Sunday, February 10, 2008

သရဲမြို့
ပက်လက်လန်နေတဲ့ကောင်းကင်ပြင်မှာ
ဝမ်းယားထိုး ကြယ်လေးတွေလင်းလက်လို့
ဝတ်လစ်စလစ် ကျီးကန်းတစ်ကောင်
ထအော်တဲ့ အချိန်
အထီးကျန်အုတ်ဂူတွေ လှုပ်ရှားလာခဲ့တယ်။
ကျိုးတို့ကျဲတဲ အပြုံးတစ်ချက်နဲ့
လောကကြီးကိုနှုတ်ဆက်လိုက်ကြတယ်။
အလောင်းကောင်တွေထထိုင်ပြီး
နက်နက်ခင်းရဲ့အလှကို
အရိအချွဲတွေနဲ့ဖုန်းလွှမ်းလိုက်ကြတယ်။
သစ်ရွက်ခြောက်တွေလည်း ပြန့်ကျဲနေပြီး
တစ်လောကလုံး ခြောက်တိခြောက်ခြား။
သရဲကားတစ်ကားကြည့်ရသလို ချက်ချက်နဲ့
နာရီလက်သံက တိတ်ဆိတ်နေရတဲ့ထဲ
အလိုက်မသိစွာ မြည်တွန်တောက်တီးနေတယ်။
"အားးးးး"
ဟော ကြည့် ခြောက်ခြားစရာအသံတစ်သံ....။
အားလုံးက ပုံမှန်လည်ပတ်နေတယ်။

"ဒေါင် ဒေါင်"
မနက်၅နာရီ နာရီအချက်ပေးသံ..။
ဖျော့တိဖျော့ဖတ် အလင်းရောင်နဲ့တူ
အားလုံးက မှေးမှိန်ပြီးပျောက်သွားခဲ့တယ်။


OkIsU

Tuesday, February 5, 2008

ကိုနေဘုန်းလတ်သို့ ….
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

OkIsU
ခွင့်ယူခြင်း
အားလုံးကို ကျနော်ခွင့်တစ်ပတ်လောက်တောင်းချင်ပါတယ်ဗျာ။ ဒီရက်ပိုင်းအားနည်းနေတာနဲ့ နားလိုက်တာ ပို့စ်
တောင်မတင်ဖြစ်ဘူး။ အားလုံးဘဲခွေးလွှတ်ပေးကြပါဗျာ။ ဒီနေ့ အဖျားကတက်လာတော့ ပိုစ့်တင်မယ်လို့စိတ်ကူး
ထားတာ မတင်ဖြစ်တော့ဘူး။ နောက်တစ်ပတ်လောက်တော့ ၀တ္တုပြန်ဆက်ဖြစ်မှာပါ။ အားလုံးဘဲ စောင့်နေရတဲ့
အတွက် ကျနော်ဘက်က အရမ်းတောင်းပန်ပါတယ်ဗျာ။ အားလုံးလည်း ကျန်းမှာရေးဂရုစိုက်ကြပါ။ နောက်တစ်
ပတ်မှတွေ့ကြတာပေါ့...။

 Image provide By: http://Nack.US/


OkIsU

Monday, February 4, 2008

ပိစိကွေးများImage
ကျနော်ရဲ့ ၁နှစ်ပြည့်မွေးနေ့တုန်းကပုံ (ဘယ်ငေးနေပါလိမ့်)Image

တစ်ခါက ခုံတန်းလေးမှာမောင်နှမသုံးယောက်ထိုင်ပြီး ပျော်ခဲ့ဖူးတယ်...Image


ဟေ့ကောင်ထိန်လင်းအောင် ဘယ်ကောင်မလေးကိုငေးနေတာလည်း :PImage

ဓါတ်ပုံရိုက်မယ်ဆိုရင် ပဲများဖို့ကအဆင်သင့်ဘဲImage

ဘယ်သွားသွား အစားနဲ့ပါးစပ်နဲ့မပြတ်တဲ့ကျနော်...Image

ထိပ်ဆုံးကဟေမန်ကျနော်အမ(ငယ်ငယ်ကကျနော့အမကို စကားလိုက်ပြောတဲ့ကောင်တွေမှန်သမျှ ကျနော်လက်သံမြည်းဖူးတယ်)
အလယ်ကကျနော်မောင် သားငယ်ခေါ်ဗလ ( မိသားစုအားလုံးထဲမှာ သူကဗလ အကြီးဆုံးမို့လို့ပိန်တာကိုပြောပါတယ်။)
အစွန်ဆုံးကကျနော်အကို တေဇာကျနော်ကတော့ဟဲ ဟဲ


Image


အားနေရင် ကြောင်လေးတွေနဲ့ ကစားနေတတ်တယ့် ကျနော်Image ၀ါခယ်မ အလည်သွားတုန်းကမောင်နှမတွေအမှတ်တရရိုက်ထားတာ
OkIsU

Tuesday, January 29, 2008

ဟန်ဆောင်ကောင်းတဲ့ကောင်မလေး

တစ်ကယ်တော့ ငါမင်းဆီမှာလိုချင်တာ
ဟန်ဆောင်မှုကင်းတဲ့ အပြုံးတစ်ချက်။
ဟန်ဆောင်မှုကင်းတဲ့ အနမ်းတစ်ခု။

ဟန်ဆောင်မှုကင်းတဲ့ ဖြူစင်တဲ့ရယ်သံလေး။
ဟန်ဆောင်မှုကင်းတဲ့ မင်းလက်နဲ့ဖျော်ပေးတဲ့
ကော်ဖီခါးခါးလေးတစ်ခွက်။
ဟန်ဆောင်မှုကင်းတဲ့ ဂရုစိုက်မှု။
ဟန်ဆောင်မှုကင်းတဲ့ သစ္စာစကားတစ်ခွန်း။

ဟန်ဆောင်မှုကင်းတဲ့ ရင်ဘတ်တစ်ခု။
ဒါပေမယ့် ငါလိုချင်တာတွေဘယ်တော့မှ
မရနိုင်တော့ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ မင်းက
ဟန်ဆောင်မှတွေကိုသာ နှစ်သက်တဲ့
ကောင်မလေးတစ်ယောက် ဖြစ်နေလို့ဘဲ.......။

OkIsU

Sunday, January 27, 2008

(အဆက်)
ကောင်ကင်မျိုးတော်တော်စိတ်ညစ်နေသည်။ အိတ်ထဲမှာကြည့်လိုက်တော့ ပိုက်ဆံတစ်ပြားမှမရှိတော့။

ခုလည်းကြည့်လေကိုယ့်ပိုက်ဆံမဟုတ်တိုင်းသူများပိုက်ဆံနဲ့အားမနာပါးမနာစားနေတာ။တော်သေးတာပေါ့
ဒုတ်ထိုးမို့လို့။ ကောင်ကင်မျိုးဒုတ် တွေ ရေနေတုန်းမှာပင် ပါးစပ်ကပလုပ်ပလောင်းနှင့်.
"ဒီမယ် ဒုတ်ထိုးရောင်းတဲ့လူကြီး။ ဟိုလေ ၀က်နားရွက်မရှိဘူးလား"
"ဟုတ်ကဲ့.. ၀က်နားရွက်ကုန်နေလို့ဗျ" မော်စဉ်းစားသွားဟန်
"ဟင် မရှိဘူးလား။ ဒါဆို အူဘဲစားတော့မယ် .."
တော်တော်လည်းတတ်နိုင်တဲ့ ကောင်မလေးဘဲ။ သူများတကာက ကျွေးချင်လားမသိ မကျွေးချင်လားမသိ။

အလိုက်ကန်း ဆိုးကို မသိဘူး။ ကောင်ကင်မျိုးစဉ်းစားနေတုန်းမှာပင်
"တော်ပြီ ရှင်းလိုက်တော့"
"ဗျာ"
"မဗျာနဲ့ရှင်းလိုက်လို့ပြောနေတယ်လေ"
"အော် ဟုတ်ကဲ့။ အကိုဘယ်လောက်ကျလည်း"
ကောင်ကင်မျိုးပြောသာပြောရတယ်ဇောချွေးတွေပျံနေတယ်။ရှိတာမှငါးထောင်တည်းဒုတ်ကလည်းအချောင်း

၁၀၀လောက် တောင် ရှိလားမသိဘူး။ ဟူးးးးး သက်ပြင်းတစ်ခုကိုခိုးပြီးချ လိုက်၏။
"အကို ငါးထောင်ပါ"
ဟိုက်သေပြီဆရာ။ သွားပြီ ရှိတာမှ ငါးထောင်။ ရှင်းရမှာက ငါးထောင်တဲ့။ ဒီပုံဆိုလမ်းလျှောက်ပြီးပြန်ရမဲ့ကိန်းဆိုက်နေပြီ။

အဲဒါမှ ဒုက္ခဘဲ..။
အိမ်ကလည်း လေးမိုင်လောက်ဝေးတာ..
"ဟေ့လူ ဘာငိုင်နေတာလည်း။ ရှင်းပေးလိုက်လေ"
အမယ်မယ် ပုံကိုက ဆရာကြီးလေသံနဲ့။ တောက်(စိတ်ထဲတွင်ခေါက်လိုက်သောအသံ) တစ်သက်လုံးဘယ်

လူ့ဆီကမှ နိုင်ထက် စီးနင်း ပြောတာမခံရဘူး။ သူနဲ့တွေ့မှ..
"အော်.... ဟုတ်ကဲ့ပါ။ ပိုက်ဆံကများတယ်ဆိုတော့ရေကြည့်နေလို့ပါ"
"ရေကြည့်တော့လည်း ပိုက်ဆံကပိုထွက်လာမှာမှမဟုတ်တာမြန်မြန်ပေးလိုက်စမ်းပါ"
"ဟုတ်.."
"လာသွားမယ်"
ပြောပြောဆိုဆို ကောင်ကင်မျိုးတစ်ရွတ်တိုက်၍ ယက်ကန်ယက်ကန်ပါသွားသည်။
*********************************************************************
မိုးသည်တစ်ဖွဲဖွဲကျနေသည်။ အပြင်မှာရာသီဥတုကသိပ်မကောင်းလှ။ ကောင်ကင်မျိုးလည်း အခြေအနေသိပ်မ

ကောင်းလှ။ တော်တော်ဒုက္ခပေးတဲ့ ဂြိုလ်မလေးဘဲ။ မနေ့ကကောင်ကင်မျိုး မော်ဒုက္ခပေးလို့လမ်းလျှောက်ပြီး
အိမ်ပြန်လာရတယ်။ အိမ် အပြန် မိုးကလည်းရွာသေးတော့ ကောင်ကင်မျိုးတစ်ယောက်ထီးကလည်း မပါလာဘူး။
တိုက်စီ ငှားပြီးပြန်လာမယ်ဆိုတော့ လည်း မိုးရွာတော့ တိုက်စီတစ်စီးမှ မရှိ အပြန်လမ်း လူများပါးနေဆဲ။ မိုးရေထဲမှာ
ဒီအတိုင်း လျှောက်ပြီး ပြန်လာရတာ ၄မိုင်ခရီး။ ပြန်လာတော့မိုးက လည်းရွာနေတော့ ကောင်ကင်မျိုး ခဏခဏဖြစ်
တတ်သော တုတ်ကွေးပြန် ဖြစ်နေ၏။ ကောင်ကင်မျိုး ကုတင်ဘေးကဖုန်းကို ကောက်ကိုင်လိုက်သည်။ ဒီအချိန်ဆို
မော်ဆိုတဲ့ဂြိုလ် မလေး ပြန်ရောက်နေလောက်ပြီ။ ကောင်ကင်မျိုး ဖုန်းခလုတ်ကိုစတင်နှိပ် လိုက်သည်။
" ဟဲလို ... မော်ရှိပါလားခင်ဗျာ"
"ဟဲလို ဒေါ်မြင့်မျိုးမြတ်သီတာပြောနေပါတယ်။ဘယ်လူပါလဲ"
အသံခပ်ကြည်ကြည်နဲ့အမျိုးသမီးတစ်ဦး။
"ဟဲလို မော်ရှိလားခင်ဗျ။ကျနော် ကောင်းကင်မျိုးပါ။ သူကိုတစ်ချက်လောက်ခေါ်ပေးလို့ရမလား"
"အော် လတ်စသတ်တော့ မင်းက ငါ့သမီးကိုလာကြောင်နေတာကိုးး။ ဟဟ ကြောင်ချင်ရင်တခြားနည်းနဲ့

ကြောင်ဒါမျိုးတွေရိုးနေပြီ"
တစ်ဖက်မှပြောလိုက်သောစကားကြောင့်ကောင်းကင်မျိုး ဒေါသထွက်သွား၏။
"ဒီမယ်အန်တီ စကားပြောရင်ကြည့်ပြောပါ။ ကျနော်က မော်ရဲ့သူငယ်ချင်းပါ"
"ဒါမျိုးတွေရိုးနေပြီ။ နင်ဘာမှဆက်မပြောနေနဲ့တော့ ငါက၁၄နှစ်လုံးလုံးတီဗွီဂိမ်းကစားလာတာ။ လူတွေ

အကြောင်းနောကြေနေပြီ"
"အင် ဘာမှလည်းမဆိုင်ဘူး။"
၁၄နှစ်လုံးလုံးတီဗွီဂိမ်းကစားလာတာတဲ့ လူတွေအကြောင်းနောကြေ နေပြီတဲ့ ဘာမှလည်းမဆိုင်ဘူး။

ကြောင်တောင်တောင်နဲ့
"ခဏနေဦး။ ဖေကြီးနဲ့ပြောလိုက်ဦး။ သူကပြောချင်လို့တဲ့’’
ဟာဒုက္ခဘဲ သူအဖေနဲ့ပြောရဦး။ဘယ်လိုပါ့လိမ့်
"ဟုတ်ကဲ့ ငါ့ကဒေါ်မြင့်မျိုးမြတ်သီတာရဲ့ တစ်ဦးတည်းသောယောကျာင်္းပါ။ ငါတို့အိမ်ကတော့ သိပ်မချမ်းသာပါဘူး။

တိုက်၁လုံး ကား၂စီးပိုင်ရုံလောက်ပါ"
ဟာဒုက္ခဘဲ လာကြွားနေတယ်။နောက်ပြီးဘာတဲ့ သူမိန်းမ ဒေါ်မြင့်မျိုးမြတ်သီတာရဲ့တစ်ဦးတည်းသော

ယောကျာင်္င်္းတဲ့။ သူပြောသလို ဆို ကမ္ဘာပေါ်ရှိတဲ့မိန်းမတွေကယောကျာင်္းတွေအများကြီးယူနေပုံမျို။ဘယ်လိုမိသားစုနဲ့
လာတွေ့နေလည်း မသိဘူး။ထိုအချိန် တွင်...
"ဟာ အဖေနဲ့အဖေ ဒုက္ခဘဲ။ ဘာတွေလျှောက်ပြောနေတာလည်း။ သမီးသူငယ်ချင်းအဲဒါ ဖုန်းပေး။
ဟဲလို ဘာလဲ ပြောကောင်းကင်မျိုး။ နေမကောင်းဘူးဆိုဒီနေ့.."
ကောင်ကင်းမျိုး သက်ပြင်းချလိုက်သည်။
" တော်သေးတာပေါ့။ နင်နဲ့ပြောရပ့ါမလားလို့။ နင်တော်တော်ရက်စက်တာဘဲဟာ။ နင့်ကြောင့်ခုငါဖျားနေပြီ"
"ဟင်... ငါနဲ့လည်းဘာမှမဆိုင်ဘူး။ ခင်ဗျားဘာသာခင်ဗျား မိုးရေထဲလျှောက်သွားပြီးတော့"
"ဆိုင်တယ်ဟ ။ဆိုင်တယ်။ နင်လုပ်လို့ ငါမိုးရေထဲမှာပြန်ရတာ။ နောက်ပြီး၎မိုင်လောက် လမ်းလျှောက်ပြန်ရတာ။

ငါ့နေရာမှာ နင်သာ ဆိုရင် ဘယ်လိုနေမလဲစဉ်းစားကြည့်"
မော်တစ်ယောက်တွေဝေသွားဟန်.။ တဖက်မှဘာမှပြန်မပြောတော့။ ခဏအကြာ..
"ငါတောင်းပန် ပါတယ်နော်။ ငါ့ကြောင့်ခင်ဗျား ဖျားရတာ။ ဒီလိုလုပ်လေ ငါဒီနေ့နင့်အိမ်လာပြီးစာကူးပေးမယ်လေ"
"အေးလေပြီးတာဘဲ။ မြန်မြန်လာခဲ့နော် မိုးချုပ်ရင်လက်မခံဘူး"
"အောင်မယ်လာလည်းကူးပေးရသေးတယ်။ ခုလာခဲ့မယ်ဒါဘဲ"
မော်ဖုန်းချသွားသည်။ ကောင်းကင်မျိုး ခဏအနားယူလိုက်သည်။ခဏအကြာ
"အန်တီရေ ကောင်းကင်မျိုးရှိလား"
အိမ်ရှေ့တွင် မေ့မေ့ကိုလှမ်းမေးနေသော မော်။

(ဆက်ရန်)
OkIsU

Thursday, January 24, 2008

ကျနော့်ရဲ့အိပ်ယာလေး

Image

တစ်ချိန်က စိတ်ညစ်စွာအိပ်ခဲ့တာ
ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က အမေရိုက်လို့ ငိုပြီး
အိပ်ခဲ့တာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က အိပ်မရလို့ ကဗျာတွေ
ထိုင်ရေးခဲ့တာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က ဗိုက်ဆာလို့ မုန့်တွေစားရင်း
အိပ်ပျော်သွားတာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က အိမ်မက်တွေကိုစိတ်ကူးယဉ်ပြီး
အိပ်ခဲ့တာလည်း ဒီအိပ်ယာလေးဘဲ။
တစ်ချိန်က နှင်းကျတဲ့ရက်တွေမှာလည်း
ချမ်းချမ်းနဲ့ခွေခဲ့တာ ဒီအိပ်ယာလေးဘဲ။
ဘယ်လိုဘဲဖြစ်ဖြစ် ချမ်းနေတဲ့အချိန်မှာ
နွေးစေခဲ့တယ် ဒီအိပ်ယာလေးကို
အရမ်းကျေးဇူးတင်မိတယ်ဗျာ....။

OkIsU