ကြောက်တတ်ရင်လွဲ
ရဲမှမင်းဖြစ်မယ်ဆိုလို့
ရဲခဲ့ကြတာမျိုးလား ….
မင်းမဖြစ်ဘဲ
ထင်းဖြစ်ခဲ့ရင်တောင်
အဲဒီအလင်းနဲ့
အမှောင်ခွင်းဖို့ပဲလိုတယ် …
သူရဲကောင်းမှန်ရင်
တစ်ကိုယ်တည်းခံပြီး
တစ်ယောက်တည်း မစံဘူး …
အမှန်တရားရဲ့ ရေးထုံးမှာ
လက်ရုံးသွေးတွေ သောက်သုံးလို့
တစ်တောလုံး မကြွေသင့်ဘူး …
ပဒေသရာဇ်သွေးပါမှ
ဧကရာဇ်ဖြစ်ကြေးဆိုရင်
ရာဇ၀ငင်တွေ သွေးစွန်းကုန်လိမ့်မယ် ….။
မောင်ညိုအေး(ပန်းတော)
