Jump to content

အဓိကစာမျက်နှာ

ဝီကီးပီးဒီးယား က

ရခိုင်ဝီကီးပီးဒီးယား က ကြိုဆိုပါယင့်

။

ဖေ့စ်ဘွတ်ခ်ပေါ်ဟိ ရခိုင်ဝီကီပီးဒီးယား စာမျက်နှာ တွစ်တာပေါ်ဟိ ရခိုင်ဝီကီပီးဒီးယား စာမျက်နှာ တယ်လီဂရမ်ပေါ်ဟိ ရခိုင်ဝီကီပီးဒီးယား စာမျက်နှာ အင်စတာဂရမ်ပေါ်ဟိ ရခိုင်ဝီကီပီးဒီးယား စာမျက်နှာ

ဒေနိအထူးဆောင်းပါး

Image

မဟာချူလာလောင်ကွန်းတက္ကသိုလ် (ထိုင်း: มหาวิทยาลัยมหาจุฬาลงกรณราชวิทยาลัย၊ အိန်းဂလိချ်: Mahachulalongkornrajavidyalaya University၊ အတိုကောက်: MCU) စွာ ထိုင်းနိုင်ငံဟိ အစိုးရဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခု ဖြစ်ရေ။ ယင်းတက္ကသိုလ်ကို ချူလာလောင်ကွန်းဘုရင်(ခေါ် ) ရာမမင်း (၅) က ၁၈၈၇ ခုနှစ်မာ ရဟန်းသံဃာတိနန့် လူပုဂ္ဂိုလ်တိအတွက် ပိဋကတ်စာပီနန့် အဆင့်မြင့်ပညာရပ်တိ သင်ယူနိုင်ရန် တည်ထောင်ခရေ။

တက္ကသိုလ်၏ အဓိကကျောင်းဝင်းနန့် ရုံးချုပ်စွာ ဖရနခွန်စီအယုဒ္ဓယခရိုင်၊ ဝမ်နွိုင်းမြို့နယ်၊ လမ်ဆိုင်းဒေသ၌ တည်ဟိရေ။[၂] သင်ကြားရီးမာ ဗုဒ္ဓဘာသာလိ့လာရီးနန့် ခေတ်သစ်ပညာရပ်တိကို ပေါင်းစပ်ထားပြီး၊ ဘွဲ့ကြိုနန့် ဘွဲ့လွန်အဆင့် ပညာရီးအစီအစဉ်တိကို မဟာဌာနတိ၊ ဘွဲ့လွန်ကောလိပ်နန့် အခြားကောလိပ်တိက တစ်ဆင့် ဆောင်ရွက်ရေ။ (ဆောင်းပါးအပြည့်အစုံ...)


မကြာခင်ကဆောင်းပါးတိ:

သင်သိခပါလား...

ရခိုင်ဒင်္ဂါး
ရခိုင်ဒင်္ဂါး
  • ....ရခိုင်အောင်လံကို ဝေသာလီခေတ် ရခိုင်ဒင်္ဂါးဧ ပန်းဖက်ပုံကို အခြေခံဖော်ပြထားရေ။ ဝေသာလီခေတ် ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာရခိုင်လူမျိုးတိဧ ပေါ်လွင်ထင်ရှားရေ အနုပညာ ဓနာဥစ္စာ ကြွယ်ဝခြင်းနန့် ယှေးပေဝသဏီကပင် ယဉ်ကျေးမှုထွန်းကားလာခရေဟု ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်ရေ။
  • ....စန္ဒသုဓမ္မမင်းသည် ဘာတေးဘီးယားနန့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး စာချုပ်တစ်ခု ချုပ်လုပ်လီရာ ယင်းစာချုပ်ပါ အချက်အတိုင်း မေြာက်ဉီးမြို့တော်ဟိ ဒတ်(ချ်)ကုန်သည်ရို့စော် နှစ်ပေါင်းများစွာ လိုက်နာကတ်ကုန်ရေ။
  • ....နီနန့်လရို့မှာ ပထမဆုံးရခိုင်ဟူရေ နာမည်ကိုခံယူခြင်းမှစပနာ အုပ်ချုပ်ခရေမင်းတိ နီနန့်လ ဟိရေ ဘွဲ့ထူး၊ ဂုဏ်ထူးနာမည်တိကိုခံယူခကတ်ရေ။ မင်းနန့်တကွ ပြည်သူရို့ရေ သစ္စာတရားတည်ကြည်ကတ်ရရေ။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရီးအခြေအနီနန့် အမျိုးသားရီး လက္ခဏာကို ဖော်ညွှန်းထားရေ။
  • ....အိန္ဒိယနိုင်ငံ မာဂဓတိုင်း ကမ်းခြေနန့် ရခိုင်ဒေသရေ ရှေးနှစ်ပေါင်းများစွာကပင် ရီကြောင်းမှ ကူးလူးဆက်ဆံခြင်း ဟိခရေ။ အနောက်တိုင်းသားရို့ကမူ ရခိုင်ရို့ကို "အာရကန်"(Arakan)ဟု ခေါ်ဆိုကတ်ပြန်ရေ။
  • ....ရခိုင်တိအဖို့ ရက္ခိုင်ဆိုပနာ လီးလီး နက်နက် အသံထွက်ဆိုရေ ရခိုင်ဆိုပနာ ခေါ်ရေကို အကြိုက်နှိုက်ဆုံးဖြစ်ကတ်ရေ။ အမျိုးနန့်သီလကို စောင့်ထိန်းကတ် ရေသူတိဖြစ်ကတ်၍ စောင့်ရှောက်ခြင်း အဓိပ္ပါယ်ရရေ။


နိ-ရက်ထဲကဖြစ်စိုင်ချေတိ

ဒေအပတ်သတင်း

နယူးယောက်မြို့ဟိ ကုလသမဂ္ဂ အထွီထွီညီလာခံခန်းမအတွင်းပိုင်း
ကုလသမဂ္ဂ အထွီထွီညီလာခံခန်းမ (မှတ်တမ်းပုံ)
  • ထိုင်းနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ် ၂၅ ခုနန့် ဘန်ကောက်မြို့တစ်ဝန်း ရီလျှံမှုတိ ဖြစ်ပွားခရေ။ စက်တင်ဘာ ၂၇ ရက် အထိ ထုတ်ပြန်ချက်အရ လူ ၈ ဦး သီဆုံးခပြီး၊ အိမ်ထောင်စု ၂၂၆,၀၀၀ ကျော် ထိခိုက်ခရကြောင်း ထိုင်းဖီးအန္တရာယ်ကာကွယ်ရီးနန့် လျော့ပါးသက်သာရီးဌာနက ပြောကြားခရေ။ ဘန်ကောက်မြို့၌ လူ ၄,၉၀၀ နီးပါးကို ယာယီခိုလှုံရီးစခန်းတိသို့ ရွှိ့ပြောင်းထားခရေ။
  • ကုလသမဂ္ဂ အထွီထွီညီလာခံဧ့ ၈၁ ကြိမ်မြောက် အစည်းအဝေး အထွီထွီမူဝါဒဆွီးနွီးပွဲ ကို နယူးယောက်မြို့၌ စတင်ကျင်းပခရေ။ ကမ္ဘာ့ခေါင်းဆောင်တိစွာ ငြိမ်းချမ်းရီး၊ လုံခြုံရီး၊ ရာသီဥတုပြောင်းလဲမှုနန့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးတိကို ဆွီးနွီးခရေ။


ဂနိ အထူးဓာတ်ပုံ

Image

ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တက်ပြီး၊ စည်ကိုတီး ဟု ဆိုလိ့ဟိခကတ်ရေ။ စူလစန္ဒြားမင်း ဝေသာလီမှ ပင်လယ်ရပ်ခြားသို့ လှီတော်တိနန့် ခရီးထွက်ရေအခါ ကိုးစိတ် ကိုးလံဟိရေ လှီလောင်းကြီးတိထက်မာ ကျင်သန်တိတက်ပြီးကေ လှော်ခတ်ရာမာ ရခိုင်စည်ကို တီးခတ်ကတ်ရေ။ ရခိုင်စည်ကို စန္ဒြားမင်းတိ လက်ထက်ကပင် တီးခတ်ကတ်ကြောင်းသိရရေ။ မျက်မှောက်ခေတ်မာ ရခိုင်ရိုးရာပွဲတိုင်း ရခိုင်စည်တော်ကို ရိုးရာအဖြစ် တီးခတ်ကတ်ပါရေ။

ဓာတ်ပုံ။ Hintha

ဝီကီးပီးဒီးယားအကြောင်း

ဝီကီးပီးဒီးယား ဆိုစွာ သုံးစွဲသူတိ စုပေါင်း ရီးသားကတ်တေ အွန်လိုင်း စွယ်စုံကျမ်း တခုဖြစ်ပါရေ။ ဝီကီးလို့ ခေါ်ရေ ဝက်ဘ်ဆိုက် ပုံစံတစ်မျိုးကို အသုံးပြုပနာ ပူးပေါင်းရီးသားခြင်းကို အဆင်ပြေစီဖို့ စီမံထားခြင်းဖြစ်ပါရေ။ သုံးစွဲသူတိက နာရီအလိုက် ပျင်ဆင်မှုပေါင်း များစွာတိကို ပြုလုပ်ပနာ ဝီကီးပီးဒီးယားကို ပိုကောင်းမွန်အောင် ဆောင်ရွက် နီကတ်ပါရေ။ ဝီကီးပီးဒီးယား စွာ အွန်လိုင်းစွယ်စုံကျမ်းတစ်ခု ဖြစ်ပြီးကေ အပြန်အလှန်လေးစားမှုဟိရေ အရည်အသွီးမြင့် စွယ်စုံကျမ်းကို တည်ထောင်ခြင်းနန့် အသုံးပြုရာမာ စိတ်ပါဝင်စားမှုဟိရေ လူတစ်ဦးချင်းစီ ပါဝင်ရေ အွန်လိုင်းအသိုင်းအဝိုင်းတစ်ခု ဖြစ်ပါရေ။

အကူအညီ

The Help Logo
The Help Logo

ကဏ္ဍအညွှန်း

ဝီကီးပီးဒီးယား ညီအစ်မ ပရောဂျက်တိ

ဝီကီပြောဂျက်တိကို အကျိုးအမြတ်မယူရေ ပရဟိတအဖွဲ့အစည်း ဝီကီမီဒီယာ ဖောင်ဒေးရှင်းက လွှင့်တင်ပြီးကေ တခြားပြောဂျက်တိကိုလည်း လွှင့်တင်ထားပါရေ။

ဝီကီးပီးဒီးယား ဘာသာစကားတိ

ဒေဝီကီပီးဒီးယားကို ရခိုင်ဘာသာနန့် ရီးသားထားပါရေ။ ဂုခါအခါ အကြောင်းအရာပေါင်း ၁,၇၅၃ခုဟိပါရေ။ အခြားဘာသာနန့် ရီးသားရေ ဝီကီပီးဒီးယားတိကိုလည်း ကြည့်ရှုနိုင်ပြီးကေ ဆောင်းပါးအများဆုံးပါဝင်ရေ ဝီကီပီးဒီးယားတိကို အောက်မှာဖော်ပြထားပါရေ။