Saturday, 31 October 2009

31.10.09

Happy Birthday to Thomas.

Image

Monday, 26 October 2009

အလိမ္မာဝတ်ရွတ်စဉ် (၁)

ငယ်ငယ်တုန်းက ပညာရေးတက္ကသိုလ်၊ လေ့ကျင့်ရေးကျောင်း စာရိတ္တပညာ
အလိမ္မာဝတ်အသင်းမှာ ဆရာဦးသစ်ဆန်းလွင် သင်ကြားပေးခဲ့တာတွေပါ။
ကျမငယ်ငယ် (၃)တန်းကနေ (၉)တန်းကျောင်းသူဘ၀တလျှောက် တက်
ကြွစွာပါဝင်ခဲ့တဲ့ ၀တ်အသင်းပါ။ ဆရာသင်ပြပေးခဲ့တာတွေနဲ့  နှစ် အတော်ကြာ
ဝေးနေခဲ့ပေမဲ့ အခုအချိန်မှာတော့ ဆရာသင်ပြလမ်းညွန့် မှုများရဲ့ တန်ဖိုးကို
နားလည်နေပါပြီ။
ငယ်ငယ်ကရွတ်ခဲ့ကြရတဲ့ ၀တ်ရွတ်စဉ်လေးဖြင့်
ဆရာဦးသစ်ဆန်းလွင်နဲ့  ကျမတို့ ဝတ်အသင်းလေးကိုအထောက်အပံ့ပေးခဲ့တဲ့
ကွယ်လွန်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေး တို့ အား ဦးညွှတ်ကန့် တော့ လိုက်ပါတယ်။

ဘုရားအောက်မေ့ခြင်း
လိုချင်တာတွေ၊စိတ်ဆိုးတာတွေ၊ မေ့လျော့တာတွေ ကင်းရှင်းတော်မူပါတဲ့ မြတ်စွာဘုရား _ မြတ်စွာဘုရား။

ရတနာသုံးပါး ကိုးကွယ်ခြင်း
ဘုရားရှင်တော်မြတ်ကိုကိုးကွယ်ပါ၏။
တရားဆ်ာမြတ်ကို ကိုးကွယ်ပါ၏။
သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။
၂ ကြိမ်မြောက်လည်း ဘုရားရှင်တော်မြတ်ကိုကိုးကွယ်ပါ၏။
. . . တရားဆ်ာမြတ်ကို ကိုးကွယ်ပါ၏။
. . . သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။

၃ ကြိမ်မြောက်လည်း ဘုရားရှင်တော်မြတ်ကိုကိုးကွယ်ပါ၏။
. . . တရားဆ်ာမြတ်ကို ကိုးကွယ်ပါ၏။
. . . သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။

ရတနာသုံးပါးကျေးဇူး
ဘုရားဖက်တော့ အသက်ရှေ။
တရားဖက်တော့ အမျက်ပြေ၊
သံဃာဖက်တော့ အခက်ဝေ။

အနန္တောအနန္တ ငါးပါးပူဇော်ခြင်း
ဘုရားရှင်တော်မြတ်ရဲ့  ဂုဏ်တော် ကျေးဇူးတော်တွေဟာ အပိုင်းအခြား မရှိပါတကား
တရားတော်မြတ်ရဲ့  . . . . . . . . .
သံဃာတော်မြတ်ရဲ့  . . . . . . . . .
မိဘ . . . . . . . . . . .
ဆရာ . . . . . . . . . . .

အိပ်ရာဝင် အိပ်ရာထ
အိပ်ရာဝင်သော်သတိရလို့ ၊ ဗုဒ္ဓ ဓမ္မ သံဃရယ်။
ကိုးကွယ်ပါတယ် စိတ်မှာညွှတ်လို့  နှုတ်ပါတွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တဖန်ထပ်လို့ ၊မှန်မှန်မပြတ် ရွတ်ပါ့ကွယ်။
ဘေးအန္တရာယ် ရန်စွယ်ကင်းလို့ ၊ ကောင်းခြင်းသုခ ရလိမ့်မယ်။
ရမယ် ၊ရမယ်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

အသက်ကြီးဝါကြီးဆည်းကပ်နည်း
ဝေး နီး ရှေ့  နောက်
မြင့်မောက်လေညာ
ရှောင်ကြဉ်ပါ
သင့်ရာနေရာမှတ်။

ဗုဒ္ဓတိုင်း အဆုံးအမ
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား၊
ဗုဒ္ဓတိုင်းသာမိန့် ခဲ့လာ၊သုံးးဖြာ ဤစကား။

သူတော်ကောင်းဆိုတာ
၁။ ပြောတဲ့အတိုင်းကျင့်၊ ကျင့်တဲ့အတိုင်းပြော။
၂။ ရိုးရိုးကျင့်၊မြင့်မြင့်ကြံ၊ မှန်မှန်လုပ်၊ ကုပ်ကုပ်နေ။
၃။ ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြော၊
လူရောနတ်ရော ကြည်ညိုတယ်။

အပါယ်သား
ခေါ်ကျယ် ပြောကျယ် ရယ် ချေကျယ်၊ သမ်းကျယ် ကျယ်ငါး အပါယ်သား။

လူ့ ကြမ်းပိုး
ဝတ်ကြမ်း စားကြမ်း၊ သွား ထိုင်ကြမ်း
အိပ်ကြမ်း စိတ်ကြမ်း ၊ကိုယ်နှုတ်ကြမ်း
သင်ကြမ်း ကြမ်းကိုး လူ့ ကြမ်းပိုး။

လမ်းနှစ်သွယ်
မင်္ဂလာလမ်းကြောင်း = ငယ်ငယ်ကသား ၊ ကြီးတော့ အား
ငယ်ငယ်ကသမီး၊ ကြီးတော့ ထီး။
အမင်္ဂလာလမ်းကြောင်း= ငယ်ငယ်ကသား၊ ကြီးတော့ ကျား
ငယ်ငယ်ကသမီး၊ ကြီးတော့ မီး။

အောင်ခြင်းသုံးဖြာ
ဒါနကောင်းရင် ခင်မင်မယ်။
သီလကောင်းဆို ကြည်ညိုမယ်။
ပညာ ကောင်းငြား လေးစားမယ်။
ဒါန၊သီလ၊ပညာ သုံးဖြာကောင်း၊ အပေါင်းနတ်လူ ဦးခိုက်မယ်။


ရေ ဆွမ်းအကျိုး
(ရေအကျိုး)
သက်ရှည် ဆင်းလှ ချမ်းသာရ၊ ဗလ ဥာဏ်ပညာ၊
သန့် စင်၊ကျော်ကြား၊ ခြွေရံများ၊ ပေါ့ပါး ၊ မွတ်သိပ်ကွာ။
(ဆွမ်းအကျိုး)
သက်ရှည် ဆင်းလှ ချမ်းသာရ၊ ဗလ ဥာဏ်ပညာ၊
ဆွမ်းလှူအကျိုး၊ဤငါးမျိုး။ တန်ခိုးကြီးလှစွာ။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)


အစာ
၁။ အစာလည်းဆေး၊ ဆေးလည်းအစာ။
၂။ တန်ဆေးလွန်ဘေး။
၃။ ကိုယ့်အစာကိုယ်စား၊ ကိုယ့်မှားကိုယ်ခံ။
၎။ ၀မ်းတလုံးကောင်း ခေါင်းမခဲ။
၅။ ဥစ္စာ ကံစောင့် အသက်ဥာဏ်စောင့်။
၆။ မတော်တာ မတဲ့တာဆို၊ တို့ ကာပင့်ကာပင် မမြီးစားနဲ့ ။
တော်တာတည့်တာဆို၊ ပျို့ တယ် နင့်တယ်လို့ မညည်းတွားနဲ့ ။
၇။ စားသမျှမစင်၊ ထားသမျှ မသေခင်။

ဥာဏ်သုံးဥာဏ်
၁။ ကောင်းဆိုး မမြင်မစမ်း = ဥာဏ်မျက်ကန်း။
၂။ တဖက်သတ်မြင် တခုကောင်းကြည့် = ဥာဏ်ပိစိ။
၃။ ထောင့်တိုင်းကြည့် ဘက်ဆုံမြင် = ဥာဏ်ကြီးရှင်။

ငါးပါးသီလဆောက်တည်ခြင်း
၁။ သူ့ အသက်သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၂။ သူ့ ဥစ္စာခိုးတိုက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၃။ သူ့ သားမယားဖောက်ပြားခြင်းမှ ရှောင်ကြဉ်ပါ၏။
၎။ လိမ်ညာခြင်းမှ ရှောင်ကြဉ်ပါ၏။
၅။ မူးယစ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

အောင်ရမယ်
ဆန္ဒထက်သူရှေ့ မယ်၊ ဘယ်ကိစ္စမျိုး ခံနိုင်ရိုးဟယ်၊ဘာပဲဖြစ်ဖြစ် အောင်ရမယ်ဟေ့
အောင်ရမယ်။
ဝီရိယ ထက်သူရှေ့ မယ်၊ . . . . . . . .
စိတ်ဓါတ်ထက်သူရှေ့ မယ်၊ . . . . . . .
ပညာထက်သူရှေ့ မယ်၊ . . . . . . . .

လောကီနဲ့ လောကုတ်
မအိုတော့ပေ ၊ မသေမဲ့ပုံ၊
ရှာကုန်ဓန ၊သူတစုံစုံ၊
သေမင်းဆံဆွဲ ခေါ်ငင်ဆဲပုံ၊
မြတ်တရား၊ အားထုတ်ကြပါကုန်။
(စစ်ကိုင်းတောင်ရိုး ရွှေ ဟင်္သာဆရာတော်)

ရုပ်လှ နဲ့ စိတ်လှ
ရုပ်လှဖို့ ရာ ပြုမှုမှာ ၊ တဏှာရာဂမှတ်။
စိတ်လှဖိုရာပြုမှုမှာ၊ သဒ္ဒါပညာမှတ်။
(မိုးညှင်းတိုက်သစ်ဆရာတော် ဦးဣန္ဒြိယ)

နာမ်နဲ့ ရုပ်
နာမ်လိမ္မာမှ ရုပ်သက်သာမည်။
နာမ်မလိမ္မာ ရုပ်နာလိမ့်မည်။
နာမ်မအေး ရုပ်ခွေးဖြစ်လိမ့်မည်။
(ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက် ဆရာတော် ဦးဂန္ဓမာ)

Tuesday, 20 October 2009

Staufener Burg

Image
ဒီနေ့ တော့ ကျမတို့ မြို့နားက Staufen
(ဒီမှာဖတ်ကြည့်လို့ ရပါတယ်။) ဆိုတဲ့မြို့လေး
ကိုရောက်ဖြစ်တယ်။ မိုးစက် လာလည်တုန်းက
လိုက်ပို့ ဖြစ်တဲ့မြို့လေးပါ။ မြို့ကသေးပေမဲ့ အလွန်လှ
တဲ့မြို့ပါ။ ကျမ ဂျာမနီကိုရောက်ရောက်ချင်း နေခဲ့
တဲ့နေရာပေါ့။ အဲ့ဒီမြို့ မှာ(၅)နှစ်လောက် နေခဲ့တယ်။

ဒါကတော့ Staufen ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ Staufener Burg ရဲတိုက်ဟောင်း
ပါ။ ဒီနေ့ တော့နေသာတာနဲ့  အပေါ်ထိရောက်ခဲ့တယ်။

Imageတောင်ကုန်းကို ပတ်ပြီး ၀ိုင် ချက်တဲ့ စပျစ်ပင်တွေ
စိုက်ထားကြတယ်။ ဒီပုံကတော့ကြည့်လို့ သိပ်
မကောင်းပေမဲ့ Staufen မှာဓါတ်ပုံရိုက်ရင်
သူပါမှပြည့်စုံမှာ။




Imageတောင်ကုန်းပေါ်တက်တဲ့လမ်း
တလျှောက်မှာ



Image









Imageသူလည်းကြိုးစားပြီး တက်နေလေရဲ့ 

Image









Image

အပေါ်ရောက်လို့ လှမ်းမြင်ရတာလေ။
မြူနဲနဲရှိလို့ သိပ်မမြင်ရဘူး။


Image










Imageဒါက ရဲတိုက်ဟောင်းကြီးပါ။

Image








Image
Image








Thomas ကတော့ Peta (in Pali) တွေရှိလို့  အထဲမ၀င်ဘူး။

Saturday, 17 October 2009

No လို့ ငြင်းတတ်ပြီလား။

ကျမငယ်ငယ်တုန်းက လူကြီးတွေကိုပြန်မပြောရဘူး၊ လူကြီးတွေခိုင်းရင်

လုပ်ပေးရမယ်လို့ ပဲသိခဲ့တာ။ ခိုင်းတာကိုမလုပ်ဘူးလို့ ငြင်းရင်ပဲ ကိုယ့် ကို

ကိုယ် အပျင်းတယောက်လို၊ အချောင်ခိုတဲ့ လူတယောက်လို ထင်ခဲ့မိတာလေ။

သူငယ်ချင်းတွေကြားရောဒီလိုပါပဲ။ တယောက်ယောက်က အကူအညီတောင်း

ရင် လုပ်ပေးရမယ်ဆိုတာပဲခေါင်းထဲရောက်လာတာ။ အကူအညီတောင်းလို့ 

ကိုယ်ကမပေးနိုင်ဘူးလို့ ငြင်းလိုက်ရင်ပဲ အားနာစရာကြီး၊ ငါ့ကို တမျိုးများ

ထင်မလား စသည်ဖြင့် အတွေးတွေ ၀င်လာပြီး လုပ်ချင်တာမလုပ်ချင်တာ

အသာထားပြီး အတတ်နိုင်ဆုံး လုပ်ပေးလိုက်ခဲ့တာပါပဲ။

ဒီလို အတွေ့ အကြုံတွေနဲ့ ကြီးပြင်းလာတဲ့ ကျမ တယောက်ယောက်က

ခိုင်းရင်၊ အကူအညီတောင်းရင် ငြင်းရမှာ ၀န်လေးပြီး အမြဲတမ်း အကောင်း

ဆုံး လုပ်ပေးချင်နေတဲ့ ကျမ ဒီရောက်တော့ဒါတွေဟာ ဒုက္ခဖြစ်စေတယ်ဆိုတာ

တဖြေးဖြေးသိလာရတယ်။

အလုပ်မှာဆို ပေးသမျှ အလုပ်ကိုမငြင်းပဲလုပ်။ ဒီလိုနဲ့ တဖြေးဖြေးတာဝန်တွေ

များလာ။ ကိုယ်လုပ်တဲ့ အလုပ်ကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်။

ဒီတော့ တဖြေးဖြေးနဲ့ ဝန်တွေပိလာတယ်။ တခါတလေ အမှားတွေဖြစ်လာရော။

ဒီတော့မမှားရအောင်ပိုကြိုးစားတော့ ပိုပြီးဝန်ပိပြန်ရော။ ဒီလိုနဲ့ ကြာလာတော့

စိတ်ရောလူပါ ပင်ပန်းပြီး မခံနိုင်တော့ဘူး။

သူငယ်ချင်းတွေကြားမှာရော...ဒီလိုပါပဲ။ တယောက်ယောက်ကတောင်းတဲ့

အကူအညီကို တကယ်တော့ကိုယ်က အကြောင်းကြောင်းကြောင့် မပေး

ချင်ဘူး။ ဒါပေမဲ့ ငြင်းရမှာအားနာတယ်။ ရပါတယ်လေဆိုပြီး လုပ်ပေးမိတယ်။

တဖက်ကိုငြင်းရမှာအားနာတော့ ကိုယ့်မှာပဲဝန်ပိ ပြန်ရော။ မလုပ်ချင်တာလုပ်ရ

လို့ မပျှော်ဘူး။ လုပ်ပေးပြီးမှ ပြစ်တောက်ပြစ်တောက် ပြောနေပြန်ရော။

ဖြစ်တတ်တာတွေပါ။

ကျမဒီကိုရောက်စကတော့ No ဆိုပြီးမငြင်းတတ်ဘူး။ အဖြေးဖြေးနဲ့ No ပြော

တတ်အောင်သင်ခဲ့ရတယ်။ အစကတော့အတော်ခက်တယ်။ ဒီမှာက ကိုယ်က

အကျိုးအကြောင်းပြလို့ ငြင်းရင် တဘက်သူက လက္ခံတယ်။ သူမလုပ်နိုင်လို့ 

ငြင်းတာပဲဆိုပြီး ဘာမှစောဒကမတက်ဘူး။ တခါက အလုပ် Interview တခုမှာ

ဆရာဝန်နဲ့ ပြောကြရင်း Culture မတူတာကိုပြောမိတယ်။ သူကဥပမာပြောခိုင်း

တော့ ကျမ No လို့ ပြောတတ်အောင်သင်နေရတယ်။ အခုတော့နဲနဲပြောလာပြီ

လို့ ပြောတော့ သူနဲ့ အလုပ်လုပ်ရင်လည်း No လို့ ပြောသာပြောပါတဲ့။

အလုပ်လုပ်ကြတော့ တခါတလေ သူက ကျမ No ပြောတာကြားချင်နေတာဆိုပြီး

ကျမ အကျိုးအကြောင်းပြပြီးငြင်းရင် လက္ခံတတ်တယ်။ ကိုယ်လုပ်နိုင်တဲ့ဘောင်

အတွင်းမှာတော့ ကျမ အတတ်နိုင်ဆုံး လုပ်ပေးပါတယ်။ အဲ...ဘောင်ကျာ်သွား

ရင်တော့ ငြင်းရတော့တာပဲ။

သူငယ်ချင်းတွေကြားမှာလည်းဒီလိုပဲ အစကမငြင်းတတ်ဘူး။ အားနာတယ်။

တဘက်လူစိတ်ဆိုးသွားမလားပေါ့။ ငါ့ကိုတမျိုးထင်မလား စသည်ဖြင့်ပေါ့လေ။

ဒီကလူတွေကတော့ကျမငြင်းတာကို လက္ခံ သလို သူတို့ ငြင်းပယ်တာလည်း

ကျမလက္ခံ ခဲ့ရတာပါပဲ။ အစကတော့ ကိုယ်တောင်းတဲ့အကူအညီကို Sorry

ငါမလုပ်ပေးနိုင်ဘူးလို့  ပြောတာခံရတော့ အောင့်သီးအောင့်သက်ဖြစ်ခဲ့ရတယ်။

သေချာပြန်တွေးကြည့်တော့လည်းမှန်တာပဲ။ လူတိုင်းမှာ ကိုယ်မလုပ်နိုင်တဲ့အရာ၊

ကိုယ်မလုပ်နိုင်တဲ့ အချိန်၊ ကိုယ်မလုပ်ချင်တဲ့ အရာတွေဆိုတာရှိကြတာပဲ။

ဒါကိုကျမတို့ လေးစားရမှာပါ။ သူငြင်းတာကို အပြစ်မတင်သင့်ဘူး။

အခုတော့ ကျမလည်း မိတ်ဆွေ သူငယ်ချင်းတွေကြားမှာတဖြေးဖြေးနဲ့ 

No ပြောတတ်လာပြီ။ မြန်မာအချင်းချင်းကြားမှာတော့ တခါတလေ ကျမရဲ့  ငြင်း

ပယ်မှုဟာ နားဝင်ချိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ပြီးမှ ကွယ်ရာမှာ

အပြစ်တင်၊ အတင်းပြောနေမဲ့အစား၊ အစကတည်းက မလုပ်နိုင်တဲ့အရာ၊

မလုပ်ချင်တဲ့အရာကို No လို့ ငြင်းလိုက်တာအကောင်းဆုံးလို့ ထင်ပါတယ်။

ကျမကတော့ ကျမစိတ်ရောကိုယ်ပါလုပ်ပေးနိုင်တဲ့ ဘောင်တစ်ခုအတွင်းမှာ

တော့အားလုံးအတွက်အဆင်ပြေအောင်လုပ်ပေးပါတယ်။ ဘောင်ကျော်လာပြီး

ကျမကို စိတ်ရောကိုယ်ပါဝန်ပိစေတဲ့ အရာတွေကိုတော့ ကျမ No လို့ ပြောပြီး

ငြင်းမှာပါ။ တဘက်လူက No လို့ ပြောပြီးငြင်းပယ်မှုကိုလည်း နားလည်စွာ

လက္ခံမှာပါ။

ဒါလေးကတော့ကျမရဲ့ ငြင်းပယ်မှု Theory လေးပါ။

Friday, 9 October 2009

Carrot Cake

Last week, one of my colleague Brigitte gave me an idea to bake the

carrot cake.She can bake cakes very well. Actually I cannot bake the cake well.

As my habit, I wanted to try it. So I bought some ingredients for the

carrot cake and started my invention. The preparation was not

complicated for my Recipe. So I could make it easily.

Here is my result. The taste was very delicious. Thomas liked it as usual.

Imagecarrot cake








I would like to say Thanks to Brigitte for her idea to bake this cake.

Tuesday, 6 October 2009

ဂျာမန် ၀က်အူချောင်းများ

ဂျာမနီမှာ ကျမအကြိုက်တွေ့ မိတာတွေထဲက တစ်ခုကတော့ ဂျာမန်
ဝက်အူချောင်းတွေပါ။ ဒီမှာ ၀က်အူချောင်းတွေကို ၀က်သားတစ်မျိုးတည်း
ကလုပ်တာမဟုတ်ပဲ၊ အမဲသား၊ ကြက်၊ကြက်ဆင်သားများအပြင် သက်သတ်
လွတ်အတွက် တို့ ဟူး(ပဲပြား) တို့ နဲ့ ပါလုပ်ကြပါတယ်။

ဂျာမနီမှာ ၀က်အူချောင်း အမျိုးအစားပေါင်း များစွာရှိပါတယ်။

Image

Image

ဒါတွေကတော့ Brühwurst လို့ ခေါ်တဲ့အမျိုးအစားတွေပါ။ သူတို့ ကိုပါးပါး

အလွှာလေးတွေ လွှာပြီးရောင်းပါတယ်။ပေါင်မုန့် နဲ့ ညှပ်စားတာပေါ့။

အဲ့ဒီအထဲမှာ Lyoner, Leberkäseနဲ့  Wiener ကိုတော့ ကျမပိုကြိုက်ပါတယ်။

Image

ဒါတွေကတော့ Bratwurst နဲ့ Bockwurst တွေပါ။

Grill လုပ်စားကြ၊ ကြော်စားကြ၊ ပြုတ်စားကြပါတယ်။




Image

ဒီအမျိုးအစား( Deftige wurst)တွေထဲမှာတော့

Bauernwurst -Rindswurst - Salami -

Schwartenmagen - Leberwurst -(Thüringer) Blutwurst စတာ

တွေပါပါတယ်။ သူတို့ ကတော့ strong Taste တွေပါ။

အဆီပါဝင်မှုများတာပေါ့။


ဒီမှာ ၀က်အူချောင်းတွေကို နည်းအမျိုးမျိုးနဲ့ စImageားကြပါတယ်။

ဒါက ၀က်အူချောင်း နဲ့ Linsen ပဲ၊အာလူး၊ဥနီရောပြုတ်ထားတဲ့

ဟင်းချိုပါ။ ခပ်လွယ်လွယ်နဲ့ အရာသာရှိတဲ့ဟင်းတစ်ခွက်ပါ။




Image

ဒီလိုလည်းကင်စားကြတယ်။





Image

ဒါက Curry Wurst.
မဆလာနံ့ သင်းနေတဲ့ အချဉ်ရည်နဲ့ ပါ။
မာရိုးနိစ်နဲ့ လည်းစားကြတယ်။




Image


ဒီလိုလည်းသုပ်စားကြတယ်။





Image

ဒါကတော့လမ်းမှာပဲစားလိုက်တာပေါ့။







Image
ဒါက ဂျာမန် ဂေါ်ဖီထုပ်ချဉ်ပတ်နဲ့ 
ဝက်သွေး ၀က်အူချောင်း။ ဂျာမန်
တွေစားလေ့ရှိတာပေါ့။


ဒီပုံတွေကတော့ Internet ကပုံတွေပါ။ သူငယ်ချင်း
တို့ လာလည်မှပဲမြည်းစမ်းကြရင်းဓါတ်ပုံတွေရိုက်ကြတာပေါ့။

Sunday, 4 October 2009

ကုသမှုတွေအကြောင်း

ကျမကဆရာဝန်မဟုတ်တော့ ကုသမှုတွေ အကြောင်း အသေးစိတ်မပြော တတ်ပါဘူး။
တွေ့ တာမြင်တာကို နဲနဲပြောပြမှာပါ။ ဒီမှာ School Medicine
ကိုတော့ ကောင်းကောင်းသုံးကြပါတယ်။ ရောဂါဖေါ်ထုတ်တဲ့နေရာမှာ
အထောက်အပံ့ပေးတဲ့ ပစ္စည်းတွေ၊ နည်းပညာတွေ က အလွန်တိုးတက်
မြန်ဆန်ပါတယ်။ ဆေးဝါးတွေကလည်း အစွမ်းထက်ကြပါတယ်။ ဆရာဝန်တွေ
ကသာအချိန်ယူစဉ်းစား ပြီး လုပ်မယ်ဆိုရင် ရောဂါကို ခဏလေးရှာတွေ့ ပြီး
ဆက်လက်ကုသဖို့ မြန်သွားတာပေါ့။

ဓါတုဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက် သဘာဝဆေးပညာ
တွေကို alternative Medicine အဖြစ်အသုံးများလာကြပါတယ်။
တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကလာတဲ့  နည်းတွေ အပြင်၊ Phytotherapy
(ဆေးဘက်ဝင်တဲ့ သစ်ပင်သစ်ရွက်တွေကိုသုံးတာပါ။) ၊Homöopathie
စတာတွေသုံးကြပါတယ်။

တရုတ်ဆေးဘက်ကဆိုရင် အပ်ဆိုက်တာ ကတော့ ဒီမှာတော်တော်သုံးကြပါ
တယ်။ ဆေးခန်းတိုင်းလိုလိုမှာအပ်ဆိုက်ကြပါတယ်။ အရင်က Insurance
ကုမ္ပဏီတွေကပေးပေမဲ့၊အခုတော့ ကိုယ့်ဘာသာကိုယ်ပေးရတော့တယ်။
ပုဂ္ဂလိက Insurance ကုမ္ပဏီတွေကတော့ အခုထိ ပေးပါတယ်။
Chinese Traditional Medicine (CTM) ကိုလည်း သုံးကြပါတယ်။
ဒီအတွက်လည်း ကိုယ့်ဘာသာကိုယ်ပေးရပါတယ်။ CTM တို့ 
အပ်ဆိုက်နည်းတို့ နဲ့ ကုမယ်ဆိုရင်တော့ တကယ်တော်တဲ့သူကို ရွေးသင့်ပါတယ်။
ဈေးကွက်ထဲမှာတော့ Offer တွေအများကြီးပေါ့လေ။

အိန္ဒိယဘက်ကဆို အာယုဗေဒနည်းတွေ နဲ့ တခြား relaxation နည်းတွေသုံး
ကြပါတယ်။ ရောဂါတော်တော်များများမှာ Stress ဟာ အကြောင်းရင်းတစ်ရပ်
အဖြစ်ပါနေတော့ Yoga, Meditation (နည်းမျိုးစုံသုံးကြပါတယ်),Massage,
.....စတဲ့ ကောင်းမယ်ထင်တဲ့နည်းတွေကို သုံးကြပါတယ်။

မိမိနဲ့ သင့်တော်ပြီး လက္ခံနိုင်မယ်ဆိုရင်တော့ သုံးပေါ့လေ။ Market ထဲမှာကတော့
ကောင်းတာရော၊ မကောင်းတာရော၊ ဘာမှန်းမသိတာတွေရော....အစုံပါပဲ။

Phytotherapy ဆေးဘက်ဝင်တဲ့ သစ်ပင်သစ်ရွက်တွေကိုသုံးတဲ့နည်း ကလည်း
စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျမတို့ မြန်မာတွေ သုံးတဲ့ ဂျင်းပြုတ်ရည်တို့ ၊
မြင်းခွာရွက်ပြုတ်ရည်တို့  စတာတွေလိုပေါ့။ ဒီမှာလည်း ဒီမှာရှိတဲ့ ဆေးဘက်
ဝင်တဲ့ အရွက်တွေကိုသုံးကြတာပါ။ အရွက်တစ်မျိုးထဲမဟုတ်ပဲ ၃_၄မျိုးရော
ပြီး Tea အဖြစ်သုံးကြတာပါ။ ဆေးညွန်းအတိုင်း ဆေးဆိုင်တွေမှာ ၀ယ်လို့ ရပါတယ်။
ဒါအပြင် သင့်တော်တဲ့အရွက်တွေကနေ ထုတ်ထားတဲ့ ဆေးပြားတွေ၊ လိမ်းဆေးတွေ
လည်းဝယ်လို့ ရပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းတော့ သုံးကြတာများပါတယ်။
မြန်မာပြည်က FAME ကထုတ်တဲ့ဆေးတွေလိုပေါ့။

Homöopathie ကတော့ ၁၇၉၆ ကတည်းက ဂျာမန်ဆရာဝန်တစ်ဦးဖြစ်တဲ့
Samuel Hahnemann ကစတင်သုံးခဲ့တာပါ။ သစ်ဥသစ်ဖုသာမက တခြား
အရာတွေကိုပါသုံးပါတယ်။ Substance တွေကို ရေ ဒါမှမဟုတ် အရက်တို့ နဲ့ 
ရောလှုပ် ပြီး 1:10 or 1:100 အထိလျှော့ချထားတာပါ။ အရည်ပုံစံ၊ globuli
ပုံစံမျိုးတွေရှိပါတယ်။ လူနာရဲ့  ရောဂါလက္ခဏာသာမက၊ လူနာရဲ့ စရိုက်
လက္ခဏာတွေကိုပါထဲ့တွက်စဉ်းစားပြီးမှ လူနာနဲ့ သင့်တော်မဲ့ ဆေးကို
ပေးရတာပါ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

တခြားနည်းပေါင်းစုံလည်း ဈေးကွက်ထဲမှာ အများကြီးပါ။ မိမိနဲ့ သင့်တော်မယ်
ထင်တဲ့နည်းကို ရွေးပြီး ကျွမ်းကျင်တဲ့သူကိုသာရှာရမှာပါ။

Prevention အနေနဲ့ တော့ Insurance ကုမ္ပဏီတွေက တော်တော်လေး
အားပေးပါတယ်။ အသက် ၃၅ နှစ်အထက်ဆို (၂)နှစ်တခါ Check up လုပ်
ခွင့်ရပါတယ်။ အမျိုးသမီးတွေတော့ တစ်နှစ်တစ်ခါ စစ်ဆေးခွင့်ရပါတယ်။
ဒီအတွက် ပိုက်ဆံပေးစရာမလိုပေမဲ့  ဆရာဝန်တွေကတော့ ........
ဒါ့အပြင် Insurance ကုမ္ပဏီတွေနဲ့  fitness studio တွေပေါင်းပြီး လေ့ကျင့်
ခန်းတွေလုပ်ဖို့ သင်တန်းပေးတာတွေ၊ အ၀လွန်တဲ့လူတွေအတွက် ကိုယ်အလေး
ချိန်လျှော့စေတဲ့ သင်တန်းတွေပေးတာမျိုးတွေလည်း လုပ်ပေးပါတယ်။
ကျသင့်ငွေကို Insurance ကုမ္ပဏီတွေက ပေးပါတယ်။ တချို့ ကျတော့ မိမိက
နဲနဲစိုက်ပေးရပါတယ်။
မိမိရဲ့  Insurance ကုမ္ပဏီနဲ့ ဆက်သွယ်ပြီး မိမိနဲ့ သင့်တော်တဲ့ သင်တန်းမျိုး
တက်လို့ ရပါတယ်။

ဒီလောက်ဆိုရင်တော့ ဂျာမနီရဲ့ ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးလောက
အကြောင်း နဲနဲပါးပါးတော့ ပုံပေါ်သွားပြီလို့ ထင်ပါတယ်။

နောက်မှ ကျမဒီလောကထဲရောက်လာပုံကို ပြောပြပါအုံးမယ်။

လူနာများနဲ့ ကျန်းမာရေးလောက

လူနာတွေက ဂျာမန်ကျန်းမာရေးစနစ်အပေါ်ထားတဲ့ သဘောထားလေးတွေနဲ့ 

သူတို့ ရဲ့ ခံစားမှုလေးတွေပါ။ ကျမကြားသိသမျှလေးတွေကိုပြောပြမှာပါ။

အားလုံးနဲ့ တော့ အကျုံးဝင်မှာမဟုတ်ပါဘူး။

၂၀၀၄ ခုမတိုင်ခင်ကတော့ အစိုးရထောက်ပံ့ထားတဲ့ အာမခံကုမ္ပဏီတွေမှာ

အာမခံထားတဲ့သူတွေဟာ ဆေးခန်းသွားရင် 10 € လည်းမပေးရ သလို၊

ဆေးဝယ်ရင်လည်း 5€-10€ မပေးရပါဘူး။ ဆေးခန်းတွေ၊ အထူးကုတွေဆီ

ကိုလည်း သွားချင်သလို သွားလို့ ရကြပါတယ်။ သူတို့ တွေအတွက် အဲ့ဒီအချိန်တွေဟာ

ကောင်းဆုံးဝန်ဆောင်မှုတွေ၊ကုသမှုတွေရခဲ့တဲ့ အချိန်ပေါ့။

လူနာတွေအတွက်လည်းကောင်းခဲ့သလို၊ ဆရာဝန်တွေအတွက်လည်း လွတ်လွတ်

လပ်လပ်ကုသပေးလို့ ရခဲ့ပါတယ်။ရရှိတဲ့ကုသမှုဘောင်ကလည်း တော်တော်လေးကျယ်

ပြန့် ပါတယ်။

၂၀၀၄ ခုနောက်ပိုင်းရောက်တော့ ကန့် သတ်မှုတွေ၊ ထည့်ဝင်မှုတွေ တဖြေးဖြေး

များလာတယ်။ ဒီတော့အရင်က အသားကျလာတဲ့ အကျင့်တွေ ပြောင်းလာရတယ်။

ကျမကြုံရသလောက်တော့ ဂျာမန်တွေဟာ အလွန် ဆေးခန်းသွားကြပါတယ်။

သူတို့ တွေဟာ ရောဂါ ကိုကြောက်ကြတယ်။ ရောဂါတခုခုဖြစ်တော့မလားဆိုတဲ့

အတွေးတွေ အမြဲရှိတတ်တယ်။နှာစေး၊ချောင်းဆိုး၊ ခေါင်းကိုက်တာလောက်လည်း

ဆေးခန်းကိုလာကြတာပဲ။ အခုဆို ဒီလို နှာစေး၊ချောင်းဆိုး ရောဂါတွေအတွက်

ဆေးကို ဆေးဆိုင်တွေမှာ ဆေးလက်မှတ်မလိုပဲဝယ်လို့ ရနေပေမဲ့ သူတို့ က

ဆေးခန်းလာပြီး ဆရာဝန်နဲ့ တွေ့ ရမှကျေနပ်ကြတယ်။ ဒါကလည်း ငယ်ငယ်

ကတည်းကစွဲလာတဲ့ အကျင့်တစ်ခုနေမှာပါ။ ဆေးခန်းကို သွားချင်သလိုသွားလို့ 

ရခဲ့ပြီး၊ ပိုက်ဆံလည်းမပေးရတော့ ဒီအကျင့်တွေက မွေးရာပါလိုဖြစ်နေပြီ။

ဆေးခန်းမှာ တနေ့ လာတဲ့လူနာရဲ့ ၄၀%ဟာ ဒီလို နှာစေးချောင်းဆိုးလောက်နဲ့ 

ရောက်လာကြတာပါ။ မိုးရွာတဲ့နေ့ ၊နှင်းကျတဲ့နေ့ တွေဆို လူနာတွေပိုများတယ်။

စနေ၊တနင်္ဂနွေနေ့ မျိုး ရာသီဥတုဆိုးရင် တော့ တနင်္လာနေ့ မှာ ဆေးခန်းက

လူတွေအလုပ်များတော့တာပဲ။ တယ်လီဖုန်းကတဂွမ်ဂွမ်နဲ့  ကြာလာတော့

နားတောင်ရောင်လာပြီလားလို့ ထင်ရတယ်။ ဆေးခန်းမှာတနေ့ လုံးနားချိန်

မရအောင် အလုပ်များကြရတယ်။ ဒီမှာဆေးခန်းတိုင်းလိုလိုလူပြည့်နေတာပဲ။

လူတွေဟာ ဒီအတွက်လည်းတော်တော်လေးအချိန်ပေးကြတယ်။

တချို့ ကြတော့ စကားပြောဖော်မရှိလို့ ဆေးခန်းလာပြီးစကားပြောကြတာလည်း

ရှိသေးတယ်။ မြို့ ပေါ်မှာ သိပ်မရှိပေမဲ့ နယ်ဘက်တွေမှာ ဒီလိုလူနာမျိုးတွေ တွေ့ 

ရတတ်တယ်။

ဒီလိုဆေးခန်းခဏခဏလာတတ်တဲ့လူနာတွေဟာ ဆရာဝန်ကို စိတ်ကြိုက် ကုလို့ 

မရတော့တဲ့အခါ အခက်ကြုံလာတာပေါ့။ ဆရာဝန်ကလည်း Insurance က

ပေးထားတဲ့ ဘောင်ကျဉ်းလာတော့ လူနာတွေကို သိပ်အချိန်မပေးချင်

ကြတော့ဘူး။ သူတို့ ကိုပိုက်ဆံများများပေးမဲ့ ပုဂ္ဂလိက အာမခံထားတဲ့ လူနာတွေ

နဲ့  ကိုယ့်ပိုက်ဆံကိုယ်ရှင်းတဲ့လူနာတွေကိုပဲ အချိန်ပေးလာကြတယ်။ ဒီတော့

သာမန်လူနာတွေ အတွက်ဘ၀င်မကျစရာတွေဖြစ်လာတာပေါ့။

University Köln ကလေ့လာချက်အရဆိုရင် အထူးကုဆရာဝန်တယောက်ဆီမှာ

ရက်ချိန်းယူရင် Private နဲ့ သာမန် Insurance ရှိသူတွေ ရဲ့ ကွာခြားချက်ကို ဖေါ်

ပြထားပါတယ်။့ သာမန် Insurance ရှိသူ တယောက် အတွက် Endoskopie

လုပ်ဖို့  ရက်ချိန်းဟာ ပျမ်းမျှအားဖြင့် ၃၆.၇ ပတ်ဖြစ်ပြီး၊ Private Insurance ရှိသူ

တွေအတွက်ကတော့ ၁၁.၉ ပတ်ပဲ ကြာပါတယ်။

လူနာတွေ ကလည်း ငါတို့ လစဉ်ပိုက်ဆံပေးနေရတာဆိုပြီး သူတို့ ရသမျှ

အခွင့်အရေးကို ရသလိုယူကြတာပါပဲ။ Insurance ကုမ္ပဏီတွေ က ကန့် သတ်

ချက်တွေလုပ်နေတာတောင် ရသမျှနည်းတွေနဲ့ ကြိုးစားကြတယ်။ ဥပမာ

နှာစေး၊ချောင်းဆိုး ရောဂါတွေအတွက် ဆေးတွေကို ၁၂နှစ်အောက်ကလေးတွေ

အတွက် ဆေးစာနဲ့ ဝယ်ရင် အလကားရပါတယ်။ ဒီတော့ ကလေးငယ်ရှိတဲ့

လူတွေက အဲ့ဒီဆေးတွေ လူကြီးတွေအတွက် လိုရင် ကလေးနံမယ်နဲ့ 

ဆေးစာရေးခိုင်းတာမျိုးတွေပေါ့။

အခွင့်အရေးယူတတ်တဲ့ လူတချို့ ကြောင့် Insurance ကုမ္ပဏီ တွေက ကန့် သတ်

မှုတွေ လုပ်လာတာပေါ့။တွေးမိတာက စနစ်ကကောင်းလွန်းတော့လည်း လူတွေကို

ပျက်ဆီးစေသလားလို့ ပါ။

Saturday, 3 October 2009

Titisee ကိုရောက်ခဲ့တယ်။

ဒီနေ့ တော့ရေးလက်စ အကြောင်းလေးတွေ ခဏထားပြီး ဟိုနားဒီနား
လျှောက်လည်ဖြစ်ပါတယ်။ ဒီနေ့ (၃.၁၀.၀၉)ကတော့ ဂျာမနီနိုင်ငံရဲ့ ရုံးပိတ်
ရက်ပါ။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းတဲ့
နေ့ ပါ။ ဒီနေ့ အနှစ်(၂၀) ပြည့်ခဲ့ပြီပေါ့။

ဒီနေ့ ကပိတ်ရင်လည်းဖြစ်၊ ရာသီဥတုကလည်းသာယာတာနဲ့ ကျမတို့ နှစ်ယောက်
Black Forest ကTitiseeဆိုတဲ့နေရာကို သွားခဲ့ကြပါတယ်။ ကျမတို့ နေတဲ့
Bad Krozingen ကဆို 46.3 km ဝေးပါတယ်။ ကျမတို့ ကတော့ရထားနဲ့ သွား
ကြတာပါ။

မနက် (၁၀) နာရီခွဲ ရထားနဲ့  Bad Krozingen ကနေထွက်ခဲ့ကြပါတယ်။

Imageဒါကတော့ရထားအချိန်စာရင်းပါ။





Image






ကျမတို့ မြို့လေးရဲ့ ဘူတာ


Image

ရထားစောင့်နေတာ။


Imageရထားလာပြီ။








Imageဒီမှာရထားပြောင်းစီရတယ်။




Image
ဒီရထားနဲ့ Titisee ကိုသွားရမှာ။








Imageဘူတာကစက်ဘီးတွေ

ရထားပေါ်ကမြင်ရတာတွေ
Image









Image









(Himmelreich)မြန်မာလိုတော့
နတ်ပြည်ပေါ့။
ကျမတို့ တော့ ကံမပါသေးလို့ 
အဲ့ဒီမြို့ မှာမနေရဘူImage











Image
ရောက်ပြီ။ တနာရီလောက်ကြာတယ်။

Image









Schwarzwaldschinken

Black Forest ကထွက်တဲ့ ၀က်ပေါင်ခြောက်Image

Image










Image
kuckucksuhr


Image










Image
မြင်းလှည်းလည်းတွေ့ ခဲ့သေးတယ်။









Image

ဒါကတော့ Titisee ပါ။


Image









Image









Imageအစာပြေစားကြတယ်။








အိမ်ကိုတော့ ၃ နာရီခွဲ မှာပြန်ရောက်ပါတယ်။....သူငယ်ချင်းတို့ လာလည်ရင်
လိုက်ပို့ ပေးမယ်နော်။


Imageအခုတော့သီတင်းကျွတ်လပြည့်ညပေါ့။
မနက်ကအမေ့ကိုဖုန်းဆက်ပြီး ကန်တော့
လိုက်တယ်။
အိမ်မှာတော့ အိမ်ဦးနတ်ကိုပဲ ကန်တော့လိုက်
ပါတယ်။ (မုန့် ဖိုးတော့မရဘူး)









Thursday, 1 October 2009

ဂျာမန်ဆေးလောက နဲ့ ဆရာဝန်များ

ဂျာမန် ကျန်းမာရေးလောက ထဲက ကျမ တွေ့ ကြုံခဲ့ရတဲ့ ဆရာဝန်တချို့ ရဲ့ 
အကြောင်းလေးတွေပါ။ ဆေးလောကထဲမှာတော့ ဆေးရုံမှာလုပ်တဲ့ ဆရာဝန်
တွေရယ်၊ ဆေးခန်းတွေမှာ ထိုင်တဲ့ဆရာဝန်တွေရယ် ဆိုပြီးယေပူယျပြောလို့ ရ
ပါတယ်။ ဆေးခန်း ထိုင်တဲ့ ဆရာဝန်တွေထဲမှာ အစိုးရ ထောက်ပံ့တဲ့  Insurance
Co. တွေက အသိအမှတ်ပြုထားတဲ့ ဆရာဝန်တွေက များပါတယ်။ သူတို့ ဆီမှာပဲ
အစိုးရ ထောက်ပံ့တဲ့  (သာမန်) အာမခံထားတဲ့သူတွေ ဆေးကုလို့ ရပါတယ်။
တချို့ ဆရာဝန်တွေကတော့ Private patients တွေအတွက်ပဲ ဆေးခန်းဖွင့်ကြ
ပါတယ်။ ဒီလိုဆရာဝန်တွေအတွက်တော့ အစိုးရ ထောက်ပံ့တဲ့  Insurance
Co. တွေက အသိအမှတ်ပြုခံရဖို့ မလိုပါဘူး။
ဒါပေမဲ့ ဆရာဝန် အများစုက အစိုးရ ထောက်ပံ့တဲ့  Insurance ရှိတဲ့ သူတွေကို
အဓိကထားကြပါတယ်။ သူတို့ က လူ များစုမဟုတ်လား။

၂၀၀၄ ခုနှစ်ကစပြီးတော့ အစိုးရ ထောက်ပံ့တဲ့  Insurance ရှိတဲ့လူနာတွေဟာ
ဆရာဝန်တွေအတွက် သိပ် အမြတ်မရကြတော့ပါဘူး။ အဲ့ဒီ ကုမ္ပဏီတွေကပေးထားတဲ့
ကုသမှု ။ဝန်ဆောင်မှုတွေဟာ တနှစ်နဲ့ တနှစ် ပိုပြီး နည်းလာပါတယ်။ ဆရာဝန်တွေအတွက်
ကုသမှုဘောင်ကျဉ်းလာတာပေါ့။ ဒီတော့ ၀င်ငွေပါနဲလာရော။
ဒီပြောင်းလဲမှုတွေဟာ တကယ်တော့ ဆရာဝန်ရော၊လူနာပါ နစ်နာကြတာပါ။

ဒီတော့ ဆရာဝန်တွေဘက်က အစိုးရ ထောက်ပံ့တဲ့  Insurance Co. တွေက
ပိုက်ဆံမပေး (တော့)တဲ့ ကုသမှုတွေကို Private treatment အနေနဲ့  ကုသပေးပြီး
လူနာက ကိုယ့်ဖာသာကိုယ် ပိုက်ဆံပေးရတာပေါ့။ ဒီတော့ (IGEL Leistungen) လို့ 
ခေါ်တဲ့ ကိုယ့်ပိုက်ဆံ ကိုယ်ရှင်းရတဲ့ ကုသမှု တွေများလာတယ်။

ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို ကျမမြင်သလောက်ပြောရရင် ဆရာဝန်တွေ၊
လူနာတွေရဲ့ ဒဏ်တွေကို အစိုးရ ထောက်ပံ့တဲ့  Insurance Co. တွေက မခံနိုင်တော့
လို့ ပါ။ ၂၀၀၄ မတိုင်မှီကဆို ဆရာဝန်တွေ ကုသရေးမှာ တော်တော်လေး လုပ်ပိုင်
ခွင့်ရသလို Insurance Co. တွေဆီကလည်း ပိုက်ဆံရပါတယ်။ ဒါပေမဲ့ တချို့ သော
ဆရာဝန်တွေက အခွင့်အရေးတွေပိုယူလာပြီး စနစ်ကောင်းကို အမြတ်ထုတ်လာခဲ့
ကြပါတယ်။ ကုသမှုတွေ ကိုတကယ်မပေးပဲ ညာတောင်းတာတွေ၊ မလိုအပ်တဲ့
ကုသမှုတွေလုပ်ပြီး ပိုတောင်းတာတွေ လုပ်လာခဲ့ကြတယ်။ ဆရာဝန်တိုင်း
မဟုတ်ပေမဲ့ တော်တော်များများက ဒီလိုပဲလုပ်ကြတာဆိုတော့ Insurance Co.
တွေလည်းကြာတော့ ဘယ်ခံနိုင်တော့မှာလဲ။ ဒီအကြောင်းတွေ သူတို့ ကိုပြောရင်
ခံနိုင်မှာမဟုတ်ဘူး။ အဲလူနာတွေဘက်က အခွင့်ကောင်းယူလာတာတွေတော့
နောက်အပိုင်းမှာဆက်ပြောပြပါမယ်။

ဒီတော့ ဆရာဝန်တွေက လူနာတွေ ကို အရင်ထက်ပိုပြီးလက္ခံလာကြတယ်။ ဒါမှလည်း
သူတို့ အတွက် အမြတ်ကျန်မှာပေါ့လေ။ လူနာတွေအတွက် တစ်ဦးချင်း
အချိန်ပေးနိုင်မှုနည်းလာတယ်။ ဆရာဝန်တော်တော်များ
များရဲ့ ငြီးသံတွေကြားလာရတယ်။မြို့ နဲ့ ဝေးတဲ့ နေရာတွေမှာဆို ဆေးခန်းဖွင့်ချင်တဲ့
ဆရာဝန်တွေ နည်းလာတယ်။ Private လူနာများတဲ့ဆေးခန်း၊ private ကုသမှုတွေ
နဲ့ အဆင်ပြေနေတဲ့ဆေးခန်း၊ Private လူနာတွေပဲလက္ခံတဲ့ဆေးခန်းတွေပဲ အဆင်
ပြေကြပါတယ်။

ဒါတွေကတော့ ကျမသိသမျှ၊မြင်သမျှ ဂျာမန် ဆေးလောက နဲ့ ဆရာဝန်တွေ ရဲ့ 
အကြောင်း အစိတ်တပိုင်းပါ။ နောက်မှ လူနာတွေ ဘက်က အကြောင်းလေးတွေ
ဆက်ရေးပါအုံးမယ်။