အကြိုက်ဆုံးအဆိုအမိန့်?
ဝထကလသ
အမုန်းဆုံးအရာ?
ဘူဘူဇီလာ..
လူသားတွေရဲ့အရေးအကြီးဆုံးတီထွင်မှု?
EC-2 ပါ
အမှတ်ရနေမယ့်အဖြစ်အပျက်တစ်ခု..?
ရှင်အခု စားပွဲအောက်ကနေ ကျမခြေထောက်ကို ပွတ်နေတာ..
ပရိတ်သတ်ကိုဘာများ ပြောချင်လဲ?
ကျမမှာ ဖေ့စ်ဘွတ်အကောင့်မရှိဘူး
မဆ
Posted in Poem on June 21, 2010| Leave a Comment »
အကြိုက်ဆုံးအဆိုအမိန့်?
ဝထကလသ
အမုန်းဆုံးအရာ?
ဘူဘူဇီလာ..
လူသားတွေရဲ့အရေးအကြီးဆုံးတီထွင်မှု?
EC-2 ပါ
အမှတ်ရနေမယ့်အဖြစ်အပျက်တစ်ခု..?
ရှင်အခု စားပွဲအောက်ကနေ ကျမခြေထောက်ကို ပွတ်နေတာ..
ပရိတ်သတ်ကိုဘာများ ပြောချင်လဲ?
ကျမမှာ ဖေ့စ်ဘွတ်အကောင့်မရှိဘူး
မဆ
Posted in Prose on June 2, 2010| 2 Comments »
မျက်နှာချင်းဆိုင်အိမ်ရဲ့ မှန်ပြတင်းမှာ ကျွန်တော့်အိမ်ရဲ့အရိပ်ထင်မနေဘဲ တောအုပ်တစ်ခုရဲ့ အရိပ်ထင်နေတာကို မနက်ခင်းအလင်းရောင်အောက်မှာ တွေ့လိုက်ရတယ်။
ဈေးကြီးတစ်ဈေးမီးလောင်တယ်။ ငွေကြေးဥစ္စာ များများ မပိုင်ဆိုင်ဘူး၊ မဆုံးရှုံးဘူးလို့ ကာယကံရှင်တွေ ဘယ်လိုခံစားရမလဲ မသိနိုင်၊ ကိုယ်ချင်းမစာနိုင်ပါ။
သတင်းထောက်တစ်ယောက်ကို ရုပ်ရှင်မင်းသမီးက ပါးရိုက်လိုက်တယ်။ နည်းတောင်နည်းသေးတယ်။ မီဒီယာကို စော်ကားတာ။ ငါတို့က ကျီးကန်းတွေမဟုတ်ဘူး။ မင်းသမီးစောက်သုံးမကျဘူး (လူငှားရိုက်ခိုင်းရင် ရသားနဲ့)။ သတင်းထောက်စောက်သုံးမကျဘူး (ပြန်ရိုက်ပါလား)။ ဟိုလူမှန်တယ်ဒီလူမှားတယ် ပြောနေတဲ့လူအားလုံး စောက်သုံးမကျဘူး။ ဒီစောက်ရေးကို ဒီလိုလျှောက်ရေးတဲ့ ကျွန်တော် စောက်သုံးမကျဘူး။
မိန်းကလေးတွေရဲ့ကိုယ်ပေါ်မှာ လျှပ်စစ်ဓာတ်ဟာ အမြဲနေရာပြောင်းနေတယ်လို့ စစ်ကိုင်းဦးဘိုးသင်းက ဆိုတယ်။ အဲဒီနေရာကို ထိလိုက်ရင်ပွဲ,ပြီးပြီ။ ခက်တာက ဘယ်နေရာမှန်း ဘယ်လိုသိရမလဲ။ သိရင်တောင် ငယ်ထိပ်လိုနေရာ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ကတုံးရိတ်ပြီး ကင်ဆင်ဆွဲရမလား…
မျက်နှာချင်းဆိုင်အိမ်ရဲ့ မှန်ပြတင်းမှာ ကျွန်တော့်အိမ်ရဲ့အရိပ်ထင်မနေဘဲ တောအုပ်တစ်ခုရဲ့ အရိပ်ထင်နေတာကို မနက်ခင်းအလင်းရောင်အောက်မှာ တွေ့လိုက်ရတယ်။