိုလိုနီ အခြေခံ စခန်း တခုဖြစ်တဲ့ ဂိုဝါနယ်ကို အိန္ဒိယ အစိုးရက ရှင်းလင်း ဖျက်သိမ်းခြင်းပြုခဲ့ရတာပါ—တကယ် ကတော့ မြန်မာနိုင်ငံရဲ့ တစိပ် တဒေသ ဟာ ၁၆၀၀ ခုနှစ် ကတည်းက ကိုလိုနီ နယ်ချဲ့ အောက်ကို ရောက်သွား ခဲ့ရပြီး ကျွန်တော်တို့ ဘိုးဘေး ဘီဘင်တွေက နယ်ချဲ့ ဆန့် ကျင် ရေး အဲဒီ ကတည်းက ဆင်နွှဲ ခဲ့ရတာပါ—၁၅ ရာစု ခန့်လောက်က — အာဖရိက တိုက်ကို ပတ်ပြီး အိန္ဒိယ သမုဒ္ဒရာ နဲ့ အာရှတိုက်ကို စ တင် တွေ့ရှိခဲ့ တဲ့ ပေါ်တူဂီ လူမျိုးတွေဟာ တရုတ်- အိန္ဒိယ -အာရှ အရှေ့ တောင်ပိုင်း ဒေသ ကျွန်းစုတွေ ဆီ ကုန်သည်တွေ အဖြစ်-သာသနာပြုတွေ အဖြစ်- ပင်လယ်ဓါးပြ တွေ –အဖြစ်-လှည့်လည်ကျက်စားခဲ့ကြတယ်—
၁၆ ရာစု ဆန်းလောက်မှာ မြန်မာနိုင်ငံ တောင်ဘက် ပင် လယ် ကမ်းရိုး တန်း ဒေသ မွန် အကြီးအကဲများ ထံနဲ့ ရခိုင် ကမ်းရိုး တန်း ဒေသ ရခိုင် အကြီး အကဲ များ ထံမှာ ကြေး စား စစ်သား များ အဖြစ် အမှု ထမ်းခဲ့ကြတယ်– ဖိလစ် ဒီဘရစ်တို ခေါ် ငဇင်ကာ ဟာ ၁၅၉၀ ခုနှစ် လောက် မှာ ရခိုင် အကြီးအကဲ မင်းဖလောင်း ထံမှာ ကြေးစား စစ်သား အဖြစ် အမှုထမ်း ခဲ့တယ်–ဟံသာဝတီကို တိုက်ခိုက် ဖျက် ဆီး တော့ ငဇင်ကာကို မြို့ စောင့် အဖြစ် ထား ခဲ့တယ်–အခွင့် ကောင်းကို ချောင်း မြောင်း နေတဲ့ ငဇင်ကာ ဟာ အန္ဒိယနိုင်ငံ ဂိုဝါနယ် မှာရှိတဲ့ ပေါ်တူဂီ ဘုရင်ခံ ချုပ်နဲ့ အဆက် အသွယ်ပြုပြီး သံလျှင် နယ်ကို ကိုလိုနီနယ် အဖြစ် အတိအလင်း ကြေငြာ လိုက်တယ်–သက်တန်း ၁၃ နှစ် ကြာတယ်–ငဇင်ကာ ဟာ ဗုဒ္ဓ ဘာသာ ဝင်တွေရဲ့ ဘုရားပုထိုးတွေ ကို ဖျက် ဆီးပြီး ဌာပနာ တွေကို အတင်း အဓမ္မ ယူတယ်–၁၆၁၃ ခုနှစ် မှာ ညောင်ရမ်း ဒေသက မြန်မာ အကြီး အကဲ အနောက်ဘက်လွန် ကနေ သံလျှင် ကို အခြေခံ စခန်း ပြုလုပ်ပြီး မြန်မာနိုင်ငံကို စ တင် ခြိမ်းချောက် နေတဲ့ ငဇင်ကာ တို့ကို တိုက်ခိုက် ချေမှုန်း ပစ် လိုက်ရတယ်–ဂိုဝါနယ်က စစ်ကူပို့ လိုက်တဲ့ စစ်သင်္ဘော ၅ စင်း အနက်က ၄ စင်းကိုလည်း တိုက်ခိုက် ဖျက်ဆီး ခြင်းပြုလိုက်ရတယ်—ဘိုးဘေး ဘီဘင် တို့ရဲ့ အမျိုးသားရေး စိတ်ဓါတ်နှင့် သူရဲကောင်း စွမ်းရည်များ ကို ကြား သိ ရ သော အခါ–ကျမ သွေးများ ပူနွေးဆူပွက် လာ သကဲ့ သို့ ခံစား လိုက်ရ ပါ တော့ သည်။Posted in ခရီးသွားဆောင်းပါး | 53 Comments »
ပုဂံ နေ့လည်ခင်း နှင့် တောင်တော်ရွှေပုပ္ပါး—
Posted in ခရီးသွားဆောင်းပါး | 48 Comments »
ပုဂံ၏ အလွမ်းရက်များမတိုင်မှီ
Posted in ခရီးသွားဆောင်းပါး | Tagged ခရီးသွားဆောင်းပါး, ပုဂံ, ရသ, မြန်မာ, နှင်းဆီနီ | 43 Comments »
ပုဂံ၏ ဆည်းဆာ ချိန်များ
ဆိုက်ဗီးရီးယားသို့—-
လေးလံလံ သံခြေကျင်းများ ပြုတ်ကျရမယ်—
ထောင်တွေပြိုလဲကျရမယ်–လွတ်လပ်ခြင်းဟာ —
သင်တို့ကို တံခါးဝက ဝမ်းပန်းတသာ ကြိုနေမယ်–
ညီနောင်များက သင်တို့ကို ဓါးတွေပြန်နှင်းကြမယ်—-
ကဗျာဆရာ ဘိုင်ရွန်၏ နာမည်ကျော် ကဗျာ ၂ပုဒ်ဖြစ်သည့် ဒေါန်ဟွန် နှင့် ဂရိတော်လှန်ရေး ကဗျာ ကိုလည်း ရွတ်ပြသည်။ ကဗျာဆရာ ဘိုင်ရွန် ရဲ့ ချစ်သူဟာ ပင်လယ် ကမ်းခြေ တခု မှာ မြင်းစီး ထွက်လာတယ် အမှတ် မထင်ပဲ အသုဘ တခု ဖြတ် သွားတယ် လေ –ဘိုင်ရွန်ရဲ့ ချစ်သူ ဘစ်စမတ် က ပြောတယ်–မနက် အစောကြီးကွယ်–နှင်းတွေ ကလည်းကျ လို့–အသုဘ ကလည်း လူနည်းလိုက်တာ—– လို့ ညည်းရှာတယ် တဲ့— သူတို့ နဲ့ အသုဘ က တဖြေးဖြေး ဝေးသွားတော့ အထိန်းတော် လေးက ပြောရှာ တယ် အဲဒါ အညတရ အသုဘ မဟုတ်ဘူး သခင်မလေး ရဲ့ နာမည်ကျော် ကဗျာဆရာ ဘိုင်ရွန်ရဲ့ အသုဘ ပါ တဲ့ ချစ်သူတွေ ရဲ့ ကြေကွဲဖွယ်ရာတွေ ကို ကျမ နားထောင်ရင်း နာနာကျဉ်ကျဉ် မျက်ရည်ဝဲ မိသည်။
Posted in ခရီးသွားဆောင်းပါး | Tagged ခရီးသွားဆောင်းပါး, ပုဂံ, ရသ, မြန်မာ, နှင်းဆီနီ | 53 Comments »
var VideoID = “240_song”; var Width = 425; var Height = 344;
Posted in Uncategorized | Leave a Comment »
var VideoID = “240_song”; var Width = 425; var Height = 344;
Posted in Uncategorized | Leave a Comment »
var VideoID = “240_song”; var Width = 425; var Height = 344;
Posted in Uncategorized | Leave a Comment »
var VideoID = “240_song”; var Width = 425; var Height = 344;
Posted in Uncategorized | Leave a Comment »