Pages

Image Image Image

Sunday, May 31, 2009

Seafood Laksa

ချက်နည်းကို ဒီက ကြည့်ပြီး ချက်တာပါ
Image
နည်းနည်းစပ်သွားတယ်၊ ငရုတ်သီး နီနီလေးတွေ ထောင်းထည့်တာကိုး ၊ အန်တီတစ်ယောက်တော့ စားပြီး ယပ်ခတ်နေတယ်း)
Image
အစ်မကတော့ ကောင်းတယ်တဲ့
Image
ကြက်သွန် ဖြူ ၊ နီ ၊ ဂျင်း နဲ့ ငရုတ်သီးနီနီလေးတွေကို ထောင်းပြီး ဆီသတ်ပါတယ်
ပုစွန်ခြောက်မှုန့်ထည့်ပါတယ်
ready made laksa paste ထည့်ပြီး မွှေပါတယ်
ပြီးရင် ရေထည့်ပြီး ဆူအောင်တည်ပါတယ်
ငံပြာရည် နည်းနည်း ခတ်လို့ရပါတယ်
ရေဆူလာပြီ ဆိုရင် အုန်းနို့ ထည့်ပါတယ်
ပဲပြားကြော် ၊ fish ball ထည့်ပါတယ်
သံပုရာသီး ညှစ်ထည့်ပါတယ်

ပွဲပြင်ရင် ခေါက်ဆွဲဖတ်ပေါ် ဟင်းရည်လောင်း ၊ ပုစွန်ပြုတ်၊ နံနံပင် ၊ ငရုတ်သီးစိမ်း ၊ သံပုရာသီး တို့နဲ့ အလှပြင်နိုင်ပါတယ်

****************************************************************************************
I refer this video to cook laksa :)

Saturday, May 30, 2009

အာလူးထမင်းနယ်

Rice Ball :D

Image
ရှိတာလေးနဲ့ အာလူးထမင်းနယ် လုပ်စားပါတယ်
အာလူးပြုတ် ၊ ခရမ်းချဉ် အနှစ်ချက် ၊ ငရုတ်သီးဆီကြော် ၊ ဆား ၊ အချိုမှုန့် တို့နဲ့ ထမင်းနယ်ပါတယ်
လက်နဲ့ပဲ လုံးပြီး ပုံဖော်ပါတယ်
ငါးမုန့်ကြော် ၊ မြေပဲကြော် ၊ ငရုတ်သီးကြော် ၊ ကြက်သွန်ဆီချက် တို့နဲ့ တွဲစားပါတယ်
ကြက်သွန်ဖြူလေး ကိုက် ၊ ဟင်းခါးလေးနဲ့ စားပါ
ဂျူးမြစ်ရှိရင် တွဲစားပါ ၊ သိပ်လိုက်ပါတယ်
း)
Image
*******************************************************************************************
Boil and mash the potato.
Make tomato paste or use the ready made one ;)
Mix rice with mash potato, tomato paste and some salt.
Shape the rice as a ball.
Garnish with fried fish cracker, fried peanut, onion spring, fried shallot, garlic and fried chili.

Thursday, May 28, 2009

ကော်ရည်ခေါက်ဆွဲ

Horfan

Image
ခေါက်ဆွဲ ရယ်
Image
အီကြာကွေး ရယ်
Image
ကန်စွန်းရွက် ရေနွေးဖျော ၊ ပဲပင်ပေါက် ရေနွေးဖျော ၊ အချဉ်အတွက် သံပုရာသီး
Image
ကြက်သွန်နီဆီချက် များများ ၊ မျှင်ငါးပိရည် နည်းနည်း ထည့် ၊
ဟင်းရည်ကို ကြက်သားဖတ်လေးတွေ ပါအောင် ခတ် ၊
ပြီးရင် စားလို့ ရပြီ
း)

စာမေးပွဲ အောင်လို့ ကျွေးတာ ၊ စားသွားကြနော်

ဟင်းရည်အတွက်
+ ရေနွေးဆူအောင်တည်ပါတယ်
+ ကြက်သား ၊ ဂျင်း များများထည့်ပြီး ပြုတ်ပါတယ်
+ ရေဆူပြီး ကြက်သား နူးလာပြီဆိုရင် ကြက်ဥအနှစ် ခေါက်ထားတာကို ဇွန်းလေးခံပြီး လောင်းထည့်ပါတယ် (အမျှင်လေးတွေ ရအောင်လို့ပါ)
+ အရောင်အတွက် ပဲငံပြာရည်အနောက်(နည်းနည်း) ထည့်ပါတယ်
+ ကော်မှုန့်ကို အရင် ရေနဲ့ဖျော်ထားပြီးမှ အိုးထဲနည်းနည်းချင်း လောင်းထည့်ပြီးမွှေပေးပါတယ်
(နည်းနည်းချင်းပဲ ထည့်တာက သိပ်ပြစ်သွားမှာ စိုးလို့ပါ )
+ ကိုယ်ကြိုက်တဲ့ အနေအထားရပြီဆိုရင်တော့ ဟင်းရည်ချက်လို့ ပြီးပါပြီ

******************************************************************************************

Not so thick horfan :)

Friday, May 22, 2009

သခွားသီးသုပ်

Cucumber Salad (sour and spicy ;)

Image
သခွားသီးကို သခွားခြစ်လေးနဲ့ ခြစ်
ပုစွန်ခြောက်နဲ့ ငရုတ်သီး နီနီ ၊ စိမ်းစိမ်း တွေ ရောထောင်း
သံပုရာသီး ညှစ်
ဆားထည့်ပြီးနယ်
ဆီချက်လေးဆမ်း
း)
Image
********************************************************************************************
Peel the cucumber , remove the seeds and cut into small pieces.
Mix thoroughly with dried shrimp powder, red chili, salt and lime juice.
Garnish with fried shallot.

Sunday, May 17, 2009

Agar-Agar

Agar-Agar (with coconut milk)

အုန်းနို့ ကျောက်ကျောပါ ၊ စားချင်တယ်ဆိုတဲ့ မမကွမ် နဲ့တကွ အားလုံးအတွက်ပါး)
Image
cookie cutter နဲ့ ပုံဖော်ထားတာလေ
Image
ရေနွေးတည် ၊ (အုန်းနို့ထည့်မဲ့ ပမာဏလောက် ရေလျှော့ထည့်နော်)
Image
ရေနွေးဆူလာရင် ကျောက်ကြောမှုန့်နဲ့ သကြားထည့်ကျို ၊ ဆူလာရင် အုန်းနို့ထည့်
ဆယ်မိနစ်လောက်နေရင် ခဲလားစမ်းကြည့် ၊ ခဲရင် ချပြီး အအေးခံလို့ ရပြီနော်
Image
******************************************************************************************
Just a simple agar-agar with coconut milk.
I use cookie cutter to get these cute shapes ;)

Friday, May 15, 2009

ကြက်သားချိုချဉ်

Sweet and Sour Chicken

ကြက်သားလုံးကြော်+
Image

အသီးအရွက်ကြော်=
Image

ကြက်သားချိုချဉ် ...း)
Image
*******************************************************************************************
Simply mix the fried chicken ball with vegetable and add sugar and vinegar.

Wednesday, May 13, 2009

ရှမ်းခေါက်ဆွဲ

Traditional rice noodle from eastern part of our country

ကြက်သားနဲ့ ခရမ်းချဉ်အနှစ် များများထည့်

Image

မုန်ညင်းချဉ် ၊ မြေပဲလှော်ထောင်း ၊ ဆီတို့ဟူး ထည့်
Image

ငရုတ်သီးဆီကြော် နဲ့ ကြက်သွန်မြိတ်လေး ဖြူး
Image

စားပါဦး
း)
Image

sin dan lar said...

ရက်စက်လိုက်တာ
May 13, 2009 6:15 PM
*******************************************************************************************
It is a traditional rice noodle from eastern part of our country.
We eat this with chicken and tomato paste, fried chili powder, pickled vegetable, peanut and pickled bean paste.
Garnish with onion spring.

Tuesday, May 12, 2009

ကြာဇံကြော်

Fried Vermicelli

အိမ်က အစ်မက ဝက်သည်းနဲ့ ကြော်တာကြိုက်တယ် ၊
ပြီးတော့ နှမ်းဆီမွှေးလေးနဲ့
း)

Image

ဝက်သား အရင် ချက် ၊ အသီးအရွက်တွေထည့်ကြော် ၊ ပြီးတော့ ကြာဇံပါထည့်ကြော်လိုက်တယ်
ကြာဇံကို ကြိုပြုတ်မထားပါဘူး ၊ ကြာကြာရေစိမ်ပြီး ကြော်ပါတယ် ၊ ကြော်နေတုန်းတော့ ရေဖြန်းပေးရတာပေါ့
Image

ချက်ရတာထက် ဓါတ်ပုံရိုက်ရတာ ပိုခက်သေး
း)
******************************************************************************************
I like vermicelli with pork liver and sesame oil.

Sunday, May 10, 2009

သရက်သီး ကျောက်ကျော

Agar-Agar (with Mango Juice)

ဒီ ပန်းကန်လုံးလေးနဲ့ ထည့်ထားတာက သိုက်မြုံကို သရက်သီး လို့ မှားဖတ်မိတယ် ဆိုတဲ့ အစ်မ ခင်ဦးမေ အတွက်ပါး)
Image


ကျောက်ကျောအိုး ချခါနီးမှာ သရက်သီးဖျော်ရည် ထည့်ပြီး လုပ်ပါတယ်
သရက်သီးကို အတုံးသေးသေးလေးတွေ တုံးပြီး ထည့်လည်း ပိုလှပါတယ်
Image

Image


ဒါကတော့ အားလုံး စားဖို့း)
Image
Image

khin oo may said...

kom: စောစောကတည်းကလာမလို့ဘဲ ကျေးဇူးနော်. နောက်တစ်ခါအုန်းနို့ ကျောက်ကျောကွေးပါ ကြိုက်တယ။်
May 11, 2009 2:20 AM
*****************************************************************************************
Just an agar-agar with mango juice.
I garnish with fresh mango pieces.

Friday, May 8, 2009

မင်္ဂလာပါး)

Hello :D

မင်္ဂလာပါ
လေပြေ အစားအသောက် နဲ့ တခြား ဝါသနာ ပါတာလေးတွေကို ချရေးချင်လို့ ဘလော့လေးတစ်ခု သီးခြား ထားဖြစ်ပါတယ်
ထူးထူးခြားခြားတော့ မဟုတ်ပါဘူး
အစားပုတ်တဲ့အခါ ၊ စိတ်ကူးပေါက်လို့ လက်တည့်စမ်းထားတာလေးတွေ ရှိတဲ့အခါ
ခင်မင်ရတဲ့ မိတ်ဆွေ တွေကို ကြွား.. အဲလေ .. ပြသ ပြီး ဝေမျှခံစားကြဖို့ပါ
း)
******************************************************************************************
Welcome to my new blog
It is just for sharing good things with good friends
:)