Tuesday, October 13, 2009

နှစ်ဦးပိုင် နှလုံးသားဗေဒ

7 comments
Image


တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ သင်္ချာ မှာ
တစ် နဲ့ တစ် ပေါင်းရင် နှစ်
( ဒါမှမဟုတ် )
သုည ဆိုတဲ့ အဖြေပဲ ရတယ်
နင်နဲ့ ငါ နှစ်ယောက်ရဲ့ သင်္ချာမှာ
တစ် နဲ့ တစ် ပေါင်းရင်
တစ် ပဲ ရတယ် ချစ်သူ ...

အများက ပြောကြတယ် ...
အချစ် နဲ့ အချစ် ပေါင်းရင်
အချစ် ပဲ ရတယ်တဲ့ ...
ငါတို့ နှစ်ယောက်ရဲ့ နှလုံးသားဗေဒ မှာ
အချစ် နဲ့ အချစ် ပေါင်းရင်
နားလည်မှု နဲ့ ယုံကြည်မှုတွေ ရတယ် ချစ်သူ ...

တစ်ချို့က ပြောသေးတယ် ...
အချစ်ဆိုတာ အာဒံ နဲ့ ဧဝ က စ တယ်တဲ့
ငါကတော့ မထင်ပါဘူးချစ်သူ ...
ငါတို့နှစ်ယောက်အတွက်
အချစ်ဆိုတာ နင် နဲ့ ငါ ကပဲ စ တယ် ချစ်သူ ...

လူတိုင်း လိုလိုက အရာရာကို
လောကဗေဒ နဲ့ နှိုင်းဆလှုပ်ရှားကြတယ်
နင် နဲ့ ငါ ကတော့
နှစ်ဦးပိုင် နှလုံးသားဗေဒ နဲ့ ရှင်သန်ကြမယ်
မနက်ဖြန်တိုင်း ပွင့်မယ့် အချစ်ပန်း
နင်ရော ငါရော နမ်းခွင့်ရစေမယ် ....
အချိန်တိုင်း ဆန်းတင့်ရစေမယ်
ရင်ခုန်တိုင်း လန်းပွင့်ရစေမယ်
လန်းပွင့်ရစေမယ် ....
လန်းပွင့်ရစေမယ် ..
လန်းပွင့်ရစေမယ်
လန်းပွင့်ရစေ ..
လန်းပွင့်ရ ..
လန်းပွင့် ..
လန်း ..



ဖြိုးငယ်
Image

Tuesday, October 6, 2009

ဖြစ်ရိုးဖြစ်စဉ်

7 comments
Image


ပန်းတွေကြွေတဲ့ အလှ
ကြယ်တွေကြွေတဲ့ ည
ကျွန်တော်ကြွေတဲ့ သူမ ...

ပန်းတွေကို လေပြေက ခြွေတယ်
ကြယ်တွေကို ဘယ်သူက ခြွေသလဲ
( သေချာတာက )
ကျွန်တော့်နှလုံးသားကို သူမက ခြွေချတယ် ....

အသင်္ချေမက တစ်သွင်သွင်ကျလာတဲ့
ကျွန်တော့်နှလုံးသွေးတို့ရဲ့ တောင်းဆိုမှုက
သူမရဲ့ ရင်ခုန်သံ ရမ်သမ်တွေကလွဲပြီး အခြားမရှိခဲ့ ....

ထိုသို့သော အကြောင်းများကြောင့်
ပန်းကြွေတဲ့ အလှကိုငေး
ကျွန်တော့်ကြွေတဲ့ သူမအကြောင်းတွေး
ကြယ်ကြွေတဲ့ ညတွေမှာပဲ ဆုလေးတွေပဲတောင်းတော့မယ် ....



ဖြိုးငယ်


Image
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template