Thursday, 27 December 2012
ပါရီ ခရီး
ကျမတို့ နေတဲ့နေရာနဲ့ ပြင်သစ်က ကပ်နေပေမဲ့ ပါရီ ကို ကျမမရောက်ဖြစ်ခဲ့ပါဘူး။
ဒီနှစ်ခရစ်စမတ်အချိန်မှာ အလုပ်လည်းပိတ်တုန်း၊ဦးသောမတ်စ်လည်း ခရီးမထွက်
တဲ့အချိန်နဲ့ ကြုံတုန်း ငယ်ငယ်ကတည်းက စိတ်ကူးထဲရောက်နေတဲ့ ပါရီကိုသွားဖို့ 
စီစဉ်ဖြစ်ပါတယ်။
ကျမတို့  အိမ်ကနေ မိနစ်၂၀လောက်ကားမောင်းပြီး ပြင်သစ်နိုင်ငံက Mulhouse
ဖြစ်တာနဲ့ လမ်းကဘူတာမှာ နာရီဝက်လောက်ရပ်ထားရလို့ ပါရီကို နာရီဝက်နောက်
ကျရောက်ပါတယ်။ရထားဆိုက်တဲ့ ဘူတာ  Gare de Lyon  ကနေ ကျတို့ တည်းမည့်
ဟိုတယ် ရှိတဲ့ Gare de l'Est ကို Metro စီးပြီးခရီးဆက်ခဲ့ပါတယ်။
ပထမဆုံးပါရီရဲ့ အတွေ့ အကြုံကတော့ မြေအောက်ရထားတွေက တစ်ခုနဲ့ တစ်ခု
ချိတ်ဆက်မိပြီး အဆင်ပြေတာကို တွေ့ ရတယ်။ ပြင်သစ်သူ ချောချောတွေ အစား
အာဖရိကန်တွေ အများကြီးတွေ့ ရတယ်။ ကျမတို့ တည်းတဲ့နေရာက အာဖရိကန်၊
အိန္ဒိယ ရပ်ကွက်တွေနဲ့ နီးတော့ သူတို့ ကို နေရာတိုင်းတွေ့ နေရတယ်။
ခဏနားပြီးတော့ ဦးသောမတ်စ်သွားချင်လှချီရဲ့ ဆိုတဲ့ အာရပ်-အာဖရိကန်ရပ်ကွက်
ရှိတဲ့Barbes-Rochechouart ကိုသွားကြပါတယ်။ ရထားပေါ်ကဆင်းတယ်ဆိုရင်ပဲ
ကျမတို့ ဥရောပကနေ အာဖရိကရောက်သွားသလိုခံစားလိုက်ရပါတယ်။
ဈေးဆိုင်တွေကလည်း ကျမတို့ တိုင်းပြည်ကဈေးဆိုင်တွေလိုပဲ။ လမ်းလည်မှာ
ဘန်းနဲ့ ထဲ့ရောင်းသူ၊ လမ်းမှာခင်းရောင်းသူလမ်းလျှောက်ပြီးရောင်းနေသူ၊
စုံလို့ ပဲ။ ကျမတို့ ရှိနေချိန်မှာပဲ မြန်မာပြည်မှာ စည်ပင်လာသလို ပြေးကြတာတွေ့ 
တော့ သြော် ပုလိပ် ၂ ယောက်လာနေတာကို....
Image
ငါးတွေ၊ အသားတွေအများကြီးပဲ။ အမဲကလိစာတွေတွေ့ တော့ အမဲအူပြုပ်
စားချင်မိတယ်။ မီးဖိုချောင်တစ်ခုသာ ခဏငှားလို့ ရရင်...တွေးမိပါတယ်။
ငါးကြပ်တင်ထားတာတွေလည်းတွေ့ တယ်။ ကုန်ခြောက်ဆိုင်တွေမှာ
ငါးဆားနယ်တွေတွေ့ တော့ ၀ယ်ချင်ပေမဲ့ .... အနံတွေ ဟိုတယ်မှာ နံကုန်မှာ။
အာဖရိကကုန်ခြောက်ဆိုင် ပိုင်ရှင်က တရုတ်၊
ကျမတို့ လည်းဟိုငေးဒီမော့နဲ့  ပြန်လာခဲ့တယ်။ နေရာတနေရာရောက်တိုင်း
ဈေးတန်းအရင်သွားချင်တဲ့ကျမအတွက် အကောင်းဆုံးနေရာတစ်ခုပါ။
Image
လိုင်းတွေ၊ ရထားလိုင်းတွေကလည်းအများကြီး၊ ကျမလည်း Marco polo
ခရီးလမ်းညွှန်စာအုပ် အားကိုးနဲ့  မြို့ ထဲထွက်ခဲ့ပါတယ်။ ပထမဆုံး သွားဖြစ်တဲ့နေရာ
ကတော့ Notre-Dame ကိုပါ။ပါရီမှာ ကျမအကြိုက်ဆုံးထဲက တစ်နေရာပါပဲ။
ကျမလည်းကျောင်းထဲခဏ၀င်ကြည့်ဖြစ်ပါတယ်။ Tourist တွေအများကြီးပေါ့။
Image
အဲ့ဒီကမှတဆင့် ကျော်ကြားလှတဲ့ Eiffel Tour ကိုသွားပါတယ်။ အပေါ်ကိုတတ်
ဖို့ ဓါတ်လှေခါးဘက်မှာတန်းစီနေတဲ့လူတန်း ကိုရှောင်ရင်း အနောက်ဖက်က
ခြေချင် တတ်တဲ့နေရာက နေ အပေါ်ကိုတတ်ခဲ့ပါတယ်။ ဦးသောမတ်ကတော့
ခြေထောက်နာတာကြောင့် အနားက ကာဖီဆိုင်မှာထိုင်ပြီးကျမကိုစောင့်နေတယ်။
အပေါ်ရောက်တော့ ပါရီမြို့ ကြီးကို စီးမြင်ရလို့ မောလာတာ တန်သွားပါတယ်။
ညဖက်ဆိုမီးရောင်တွေနဲ့ ပိုလှမှာသေချာပါတယ်။
Image
Image
အဲ့ဒီကအပြန် Arc de Triomphe  နဲ့ Champs-Elysees ဘက်ကိုခရီးဆက်ခဲ့ပါတယ်။
Image
Image
Champs-Elysees ရောက်တော့ ဆိုင်တွေကိုငေးရင်းလမ်းလျှောက်မှန်းမသိတော့
အောင်ဖြစ်ရတယ်။ ဦးသောမတ်စ်က ဆက်မလျှောက်နိုင်တော့ဘူးဆိုမှပဲ....
အဲ့ဒီမှာပဲ သူက ဟိုတယ်ပြန်၊ကျမက ခရီးဆက်ရင်းလမ်းခွဲခဲ့တယ်။ ကျမလည်း
Louvre ပြတိုက်ကိုသွားခဲ့ပါတယ်။ 
Image
အဲ့ဒီကတဆင့် တရုတ်တန်းကိုသွားဖြစ်ပါတယ်။ တရုတ်တန်းရောက်တော့လည်း
နေရာတိုင်းတရုတ်စာ၊တရုတ်စကားသံတွေကြားရတယ်။ ဘဲကင်၊အသားကင်၊
တရုတ်အစားအစာအစုံပါပဲ။ ကျမလည်း ဆိုင်တဆိုင်မှာ နေ့ လည်စာဝင်စားဖြစ်ပါတယ်။
တရုတ်ဆိုင်ကနေ လိုအပ်တဲ့ပစ္စ္စည်းနဲနဲဝယ်ခဲ့ပါတယ်။ အဲ့ဒီကမှ ဟိုတယ်ကို
ပြန်လာခဲ့တယ်။ ညနေစောင်းတော့ အနားက ကုလားဆိုင်မှာ ဒန်ပေါက်စားဖြစ်ပါတယ်။
မြန်မာပြည်လို ဆီမများပဲ နဲနဲစပ်ပါတယ်။
နောက်နေ့ မှာတော့ ပါရီမြန်မာဘုန်းကြီးကျောင်းကိုသွားကြပါတယ်။ ဆရာတော်က မနက်
၉နာရီလာခေါ်ပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ မြန်မာ ပြည်ပြန်ရောက်သလို
ခံစားရပါတယ်။ မနက်စာကိုတော့ ဘုန်းကြီးကျောင်းနားက ဂျပန် (တရုတ်)ဆိုင်မှာ
ဆရာတော်ကိုဆွမ်းကပ်ရင်းစားဖြစ်ပါတယ်။
ကျောင်းကအပြန် ကျမတယောက်ထဲ ဟိုတယ်ကသိပ်မဝေးတဲ့ Sacré-Cœur de Montmartre
သဘောကျမိပါတယ်။
Image
နောက်နေ့ မှာတော့ မြို့ ထဲဘက်နေရာတွေ သွားဖြစ်ပါတယ်။ ဈေးဆိုင်တွေ၊ အင်္ကျီဆိုင်တွေ၊
ဖိနပ်ဆိုင်တွေ.... ဂျာမနီထက်ဈေးကြီးပါတယ်။ ဂျာမနီက ထက်လည်းလှပါတယ်။
ကျမတော့ အင်္ကျီတစ်ထည်နဲ့ ဘောင်းဘီတစ်ထည်ပဲဝယ်ခဲ့ပါတယ်။
ပါရီခရီးက ကျမအတွက် စိတ်လှုပ်ရှားရတဲ့ ခရီးပါ။ ငယ်ငယ်က ပြင်သစ်စာအတူတူ
သင်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို သတိရမိပါတယ်။၊ စာတွေထဲမှာ သင်ခဲ့၊ဖတ်ခဲ့ရတဲ့
အရာတွေ ကိုယ်တိုင်မြင်ရတော့  စိတ်လှုပ်ရှားရပါတယ်။ သူငယ်ချင်းတွေသာပါလာ
ရင်ဆိုပြီးမကြာခဏတွေးမိပါတယ်။
ပါရီက လူမျိုးစုံ၊ ကြည့်စရာစုံတဲ့နေရာပါ။ မြေအောက်ရထားလိုင်းတွေကိုလည်း
အဆင်ပြေအောင်လုပ်ထားလို့ သွားရတာအဆင်ပြေပါတယ်။ မြေအောက်ရထား
စီးရလွန်းတော့ နေရောင်နဲ့ သဘာဝလေကို တောင်းတလာမိတယ်။
ကိုယ့်ကိုကိုယ် မြေကြွက်တကောင်လိုထင်လာမိပါတယ်။
ဘာပဲဖြစ်ဖြစ် ပါရီခရီးက ကျမအတွက် အမှတ်တရဖြစ်နေမှာပါ။
Friday, 21 December 2012
ဆောင်းတွင်းရောဂါ
21.12.12 ဒီနေ့  ကမ္ဘာပျက်မယ်ဆိုပဲ။ မနေ့ ကတည်းက တီဗီမှာ သတင်းတိုတွေ
လာနေတာကြားနေရတယ်။ ကျမအတွက်ကတော့ ဒီနေ့ က ၂၀၁၂ အတွက်
နောက်ဆုံးအလုပ်လုပ်ရက်၊ မနက်ဖြန်ကစပြီး ၆.၁.၁၃ အထိအလုပ်ပိတ်မယ်။
( အရေးပေါ် အလုပ်မ၀င်လာရင်ပေါ့)။ ဒီတစ်ပတ်လုံး Project တစ်ခုကို အပြီးသတ်
ရမှာမို့ လို့  ကျမတို့ အားလုံး ပင်ပန်းကြပါတယ်။ မနက် ဘယ်လောက်အေးအေး
အလုပ်ဇောကပ် ပြီး အစောကြီးထ အလုပ်သွား၊ နေ့ လည် ကျတော့ နောက်ကျမှ
ပြန်၊ Project တစ်ခုလက်စသတ်ဖို့ တတ်နိုင်တဲ့ဘက်က အားတက်သရော ကူညီ
ဖြစ်ခဲ့တယ်။
ဒီည အလုပ်က ခရစ္စမတ် ညစာစားပွဲ။ တစ်နှစ်တစ်ခါ ကျမတို့ တစ်ဖွဲ့ လုံး အေးအေး
ဆေးဆေး စားကြ၊သောက်ကြ၊လေကန်ကြတဲ့ပွဲမို့ တွေးပြီး ပျော်နေမိပါတယ်။
ဒါပေမဲ့ ဒီနေ့  အလုပ်က စောပြီးအိမ်ပြန်ခဲ့ရတယ်။ အအေးမိပြီး ခေါင်းကိုက်၊ ချောင်း
ဆိုး၊ ဆောင်းတွင်းရောဂါပေါ့။ မနေ့ ကတည်းက စနေခဲ့တာ၊ဒီနေ့ တော့ မလှုပ်နိုင်တော့ပါ။
မုန်လာဥ အနက် ၀ယ်လို့ မရပြန်ဘူး။
သူငယ်ချင်းတွေက ဒီညပွဲမှာ ကျမ မပါတော့လို့ စိတ်မကောင်းဖြစ်ကြတယ်။
ကျမကတော့ တနင်္ဂနွေနေ့  (၂၃.၁၂.၁၂) ပဲရစ်ကိုသွားဖို့  အားမွေးရင်း ဒီည ညစာစားပွဲကို
မလွမ်းတော့ပါဘူး။
Friday, 14 December 2012
ဂျာမနီဆေးလောကရဲ့ ဈေးကွက်
ဂျာမနီမှာ ဆရာဝန်နဲ့ လူနာတွေကြားမှာ မကြာခဏကြားနေရတဲ့  အသံတခု
ကတော့ IGel (Individuelle Gesundheitsleistung) လို့ ခေါ်တဲ့ Individual health service 
ပါပဲ။ ကျန်းမာရေးအာမခံ က္ပုဏီတွက သတ်မှတ်ထားတဲ့  ကုသမှတွေ၊
ရောဂါရှာဖွေမှုတွေ မဟုတ်တဲ့အတွက် လူနာက ကိုယ့်ပိုက်ဆံ ကိုယ်ပေးရတဲ့ 
Service တွေပါ။  ဆရာဝန်တွေက မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ်အလိုက် 
 ရောဂါရှာဖွေနည်းတွေ၊ကုသနည်းအသစ်တွေကို လူနာသဘောတူရင် သုံးပါတယ်။
 ဒီအတွက် လူနာကကျသလောက်ရှင်းရပါတယ်။ 
ဂျာမနီမှာကလည်း ကျန်းမာရေးလောကမှာ သုံးဖို့  နည်းပညာတွေကလည်း
တနေ့ တခြားတိုးတက်လာတော့ ဆရာဝန်တွေကလည်း နည်းအသစ်တွေကိုသုံး
ကြည့်ချင်ကြတယ်။ တကယ်ဆိုရင်တော့ ဒါဟာကောင်းတဲ့အရာပါပဲ။ ဒါပေမဲ့
တကယ်ရင်ဆိုင်ရတဲ့ပြသနာကတော့ လူနာတွေဘက်က ပါ။
ဆရာဝန်တွေက  IGel စနစ်အရ     Individual health service တွေများများသုံး
နိုင်လေ သူ့ အတွက်ဝင်ငွေကောင်းလေပါ။  
လူနာတယောက် အထူးကု ဆရာဝန်ဆီရောက်လို့ မိမိရောဂါကို ပြောပြပြီးတာနဲ့ 
ဆရာဝန်က သူ့ ရဲ့ နည်းစနစ်အသစ်တွေ( ရောဂါရှာတာရော၊ကုသတဲ့ဘက်ကရော) နဲ့ မိတ်ဆက်ပါတော့တယ်။
ကြောင်း၊ ဘယ်လို ကြိုတင်ကာကွယ်နိုင်ကြောင်း စတဲ့ Marketing စကားတွေပြောပါတော့
တယ်။ လူနာတိုင်းကတော့ မိမိရောဂါကို အကောင်းဆုံးကုသမှုခံယူချင်ကြတာပါပဲ။
အဲ့ဒီ Service တွေကို  ကျန်းမာရေးအာမခံ က္ပုဏီတွက ပေးလေ့မရှိတော့
လူနာက ကိုယ်တိုင်ပေးနိုင်ရင်တော်သေးရဲ့ ၊ တချို့ ကျတော့ မတတ်နိုင်၊ ဘာလုပ်ရမှန်းမသိ
စိတ်ပင်ပန်းကြရပါတယ်။
များသောအားဖြင့်  IGel စနစ်အရ     Individual health service တွေဟာ 
ကျမအတွေ့ အကြုံအရ သိပ်အကျိုးသက်ရောက်မှုမရှိပါဘူး။ မလုပ်ရင်
လည်းဘာမှ မဖြစ်တဲ့အပို   service တွေပါ။ လူနာကတတ်နိုင်ရင်တော့တစ်မျိုးပေါ့။
တကယ်တော့ ကျန်းမာရေးအာမခံ က္ပုဏီ ကပေးထာတဲ့ Service တွေက
 လူတယောက် အတွက်လုံလောက်တဲ့အခြေအနေမှာရှိပါတယ်။ 
အဲ့ဒီအခါမှာ လူနာခမျာ ငွေလည်းကုန်၊ လူလည်းပင်ပန်းပေါ့။ 
လူနာမှာရောဂါတခုဖြစ်ချင်လာပြီဆိုရင် ဆရာဝန်တွေအတွက် အခွင့်ကောင်းပဲ။
ဒီကြားထဲလူနာက စိုးရိမ်တတ်လေ၊ပိုကောင်းလေပေါ့။ 
လူနာကတော့ရုတ်တရက်မဝေခွဲတတ်ကြပါဘူး။ မိမိယုံကြည်ရတဲ့ဆရာဝန်ကပြောရင်
လုပ်ရမှကောင်းမယ်လို့ ထင်ကြတာများပါတယ်။ အဲ့ဒီ ယုံကြည်မှုကို တချို့ ဆရာဝန်တွေက
အသုံးချနေကြတာ မကြာခဏ ကြားနေရပါတယ်။
Tuesday, 11 December 2012
ဆောင်းတွင်း ....
နှင်းကျပြီးအေးနေတာ တစ်ပတ်လောက်ရှိလာပြီ။
မနက်အိပ်ရထဖို့ ကိုယ့်ကိုကိုယ်မနဲ အားပေးပြီး အိပ်ယာမှထရတယ်။
မလုပ်ချင်တဲ့အရာတွေထဲမှာ မနက်စောစော အလုပ်သွားရတဲ့ ကိစ္စလည်းပါပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ကစပြီး ရထားအချိန်တွေကပြောင်းတော့ အားလုံးက
ကမောက်ကမနဲ့ ။
မနေ့ ကတော့ အလုပ်ကအပြန်ရထားထွက်လေ့ရှိတဲ့အချိန် မထွက်ပဲ ၊
ရထားအစား ဘတ်စ်ကားပြောင်းသွားတာမသိလို့ ဘူတာမှာ ၄၅မိနစ်
အချိန်ကုန်ခဲ့ရသေးတယ်။ချမ်းချမ်းအေးအေးထဲမှာ ၄၅ မိနစ်က အတော်ကြာသားပဲ။
ဒီနေ့ မနက် လာနေကျရထားက မနက် ၇နာရီ၂၀မိနစ်။ ခရီးသည်တွေက
ဘူတာပလက်ဖေါင်းမှာ ရထားအလာကို တမျှော်မျှော်၊ အဝေးက လာနေတဲ့
ရထားမီးရောင်ကိုတွေ့ တော့ ရထားလာပြီထင်လို့ ... ကုန်တင်ရထား။
နှင်းတွေကြားမှာ အေးရပါတယ်ဆိုမှ ကုန်တင်ရထားဖြတ်သွားတာကြောင့်
လေအေးတွေ ကမျက်နှာကိုဖြတ်ရိုက်လိုက်သလိုပဲ။ မျှော်နေတဲ့ရထားက
၁၅ မိနစ်နောက်ကျမှရောက်လားတယ်။ ရထားပေါ်ရောက်တော့ထိုင်စရာမရှိ။
တော်ပါသေးရဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင် ၁၅မိနစ်ဆိုတာခဏလေး
ကုန်သွားတယ်။
အလုပ်ကပြန်လာ၊ချက်ပြုပ်စားသောက်ပြီးတာနဲ့  အပြင်မှာကမှောင်တောင်နေပြီ။
ညနေ ၄နာရီခွဲ.... .... .....
အပြင်လည်းထွက်ချင်စိတ်မရှိ၊ အပြင်တခါထွက်ဖို့  အင်္ကျီအထပ်ထပ်ကိုလည်း
ပြန်မ၀တ်ချင်၊ ... .... ....  ဒါပေမဲ့မနက်ဖြန်အတွက် ဟင်းချက်ဖို့ ဈေးတော့သွား
ဝယ်ရအုံးမယ်။ ကိုယ့်ကိုကိုယ်အားပေးရင်း... ... ... အိမ်နားက စူပါမတ်ဆီသို့ ... ... ....