Monday, October 31, 2011

သမိုင်းမ၀င်ပေမယ့်..သမိုင်းတွင်နေမည့်..စကားများ

ခေါင်းစဉ်ကိုတော့..ဆရာချစ်ဦးညိုရဲ့စာအုပ်ထဲက..ယူသုံးထားတာပါရှန်း)
မိတ်ဆွေတစ်ယောက်က..သမီးစံဖတ်ဖို့..(လက်ဆောင်)ပေးထားတဲ့စာအုပ်လေးပါ။
အားလုံးကိုလည်း..ဖတ်စေချင်လို့..scan လုပ်ပြီး..တင်ပေးလိုက်ပါတယ်။

Image

Image

တစ်အုပ်လုံးကို ဒီမှာ ဒေါင်းသွားလိုက်ပါ။
(မှတ်မှတ်ရရ..ဒီလင့်ခ်လေးရဖို့..နှစ်ရက်ခွဲလောက်ကြာပါတယ်းP)

ဒီစာအုပ်ကို..သမီးစံလည်း..ဖတ်ပြီးသွားပါပြီ...သိတော့သိပါတယ်
ဒါပေမယ့်
သိပ်နားမလည်သေးဘူး...(ငယ်သေးလို့..ထင်တယ်နော်း)

ဒါကတော့.......
သူငယ်ချင်းအားလုံးအတွက်သီချင်းလက်ဆောင် :P
(လိုင်းမကောင်းလွန်းလို့..စိတ်နာနာနဲ့ တင်ပလိုက်တာ..း)





ပျော်ရွှင်ချမ်းမြေ့ဖွယ်..နေ့လေးဖြစ်ကြပါစေရှင်
ချစ်ခင်လေးစားစွာနဲ့...


Image and video hosting by TinyPic

Friday, October 28, 2011

ကောသလမင်းအိပ်မက်(၁၆)ချက်

ဒီနေ့မနက်က..အိမ်ကအမတော်နှစ်ယောက် ကျောက်တန်းရေလယ်သွားကြတယ်လေ။
ပြန်လာတော့..''နင့်အတွက်.. ဓာတ်ပုံတွေရိုက်လာပေးတယ်" တဲ့...။
မုန့်ဖိုးသာတောင်းတိုင်းမရတာ ဒါမျိုးကျတော့ ချစ်ဖို့ကောင်းသားနော်..။း)
ဓာတ်ပုံတွေထဲက ကောင်းရာကောင်းနိုးလေးတွေရှာကြည့်တော့ ..
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ (မှတ်သားမိသလောက်နှစ်ပေါင်း၁၀၀)ခန့်က..ကောသလမင်းကြီး.မက်ခဲ့တဲ့.အိပ်မက်တွေကို ပန်းချီကားတွေနဲ့ပုံဖော်ရေးဆွဲထားတာတွေတွေ့ပါတယ်။
အားလုံးသိပြီးကြပြီး..ဖြစ်ကြပေမယ့်..ဆွဲထားတဲ့ပန်းချီလက်ရာလေးတွေက
တစ်နယ်နဲ့..တစ်နယ်(လက်ရာချင်း)မတူတော့..တင်ပေးလိုက်တာပါ။
တစ်ချို့..ဘုရားတွေမှာဆို..ဒီမင်းကြီးရဲ့အိပ်မက်ကို.အလကာင်္လေးတွေနဲ့ရေးထားတာ
တွေ့ဖူးပါတယ်။
(အမတော်တွေရဲ့ပုံကိုတော့ ..မတင်တော့ပါဘူး။
တော်တော်ကြာ...ကိုယ့်အိမ် နောက်လာမလည်တော့ရင်ဘယ်နှယ့်လုပ်မတုန်းနော်။) :P


Image

Image


Image


Image

Image



Image

Image

Image

Image

Image

Image

Image

Image

Image

Image

Image

Image

Image

Image

ခုချိန် (နှစ်ဆယ့်တစ် ရာစုမှာ)တော့ သမီးစံတို့.ဒါတွေအားလုံးကို တစ်ခုမကျန် ကြုံ နေကြပြီထင်ပါတယ်။ ပြီးတော့မြေကြီး လက် ခတ်မလွဲအောင် တည့်တည့်ကြီး မှန်နေတဲ့ တဘောင် စကားတွေ လည်းအများကြီးရှိပါတယ်။အံ့သြဖို့..တော်တော်ကောင်းပါတယ်ရှင်။
သူ့ခေတ်နဲ့သူခေတ်စားနေတဲ့ သီချင်းတွေမှာတောင်နမိတ်တွေနဲ့ပါ။ပြောကြည့်ရရင်တော့ တလောတုန်းက IC အဖွဲက ဆိုလိုက်တဲ့သီချင်းပေါ့.ရောဂါ..ရောဂါ..ဆိုပြီးတော့လေး)။ပြီးတော့မကြာပါဘူး မြန်မာပြည်ကို H1N1တွေရောက်လာပါရောလား :P။ပြီးတော့စိုင်းစိုင်းခမ်းလှိုင်က ..သေပြီဆရာတဲ့.. ဒါလည်း မကြာပါဘူး နာဂစ်မုန်တိုင်းကြီးကျလာလိုက်တာ (အများစုဖြစ်တဲ့) ဧရာဝတီတိုင်း လပွတ္တာမြို့နယ် က လူတွေအားလုံး ရေထဲရောက်ကုန်ကြပါလေရောလား။ နောက်ဆို..နဂါးနီလိုသီချင်းမျိုး.. ဆိုမှရတော့မယ် ထင်တယ်နော်း)။
ပြောသာပြောတာပါရှင်..ဒါတွေက တိုက်ဆိုင်တာလည်းဖြစ်ချင်ဖြစ်မှာပါ။ သူ့ဟာသူ အကြောင်း ရယ် အကျိုးရယ်.ပြည့်စုံလာရင်တော့ဘယ်သူမှတားလို့မရနိုင်ပါဘူး။နို့ပေမယ်..ရှေးထုံးလည်းမပယ်နဲ့ဈေးသုံး လည်းမကြွယ်နဲ့ ဆိုတဲ့စကားကလည်း.. ရှိသေးတာကိုး..နော်။ပျော်ရွှင်ချမ်းမြေ့ဖွယ်..နေ့ပေါင်းများစွာကို.. ပိုင်ဆိုင်နိုင်ကြပါစေ။
သာမိစံ ရေးတဲ့ထဲမှာ အမှားများ..ပါသွားခဲ့လို့ရှိရင်လည်း....
အရင်တစ်ခေါက်ကလိုပဲ..တစ်ယောက်တစ်ဒေါ်လာစီပေးကာ
(အားမနာတမ်း)ဆုံမနိုင်ကြပါတယ်ရှင်း)



ချစ်ခင်လေးစားလျှက်...

သမီးစံ











Wednesday, October 26, 2011

သူငယ်ချင်းအိမ်က Depawali

မနေ့က..ကျောင်းကသူငယ်ချင်းတစ်ယောက်က သမီးစံကို ဖုန်းဆက်တယ်။ နက်ဖြန်အိမ်ကိုလာခဲ့ပါလားတဲ့..။
ဘာလို့လဲ..သယ်ရင်းရယ်ဆိုတော့....
"နင်ပဲ....ငါ့အစ်ကိုတွေကို လူစုံတက်စုံတွေ့ချင်တယ်ဆို" တဲ့..း)။ 
ဟုတ်ပ ....

သူ့အိမ်ကိုသွားတာ..ချောင်းသာပေါက်တယ်..သူ့အစ်ကိုတွေနဲ့တစ်ခါမှမတွေ့မိတာခုမှသတိထားမိတယ်လေ။း)
ဒါနဲ့ပဲ..."အေး..သယ်ရင်း..ငါလာခဲ့မယ်..ဘယ်အချိန်လဲ"ဆိုတော့...."ဆယ့်တစ်နာရီ၊ဆယ့်နှစ်နာရီလောက်ပေါ့" တဲ့။ကျန်တဲ့သူငယ်ချင်းတွေကိုလည်း..ဖုန်းဆက်ပြီးခေါ်ထားတယ်တဲ့လေ (နည်းနည်းတောင် မလိုနာ ဖြစ်သွား သေးတယ်း)အဲဒါ..နင်အိမ်မှာပဲစုပြီးခေါ်လာခဲ့ပါတဲ့။ ကိုယ်ကလည်း (သူ့အစ်ကိုတွေ. တွေ့ရမယ့် အရေး ဆိုတော့)..အေးအေးပေါ့း)။

ဖုန်းချပြီးမှစဉ်းစားမိတယ် သြော်..........ဟုတ်သားပဲ.. နက်ဖြန်.. သူတို့..Depawali ကိုး။(ဒီသူငယ်ချင်းနဲ့ ပေါင်းလာတာတော်တော်ကြာပါပီ..ထူးထူးဆန်းဆန်းဒီနှစ်မှ.ကိုယ့်ကိုဖိတ်တာလေ)..။သူခေါ်တာနဲ့ အံကိုက်ဖြစ်သွားတယ်..ကိုယ်က ကုန်ကြမ်းရှာနေတဲ့..ဘလော့ဂါကိုး။းP

သမီးစံ ပေါင်းဖြစ်တဲ့သူငယ်ချင်းတွေထဲမှာ..တော်တော်များများက လူမျိုးခြားတွေများပါတယ်။အထူးသဖြင့် ဟိန္ဒူလူမျိုးပေါ့။ဒါလည်းမရည်ရွယ်ပါဘူး..သူ့ဘာသူတိုက်ဆိုင်ပြီးခင်ဖြစ်သွားတာပါ။(အဲဒီတော့..ကိုယ်က သူ တို့ကြားထဲမှာ ထင်ပေါ်နေတာပေါ့နော်..ဟဲဟဲ)။ 

သူတို့ကပေါင်းလို့ အရမ်းကောင်းတယ် (ကိုယ့်အမြင် ပါနော်). အနစ်နာလည်းခံတယ်၊ အပြိုင် အဆိုင် လည်းမရှိဘူး..။ ကိုယ့်ဟာကိုယ် အေးဆေး နေတတ်ကြတော့ ကိုယ်နဲ့..Key ကိုက်သွားတာပေါ့နော်း)။
ဒါနဲ့ပဲ..ဒီနေ့မနက်..(သူငယ်ချင်း)အားလုံးသမီးစံဆီမှာ လူစုပြီး..ဆယ့်တစ်နာရီခွဲလောက် သူ့အိမ်သွား ဖြစ်ကြတယ်။ ဒီကြားထဲကြိုပြီးဖုန်းဆက်ထားလိုက်သေးတယ်.."နင့်အစ်ကိုတွေစုံပြီလားလို့"..း)။

သူ့အိမ်သွားရင်း...လမ်းမှာ(ကားစီးရင်းနဲ့)ရယ်စရာတစ်ခုတောင်ကြုံခဲသေးတယ်း)။ သူ့အိမ်ရောက်ခါနီး တစ်မှတ် တိုင်အလိုရောက်တော့.. အန်တီကြီးတစ်ယောက်က ကားပေါ်တက်လာတယ်..(ဆွဲခြင်းကြီးနဲ့) ပြီးတော့သူက ကားပေါ်မတက်ခင် စပယ်ရာကိုလှမ်းပြောတယ်.. ဟဲကောင်လေး.. ငါ့ဆွဲခြင်းကိုအရင်ဆွဲတဲ့.. အဲဒါနဲ့ ကား စပယ်ရာက အန်တီကြီး လက်ကောက်ဝတ် ကိုလှမ်းဆွဲလိုက်တယ်လေ (ဒါမှဆွဲခြင်းရော.. လူ ရောပါမှာကိုး) ..ကားပေါ်လည်းရောက်ရော ပြောပါလေရောကွယ်.." မင်းတို့ကိုငါက.. ဆွဲခြင်းဆွဲခိုင်းတာ. .လူကို ဘာလို့ဆွဲတာလဲ"တဲ့..။ကိုယ်တော်က ပြန်မပြောဘူး..အဲဒါနဲ့သမီးစံက ၀င်ပြောပေးလိုက်ပါတယ် (လူကြီးကိုမလေးစား ရာကျမှာစိုးလို့ပါ) ၀ါသနာပါလို့နေမှာပေါ့ အန်တီရယ်လို့..း)။အဲလိုပြောတော့ အန်တီကြီးက (အားရပါးရ) ရယ်တယ်တော်..။ ပြီးတော့ ပြော သေးတယ်. .စပယ်ရာကို.. “တွေ့လား တွေ့ လား. မင်းကို ပြောနေပြီ”တဲ့..။ တော်သေးတာပေါ့.. ကိုယ်ဆင်းမယ့်မှတ်တိုင်က.. ရှေ့မှာမို့လို့..နို့မို့ ဆို မလွယ်ကြောပဲနော်.ဟိဟိ...အဲလို.အဲလို..ဖြစ်ပုံကး)။

သူငယ်ချင်းအိမ်ရောက်တော့...သမီးစံတို့ကိုမုန့်တွေချကျွေးပါတယ်။
သူ့အစ်ကိုတွေနဲ့လည်းမတွေ့ခဲ့ပါဘူးသာမီးစံတို့ကို ရှိန်လို့တဲ့ အိမ်အောက်ကို တောင်ဆင်းမလာတော့ဘူး (အဲလိုပါဝါကြီးတာနော် ဟိဟိ..)။ ကိုယ်လိုရာ ဆွဲတွေးလိုက်တာပါ.. သူ့ တို့ အကြောင်းနဲ့သူတိှို့မှာပေါ့နော။
စားခဲ့သမျှစတုဒီသာတွေကတော့ဖြင့်းP

Image

ပန်ကန်ပြားထဲက.မုန့်တွေက.ဂျုံနဲ့လုပ်ထားတဲ့ ပူရီတွေပါ 
စတီးပန်းကန်ထဲက ပဲဟင်း.
ဟိုးဘက်က..လုံးလုံးလေးတွေက သူတို့လူမျိုးအခေါ် Ladoo (လဒူ)တဲ့း)။ (ဆန်းတယ်နော်)

Image

ဒါကသတ်သတ်လွတ်ပဲဟင်း....စားဖူးသမျှထဲမှာတော့ အကောင်းဆုံးပါပဲ...
ကိုယ်တိုင်ကြိတ် မဆလာနံ့လေးကိုသင်း...လို့း)

Image

ဒါက ပူရီလိုက်ပွဲပါ။ (အဲဒီ့ပုံက ...စားပြီး တစ်ဝက်ကျိုးမှ ရိုက်ထားတား)

Image

ဒါက တစ်ယောက်စာ “စားပွဲ”ပေါ့

Image

အဲဒါ..သာမီးစံ ပန်းကန်လေး)။ 
အားနာနေမှာစိုးလို့..သူငယ်ချင်း (အချစ်တုံးကြီးက)ထပ်ထည့်ပေးထားတာ
မစားတတ်..စားတတ်နဲ့ တွယ်ထည့်လိုက်ပါတယ်..(နှစ်ပန်းကန်) :P
စား.....နေတဲ့ပုံတွေကိုတော့ မထည့်တော့ပါဘူးနော်...(ရှက်လို့း)
ဒီနေ့အဖို့တော့ ပို့စ်လေးက.. ဒီလောက်ပါပဲရှင်းP

နောက်ပြီး..ဒီနေ့လေးနဲ့ပတ်သက်လို့..(ဗဟုသုတအနေနဲ့) အသေးစိပ်သိချင်ရင်တော့
ဘုန်းဘုန်းသီတဂူစတားရဲ့ အိမ်ကိုသွားပြီး..ဖတ်၊မှတ် နိုင်ကြပါတယ်ရှင်။

သူ့တို့အိမ် သွားလည်ရင် ကိုယ့်ကို (လိုလေသေ့မရှိ)ဖွယ်ဖွယ်ရာရာ..အဲလိုကျွေးတာပါ။ ကိုယ့်အိမ် လာလည်ရင်တော့သူတို့ကိုအဲလိုဧည့်ခံဖို့နေနေသာသာ..အိမ်ကလူတွေဝိုင်း“စ”တာနဲ့တင်
အိမ်ကိုလာမလည်ရဲကြဘူးလေး)။အိမ်ကလူတွေက( အားကြီး)အစသန်ကြတာကိုး။

ဒါနဲ့စကားမစပ်း)

Image

ဒါ.........ဘာမုန့်ခေါ်လဲဟင်? :P

ချစ်ခင်လေးစားလျှက်....


Image and video hosting by TinyPic

Sunday, October 23, 2011

တွေ့မိသမျှ...နက်ပေါ်ကး)

သူ့သူငယ်ချင်းများ..အောင်းမေ့နေသလားမသိပါဘူးတော်း)

Image

Image

Image


သူပြိုင်..ငါပြိုင်..အနိုင်မခံအရှုံးမပေး..ဆွဲပါတယ်ရှင်..ဆွဲပါတယ် 
ပြီးတော့..သားမိနှစ်ယောက်.၀ိုင်းနင်းကြတယ်လေးP

Image

Image

Image

Image

Image


ရာဇ၀င်ထဲက ဒဿဂီရိကို သနားတယ်တဲ့း)

Image

Image

Image

ကြာပွတ်ရောင်စုံရမယ်နော်.. အိမ်မှာ အလှထားချင်ရင်ပြောပါး)

Image

Image

Image

Image

သန်မာထွားကျိုင်းတယ်...ကမ္ဘာသူအလယ် လျှောက်သွားမယ်..
အလွန်တင့်တယ်..သုံးတောင်ဝတ်အားမငယ်း)

Image

ဒီပုံစံ ဆိုရင်လည်း ပြောရတာအဆင်ပြေပါတယ် မဆိုးပါဘူးနော်း)
(အမြင့်ကြိုက်သူများအတွက် အံကိုက်ပဲပေါ့ )

Image

သူလည်း မောက်စ်ပဲလေ

Image


ခုတလော..အားလပ်ရက်က နည်းနေတော့ outdoor လည်းမထွက်ဖြစ်ပါဘူး။ 
ကျောင်းကလည်း ပိတ်ထားလေတော့(အားရင်တောင်) အကြောင်းပြချက်ပေးပြီးထွက်မရဘူးလေး)
စာရေးဖို့ကျတော့လည်း..မဖြစ်နိုင်သေးပြန်တော့............(တစ်ပုဒ်ရေးတစ်ပုဒ်ဖျက်ကိုး)
ပေါက်တီးပေါက်ရှာတွေပဲ..လိုက်ရှာပြီး တင်ဖြစ်နေပါတယ်ရှင်
သည်းခံပြီး မျက်စိအစာကျွေးတော်မူကြတဲ့ ဘော်ဘော်ဒွေအားလုံးကို
သာမိစံက ကျေးဇူးအထူးပါလို့.........း)

ချစ်ခင်လေးစားလျှက်

မဲလုံးသို့တမ်းခြင်း...

Image

သေမှာကြောက်ရင် မြေမှာမလျှောက်နဲ့
အိမ်သာအောက်ကို ကျွံနင်းမိမယ်
သစ်ရွက်တွေကြွေရင်တောင်ခိုစရာမြေပြင်ရှိတယ်
အချစ်ငတ်နေတဲ့ငါဟာ ငိုစရာရင်ခွင်မရှိဘူး
ပြောပြမိရင် ဒေါသရှိမယ်...
လောကကြီးရယ် ငါ့ကိုမှရက်စက်နိုင်လေခြင်း..
(ဒါက တစ်ချိန်တုန်းကပေါ့..)
ခုချိန်မှာတော့ ငါဟာ …
အားလုံးကိုလှောင်ပြောင်နေနိုင်ပြီလေ
ငါ့ကိုဒဏ်ရာတွေပေးခဲ့တဲ့နင့်ကို
ဘယ်တော့မှမမေ့ပါဘူး …
လမ်းထိပ်က မဲလုံးရယ်
ခုတော့လည်း..
နင်လည်းနင့်ဘ၀နဲ့နင်ဘယာကြော်ရောင်းလို့
ငါလည်းငါ့ဘ၀နဲ့ငါအခြေအနေကောင်းလို့…
အားလုံးအဆင်ပြေပြေနဲ့
ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီပဲ
ခုတော့ပြီးသွားပါပြီလေ...
ဒါပေမယ့်..နောက်ဆုံးအနေနဲ့
ပြောချင်တာလေးတစ်ခုတော့ရှိတယ်..
အဲဒါကတော့…
ခုထိ..ငါ..အပျိုကြီးလုပ်နေတုန်းပါပဲ။

(ကိုယ်ပိုင်ကဗျာ မဟုတ်ပါ။ပိုင်ရှင်ရှိလျှင်ပြောထားပေးခဲ့စေချင်ပါသည်။)

ချစ်ခင်လေးစားစွာဖြင့်


Image and video hosting by TinyPic