Feeds:
Posts
Comments

Archive for April, 2019

 

နဖူးကနေခြေမအထိ ခင်ဗျားတို့နားလည်ထားတဲ့အလင်းရောင်ဟာ

ဒီနေ့စကြာဝဠာကို တနည်းတဖုံ ပြန်လည်တည်ဆောက်ပေးနေတယ်

ကျောက်မျက်စီချယ်ထားတဲ့ ခြေဖ၀ါးဟာ ရှေးရိုးဆန်တယ်

ကျောင်းသူလေးရဲ့ဟာဆိုရင်ဖြင့် ပိုကောင်းပေါ့

တြိဂံပုံနားတစ်စုံဟာ နတ်သမီးပုံပြင်

ကပွဲကြမ်းပြင်ပေါ်မှာ သေခြင်းကသာ သဘာဝကျကျ အနိုင်ရသွားတော့တယ်

တောက်ပနေတဲ့အလုံးလေးတွေဟာ ဒူးခေါင်းအထိ မြင့်တက်လာကြ

နှုတ်ခမ်း သို့မဟုတ် နို့မှာ စိန်ပွင့်တွေဆို ဘယ်လိုနမ်းမလဲ ဘယ်လိုစုပ်မလဲ

ကြက်သီးမွေးညင်းထခြင်းဟာ ရှေးဆန်တဲ့နောက်ခံပေါ်က မော်ဒါန်ဖြစ်ခြင်းပဲ

လက်မှတ်ထိုးပြီးနောက် စောင်ခြုံပြီး နွေးနွေးနေလေ

 

-မဆ

Read Full Post »

Design a site like this with WordPress.com
Get started