Feeds:
Posts
Comments

Archive for June, 2019

ဒီဘက်မတော့

ကလေးခြောက်ယောက်ဆက် အဖတ်မတင်လဲ
တယောက်ဖဲ အဖတ်မတင်တဲ့သဘော

(အက်တယောက်ကပဲ
အကြိမ်ကြိမ်ဝင်စားဖို့ကြိုးစားနာလို့ မြင်တာ)

အက်လို ဖြစ်နာကို ရပ်ပစ်ဖို့ကတော့
ခြေတွေလက်တွေ ချိုးဖဲ့ဖြတ်တောက်ပီး မြှပ်ပစ်မှသာပဲ

အမေက အက်လိုလုပ်ဖို့ ငြင်းပီး
သတ္တမခလေး ငါ့ကိုမွေးတယ်

အိမ်နက်ခြံနက်နေနိုင်ကြတုံးကဖြင့်

လူသေရင် ကိုယ့်ဝင်းထဲကိုယ် မြှပ်ကြတာ
ချစ်ရသူများနဲ့ ဘယ်တော့မှ မဝေးမကွာပေါ့
တိုက်တာအခန်းတေဖြစ်လာတော့

အဲလိုလုပ်ဖို့မလွယ်တော့

အမေကို တခြားမှာ မြှပ်ရခြင်းဟာ

အဖေ့အတွက် ဝမ်းနဲစရာ အမြဲတမ်း ခွဲခွာရခြင်းပဲ
ငါလဲ
ဒီည မ, လာတဲ့ ကောင်မလေးက
ငါ့ဟာကို စုပ်ပေးတုံး
ထိပ်အရေပြားလှီးဖြတ်ထါးတဲ့ အနာပေါ်
ငရုတ်ကောင်းတွေဝါးပြီး အမေထွေးတော့
သေလောက်အောင်နာခဲ့တာ သွားသတိရတယ်

-မဆ

Read Full Post »

Design a site like this with WordPress.com
Get started