Sunday, December 30, 2007

ကမ္ဘာဆိုတာ တစ်ခုတည်း

0 comments
Image
တကယ်တော့ ကမ္ဘာဆိုတာတစ်ခုတည်းပါ
ကျွန်တော့်ရင်ထဲမှာ အချစ်ဆိုတာသိစတည်းက
သူမတစ်ယောက်တည်းရှိခဲ့တာ အသေအချာပါပဲ
နေ့စွဲတွေမရေးထိုးပေမဲ့ ကျွန်တော်ရဲ့ရာဇ၀င်ထဲမှာ
သူမရဲ့ပုံရိပ်တွေအမြဲမော်ကွန်းတင်ထားဆဲပေါ့.....

ရင်ခုန်သံတွေနဲ့ညွှန်းဆို
ငါအမြဲတမ်းဆိုနေတဲ့ သီချင်းတစ်ပုဒ်ကလည်း
မင်းအတွက်ပဲဖြစ်ခဲ့တာပါ အာရုံတွေအဆက်ဆက်
ချဉ်ခြင်းတပ်ရလောက်အောင်လည်း
ငါအလွမ်းတွေ ခုန်ပေါက်မင်းထံပဲရောက်ခဲ့တာပါ.....

ငါ့ဝင်သက်ရှင်သန်နေသ၍
ငါ့ရှေ့က ငါ့ကမ္ဘာလေးမင်းဟာ
ငါ့ရင်ထဲထွန်းလင်းနေမဲ့
ချစ်ခြင်းရဲ့အလင်းရောင်ပါကွာ....

မာယာရောင်တစ်ချက်မသန်းတဲ့
နှလုံးသားရဲ့လမ်းထဲမှာ
ပွင့်ကြတဲ့ပန်းတိုင်းဟာလည်း
မညိုးမနွမ်းပန်ဆင်ဖို့
အသင်သာလျှင်ခူးပါလှည့်တော့
အကျွန်ရင်မော့ ဖူးချင်ပါ့
င့ါဘ၀ရဲ့ သခင်မရယ်..

ဖြိုးငယ် + လွမ်းသုခ

Saturday, December 29, 2007

ဆန္ဒတစ်ခုနှင့်ကြွေတဲ့အလွမ်း

0 comments
Image
မျက်စိကိုစုံမှိတ်
စိတ်ရဲ့ကြေးမုံမှာ သူမပုံရိပ်ထင်တော့
ငါ့ရင်ခွင်က ပုန်ကန်တယ်
သူ့လွမ်းဒဏ်ကို သူမ မသိဘူးလားတဲ့....

နေရာပေးမိတယ်
ခပ်ရေးရေးသာပေါ်စေတော့ရယ်ပေါ့
တကယ်တမ်းတော့
ရင်ခွင်ကိုလွှမ်းခြုံ ကမ်းကုန်အောင်
သံမှိုမစွဲဘဲ မြဲနေလေရဲ့......

အနိုင်ယူပါတော့
အသည်းရှင်သခင်မရယ်
ဒီရင်က အလွမ်းအဆွေးတွေကို
သခင်မလက်နဲ့သာရေးပါတော့
ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလဲ
အကျွန်က အလွမ်းလူသားပါ.....

စုန်ချည်ဆန်ချည် ကူးခတ်
ငါမှေးစက်ရာ ပင်လယ်ဆိုယင်
ကမ်းမကပ် လမ်းတစ်ဝက်မှတင်
မင်းဆီကအချစ်နဲ့
ရေတစ်ပေါက်တော့ ငါတောင်းပါရစေ.....

ဖြိုးငယ် + လွမ်းသုခ

အိမ်မက်ကမ္ဘာရဲ့ ပန်းတစ်ပွင့်

1 comments
Image
အလွမ်းတွေပြန့်ကျဲ
ခပ်နွမ်းနွမ်းနဲ့ ငါလှမ်းလျှောက်ရတဲ့လမ်းတွေ
အမောပြေအောင်ဖေးကူ
မင်းအနမ်းတွေကငါ့ ကိုထူနေတုန်းဘဲ.....

ဆူနေတဲ့ ငါ့အပူတွေကို
ဘေးကနေ ယူဆောင်လို့
ငါဘ၀လှောင်အိမ်တွင်းမှာ
မင်အချစ်တွေနဲ့ လှပနေဆဲပါ....

ဝေးကွာလွန်းတဲ့ ကမ္ဘာ
မိုင်တိုင်တွေကြိုးဆက် ငါလှမ်းဖို့ခက်နေပေမယ့်
ခြေအစုံကိုခွင့်ပေး တိမ်တွေလိုနှင်ခွင့်ရှိမယ်ဆိုရင်
ငါ့နှလုံးသားရဲ့ဦးတည်ရာ
ရင်ခွင်နှစ်လွှာကြားမှာ ခြားနားဖို့တံခါးမရှိဘူးချစ်သူ.....

ဘေးစကားတွေကို အဝေးမှာထားပေးပါ
သွေးကြားက သစ္စာတရားတွေအတွက်
အချစ်တွေရင်မှာပိုက် မင်းထွက်လိုက်တဲ့ကမ္ဘာ
ငါ့ရင်သာဖြစ်ပါစေတော့
ကံကြမ္မာရဲ့ရတက်မီးကို ဆက်ညီးကြမှာလား
ငါတို့ရဲ့ခွန်အားတွေက ဘာအတွက်လဲချစ်သူ....

နွေးထွေးခဲ့တဲ့ လက်တွေ
လင်းလက်ခဲ့တဲ့ညတွေ ကြားမှာ
ကြယ်တွေစွတ်ခူး
ငါ့ညတိုင်း ငါပြန်ရူးခွင့်ရှိပေမယ့်
အချစ်ကို ချိပ်ပိတ်
မင်းအတွက်နဲ့အိပ်မက်မမက်ကြေး
တိတ်တိတ်လေးအိပ်နေမယ်.....

ချွေးသိပ်ခဲ့ဖူးတဲ့ ရင်ခွင်မြို့တော်
ငါတို့ပျော်ခဲ့ဖူးတဲ့ အချစ်အိမ်
ကံကြမ္မာရဲ့တိမ်တွေမလာအောင်
တစ်လောကလုံးကိုအမှောင်ချ
မင်းနဲ့ကိုယ့်ရဲ့ညတွေကို
လမင်းလေးအားပြောပြထားမယ်....

ဖြိုးငယ် + လွမ်းသုခ

Thursday, December 27, 2007

ချစ်မိုးခါးရေ..

0 comments
Image
ဖွဲဖွဲလေးပါ
ဘယ်အချိန်ကရွာလိုက်မှန်းမသိဘူး
တစ်ကိုယ်လုံးရွဲသွားတော့မှ
သတိထားလိုက်မိတယ်
အဲဒါအချစ်မိုးခါးရေတွေပါ......

ငါရူးနေရပါပြီ
မိုးခါးရေတွေကိုမှ
ငါကချို မြိန်နေမိတယ်.....

ငါတစ်ယောက်တည်းလား
ပတ်ဝန်းကျင်ကိုမျက်စိကစားလိုက်တော့
လူတွေအားလုံးပါပဲ
အဲဒီရေတွေကိုမှ တပ်မက်နေကြတယ်....

ဘယ်သူတွေစခဲ့လဲ
အာဒံနဲ့ဧ၀လား
သူတို့ရှေ့မှာလည်းရှိချင်ရှိမှာပေါ့
ငါတို့မှသေချာမသိတာကို....

သိတာတစ်ခုက
အခုကမ္ဘာပေါ်မှာ
လူတွေဟာရူးနေကြတယ်
အဲဒီအချစ်မိုးခါးရေတွေကြောင့်ပေါ့...

ဖြိုးငယ်

စိတ်အမှန်

1 comments
Image
ကမ္ဘာပေါ်ကလူတစ်ယောက်
သူ့ရင်ကိုဖောက်ကြည့်တဲ့အခါ
ထွက်လာတဲ့အရာက
အလွမ်းဆိုတာပါပဲ...

ဘယ်ဘက်ရင်အုံကိုစမ်းကြည့်တဲ့အခါ
ပေါက်ကွဲသံတွေကြားရလိမ့်မယ်
ဖောက်လွဲသံစဉ်တွေနဲ့
နောက်တစ်ပွဲကစားရမဲ့
ကံကြမ္မာရဲ့မနက်ဖြန်များမှာ
ငါ့အလွမ်းများထားခဲ့ပါရစေ...

ဗီးနပ်ရဲ့မီးဖိနပ်နဲ့
မိုနာလီဇာရဲ့အပြုံးတစ်ချက်

ငါ့အတွက်မလိုပါဘူး
ကြင်နာသူရေ..
မင်းအနမ်းတစ်ချက်သာ ငါ့ကိုပေးပါ..

ဖြိုးငယ်

ကြယ်စင်ချစ်သူ

0 comments
Image
ကြယ်ကြွေတိုင်းဆုတောင်းချင်ပေမဲ့
ငါ့ဆုတောင်းတစ်ခုပြည့်ဖို့အတွက်
အသက်ကြွေစတေးရမယ်ဆိုရင်
အဲဒီအတွေးကို ဘေးဖယ်ပေးပါကြယ်စင်လေးရယ်.....

ကမ္ဘာမြေလှပဖို့
ငါ့ဆုတောင်းတွေကအရေးမကြီးပါဘူး
မင်းတို့မရှိရင်
ညကမ္ဘာရဲ့ အလှတစ်နေရာကို
ဘယ်သူတွေက ဖန်ဆင်းကြလိမ့်မလဲကွာ...

ဖြိုးငယ်

Tuesday, December 25, 2007

လွမ်းနေ့ရက်ရှည်

0 comments
Image
ချစ်လျှက်နဲ့ဝေးတော့
လွမ်းတေးတစ်ပုဒ်စပ်
လွမ်းဂယက်ကွန်ထဲမှာ
လွမ်းရတဲ့အချက်ကိုရှာ
သန်းခေါင်ယံမှာ ငါဟာရူး
အိပ်မပျော်ဘူး အချစ်ဦးရယ်

ပြောဖူးတဲ့မင်းစကားတွေကြားယောင်
ဘေးနားမှာ နားထောင်ချင်လည်း
ကံကြမ္မာတရားက
ငါတို့ကို နယ်ခြားထားပြန်တယ်....

အလှမ်းဝေးနေတော့လည်း
လွမ်းတေးနဲ့ လွမ်းကဗျာတွေစပ်
လွမ်းတက်တဲ့ မနက်တွေကို
လွမ်းလျှက်နဲ့ဖြတ်ကျော်ကြပါဦးစို့ကွာ....

ဖြိုးငယ်

မောင်ဗေဒါ

0 comments
Image
ဘဲအုပ်က တစ်ရာ နှစ်ရာ
မဗေဒါက တစ်ပင်တည်း
ငယ်ငယ်ကကြားဖူးတဲ့သီချင်းပါ....

အခုလက်ရှိ ကျွန်တော်ဘဝ
လွမ်းချက်က တစ်ရာ နှစ်ရာ
အသဲမှာက တစ်ခုတည်း......

ဖြိုးငယ်

Monday, December 24, 2007

စေတနာ သတိပေးချက်

0 comments
Image
မဟုတ်မဟုတ်တာတွေနဲ့
လူတစ်ယောက်ရဲ့ဘ၀ကို စုတ်ပြတ်သွားအောင်
စကားလုံးတွေနဲ့ ပုတ်ခတ်မှ
မင်းလုပ်ရပ်က နာမည်ကျော်မှာလား...

တော်စမ်းပါကွာ..
အပျော်တမ်းကစားနေတာမဟုတ်ဘူး
မင်းအနာဂတ်ကိုမျှော်မှန်းကြည့်ပေါ့
အ၀ီစိလမ်းမှာ မင်းစံမြန်းရလိမ့်မယ်...

ယုံတမ်းစကားတွေနဲ့
မဟုတ်တမ်းတရားတွေပြောပြီးမှ
အရှက်ကွဲမှာတော့ ကြောက်သတဲ့လား
တကယ်ဆို မင်းကိုသတ်ပစ်ဖို့ပဲကောင်းတယ်....

မျက်နှာလွဲ ခဲပစ်
ဖြစ်ချင်ရာဖြစ်ဆိုပြီး
မင်းဖြစ်ချင်တာတွေလျှောက်ပစ်နေပေမဲ့
လောကရဲ့နိယာမတွေက
အမှန်တရားတွေကိုဖွင့်လှစ်ထားတယ်
မင်းတို့အမှားတွေပြင်သင့်ပြီ...

တစ်ဖက်ပဲကြည့်ရင် တစ်ခြမ်းပဲမြင်ရမယ်
မင်းက ငရန်မကန်း အဖွဲ့ဝင်လား
ဝတ်ရုံလွာ ခွာချလိုက်ပါတော့
ဒေါင်းယောင်ဆောင်ထားလည်း
မင်းက ကျီးပါပဲ.....

လောင်နေတဲ့မီးတွေကို
ငါတို့ကမေတ္တာရေဖျန်းတယ်
မအေးချမ်းနိုင်တာတော့
မင်းတို့ကအပူရှာနေတာကို.....

လူတွေရဲ့ရင်ထဲမှာကိန်းအောင်းနေတဲ့အမှန်တရား
မင်းရင်ထဲလည်းထားချင်တယ်ဆိုရင်
အာဃာတ တရားတွေကိုမေ့
ဟီရိသြတ္တပ တရားကိုထိန်း
မင်းတပ်ထားတဲ့မျက်မှန်းစိမ်းကိုချွတ်လိုက်တော့......

ဖြိုးငယ်
0 comments
Image
အားလုံးသော ကျွန်တော့်ရဲ့ သူငယ်ချင်းများကို အရင်ဆုံး တောင်းပန်ချင်ပါတယ်..ဘာလို့လဲဆိုတော့ ဒီလ မှာ POST အသစ် မတင်ဖြစ်ဘူးဖြစ်နေတယ်...စာမေးပွဲတွေရှိနေတော့ ကျွန်တော်လည်း မရေးဖြစ်..မလည်ဖြစ်ပါဘူး..စိတ်ထဲမှာတော့ရေးချင်နေတာ အမှန်ပါ..ပြီးတော့ လာလည်ကြတဲ့မိတ်ဆွေ သူငယ်ချင်းတွေကိုလည်းအရမ်းအားနာတာပဲ...အခုတော့ ကျွန်တော် ပြန်ရေးပါတော့မယ်...ကျွန်တော်ကိုနားလည်းပေးတဲ့အတွက်နဲ့ စာမေးပွဲဖြေနိုင်အောင်ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်....

အားလုံးပျော်ရွှင်ကြပါစေ..HAPPY NEW YEAR 2008 နဲ့ အတူ လိုရာဆန္ဒအားလုံးပြည့်ဝကြပါစေလို့ဆုတောင်းလိုက်ပါတယ်....


ဖြိုးငယ်

Saturday, December 8, 2007

Happy New Year 2008 အကြို

0 comments
Image
ဒီနေ့တော့ ဘာရေးရင် ကောင်းမလဲစဉ်းစားရင်းနဲ့ ဒီဇင်ဘာလထဲရောက်လာတာ..သတိထားမိတယ်..
အဲဒီတော့..ဒီဇင်ဘာကုန်ရင်..New Year ရှိတယ်ဆိုတာ ခေါင်းထဲရောက်လာတယ်....အဲဒီတော့ New Year
ကို ကြိုတဲ့အနေနဲ့ New Year သီချင်းလေး(ကျွန်တော်ကြိုက်သော)တစ်ပုဒ်တင်ပေးဖို့ စိတ်ကူးရလာတယ်..
တကယ်ဆို New Year က လိုပါသေးတယ်..ဒါပေမဲ့ နောက်ပိုင်းမှာ စာမေးပွဲ တွေနဲ့ ရူပ်လာတော့မယ်လေ..
ဒါကြောင့်အခုတည်းက ကြိုတင်လိုက်တာ...ကြိုက်တယ်ဆိုလည်း Download လုပ်ပေါ့ဗျာ...ပြီးအောင်တော့ နားထောင်ခံစားစေချင်တယ်ဗျာ....New Year ည ကျရင်လည်း အဲဒီ သီချင်လေးကိုဖွင့်ပြီး ကျွန်တော်တို့ အတူ New Year ကိုကြိုဆိုရအောင်နော်.....
သီချင်လေးကိုလိုက်ဆိုလို့ရအောင်လည်း သီချင်းလေးရဲ့ Lyric ကိုအောက်မှာရေးပေးထားပါတယ်....
အားလုံး အတွက် Happy New Year 2008 ဖြစ်ပါစေဗျာ.....

ဖြိုးငယ်


No more champagne
And the fireworks are through
Here we are,
me and you
Feeling lost and feeling blue
Its the end of the party
And the morning seems so grey
So unlike yesterdayNows the time for us to say...

Happy new year Happy new year
May we all have a vision now and then
Of a world where every neighbour is a friend
Happy new year Happy new year
May we all have our hopes, our will to try
If we dont we might as well lay down and die
You and i

Sometimes I seeHow the brave new world arrives
And I see how it thrivesIn the ashes of our lives
Oh yes, man is a fool
And he thinks hell be okay
Dragging on, feet of clayNever knowing hes astray
Keeps on going anyway...

Happy new year Happy new year
May we all have a vision now and then
Of a world where every neighbour is a friend
Happy new year Happy new year
May we all have our hopes, our will to try
If we dont we might as well lay down and die
You and i

Seems to me nowThat the dreams we had before
Are all dead, nothing moreThan confetti on the floor
Its the end of a decadeIn another ten years time
Who can say what well find
What lies waiting down the lineIn the end of eighty-nine...

Happy new year Happy new year
May we all have a vision now and then
Of a world where every neighbour is a friend
Happy new year Happy new year
May we all have our hopes, our will to try
If we dont we might as well lay down and die
You and i

Thursday, December 6, 2007

အချိန်=အလွမ်း+အချစ်

0 comments
Image
နိုးတစ်ဝက်အိပ်မက်မှာ
ချိုးရက်တွေတွက်ကြည့်သော်
ပင့်သက်ရှည်တွေချမိ
မသိသေးသောအနာဂတ်နဲ့
သတိပေးသောအသိတရားတွေကို
အဖြေတစ်ခုအတွက် အချိုးချ
သီအိုရီတစ်ခုရတော့မှ
အချိန်က မသိကိန်းဖြစ်နေပြန်တယ်...

အခြေအနေနဲ့အချိန်အခါကို တည်
ငါ့နှလုံးသားထဲကအချစ်တွေနဲ့စားတော့
အလွမ်းတွေပဲအဖြေရတယ်
အကြွင်းကတော့ သုံည....

ဘယ်တော့မှရမလဲ..
မျှော်လင့်ခြင်းတိမ်တွေကိုပေါ့
ဝရိန်ယံမှာ နေကွယ်ရင်
ကြယ်တွေသယ်ပြီးလာခဲ့ပါ....

လမင်းရဲ့ ကကြိုးမှာ
ငါ အချစ်နတ်ဆိုးမဖြစ်ချင်ဘူး
ပင်လယ်ပြင်ကိုသနားလို့
ဒီရေတွေဆန္ဒပြတဲ့ညမှာ
ရင်ခွင်ကထွက်ကျတဲ့အရာ
သေချာပါတယ်..
အဲဒါလည်း အလွမ်းပါပဲ...


ဖြိုးငယ်

Tuesday, December 4, 2007

စိတ်ခံစားချက်တစ်ချို့

0 comments
Image
  • ဘာလို့လဲတော့ မသိဘူးဗျာ...ခုတစ်လော စိတ်တွေလေနေလိုက်တာ..ဘာမှကိုလုပ်လို့မရဘူး....စာလည်းကျက်လို့မရ..ကဗျာလည်းရေးလို့မရ...သူများ BLOG တွေဆီကို သွားလည်ချင်ပေမဲ့ အချိန်က မရနဲ့ ..ဘာမှကိုအဆင်မပြေတော့ အလိုလိုနေရင်း စိတ်တွေနောက်လာတယ်လေ...အခုလည်း အသစ်ရေးချင်တာ..ဘာရေးရမှန်း အတွေးမပေါက်တာနဲ့ စိတ်ထဲရှိတာတွေပဲ ရေးနေတာ..
  • ဒါနဲ့သတင်းကောင်းတစ်ခုပေးရဦးမယ်.. ဖြိုးငယ် ဆိုတဲ့ကောင်ပေါ့..အသံဆိုးဆိုးနဲ့ဆိုပြီး လာလည်တဲ့သူတွေကို နှိပ်စက်နေတာလေ..အခုလူတွေကိုသနားလို့တဲ့ သီချင်းပြောင်းလိုက်ပြီတဲ့.... :P
  • ဒီသီချင်းလေးက ကောင်းတယ်ဗျာ..ကျွန်တော်အကြိုက်ဆုံးသီချင်းထဲက တစ်ပုဒ်ပေါ့...ညီမလေးကြာဇံကြော်..အဲ ..မှားလို့ ညီမလေးကြယ်စင်ကျော် ဆီကရတာဗျာ...နောက်တော့ ဒီမှာ တော်တော်များများကြိုက်ကြတယ်လေ..အဲဒီတော့ ...မသိသေးတဲ့သူတွေ...နားမထောင်ဘူးသေးတဲ့သူတွေ...မခံစားဘူးသေးတဲ့သူတွေအတွက်..မျှဝေခံစားလိုက်တာပေါ့ဗျာ...
  • ဟဲ...ဟဲ ...ဘာရယ်တော့မဟုတ်ပါဘူး..စိတ်ထဲရှိတာရေးလိုက်ရတော့ပျော်သလိုလိုပါပဲ....နောက်တော့လည်း အသစ်တွေတင်မှာပေါ့...ကြိုးစားနေပါတယ်...အခုလိုလာလည်တဲ့သူများကိုလည်းကျေးဇူးတင်ပါတယ်ဗျာ
  • သြော်..မမေ့နဲ့ဦးနော်..သီချင်းလေးကိုခံစားသွားဦး....ရင်ထဲကခံစားချက်တွေပေါ်လာရင်လည်း...C box မှာပြောခဲ့ဦးပေါ့....
  • အားလုံးကို ကျေးဇူးတင်ပါတယ်...

ဖြိုးငယ်

Saturday, December 1, 2007

ကျွန်တော်နှင့်အသဲနှလုံးလေးများ (1)

0 comments
Image
"ဒေါက်...ဒေါက်...ဒေါက်"
ဟာ အခုမှအိပ်ခါစရှိသေးတယ်..ဘယ်သူတွေများလဲကွာ...မြည်တွန်တောက်တီးစွာဖြင့်ကျွန်တော်တံခါး ထဖွင့်လိုက်သည်။ ဟိုက်ရှားပါး ....ကျွန်တော်၏အိပ်ချင်မူးတူးမျက်လုံးများပြူးသွားသည်။ တံခါးလာခေါက်သူများမှာ ဘယ်သူမှမဟုတ်...အသဲနှလုံးလေးများသာဖြစ်ကြသည်။
အသဲနှလုံးလေးများ ။ ။ အိပ်ပြီလားအကို...ကျွန်တော်တို့က ပျင်းနေတာနဲ့
အကိုနဲ့ စကားပြောချင်လို့ ဆွေးနွေးချင်လို့ပါ အကို။
ကျွန်တော် ။ ။ ဗုဒ္ဓေါ....ဆွေးနွေးချင်တယ်...စကားပြောချင်တယ်..ဟုတ်လား???
အသဲနှလုံးလေးများ ။ ။ ဟုတ်ပါတယ်အကို
ကျွန်တော် ။ ။ အေးကွာ..ဒါဆိုလည်း လာကြ
အသဲနှလုံးလေးများစွာ အခန်းထဲဝင်လာကြသည်။
ကျွန်တော် ။ ။ ကဲ ...ပြောပါဦး..မင်းတို့ က ဘာပြောချင်ကြတာလဲ...
အသဲနှလုံးလေးများ ။ ။ ဒီလိုပါခင်ဗျာ..ကျွန်တော်တို့က လူသားတွေပိုင်ဆိုင်ရာ
အသဲနှလုံးလေးတွေပါ အကို။
ကျွန်တော် ။ ။ အင်း...ဟုတ်ပါပြီ..ဆက်ပြောပါဦး။
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့..ကျွန်တော်တို့ဆွေးနွေးချင်တာက.....
အခုကျွန်တော်တို့အရမ်းပင်ပန်း တယ်ဗျာ..
ဘာလို့လဲဆိုတော့ ကျွန်တော်တို့အရမ်း
အလုပ်လုပ်ရတယ်ဗျာ... ဥပမာ....
online ဆိုတဲ့ နေရာမျိုးမှာပေါ့....
အမှန်ဆို လူတစ်ယောက်မှာ နှလုံးသား
တစ်ခုပဲရှိတာပါ..တစ်ဦးတစ်ယောက်ကိုပဲ
ချစ်သင့်တာပေါ့..
ကျွန်တော် ။ ။ အင်း ..ဟုတ်တယ်လေ..ဒါပေမဲ့ ..အဲဒါ ငါနဲ့ သက်ဆိုင်နေလို့လား..
အသဲနှလုံးလေးများ ။ ။ မဟုတ်ပါဘူးအကို...ကျွန်တော်တို့ ဆွေးနွေးတာပါ...
ဟုတ်ပါတယ်ရှင်...ကျွန်မ ရဲ့ သခင်မဆိုရင်
အနည်းဆုံး ယောင်္ကျားလေးနှလုံးသား
၃ ၊ ၄ ခုလောက်ကိုဖမ်းစားဖို့
အမိန့်ပေးထားပါတယ်ရှင်...
ကျွန်တော် ။ ။ ဟိုး...တော်တော်ဆိုးပါလား
အသဲနှလုံးလေးများ ။ ။ ဟုတ်တယ်ဗျ...ကျွန်တော့်သခင်ဆိုလည်း ဒီလိုပါပဲ...
အဲဒီတော့ ကျွန်တော်တို့ပင်ပန်း တာပေါ့ဗျာ...
ကျွန်တော် ။ ။ နေပါဦး...အားလုံးတော့ ဒီလိုဖြစ်မယ်မထင်ပါဘူး
အသဲနှလုံးလေးများ ။ ။ ဟုတ်ပါဘူးခင်ဗျာ....ကျွန်တော်တို့လည်း
အားလုံးကိုမဆိုလိုပါဘူး.... အနည်းငယ်ပါ
ကျွန်တော် ။ ။ ဟုတ်ပါပြီလေ...အဲဒီတော့ အကိုက ဘာလုပ်ပေးရမှာလဲ ..ပြောပါ...
အသဲနှလုံးလေးများ ။ ။ ဟာ...ရပါတယ်အကို...အခုလို ကျွန်တော်တို့ရဲ့
ခံစားချက်တွေကို နားထောင်ပေး တာအရမ်းကို
ကျေးဇူးတင်နေပါပြီ...ကျွန်တော်တို့ ရဲ့ ဆန္ဒကတော့
လွယ်လွယ်လေး နဲ့ မချစ်ကြဖို့ပဲလိုချင်တယ်....
ကျွန်တော် ။ ။ အင်း...ငါလည်းတက်နိုင်သလောက်ကူညီပါမယ်ကွာ
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့....အရမ်းကိုကျေးဇူးတင်ပါတယ်အကို..
စကားပြောလို့တော့ကောင်းပါတယ်
ဒါပေမဲ့ အကိုလည်းအိပ်ရေးပျက်နေပါဦးမယ်..
ကျွန်တော်တို့လည်းပြန်ပါဦးမယ်... ခွင်ပြုပါဦးနော်...
ကျွန်တော် ။ ။ အေး..အေး
အသဲနှလုံးလေးများ ။ ။ နောက်လည်း ကျွန်တော်တို့ ခံစားချက်တွေ ရှိလာရင်
အကို ကို လာပြောမယ်နော်...
တာ့..တာ..ဘိုင့်..ဘိုင်...
ကျွီ..ဒုန်း
တံခါးပိတ်သံကြားလိုက်ရသည်။ လန့်ဖျန့်စွာ ကျွန်တော် ငုတ်တုတ် ထ ထိုင်လိုက်မိသည် ။ အသဲနှလုံးလေးတွေရော...သြော်..ငါအိပ်မက် မက်နေတာပါလား..ဘာပဲဖြစ်ဖြစ် အသဲနှလုံးတွေပြောသွားတာ
အရမ်းမှန်တယ်ကွာ...လူသားတွေ အားလုံး ရည်းစားအများကြီးမထားသင့်ကြောင်း...နှလုံးသားလေးများကို
သနားသင့်ကြောင်း...ကျွန်ုပ် နှင့်သိသောလူအားလုံးကို ပြောပြရမည်ဖြစ်ကြောင်းတွေးတောရင်း..ပြန်လည်အိပ်ပျော်သွားပါတော့သည် ။

မှတ်ချက် ။ ။ အထက်ပါ စာများသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ရေးထားခြင်းမဟုတ်ပဲ
ကျွန်ုပ် ၏ စိတ်ကူးသက်သက် သာဖြစ်ပါ၍ တိုက်ဆိုင်မှုရှိခဲ့ နားလည်ခွင့်လွတ်ပေးကြပါ...


ဖြိုးငယ်



Friday, November 23, 2007

ဇာတ်ဆရာသို့တောင်းဆိုချက်

1 comments
Image
ကံကြမ္မာအလှည့်ပြောင်း
ဟတ်ချလောင်း ဆိုမျက်လှည့်ပြလိုက်သလား
ဘ၀ဇာတ်ဆရာရဲ့ပွဲမှာ
ငါဟာ ဇွဲဆုတွေ အကြိမ်ကြိမ် ပိုက်လို့ပေါ့....

နွဲလိုက်တဲ့ ပွဲတိုင်းမှာ
အလဲလဲ အကွဲကွဲ မရှုံးပေမဲ့
ရုန်းခဲ့ရတာ မနည်းပါဘူး...

နေခြည်ဖျန်းတဲ့ ဘ၀လမ်းကို
တစ်ချိန်မှာ လှမ်းနိုင်ဖို့
ထမ်းရတဲ့ဝန်နဲ့
ငါဆင်တဲ့အကွက်တွေက
ရင်ထက်ကပန်းတစ်ပွင့်ကိုတောင်
စတေးရစ်ခဲ့ရတယ်....

ဇာတ်ဆရာအလိုကျ
ငါတို့ က ရမှာပါ
ဒါပေမဲ့
ခံစားချက်တွေခုန်ကြွလာတဲ့အခါ
နှလုံးအုံရဲ့ရင်ခုန်သံကို
ကဗျာဟန်လေးရဲ့အဖြစ်
ရေးစပ်ခွင့်ပြုဗျာ....

ဖြိုးငယ်

ပုံရိပ်ဟောင်း

1 comments
Image
အချိန်တွေပြောင်းခဲ့ပေမဲ့
ပုံရိပ်ဟောင်းတွေက
မပြောင်းလဲပါဘူး
ဆောင်းဆိုရင်သတိရတယ်.....

အရင်ကပေါ့
ချိုမြတဲ့အပြုံးတွေနဲ့
အဆုံးကိုမသိသေးတော့
ပြုံးပြုံးလေးပဲနေခဲ့တယ်.....

ရေတွက်ခဲ့တဲ့ကြယ်တွေနဲ့
ကျေနပ်ခဲ့တဲ့အချိန်တွေ
တိမ်တွေလိုလွင့်ပျောက်
အမှောင်တွေရောက်တဲ့ညမှာ
ကြယ်တွေရေဆင်းသောက်ကြတယ်....

ငါတစ်ယောက်ကတော့
လှေမှောက်ပြီး ကမ်းပျောက်
မေခလာလည်းမရောက်တဲ့
နှလုံးသားသမုဒ္ဒရာမှာ
မြုပ်လိုက်စုပ်လိုက်နဲ့ပေါ့....

ဖြိုးငယ်



Thursday, November 22, 2007

ကူညီပါဦး

1 comments
Image
လျှက်တပြတ်အတွင်း
မတ်တပ်ရပ်ကြည့်ရင်း
လမင်းရဲ့မျက်နှာမှာ
ချစ်သူမပါသေးပါလားနော်

ယုန်လေးရယ်
ပုံပေးထားတဲ့ငါ့နှလုံးသားကိုယူ
ငါချစ်သောသူဆီသွား
သူအား ပေး ပေးပါလားဗျာ.....

ငေးမောရတာနဲ့
တွေးတောရတာတွေအတွက်
ရေးသောကဗျာတွေကို
သက်သေ အဖြစ်ယူသွားပါနော်...

ရက်တွေကြာလာရင်
မျက်ရည်တွေပါလာလိမ့်မယ်
ထပ်နေတဲ့အလွမ်းတွေကို
နှင်းဥတို့ပျော်တဲ့ဆောင်းမှာ
ငါရောင်းလိုက်ချင်တယ်...
နေရာသိရင် ကူညီကြပါဗျာ....

ဖြိုးငယ်

Wednesday, November 21, 2007

လိုအပ်ခြင်း

1 comments
Image
အပိုတွေမဆိုပါ
လိုနေတာမင်း
နှလုံးသားရဲ့ပြတင်းပေါက်မှာ
အလင်းရောက်ဖို့
မင်းတစ်ယောက်တော့လိုပါတယ်

ပျင်းခြောက်ခြောက်နံနက်ခင်းဟာ
ပျော်ရွှင်ခြင်းတွေပျောက်နေတယ်
နှင်းပြောက်တွေနဲ့
နင်းလျှောက်တဲ့လမ်းမှာလည်း
မင်းတစ်ယောက်လိုပါတယ်

အလင်းမဲ့ညခင်းမှာလည်း
လမင်းကသာခြင်းကင်း
ကြယ်စင်ရဲ့သီချင်းကိုရော
မင်းကြားနိုင်ပါ့မလား
ငါ့လွမ်းချင်းကိုဖြေဖျောက်ဖို့
မင်းတစ်ယောက်လိုပါတယ်..


ဖြိုးငယ်

Friday, November 16, 2007

သက်သေ

0 comments
Image
သစ်ရွက်တွေကြွေလိုက်
မိုးတွေစွေလိုက်
နှင်းတွေဝေလိုက်နဲ့
တိတ်တိတ်လေးလည်ပတ်
ရာသီရဲ့စက်ဝိုင်းချပ်ကို
ပြက္ခဒိန်တွေက သက်သေထပ်တယ်...

လွမ်းဆွတ်မှု အသင်္ချေ
သတိရခြင်းရက်ပေါင်းရှည်နဲ့
တမ်းတခြင်းနေ့ပေါင်းတွေကိုတော့
ငါ့သစ္စာတွေက သက်သေပြတယ်
မင်းတွေ့ပါစေချစ်သူရယ်....

ဖြိုးငယ်

ငါ့အထင်

0 comments
Image
ပန်းမကြွေတဲ့ လမ်းတွေပေါ်
အလွမ်းပြေ လှမ်းလျှောက်ရင်း
နမ်းနေကြ ပါးပြင်နုနဲ့
ဖြူဖွေးဥ လက်ဖ၀ါးတွေ
အခုတော့အိပ်မက်လား
အဆိပ်တက် ရမ္မက်မီးမှာ
တစ်ချက်တစ်ချက် ငါညီးတဲ့
အလှနတ်သမီးရဲ့ပုံပြင်
ယုံချင်ယုံ မယုံချင်နေ
ငါ့ရင်ခွင် သူ့ပါးအပ်တုန်းက
အတပ်မက်ဆုံးရင်ခုန်သံကို
သူကြားနိုင်ခဲ့မှာပေါ့....

ဖြိုးငယ်

အိမ်လွမ်းသူ

0 comments
Image
အတွေးမပေါက်တဲ့
ကလေးတစ်ယောက်ရဲ့ကောင်းကင်
တိမ်ညိုတွေဆင်တိုင်း
အိမ်ကိုပင်ပြန်ချင်တယ်....

နှင်းမြူတွေဝေတိုင်း
ငါ့စိတ်တွေဝေခဲ့တယ်
ချစ်သောကမ္ဘာမြေမှာ
ငါဖြေစရာမရှိခဲ့ဘူး....

ဝေဒနာအပူမီးကို
သေရာမပါအောင်လို့
ဖြေသာသလိုနေရပေမဲ့
မေ့မရတဲ့ ကလေးဘ၀ကို
တစ်ခါပြန်ပြီးရခွင့်ရှိရင်
မေမေ့အိမ်ထဲမှာ ပြေးလွားဆော့ရင်း......
.................................................
.................................................
..................................................
...................................................။

ဖြိုးငယ်

Thursday, November 15, 2007

တိမ်တိုက်လေးရဲ့အိပ်မက်

1 comments
Image
အိပ်မက်အတွေးတွေနဲ့
တရိပ်ရိပ်ပြေးနေတဲ့လရောင်ကို
တစ်စိမ့်စိမ့်ငေးနေတဲ့ပင်လယ်ပြာ
သူ့ကိုယ်ပေါ်ထင်လာမဲ့အရိပ်ကို
တိတ်တဆိတ်စောင့်စားရင်း
ချွေးသိပ်ရပေါင်းများပြီ....

လစန္ဒာဆီအရောက်သွားဖို့
ပင်လယ်ဆိုတဲ့ကောင်က
နေရောင်ကိုစောင့်တယ်
သူရိန်မင်းအပူခင်းရင်
အငွေ့အယောင်ဖန်ဆင်းရင်း
လူတွေမသိအောင် မိုးပေါ်တက်
တိမ်ချပ်တွေလုပ်လိုက်တယ်.....

အရှိန်အရောင်တွေမထွက်လို့
ကြယ်တွေလိုမင်းအနားမကပ်နိုင်ပေမဲ့
အဖြူရောင်လက်တွေနဲ့
အဝေးတစ်ဖက်မှာ
မင်းအတွက်ရွေ့လျှားနေမယ်...

မင်းကိုမတွေ့ရတဲ့ညတွေဆို
ကြယ်တွေကိုမုန်းလို့
ငါလည်းပုန်းနေမယ်
မင်းမျက်နှာပြုံးတဲ့ညမှာ
ငါ့အိပ်မက်ကလေးလှပါရစေ....

ဖြိုးငယ်

ဝါသနာ

1 comments
Image
ငါ့အရေးအသားတွေက
ကလေးကလားဆန်နေရင်တောင်
ငါ့အသွေးအသားထဲမှာ
တန်ဖိုးတွေထား ထားတယ်
အမှန်နိုးကြားနေတဲ့ငါ့စိတ်တွေကို
အိပ်လိုက်ရမှာနှမြောလို့
တိတ်တိတ်ကလေး ကဗျာရေးနေမယ်....

ဖြိုးငယ်

Wednesday, November 14, 2007

ချစ်ပဒိုင်းနဲ့မိုးခါးရေ

1 comments
Image
ချစ်ခဲ့တုန်းကသည်းသည်းလှုပ်
မုန်းတော့လည်းအသဲတွေပြုတ်အောင်
မင်းထားလိုက်တဲ့အနုတ်လက္ခဏာ
အချစ်ဘက်မှာအမုန်းခြေရာထပ်ခဲ့
အပြုံးတစ်ချက်တောင်မမြင်ရဘူး
နှုတ်ဆက်ခဲ့တဲ့နေ့ကို ငါမုန်းတယ်.....

အသဲတွေပေါက်အောင်ချစ်ခဲ့သူ
အခုတော့ သည်းနေတဲ့မိုးကိုပဲအပြစ်ဆိုရမလား
အချစ်လိုနေတာမင်းမသိဘူး
အမုန်းဆူးတွေနဲ့
ပြုံးဖူးတဲ့ မင်းမျက်နှာကို
ငါ့ဘာသာစိတ်နာတယ်.....

အတိတ်ကိုပြန်မျှော်ရင်
ပျော်ဖူးတဲ့နေ့တွေက
အချစ်ရူးတစ်ယောက်ရဲ့အိပ်မက်ပါ
ဆုပ်လည်းဆူးမဲ့အတူတူ
ရူးလည်းရူးပါစေတော့
ငါစားလိုက်တော့မယ်..

ဖြစ်ခဲ့တာတွေမေ့
မင်းအပြစ်တွေအာပတ်ဖြေနိုင်တဲ့နေ့မှာ
ငါရင်ကကြိုနေမှာပါ
အခုတော့လည်းလေ
ပေးခဲ့တဲ့ကတိတွေမေ့
နောက်တွေ့တဲ့ရင်ခွင်မှာ
မင်းပျော်ရွင်နေပြီပေါ့....

ဒုတိယဆိုတာ
ပထမကိုမကျော်နိုင်ဘူး
ကြားဖူးတာပါ
ဒါပေမဲ့လည်း
ဒုတိယက ပထမကိုအနိုင်ယူ
ဦးဆုံးလူရဲ့ရင်ခွင်ညှာ
ကမ္ဘာမြေမှာပျောက်ကုန်ပြီ.....

ဝေဒနာတွေကို
မကြေငြာတော့ပါဘူး
ဖြေစရာမကျန်တဲ့
သေရွာပြန်ငါ့နှလုံးသားကို
ချစ်ပဒိုင်းတွေစားခိုင်းပြီးမှတော့
မိုးခါးရေတစ်ခွက်လောက်
ငါဆက်သောက်ချင်တယ်.....

ဖြိုးငယ်

Tuesday, November 13, 2007

လွဲချော်ခြင်း

1 comments
Image
အအေးဆိုင်တစ်ဆိုင်၏ တစ်နေရာ စားပွဲတစ်လုံးတွင် ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်ထိုင်နေကြသည်။
ကောင်လေးက ကောင်မလေးကိုရည်းစားစကားပြောရန် ရည်ရွယ်ထားပုံရသည်။
ဘယ်ကစပြောရမှန်းမသိ၍ ကောင်လေးက စကားစ ရှာနေသည်။
ကောင်လေးက စပြီး ကောင်မလေးကိုမေးတယ်။
ကောင်လေး ။ ။ အာဒံက ဧ၀ကိုဘာပြောခဲ့လဲ သိလား...
ကောင်မလေး ။ ။ ဘယ်သိမလဲဟ...ငါကဧ၀မှမဟုတ်တာ..။
ကောင်လေး ။ ။ ဒါဆို ရိုမီယိုက ဂျူးလိယက်ကို လာပြောခဲ့လဲ..။
ကောင်မလေး ။ ။ ငါမှသူတို့ကိုမမှီလိုက်တာ...ပြောတက်ပါဘူး...။
ကောင်လေး ။ ။ ဒုက္ခပဲ..ဟို ခွန်ဆန်လောက နန်းဦးပြင်ကို ဘာပြောခဲ့လဲ..။
ကောင်မလေး ။ ။ သူတစ်နေ့ပြန်လာမယ်လို့ပြောခဲ့တယ်လို့ စာထဲမှာဖတ်ဖူးတယ်..။
ကောင်လေး ။ ။ ကောင်းရော..။ ရာမက မယ်သီတာကို ဘာပြောခဲ့လဲဟာ..။
ကောင်မလေး ။ ။ ဇာတ်ထဲမှာတော့ ကပဲကနေတာပဲ တွေ့တယ်..ဘာမှပြောတာမတွေ့ဘူး..။
ကောင်လေး ။ ။ ဟာ လွဲပြန်ပြီ..။ ဒါဆို....မင်းနန္ဒာက ရှင်မွေးလွန်းကို ဘာပြောခဲ့လဲသိလား ....။
ကောင်မလေး ။ ။ သူ ငမိုးရိပ် ပါးစပ်ထဲကနေ လာခဲ့မယ်လို့ပြောခဲ့တယ်လေ....။
ကောင်လေး ။ ။ ရော်....ခက်ပါလား...မင်းကုသကရောဟာ ပပ၀တီကိုဘာပြောခဲ့လဲ....။
ကောင်မလေး ။ ။ ပပ ထူမှ ထ မယ်တဲ့ ...။
ကောင်လေး ။ ။ တောက်...ဘယ်လိုပြောရပါ့မလဲ...နင့်အဖိုးက နင့်အဖွားကို ဘာပြောလဲ....။
ကောင်မလေး ။ ။ သိဘူးလေ..။ သူတို့က ငါကို မမွေးခင်တည်းက ဆုံးသွားတာ..။
ကောင်လေး ။ ။ အေးဟာ...ဒါဆို နင့်အဖေက နင့်အမေကို ဘာပြောခဲ့လဲဆိုတာတော့သိမှာပေါ့..
ကောင်မလေး ။ ။ အင်း..မနက်ကတော့ ရုံသွားတော့မယ်လို့ပြောသွားတာကြားလိုက်တယ်...။
ကောင်လေး ။ ။ ဟိုက် ! ....သေဟ...(နဖူးကိုလက်နှင့်ရိုက်လျှက် )
ကောင်မလေး ။ ။ တော်ပြီဟာ..ငါသွားတော့မယ်...နင်ကဘာတွေမေးနေမှန်းလဲမသိဘူး...။
ဒီလိုနဲ့ပဲ ကောင်မလေးက ထွက်သွားပါတယ်...။ ရည်းစားစကားမပြောတက်တဲ့ ကောင်လေးလည်း တစ်ယောက်တည်းကျန်ခဲ့ပါတယ်...။အဲဒီကောင်လေးက စိတ်တိုတိုနဲ့ ဘာမှမဆိုင်ပ

ကြိမ်ဆဲခံလိုက်ရတာကိုတော့ မြှားနတ်မောင်တစ်ယောက် မသိခဲ့ပါလားလေ.....။

ဖြိုးငယ်

Monday, November 12, 2007

ကြောက်တက်တဲ့အကောင်လေးတွေ

0 comments
Image
ညီမလေးနှင်းသဇငကနောက်တစ်ခု tag လာပါတယ်...ကြောက်ရတဲ့ သတ္တ၀ါများတဲ့..ခက်တာပဲလေ..ကြောက်ရတဲ့သတ္တ၀ါဆိုလို့ သတ်သတ်မှတိမှတ်မရှိပါဘူး.....ဒါပေမဲ့ နည်းနည်းကြောက်တဲ့ အကောင်လေးတွေတော့ရှိတယ်....ဒိုင်နိုဆောတို့လို အကောင်ကြီးတွေမဟုတ်ပါဘူး ....
အကောင်သေးသေးလေးတွေပါ .....ဒါကလည်းဖြစ်တက်ပါတယ်....တစ်ချို့တွေဆို ဘာမဟုတ်တဲ့ ပုရွက်ဆိတ်လေးတွေတောင်ကြောက်တက်ကြတာပဲလေ...ကျွန်တော်ဦးလေးတစ်ယောက်ရှိသေးတယ်...သူက တောက်တဲ့ နဲ့ အိမ်မြှောင်ဆိုရင်အရမ်းကြောက်တာ..ကြောက်တော့ အမြင်ကပ်ရော...
အိမ်မြှောင်တို့ တောက်တဲ့တို့ တွေ့ပြီဆိုရင် လေးခွနဲ့လိုက်ဖြစ်တာပဲ....
ထားပါတော့ကျွန်တော်နည်းနည်းကြောက်တဲ့အကောင်တွေက...ပံ့ကူနဲ့ပုတုန်း လေ..
ရာဇ၀င်လေးရှိတယ်...ပြောပြမယ်...

ကျွန်တော်ငယ်ငယ်ကပေါ့....သုံးတန်းပဲရှိသေးတယ်...တစ်နေ့.....စာသင်နေရင်းနဲ့
အပေါ်ကိုမော့ကြည့်မိတယ်...အဲဒီအချိန်မှာ အပေါ်ထုပ်တန်းပေါ်ကနေ မည်းမည်းအကောင်တစ်ကောင် အောက်ကိုထိုးဆင်းလာပါတယ်...ကျွန်တော်လည်းဘာမှန်းမသိပဲ ကြောင်ကြည့်နေတုန်း...အဲဒီအကောင်က

ကျွန်တော်လက်ပေါ်ကို တစ်ဟုန်ထိုး ဆင်းလာပြီး တုပ်ပါလေရော...ကျွန်တော်လည်းဘာလုပ်ရမလဲ မသိဘူးဖြစ်သွားတယ်....နာတာနဲ့ မသိစိတ်ကပဲ အဲဒီအကောင်ကိုရိုက်ထုတ်လိုက်ပါတယ်.....တုပ်ခံရတုန်းက ဆစ်ကနဲဖြစ်သွားပြီး နောက်တစ်ဖြည်းဖြည်းနာလာပါလေရော..အဲဒါနဲ့ အိမ်လည်းပြန်ရောက်ရော
အဖေ..အမေ တို့ကိုပြောပြလိုက်တယ်...အဖေနဲ့အမေ က ဆေးတွေလိမ်းပေးပါတယ်...ဒါပေမဲ့ နှစ်ရက်လောက်ယောင်သွားတယ်...အဲဒီတည်းက အဲဒီအကောင်ကို မုန်းလည်းမုန်းသွားတယ်..
ကြောက်လည်းကြောက်သွားတယ်..နောက်စာရင်နေရင် အပေါ်ကိုပဲ မော့မော့ကြည့်နေမိတယ်...
နောက်မှသိရတယ်..
ကျွန်တော်ကိုတုပ်လိုက်တာ...ပုတုန်းလို့ခေါ်တဲ့အကောင်ဆိုတာလေ...
အဲဒီတည်းက ပုတုန်းဟာ ကျွန်တော့်ရဲ့ ကမ္ဘာမကြေ အကောင်ဖြစ်သွားရတာပါ......

နောက်တစ်ကောင်က ပံ့ကူပေါ့...သူကတော့ ကျွန်တော်ကိုတိုက်ရိုက် ဒုက္ခမပေးဖူးပါဘူး....
ကျွန်တော်နဲ့သိတဲ့တောင်တောင်များများကိုတော့ ဒီကောင်ဂြိုလ်မွှေခဲ့ဖူးတယ်...တစ်ခါကျွန်တော့်အမကို ယှက်ဖူးသေးတယ်...လက်ကြီးယောင်နေတာ သုံးရက်လောက်ကြာတယ်...
တော်သေးတာပေါ့လက်ကိုအယှက်ခံရလို့...
သူများတွေဆိုရင် မျက်နှာတွေ ဘာတွေ အယှက်ခံရတာလေ..မျက်နှာဆိုယောင်လို့....သနားစရာလေးတွေပါပဲ....အဲဒီတည်းက ပံ့ကူ ကိုမုန်းနေတာ....ကြောက်နေတာ အခုထိပဲလေ...

ဒီလောက်ပါပဲဗျာ...ကျွန်တော်ကသိပ်မှမကြောက်တက်တာ..အကြောက်ဆုံးတစ်ခုတော့ရှိတယ်..အဲဒါသတ္တ၀ါတော့မဟုတ်ဘူး..ဘာလဲဆိုတာ့ သစ္စာမရှိတဲ့မိန်းမပါ..အဲဒါကတော့လမ်းကြုံလို့ပြောတာပါ...ကြည့်မရဆုံးကတော့ အသားလွတ် မာနကြီးတဲ့ မိန်းကလေးတွေကိုပါ...ဒါလေးကလမ်းကြုံလို့ကြော်ငြာဝင်တာပါ...

ဖြိုးငယ်

Saturday, November 10, 2007

ဓါးပြတိုက်ခံရသော နေ့တစ်ရက်

1 comments
Image
တစ်နေ့ ညီမလေးနှင်းသဇင် က သူတို့ဓါးပြတိုက်ခံရကြောင်း..ကိုဖြိုးငယ်တို့လည်းသတိထားနေသင့်ကြောင်း အကြောင်းကြားလာပါသည်။ အင်းလေ..သတိပေးတော့လည်းသတိထားနေရတာပေါ့..ဒါပေမဲ့ ကိုယ်ကယောင်္ကျားလေးပဲ..သိပ်တော့မကြောက်ပါဘူးလေ...

ဒီလိုနဲ့..တစ်နေ့ကျောင်းက အပြန်...အချိန်က ညနေ ၅း၃၀ လောက်သာရှိသေးပေမဲ့ ဒီမှာက အခုအချိန်ဆို ၄း၃၀ လောက်ဆို မှောင်နေပြီ..ကျောင်းကအပြန် ၀ယ်စရာလေးတွေရှိလို့ ဆိုင်ဝင်နေတာနဲ့ ပြန်လာတော့ တစ်ယောက်ထဲဖြစ်နေတယ်...အဆောင်ကိုပြန်တဲ့လမ်းကလည်း အနည်းငယ် လူပြတ်နေပါတယ်..ရုတ်တရက်..

ဓါးပြ ။ ။ ဟိတ်...မလှုပ်နဲ့...ဘိန်းမုန့်...
ဟင်..ဘာများလည်းမှတ်တယ်..ဒီအချိန်ကြီး ဘိန်းမုန့်လာရောင်းနေတဲ့သူကလည်းရှိသေးတယ်..
ကျွန်တော် ။ ။ မ၀ယ်သေးဘူးဗျာ..
ဆိုပြီးခြေလှမ်းတွေပြန်စတော့....
ဓါးပြ ။ ။ ရပ်....ငါဘိန်းမုန့်ရောင်းနေတာမဟုတ်ဘူးကွ..ဓါးပြကွ..မင်းကိုဓါးပြတိုက်နေတာ..
ဗန်းစကားကိုနားမလည်ဘူး လား...ရှိတာအကုန်ထုတ်. ဘိန်းမုန့်တဲ့.. မင်းကိုပြောရတာခက်လိုက်တာကွာ ..
ဟာ ...ဒုက္ခ...ဓါးပြတဲ့...ဒါမျိုးလွယ်လွယ်နဲ့ဘယ်ရမလဲကွာ...ဖြိုးငယ်အကြောင်းသိရမှာပေါ့..ကျွန်တော့်
အတွေးစတို့မဆုံးသေးခင်

ဓါးပြ ။ ။ ဟေ့ကောင် နောက်လှည့် ကြားလား...
ကျွန်တော် ။ ။ လှည့်ဆို လှည့်ပြီကွာ.... ဟင်...
ကျွန်တော်ကြောင်တောင်တောင်ဖြစ်သွားတယ်...ဘယ်သူမှလည်းမရှိပါလား....ဟိုကြည့် ဒီကြည့်လုပ်နေတုန်း
ဓါးပြ ။ ။ ဟေ့ကောင်.....ငါဒီမှာကွ..မင်းရှေ့တည့်တည့်မှာ..အောက်ကိုငုံ့ကြည့်လိုက်..
ကျွန်တော် ။ ။ ဟိုက်ရှားပါး...ဓါးပြသာဆိုတယ်..လူပုလေးတွေပါလား ..ဟား ..ဟား ဟား
ဓါးပြ ။ ။ ဟေ့ကောင်..ရယ်မနေနဲ့ ...မင်းမကြားဘူးလား....ဓါးပြတက်ပုအဖွဲ့ ဆိုတာ ငါတို့ပဲ...
လူကောင်သေးပေမဲ့ အဆိပ်ပြင်းတယ်နော်....ကြာတယ်ကွာ..မင်းအိတ်ထဲမှာရှိတာ အကုန်ပေးစမ်း
ကျွန်တော် ။ ။ ဟာ..ဘာလို့ပေးရမှာလဲ.....
ဓါးပြ ။ ။ သြော် ....မင်းကအာခံချင်တာလား....ဒီအတိုင်းအေးအေးဆေးဆေးပေးရင်..ပေး .....မပေးရင်လူကိုပါချမ်းသာမပေးဘူး...ငါ့ညီမနဲ့ ပေးစားဖြစ်မယ်...
ဟာ..ပွတာပဲ..တော်တော်သဘောကောင်းတဲ့ဓါးပြပဲ...ညီမကိုတောင်ပေးမယ်ဆိုပဲ...ဟီး ဟီ..မိုက်တယ်ကွာ.....ငါကွ..ကံတော်တော်ကောင်းတာပဲ...
ဓါးပြ ။ ။ အေး...ဒါပေမဲ့ ...ငါညီမမှာ ၄လုံးရှိတယ်နော်
ကျွန်တော် ။ ။ ဗျာ.....ဒါဆိုလည်း လိုချင်တာ ယူပါဗျာ..လူကိုတော့ချမ်းသာပေးပါ...
ဓါးပြ ။ ။ အေး ဒီလိုမှပေါ့ကွ...မင်းကျောပိုးအိတ် ထားခဲ့......
ကျွန်တော် ။ ။ ဒါပေမဲ့ တစ်ခုလောက်ပြောပါရစေ..ကျွန်တော်က ကျောင်းသားဆိုတော့ စာအုပ်လေးတော့ ပြန်ပေးပါဗျာ....
ဓါးပြ ။ ။ အင်းလေ.....မင်းစာအုပ်တွေကို ငါတို့အတွက်လည်းအသုံးမ၀င်ပါဘူးလေ..ပြန်ယူသွား
ကျွန်တော် ။ ။ ဟုတ်ကဲ့ ..ကျေးဇူးပါပဲ..သွားမယ်နော်...နောက်လည်းကြုံရင်း ခေါ်ပေါ့....ဘိုင် ဘိုင်

အင်း ဒီလိုနဲ့...ဓါးပြရဲ့ညီမကိုကြောက်ရတာနဲ့ ကျွန်တော်ရဲ့ TRI အိတ်လေးထဲမှာ ပါသွားတာတွေကတော့.......
၁။ပိုက်ဆံအိတ် နီညိုရောင်တစ်လုံး
၂။mildseven ဆေးလိပ်တစ်ဗူးနဲ့မီးခြစ်တစ်လုံး
၃။ Motorola အမျိုးအစား ဟမ်းဖုန်းတစ်လုံး
၎။သော့တွဲတစ်စုံ
၅။ဘောပင်၃ချောင်းနဲ့ခဲတံ ၂ ချောင်း


ဖြိုးငယ်

ညီမလေး နှင်းသဇင်ရေ..အကိုရေးလိုက်ပြီနော်........

Wednesday, November 7, 2007

ပိုင်ရှင်မဲ့ မီးခိုးတန်းများ

0 comments
Image
ခံစားချက်တွေပေါက်တိုင်း
တစ်လိပ်ပြီးတစ်လိပ်သောက်တက်တဲ့ဆေးလိပ်တွေ
မီးခိုးထဲကအတွေးစများနဲ့ငါမသိသေးတဲ့ အနာဂါတ်
တစ်ချက်တစ်ချက် ကြောက်မိတယ်....


အားတိုင်းနားထောင်တက်တဲ့သီချင်းတွေနဲ့
မျှော်လင့်ခြင်းသတင်းတွေ
သံစဉ်ကြားကရည်မှန်းချက်များနဲ့
အပြီးမသတ်နိုင်တဲ့သတိရခြင်း
ငါ့ရင်တွင်းတံခါးမှာရှိတယ်....


အနာဂါတ်ရဲ့ဖန်ဆင်းရှင်နဲ့
ချစ်ခြင်းတရားရဲ့မြားနတ်မောင်
ထိချက်မှန်အောင်ဆုတောင်းရင်း
ကမ္ဘာအပတ်ကို ငါရေတွက်နေတယ်....


ရင်ခွင်တံခါးကပေါက်ကွဲသံနဲ့
အချိန်မှန်နာရီတစ်လုံးကိ
ကဗျာကာရန်တစ်ချို့နဲ့
ငါစီးဆင်းထိုးထားတယ်......


အဓိပ္ပါယ်မဲ့လေပြင်းတစ်ချက်ခြွေချတိုင်း
ခပ်ပျင်းပျင်းကြွေကျသွားရတဲ
ရာသီမဲ့ပန်းတစ်ချို့နဲ့
ငါနမ်းဖို့လည်း သူမရှိသေးတော့
လမ်းဘေးမှာပဲ ငိုရတယ်.....


တမ်းတတေးလည်းမဆိုချင်ဘူး
မှန်းဆတွေးရင်းမငိုချင်ဘူး
လိုချင်တဲ့အရာကိုကာရန်တွေတပ
ကဗျာတွေအဖြစ်သီထပ်ပြီး..
တစ်ရွက်ပြီးတစ်ရွက်စပ်နေမယ်....


ငါရေးတဲ့ကဗျာရွက်တွေမှာ
အလွမ်းသာထပ်နေပေါ့
တက်မက်နေတဲ့ပန်းတစ်ပွင့်ကို
ရင်ခွင်ထက်မှာ လှမ်းဆင့်ဖို့
ကမ္ဘာတစ်ဝက်မလိုပါဘူး
ကြင်နာသူရေ...
မင်းလက်တစ်ဖက်သာကမ်းပါကွာ..


ဖြိုးငယ်

နှစ် အချိုး တစ်

0 comments
Image
လှေနံနှစ်ဘက်နင်းချင်ရအောင်
မင်းကရေးကူးချန်ပီယံလား
သေဖူးရင်တော့
ပျဉ်ဖိုးနားလည်ကောင်းပါရဲ့...

အဆီတွေဝင်းနေပေမဲ့
သဲတွင်းထဲကအသားကို
မင်းက မက်မောချင်နေတာလား
သနားစရာကွာ...

ရာဇ၀င်မှာစာတင်ချင်တာလား
ဂရင်းနစ်စံချိန်ဝင်ချင်တာလား
နာနတ်မလေးရေ
မင်းအပင်မှာတစ်လုံးပဲသီးတာလှပါတယ်ကွယ်

ငါးစိမ်းလည်းလိုချင်
ငါးကင်လည်းမပစ်နိုင်တဲ့
ကြောင်မလေးရေ
မင်းအချစ်ကဘယ်လိုမျိုးလဲ....

နှလုံးသားတစ်ခုမှာ
အချစ်နှစ်ခုကို
တစ်ချိန်တည်းစုထားနိုင်လို့လား
မင်းသေချာစဉ်းစားပါ...

ဖြိုးငယ်

မှတ်ချက်။ ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ရေးသားခြင်းမဟုတ်ပါ..ကျွန်တော့်စိတ်ကူးထဲမှပေါ်လာသည်ကိုရေးသားထားခြင်းဖြစ်ပါသည်။ တိုက်ဆိုင်မှုရှိက ခွင့်လွတ်နားလည်ပေးစေချင်ပါတယ်။

Friday, November 2, 2007

ရင်တွင်းစကား

0 comments
Image
တစ်ခဏတာအတွင်းချစ်မိသွားပေမဲ့
တစ်ဘ၀စာအတွက်ပါချစ်သူ
အလှသစ္စာတရားတွေကို
ဘ၀သစ်မှာထားရဖို့
ဖွင့်လှစ်ခဲ့တဲ့ရင်ခွင်နန်းတော်မှာ
မင်းပျော်ပါစေချစ်သူ...


ဘ၀ဆိုတာ
အလှမပါပါဘူးချစ်သူ
အရသာဆိုတာ
အချစ်ပါပဲကွာ
ပစ်ခွါမခွဲပဲ
သစ္စာရဟတ်ထဲ
တို့လက်တွဲလို့
အမြဲလည်ပတ်ကြမယ်လေ....


ဘ၀သံသရာအရှည်
အချစ်အဖန်တစ်ရာတွေနဲ့
ရတုအဆက်ဆက်မှာ
အခုထက်တိုးပြီး ချစ်နေမယ်...


ဖြိုးငယ်

တူသလားလို့...

0 comments
Image
မထင်မှတ်ပဲ မမနှင်းဆီနီ ဆီရောက်ရင်းနဲ့တွေ့ခဲ့တာပါ..ဒါနဲ့ စိတ်ကူးပေါက်လို့ စမ်းကြည့်တာပါ...မိတ်ဆွေတို့လည်းဝါသနာပါရင်စမ်းကြည့်ကြပေါ့နော်...


Image

ဖြိုးငယ်

Wednesday, October 31, 2007

သြော် ဘ၀ ဘ၀..

0 comments
Image
သြော် ဘ၀ ဘ၀..
ခေါက်ဆွဲခြောက်တစ်ထုတ်နဲ့ ချွေးသိပ်ရပေါင်းမနည်းတော့ဘူး
ဝမ်းဟာဟာနဲ့ ကျောင်းလာခဲ့တဲ့နေ့တွေကလည်းအသင်္ချေ
အိပ်ရေးမ၀တဲ့ရက်ပေါင်းက ထောင်သောင်းချီ
စာကြည့်လိုက် ကဗျာရေးလိုက်နဲ့ အိပ်တာနောက်ကျခဲ့တာကလည်း မရေမတွက်နိုင်.....

သြော် ဘ၀ ဘ၀..
အေးမြလှတဲ့အမေ့အိမ်ဆိုတာကလည်းဘာမှန်းမသိ
ငါနေတဲကမြို့လေးနဲ့လည်းဝေးလှဘိ
ပျော်စရာဆိုတာ နထ္ထိ
ဒုက္ခအတိနဲ့ရက်ပေါင်းသံသရာ
အဖန်တစ်ရာမကတဲ့ ဒဏ်ရာတွေက ဗလပွ.....

သြော် ဘ၀ ဘ၀..
ငါတို့တွေ့ရဦးမှာပါ
မျှော်လင့်ချက်တွေပြည့်တဲ့နေ့တွေပေါ့
အခုမှတော့ လက်မလျှော့နဲ့ ဇနက္ကရေ
လမ်းတစ်ဝက်ရောက်မှတော့
အားလျှော့ကာ အလံဖြူမပြနဲ့
မေခလာမရှိလည်း
ကမ်းအထိတော့ ငါကူးမယ်.....

သြော် ဘ၀ ဘ၀..
ဘယ်လိုပင်ဒုက္ခတွေရလည်း
အမေ့ဆီဖုန်းခေါ်ကြရင်တော့
ကမ္ဘာ့အဆင်ပြေဆုံးနဲ့အကျန်းမာဆုံးဆုကို
ငါတို့ပိုင်ဆိုင်ခွင့် အကြိမ်ကြိမ်ရခဲ့တယ်
အဖေ အမေတို့ မသိလေစွ.....

ဖြိုးငယ်

မွေးနေ့ချစ်သ၀ဏ်

0 comments
Image
Image

Tuesday, October 30, 2007

အရူး

0 comments
Image
မိုးရွာထဲရောက်နေပေမဲ့
ငါ့စိတ်တွေ ရေမခံချင်ဘူး...
မိုးသည်းတုန်း ထွန်မချ
ဗွက်ထတယ် ထင်မိသူ
ငါစားသုံးနေတဲ့ ပညာတွေက ဘာအတွက်လဲ????

မိုးရွာတုန်း ထွန်ချ
အမြင်မှန်ရဖို့
ဟင်း...
အိပ်ယာထရဦးမယ်လေ....

ဖြိုးငယ်

စိတ်ကူးအိပ်မက်

0 comments
Image
ညာဘက်မှာ ပညာ
ဘယ်ဘက်မှာ ကြင်ယာ
လောကဓာတ်မှာ ပြောစမှတ်တွင်ပြီ
ငါဟဲ့ ယောင်္ကျား......

ပြောစကားကလွယ်တယ်
မောအားကြီးနေတဲ့ ဦးနှောက်
ကုန်းကောက်စရာမကျန်လည်း
မှတ်ဥာဏ်တွေက အလုပ်လုပ်တယ်........

ငါ့စိတ်ကူးထဲမှာတော့
အဘယ်လူအမှီလိုက်နိုင်ပါ့
ရီလိုက်ချင်တယ်....

လက်ရှိဘ၀မှာတော့
ညှစ်ထုတ်ကာအကြံတွေနဲ့
စိတ်ကူးယဉ်နွံ့ထဲက
ကုန်းထနေဆဲ.......

အဆုံးတစ်ဖတ်မှာတော့
အပြုံးမပျက်တဲ့ကောင်းကင်ကို
ခွန်းဆိုကာ နှုတ်ဆက်ရင်း
ကဲ....ရွာစားရေ....
နောက်တစ်ရက်ဆက်မယ်ဗျာ....


ဖြိုးငယ်

Friday, October 26, 2007

အမေအိမ်သို့...လွမ်းဆွတ်ခြင်း

1 comments
Image
ငှက်ကလေးတွေ ပျံသန်းရင်း
လေညင်းလေးတွေတိုက်ခတ်ရင်းနဲ့
ကမ္ဘာတောင် နေမင်းကြီးကိုတစ်ပတ်ပြည့်ပြန်ပြီနော်....

မနက်ကနေ ညနေရီ
အလှစုံညီဖူးပွင်ပေမဲ့
တမ်းတမိ စိတ်အစုံက
အမေအိမ်ပေါ်ပုံနေတယ်
ကမ္ဘာကြီးအလှကို ငါရှာမရဘူး.....

စိန်းလန်းသာယာ ပန်းမာလာတွေ
အိမ်ရှေ့နားက မြက်ပင်လေးလောက်
ငါ့စိတ်ညွတ်အောင် မစွမ်းနိုင်ဘူး
ထူးအိမ်သင်ရဲ့အမေအိမ် က
ငါ့အတွက်အလွမ်းတိမ်တွေပါ.....

နာရီပြန်နှစ်ချက်တီးလည်း
လျှပ်စစ်မီးတွေထိန်ထိန်သာ
စည်ကားခေတ်မှီ တိုင်းတစ်ပြည်မှာ
ရောက်နေပါလည်း ကျွန်တော့်စိတ်က
မီးရောင်မှိန်မှိန် လမင်းထိန်တဲ့
အမေ့အိမ်ပဲ လွမ်းမိတယ်.....

မိုးမျှော်တိုက်ကြီးလည်းမဟုတ်
မီးရောင်ထိန်ညီး ပြသာဒ်ကြီးလည်းမဟုတ်ပါပဲ
လုံခြုံအေးမြ နွေးထွေးလှတဲ့
အမေ့အိမ်ကိုသတိရ
လွမ်းဆွတ်မှုအန္တာရနဲ့
တိုက်မြင့်မြင့်တစ်နေရာ
မီးထိန်ထိန်အခန်းတွင်းမှ
ကန်တော့ပန်းဆင်လျှက်ပါအမေ........

ဖြိုးငယ်

Tuesday, October 23, 2007

အဆိပ်သင့်ဒဏ်ရာမိုင်တိုင်များ

0 comments
Image
မီးတောက်တစ်ခုရဲ့ အေးမြခြင်း
ချစ်ခြင်းတရားထဲမှာပဲရှိတယ်...
အပြစ်ကင်းတဲ့ကောင်းကင်
မိုးမင်းကဥာဏ်ဆင်တော့
စတေးကာ သက်ဆင်းခဲ့ရပေါ့
ငါ့ဘ၀ရဲ့ရေစက်များ.......

အိပ်မက်ကြားကလှောင်ရီသံ
နေခြည်ခြံရံ မနက်ခင်း
သတိရခြင်းတေးပေါ်မှာ
ငါက အဆိုတော်လုပ်ချင်သူ......

အချိုးတွေပြောင်းပေမဲ့
ငါဆွဲလိုက်တဲ့ ဖဲချပ်တွေမှာ
ကံဆိုးမှုတွေပါနေသလား
ကိုးမြှီးမှာ ငါက ဘူကြီးဖြစ်နေတယ်.......

ဆူနေတဲ့ရေနွေအိုးထဲ
အပူတွေထပ်ရောလိုက်ပါတော့
အယ်ကိုဟောတွေထပ်ရောလိုက်မှတော့
နဂိုကမှပြာဖြစ်နေတဲ့ ငါ
ဒီကမ္ဘာမှာ ဘာမှမရှိတော့ဘူး......

အလပ္ပာယ်ဆရာရဲ့ပြပွဲမှာ
ငါက မြွေနေရာပေါ့
ဖြေဖျော်ယုံသာမက
အစွယ်ပါချိုးခံရသေးတယ်
ပလွေသံကိုငါမုန်းတယ်.......

မရဏမင်းကိုစစ်ခင်းချင်တဲ့ ငါ
ဒီကမ္ဘာမှာ လူမိုက်လား
ရှုရှိုက်လိုက်တဲ့ လေထုထဲမှာ
မင်းအချစ်တို့ စုနေပါစေ.....

ကံကြမ္မာလား ဒဏ်ရာလား
ဗေဒင်ဆရာကို ငါမကြောက်ဘူး
မှန်ရာကိုသစ္စာ ပြုရရင်
ငါအခုနေချင်တယ်
မင်းရင်ခွင်မှာပေါ့..........

ဖြိုးငယ်

Saturday, October 13, 2007

ဟာကွက်

0 comments
Image
အာဒံလား ဧ၀လား
ပန်းသီးလား နံရိုးလား
ဖျားနာခြင်းလား
ငါမသိပါဘူး
အချစ်ကိုသူတို့က စခဲ့တယ်တဲ့
ငါဘယ်လိုယုံရမလဲ
ငါက အာဒံမှ မဟုတ်တာ...

ကမ္ဘာကျော်ပညာရှင်တွေကိုသနားတယ်
စူးစမ်းရှာဖွေသူတွေကိုဂရုဏာသက်မိတယ်
ကမ္ဘာကျော်စာရေးဆရာတွေကိုအားမရဘူး
အချစ်ဆိုတာကိုမှ ဖော်ထုတ်မပြနိုင်တာကို....

အချစ်ဆိုတာကို ဖော်ထုတ်နိုင်ရင်
နိုဘယ်ဆုပဲပေးမလားမသိဘူး
သေချာပါတယ်
အဲဒီဆုကို သိမ်းထားလိုက်တော့
ကမ္ဘာကြီးမရှိတော့တဲ့အထိပေါ့....

ဖြိုးငယ်

တစ်ချိန်က ရက်စွဲ

0 comments
Image
သူရိန်က အာဏာပြ
မိုးမင်းကခ၀ါချချိန်
နတ်သမီးလေးတစ်ပါး
ငါ့အနားကိုရောက်လာတယ်
စက်ဘီးလေးနဲ့ပေါ့...

အတွေးထဲမှာဖျောက်ဖျက်မရဘူး
စတွေ့တဲ့နေ့ကိုပေါ့
မတွေ့တာကြာပေမဲ့
ငါ့ရင်ထဲမေ့မရဘူး
မနေ့ကလိုပါပဲ...

တွေ့စကမင်းပြောတဲ့စကား
ငါ့နားထဲအလွန်ချို
ဆည်းလည်းလိုအသံလေးနဲ့
မာယာမဲ့ဟန်တွေက
ကလေးဆန်နေသေးတယ်....

တွေ့မယ်မှမကြံသေး
ဝေးဖို့ရန်ကံတွေက
အကြောင်းတွေဖန်လာတော့
ငါ့ရင်ထဲဗြောင်းဆန်ခဲ့
တောင်းပန်ပါတယ်မိန်းကလေးရယ်.....

ဖြိုးငယ်

Thursday, October 11, 2007

0 comments
Image
Image
0 comments
Image
Image
0 comments
Image
Image

0 comments
Image
Image

Wednesday, September 26, 2007

မှားယွင်းခြင်းနဲ့လိုအပ်ခြင်း

0 comments
Image
သစ်ပင်ကြီးတစ်ပင်အသက်ရှင်ဖို့
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ငါတို့ပေးလိုက်တယ်
ကျေးဇူးတင်စကားတောင် မပြောပါပဲ
သူတို့က စားသုံးနေကြတယ်
ပြီးတော့.....
ငါတို့ကို အောက်စီဂျင်တွေ လက်ဆောင်ပြန်ပေးတယ်
နယူတန်ရဲ့ တတိယနိယာမ မှန်ပြန်ပြီပေါ့.......

ငါသက်ရောက်လိုက်ပေမဲ့
ပျေက်ပျက်ကုန်တယ်
reaction ပြန်မလာဘူး
သူမက နယူတန်ကိုဆန့်ကျင်သူပေါ့....

ဂရေဟမ်ဘဲလ်ကို ကျေးဇူးတင်တယ်
တစ်ခါတစ်လေ စိတ်တိုတယ်
ကိုယ်ပြောချင်တဲ့သူ ရှိနေအောင်
သူက မတီထွင်ခဲ့ဘူးလေ....

မျောက်မျိုးနွယ်တွေပဲလား
ကောင်းကင်ဘုံက ဘုရားသခင်လား
ဗြမ္မာကြီး ၄ ဦးလား
လူတွေကို သနားလိုက်တာ
ပြည့်စုံအောင်မှ မဖန်ဆင်းခဲ့တာကို....


ဖြိုးငယ်

စိတ်ထဲရှိရာ

1 comments
Image
အတိတ်ကအကြောင်းတွေ စဉ်းစားရင်း
လက်ရှိဘ၀ကို ငါကြောက်နေတယ်
မနေ့ကတွေးခဲ့တဲ့ မနက်ဖြန်ဟာ
ဒီနေ့ဖြစ်နေပေမဲ့
မနက်ဖြန်မှာ မနေ့ကဖြစ်သွားပြန်ရော....

ဘာတွေပြောမှန်းတော့ ငါမသိဘူး
နားထောင်လို့တော့ ကောင်းပါတယ်
အားလုံးကလည်း ညာနေကြတယ်
ကိုယ်စိတ်ထင်ရာကို အရုပ်ဖော်ရင်း
တစ်ခါတစ်ခါ ခေါင်းလေးတွေလိုက် ညိတ်ကြတယ်
တစ်ခါတစ်လေ ကြောင်တောင်တောင်ဖြစ်ရင်း
နာရီကို မြန်မြန်ဝါးမြိုစေချင်နေကြတယ်....

စက္ကန့်တံလေးရဲ့စည်းချက်နဲ့အတူ
ပတ်ဝင်းကျင်က ကခုန်တယ်
မီးလျှံတွေမရှိပါပဲနဲ့
ငါတို့က မအေးချမ်းနိုင်ဘူး...

ယောင်ချာချာဘ၀ကို နိဂုံးချုပ်နိုင်ဖို့
ကမ္ဘာကို မြန်မြန်လည်ခိုင်းလိုက်ချင်တယ်
နေမင်းကို သုံးပတ်ပြည့်မှ
ငါတို့ဒေသကို ပြန်တွေ့ရမှာလေ......


ဖြိုးငယ်

Tuesday, September 25, 2007

သင်္ခါရ

0 comments
Image
ငါမြိုချခဲ့တဲ့ အယ်ကိုဟောတွေက
ငါ့ကိုပြန် ဒဏ်ခတ်တယ်
အရင်ကထက်ကမ္ဘာကြီးပိုလည်သွားပေမဲ့
မင်းအနားကိုတော့ ငါမရောက်နိုင်သေးဘူးလေ....

မနက်ခင်းရဲ့ ကပွဲမှာ
ငါလည်းပါခဲ့တယ်...
နှင်းမှုံတွေဖုံးအုပ်လို့ပေါ့...

ယောင်ချာချာနဲ့နိုးထလာတဲ့ ငါ
တစ်ဟုန်တိုး ငါ့ဆီကိုပြေးလာတဲ့
ကိုင်ကြည့်လို့မရတဲ့ အရာတစ်ခုနဲ့ ထိတွေ့မှ
ငါသိလိုက်ရတယ်...
သစ်ပင်တွေလည်းဦးညွတ်လို့
နေမင်းကြီးကိုနှုတ်ဆက်ရင်း
အသက်တစ်ရက်ကြီးပြန်ပြီနော်.....


ဖြိုးငယ်

Sunday, September 9, 2007

နားလည်ခွင့်လွတ်စေချင်.....

0 comments
Image
အခုတစ်လော....ကျောင်းတွေကလည်းဖွင့်......ကျွန်တော်ပိုင်ဆိုင်ရာ Computer ရဲ့ Motherboards က လည်း ခေတ္တအနားယူနေတာကြေင့်ရယ်.....ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲ တစ်ချို့ရှိနေတာကြောင့်ရယ်.....Post အသစ်များ အတင်နှေးမှုကို ခွင့်လွတ်နားလည်ပေးစေလိုပါတယ်.....
နောက်နောင်များမှာလည်း ကြိုးစားတင်ပြပေးပါဦးမယ်.........



လေးစားစွာဖြင့် ဖြိုးငယ်

တောင်းဆု

0 comments
Image
ဘယ်ဘ၀က
ဒုက္ခများလည်း
တွေးမရခဲ့
ဝေးတဲ့ဒုက္ခ
မလွယ်လှပြီ
တောင်းဆုပြုမည်
နောက်ဘ၀များ
ရှိခဲ့ငြားလျှင်
ကင်းဝေးပါစေ
အလွမ်းတွေပေါ့.....

ဖြိုးငယ်

အိပ်မက်ချို

0 comments
Image
လမင်းမှာဆန်ဖွတ်တဲ့ အဖိုးအိုကြီး
ပြုံးစိစိနဲ့ ငါ့ကိုမေးတယ်
မင်းချစ်သူကို လွမ်းနေလားတဲ့.....

မှော်ပညာတွေဖုံးအုပ်
ယုန်လေးသဏ္ဍန်လုပ်ပြီး
သူ့ဘေးနားရောက်သွားတယ်...

အဖိုးအိုက လှမ်းပြလို့
ကမ္ဘာမြေက ချစ်သူကို
ငါတွေ့လိုက်ရတယ်.....

သူမအနားကို ခစားဖို့
လကမ္ဘာကပြေးဆင်းတုန်း......

ဝုန်း.........ခနဲဆို...


ချစ်သူကပျောက်သွားတယ်
ငါက ကုတင်အောက်မှာ
အိပ်မက်က ချိုပါဘိ
ချစ်သူကတော့ မသိဘူးနော်.....


ဖြိုးငယ်


Tuesday, August 28, 2007

သတိတရ

0 comments
Image
နွေဦးမှာ လေရူးနဲ့
နှင်းမှုန်လေးတွေပြန်လာတဲ့
မော်စကိုရဲ့အခါသမယ......
မြန်မာမှာဆို တန်ခူးလေနဲ့
ပျော်မြူးနေကြမဲ့ချိန်
ဝေးတစ်မြေခြားမှာ
အတွေးတွေများနေရတာ
သြော်.....ချစ်သူမရှိလေစ......


မှတ်ချက်။ ။ ၂၀၀၇ မဟာသင်္ကြန် တွင်ရေးစပ်ထားသော အမှတ်တရ ကဗျာ...

ဖြိုးငယ်

လွမ်းချင်းကဗျာ

0 comments
Image
ိုရာသီက သုန်မှိုင်း
အုံ့ဆိုင်းလို့ လွမ်းရည်
ရှစ်ခွင်ဆီမျှော်ကြည့်တော့
လွမ်းညို့တွေဆို့နေပေါ့
မောင်တော့ဘယ်လိုနေရမလဲ
ဒီစိတ်နဲ့ရူး.......


ဖြိုးငယ်

Sunday, August 26, 2007

နွေဦး

0 comments
Image
ို မှန်းလို့တွေးရင်း
လွမ်းလို့ဆွေးရတဲ့ ဘဝ
ဝေးလို့ဆွေးရင်း
တွေးလို့ရေးခဲ့ရ
ဒီကဗျာက ချစ်သက်သေ......

လွမ်းငွေ့ဝေတဲ့ နွေဦး
လေရူးကသုန်သုန်
ဝေဖူးတဲ့ပန်းမရှိ
ငါမသိတဲ့မနက်ဖြန်
ခပ်မြန်မြန်ကုန်စေတော့လို့
ကြွေလျော့တဲ့အသဲတစ်စုံနဲ့
မင်းယုံအောင် သက်သေပြမယ်
စိတ်ထဲက ဆုတောင်းမိပေါ့
ကုန်စေတော့..နွေဦး


ဖြိုးငယ်


Saturday, August 25, 2007

အဓိပ္ပါယ်မဲ့

0 comments
Image
ကိုးမရှိတဲ့ န၀င်း
တံခွန်မရှိတဲ့ ဘုရား
လမရှိတဲ့ ည
ဘယ်ဟာကလှမလဲ
ငါ့ဘ၀လည်းဒီလိုပဲလေ...

ငါက...သုည
သူများနောက်ကလိုက်မှ
အဖိုးတန်သတဲ့
ဆိုးလိုက်တဲ့ကံ....

မနက်ဖြန်မှာလည်း
ခပ်မှန်မှန်အသက်ရှူရင်း
သူများတွေအတွက်..ငါ
အသက်ဆက်ရှင်နေဦးမယ်...


ဖြိုးငယ်
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template