Thursday, January 7, 2010

1 comments
Image
ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀                                                    

Saturday, November 14, 2009

အငွေ့တွေနဲ့ ကိုယ်

7 comments
Image


တကယ်တော့ ရင်ဘတ်ကြီး တစ်ခုလုံးပျောက်ရှသွားတာလား
မဖြစ်နိုင်ဘူး ...
ကျွန်တော်က နှာခေါင်းနဲ့ အသက်ရှုတဲ့လူမှမဟုတ်တာ
ရင်ဘတ်နဲ့ ရှင်သန်နေရတဲ့ကောင်ပဲ ....

ဖိစီးမှုတွေများလာတော့လည်း
တစ်ခါတစ်လေ ကျွန်တော့် ဒဏ်ခံကြိုးလေးတောင်
ယဲ့ယဲ့ ယိုင်ယိုင် ပဲ ကျန်တော့တယ် အမေ ....

ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျောခိုင်းမသွားရက်ဘူးဗျာ
အဲဒီနေရာမှာ ကျွန်တော့် မိတ်ဆွေတွေအများကြီးရှိတယ်
ခင်ရာဆွေမျိုး ဆိုတော့လည်း
ကျွန်တော် မျက်စိမှိတ် လှည့်ထွက်သွားနိုင်ပါ့မလားဗျာ ...

တကယ်တော့
ရှောင်နေတာ မဟုတ်ရပါဘူး
မှောင်နေတာပါဗျာ
အယောင်ဆောင် အရေခြုံ
မှော်စုံနဲ့ အသက်သွင်းဖို့တော့
ရင်ဘတ်က အတင်းငြင်းတယ် ...

အသဲတွင်းက မပါပဲနဲ့
လက်ချည်းသက်သက်က လာတာကို
အနုပညာပါလို့လည်း ကျွန်တော် ခေါင်းစဉ် မတပ်ဝံ့ဘူး ....

ဘယ်အခြေအနေပဲဆိုက်ဆိုက်
ရင်ထဲမှာ သံလိုရိုက်ထားတာမို့
မိုက်မိုက်ကန်းကန်း
ပြန်နှုတ်ဖို့ လမ်းမရှိပါဘူး ....

ဒီမှာ ...
အဲဒီလေတွေ ရှုရှိုက်နေရသမျှ
ကျွန်တော့် ခန္ဓာတစ်ဝိုက်
ကဗျာတွေ အငွေ့ရိုက်နေဦးမယ် ....
အငွေ့ရိုက်နေဦးမယ်လေ ....



ဖြိုးငယ်

ဘာရယ်တော့ မဟုတ်ပါဘူး ... ကျွန်တော် ကဗျာမရေးဖြစ်တာ ကြာပါပြီ .. အခုစိတ်ထဲမှာ ဖြစ်နေတာလေးတွေကို တစ်ပုဒ် ပြန်ရေးကြည့်တာ .. လာလည်တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ




Image

Tuesday, October 13, 2009

နှစ်ဦးပိုင် နှလုံးသားဗေဒ

7 comments
Image


တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ သင်္ချာ မှာ
တစ် နဲ့ တစ် ပေါင်းရင် နှစ်
( ဒါမှမဟုတ် )
သုည ဆိုတဲ့ အဖြေပဲ ရတယ်
နင်နဲ့ ငါ နှစ်ယောက်ရဲ့ သင်္ချာမှာ
တစ် နဲ့ တစ် ပေါင်းရင်
တစ် ပဲ ရတယ် ချစ်သူ ...

အများက ပြောကြတယ် ...
အချစ် နဲ့ အချစ် ပေါင်းရင်
အချစ် ပဲ ရတယ်တဲ့ ...
ငါတို့ နှစ်ယောက်ရဲ့ နှလုံးသားဗေဒ မှာ
အချစ် နဲ့ အချစ် ပေါင်းရင်
နားလည်မှု နဲ့ ယုံကြည်မှုတွေ ရတယ် ချစ်သူ ...

တစ်ချို့က ပြောသေးတယ် ...
အချစ်ဆိုတာ အာဒံ နဲ့ ဧဝ က စ တယ်တဲ့
ငါကတော့ မထင်ပါဘူးချစ်သူ ...
ငါတို့နှစ်ယောက်အတွက်
အချစ်ဆိုတာ နင် နဲ့ ငါ ကပဲ စ တယ် ချစ်သူ ...

လူတိုင်း လိုလိုက အရာရာကို
လောကဗေဒ နဲ့ နှိုင်းဆလှုပ်ရှားကြတယ်
နင် နဲ့ ငါ ကတော့
နှစ်ဦးပိုင် နှလုံးသားဗေဒ နဲ့ ရှင်သန်ကြမယ်
မနက်ဖြန်တိုင်း ပွင့်မယ့် အချစ်ပန်း
နင်ရော ငါရော နမ်းခွင့်ရစေမယ် ....
အချိန်တိုင်း ဆန်းတင့်ရစေမယ်
ရင်ခုန်တိုင်း လန်းပွင့်ရစေမယ်
လန်းပွင့်ရစေမယ် ....
လန်းပွင့်ရစေမယ် ..
လန်းပွင့်ရစေမယ်
လန်းပွင့်ရစေ ..
လန်းပွင့်ရ ..
လန်းပွင့် ..
လန်း ..



ဖြိုးငယ်
Image

Tuesday, October 6, 2009

ဖြစ်ရိုးဖြစ်စဉ်

7 comments
Image


ပန်းတွေကြွေတဲ့ အလှ
ကြယ်တွေကြွေတဲ့ ည
ကျွန်တော်ကြွေတဲ့ သူမ ...

ပန်းတွေကို လေပြေက ခြွေတယ်
ကြယ်တွေကို ဘယ်သူက ခြွေသလဲ
( သေချာတာက )
ကျွန်တော့်နှလုံးသားကို သူမက ခြွေချတယ် ....

အသင်္ချေမက တစ်သွင်သွင်ကျလာတဲ့
ကျွန်တော့်နှလုံးသွေးတို့ရဲ့ တောင်းဆိုမှုက
သူမရဲ့ ရင်ခုန်သံ ရမ်သမ်တွေကလွဲပြီး အခြားမရှိခဲ့ ....

ထိုသို့သော အကြောင်းများကြောင့်
ပန်းကြွေတဲ့ အလှကိုငေး
ကျွန်တော့်ကြွေတဲ့ သူမအကြောင်းတွေး
ကြယ်ကြွေတဲ့ ညတွေမှာပဲ ဆုလေးတွေပဲတောင်းတော့မယ် ....



ဖြိုးငယ်


Image

Tuesday, September 22, 2009

ကြေးပုရိပိုဒ်မှာ သွန်းတဲ့ ကဗျာ

7 comments
Image


ပြီးပြတ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုမှာ
နင့်ဘက်ကလည်းမှန်တယ်
ငါ့ဘက်ကလည်းမှန်တယ်
ဒါဆို ဘယ်သူတွေကမှားခဲ့တာလဲ .....

အချစ်နဲ့ သနားညှာတာမှု စီးချင်းပြိုင်ပွဲမှာ
အချစ်ကို ကိုင်ထားတဲ့ ငါက
ဘာကြောင့်များမနိုင်တာလဲ
၁၅၀၀ က ၅၂၈ ကို ရှုံးနိမ့်သွားတဲ့ တစ်ခဏ
ငါ့စိတ်တွေ အပိုင်းပိုင်း လဲကျ ...
ငါ့ဝိဥာဉ် ကိုတောင် သတိမရတော့ဘူး ....

ငါ့စိတ်ကို သင်းကွပ် ထားပါလျှက်
အတင်းလွတ်သွားတဲ့ တစ်ခါတစ်လေ
ဘာတွေက အနိုင်ပိုင်းထားသလဲ
ငါ့ကိုယ်ငါတောင် မသနားချင်ဘူး
ဝင်သက်နဲ့ထွက်သက်ကြားမှာပဲ
သူကိုမေ့ထားလို့ ရတယ် ........

ဆုံးရှုံးခဲ့ပြီသေချာလျှက်နဲ့
အမုန်းဆုံးအရပ်ကို ငါမထွက်နိုင်ဘူး
ငါ့ဘက်က တဏှာမဖက်
နှလုံးသားရဲ့ ဘေးမှာကပ်ပြီး
ဒီတစ်သက် ချစ်ခွင့်ရှိပါသေးတယ် .....

နောက်ဆုံးတော့လည်း
နှလုံးသားတစ်ခုကို အရင်းတည်ပြီးမှာ
ဒဿကို ငါကိုယ်ချင်းစာခဲ့မိတယ်
အရှုံးသမားရဲ့ ဘဝ
သုံးစားမရတော့တဲ့ ငါ့ရင်ခုန်သံတွေက
မင်းပျော်ဖို့ ဂီတ တစ်ပုဒ်ဖြစ်မယ်ဆိုရင်
ဒီမျှနဲ့ သိမ်းတဲ့ဇာတ်
ဒီဘ၀တော့ ကျောခိုင်းထွက်ပေးခဲ့ပါမယ် ချစ်သူ ...

ကြေးပုရိပိုဒ်မှာ သွန်းမိတဲ့ ကဗျာပါ
တေးရတု တစ်ပိုဒ်လောက်မှ မသာယာမှတော့
ဝေးအခု အပူတွေ ပိုက်ပြီး
ဆွေးသမှု ရင်မှာ လောင်မြိုက်နေခဲ့ပြီ ....

အချစ်တွေကို လောင်တိုက်သွင်း
မှောင်မိုက်ရင်းနဲ့ ခရီးဆက်
မနီးစပ်မှတော့ သံယောဇဉ်ကြိုးကို အပြီးဖြတ်
နှလုံးသားထက်က ကျလာတဲ့ သွေးနဲ့
အဲဒီပုရိပိုဒ်ကို ဆက်ရေးခွင့်ပြုပါ ..


P . S >>> လွန်ခဲ့တဲ့ ၆ လလောက်တုန်းက သူငယ်ချင်းတစ်ယောက်ရဲ့အတွက် ခံစားရေးဖွဲ့ထားတဲ့ကဗျာလေးပါ ။ အခုမှ အဆုံးသတ်ဖြစ်လို့ တင်လိုက်ပါတယ် ။

ဖြိုးငယ်







Image

Saturday, September 19, 2009

တစ်ခါပြန်လာ ၁၉ စက်တင်ဘာ

2 comments
Image




နေ့ကို ညသယ်
ညကို နေ့ပြန်သယ်
ကမ္ဘာကြီးလည်ရင်း
မပြောင်းလဲသေးတဲ့ သူတစ်ယောက်ကလည်း
ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပြီ .....

ပစ္စုပ္ပန် မှာ ပြုလုပ်ခြင်းက
အတိတ် ဖြစ်ခဲ့သလို
အနာဂတ်ရဲ့ ဖြစ်တည်မှုဆိုတာလည်း
ပစ္စုပ္ပန် ကို စောင့်မျှော်ခြင်းဖြစ်တယ် ...

ပူခြင်း အေးခြင်း
မွှေးခြင်း နံခြင်း
ဖြစ်ခြင်း ပျက်ခြင်းတွေနဲ့ သတ္တလောက
ဘယ်လိုကကြိုးတွေနဲ့ က က
ဘဝဆိုတာ ဘဝပါပဲ ...
အဲဒီ ဘဝ ထဲမှာ လဲ
ဖျက်မရတဲ့ အမှတ်တရတွေရှိတယ် ...

အစက်ကျသမျှ အရုပ်ထင်ရတဲ့ သံသရာ
အဖန်တရာမက ဒီလိုနေ့မျိုးတွေရခဲ့တာပဲ ...
မှန်ရာကို မသိသေးသမျှလည်း
ဒီလိုနေ့တွေ ငါတို့ ထပ်ရနေဦးမှာပဲ ...
တစ်ခါပြန်ကျတဲ့ ဒီနေ့
ဒီဘဝအတွက် ဒီတစ်ခါပဲတွေ့ရတာမို့
အမှတ်တရ တစ်ခု ဖြစ်ခဲ့ပြီ ...

မော်ကွန်းမတင်ပါ
ကဗ္ဗည်းမထိုးပါ
ရိုးရိုးလေး မှတ်ယူ
သူမရင်ထဲမှာပဲ မိုင်တိုင်ထူခဲ့ပြီ ...

အယူအဆ မတူကြတဲ့လောက
သူမအတွက်တော့ ဒီနေ့က အမှတ်တရတစ်ခု
အချက်ကျကျပြုပြီး ဘ၀ကို ဖြတ်
ရပ်နေရတဲ့နေရာမှာ ပျော်အောင်နေရင်း
နေကို နောက်တစ်ပတ်ပြည့်ဖို့ ပြန်မျှော်နေဦးမယ် ....

စက်တင်ဘာ ၁၉ ဆိုတာ
အချိန်တွေ ဘယ်လို တိုးတိုး
သူမအတွက် မရိုးနိုင်တဲ့ ဆန်းသစ်မှု တစ်ခုမို့
အခုကစ နောင်ကြုံမယ့် ကာလမှာ
လိုအပ်ဟူသမျှ ပြည့်ပါစေ .....


P > S == > မကြယ်စင်နတ်သမီး အတွက် အမှတ်တရ မွေးနေ့ လက်ဆောင် ကဗျာလေးပါ ....

ဖြိုးငယ်




Image

Tuesday, September 15, 2009

သံယောဇဉ်

8 comments
Image


သံယောဇဉ်ဆိုတာ
ပြန်ပြောရင် တစ်ကယ်ခက်မို့
ရင်ထက်မှာ သိမ်း ...

မြင်တက်ရင်တော့
နွယ်တစ်ခက်ပေမို့
တကယ်ဖြတ်ဖို့မလွယ်ပေဘူး
ရှင်လျှက်သာ စိမ်း ....

တစ်ပင်တည်း ပေမယ့်
ရင်ထဲမှာတွယ်ညှိ
မမြင်လည်းလေ
ရင်ခွဲကာ ကြည့် .... ။

ဖြိုးငယ်



Image
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template