Posts Tagged ‘google buzz’
Google Buzz မှ အားနည်းချက်
Google Buzz နှင့် ပတ်သက်၍ Privacy အားနည်းချက် ရှိကြောင်း သိရသဖြင့် အများပြည်သူတို့ သိသင့်သည်ဟု ယူဆ၍ My Little World blog မှ တင်ထားသော post ကို မူရင်းအတိုင်း ကူးယူကာ ပြန်လည် ဖော်ပြလိုက်ပါသည်။
မူရင်း – http://naynaynaing.blogspot.com/2010/02/google-buzz-101.html
…………………………………………………………..
Google Buzz 101
Google.. Google.. Google..
Gmail.. Gmail.. Gmail..
Google.. Google.. Google..
Buzz… Buzz… Buzz..
ဒီနေ့  အဖို့  နေရာတကာတွေ့ နေရတာ Buzz ပါပဲ။ တကယ်ဆို မနေ့ ကတည်းက စတယ်လို့ ပြောနိုင်တယ်။ ကိုယ်က အလုပ်မှာ ဆိုတော့ ညနေပိုင်းမှ တစ်ချက်ကြည့်ဖြစ်တယ်။ ဒါလည်း ဖုန်းကနေပဲ သုံးလို့ ရတယ်။ Gmail မှာ ပေါ်မလာသေးဘူး။ ညနက်ပိုင်းတစ်ချက် email ၀င်စစ်တော့ ၀င်ဝင်ခြင်းမှာပဲ Buzzကို ရောက်သွားတာ တွေ့ လိုက်ရတယ်။ ဟိုကြည့်ဒီကြည့် နည်းနည်း ကြည့်ပြီး စိတ်ထဲ သဘော သိပ်မတွေ့ သေးတာနဲ့  မနက်မှပဲ သေချာ စမ်းတော့မယ်ဆို ထားလိုက်တယ်။ဒီမနက် သေချာကြည့်မှာ Buzz ကို သုံးတာ Privacy အတွက် သိပ်မကောင်းတာ တွေ့ ရတယ်။ ဒါနဲ့  စမ်းမသုံးခင်မှာ သေချာလိုက်ကြည့်ဖြစ်ခဲ့တယ်။ အသစ်ဆိုတော့ စမ်းကြည့်ချင်တာပေါ့လေ။

Buzz ကို သုံးမယ်ဆို ပထမဆုံးအနေနဲ့  Profile တစ်ခုအရင် ဆောက်ရတယ်။ မဟုတ်ရင် ဘာမှ တင်လို့ မရဘူး။ အဲ့ဒီလို လုပ်တဲ့ အချိန်မှာ သတိမထားပဲ သူပေးထားတဲ့ Default setting အတိုင်းလုပ်လိုက်မယ်ဆို ကိုယ့်ရဲု့Post သမျှတွေ၊ ကိုယ်ဘယ်သူတွေကို Follow လုပ်နေတယ်၊ ကိုယ့်ကို ဘယ်သူတွေက Follow လုပ်တယ် ဆိုတာကို အဲဒီ ကတစ်ဆင့် လူတိုင်း မြင်နိုင်သွားလိမ့်မယ်။ Buzz မှာ Post လုပ်တဲ့ အခါ Private/Public လုပ်မယ်ဆိုတာ မြင်လွယ်တော့ တချို့  အနေ နဲ့  အဲလို လုပ်လို့ ရတယ် ဆိုတာ သိနိုင်ပေမယ့် ကိုယ့်ရဲ့ Profile ကနေ ကိုယ် Follow လုပ်သမျှလူတွေကို တခြားသူတွေ သိခွင့်ရသွားနိုင်တာကိုတော့ လူတိုင်း သတိထားမိချင်မှ သတိထားမိနိုင်တယ် ထင်ပါတယ်။ Profile က Public ဖြစ်နေအုံမယ်ဆို အင်တာနက်ပေါ်က လူတိုင်း ကြည့်လို့ ရသွားမှာ ဖြစ်တဲ့ အတွက် ပိုမကောင်းသေးတယ်။ ကိုယ်နဲ့  ဘယ်သူတွေ အဆက်အသွယ်ရှိနေလဲ လူတိုင်းသိသွားမှာမျိုး ကျွန်မတော့ မကြိုက်ဘူး။ Google အနေနဲ့  Profile မှာ Default Setting ကို Follow လုပ်သမျှ တခြားလူတွေ မြင်ခွင့်ပေးမယ်ဆိုတာ မထားသင့်ဘူးလို့ ထင်တယ်။
ကိုယ်ရဲ့ Follow လုပ်တဲ့ Info တွေကို သူများတွေကို မမြင်စေချင်ဘူးဆို အောက်မှာလို default check လုပ်ထားတာလေးကို uncheck လုပ်ပေးဖို့ လိုပါတယ်။
Public မှာ ဘယ်လိုတွေ မြင်နေရတယ်ဆိုတာ သိချင်ရင် ကိုယ့် List မှာရှိနေတဲ့ လူတစ်ယောက်ယောက်ရဲ့ Profile ကို ကြည့်လိုက်ပါ။ အခု အချိန်မှာ လူ အတော်များများရဲ့ တွေက Public ဖြစ်နေတာတွေ့ မိတယ်။
Buzz ကို သဘောကျလို့  သုံးမယ်ဆို ကိုယ်ရေးတာတွေ အင်တာနက်ပေါ်မှာ လူတိုင်းကြည့်နိုင်တယ် ဆိုတာမျိုး မဖြစ်အောင် သတိထားကြဖို့ လိုပါတယ်။ Buzz မှာ Post လုပ်တဲ့ အခါ ဘယ်လို တင်မယ်ဆိုတာကို ဒီလိုမျိုးလေး ရွေးလို့ ရပါတယ်။
ကိုယ်မသိလိုက်လို့  ကိုယ် Information တွေသူများတွေ သိသွားရတယ် ဆိုတာ မကောင်းဘူး။ ဒါတွေ အရေးမကြီးဘူး လူတွေသိလေ ပိုကောင်းလေ ဆိုရင်တော့လည်း ဒါတွေ ဂရိုစိုက်နေစရာမလိုဘူးပေါ့လေ။
နောက်ပြီး အစက မသိလို့  လူတိုင်းကို Follow လုပ်ခွင့်ပေးလိုက်မိတယ်၊ ခု သိသွားပြီ၊ Follow လုပ်ခွင့်မပြုချင်တော့ဘူး ပြန်ဖြုတ်ချင်တယ်ဆိုရင်လည်း Block လုပ်လို့ ရပါတယ်။ Block လုပ်ချင်သူရဲ့ Profile ကိုသွားကြည့်လိုက်ရင် ဒါမျိုးလေးတွေ့ ရမယ်…. Block နှိပ်လိုက်ရင်ရပြီ…
လက်ရှိ Gmail မှာ Buzz က Default အနေနဲ့  ပေါ်နေပါတယ်။ ဘယ်လောက်တောင် Buzz နေတယ်ဆိုတာ မျိုးပြပေးတယ်။

မသုံးချင်ဘူး၊ မကြိုက်လို့  ဖြုတ်ထားချင်တယ် ဆိုလည်း အလွယ်တကူ ဖြုတ်ထားလို့  လုပ်ထားလို့ ရပါတယ်။ Gmail Page ရဲ့ အောက်ဆုံးမှာ Turn Off Buzz ဆိုတာလေးရှိပါတယ်။
ခုတော့ ဒီလောက်ပါပဲ။ အနားယူဖို့  အချိန်ရောက်ပြီ။ လိုတာ ပိုတာ ထပ်သိတာ ရှိရင် နောက်မှပြင်တော့မယ်။
Posted by Nay Nay Naing at 2/11/2010 03:36:00 PM
Labels: Google, News, Technology


