Friday, October 30, 2009

Different aspects

Different aspects

အပင်တွေကျွမ်းရင် သြဇာဖြစ်လို့
လောင်မီးကျတိုင်း ပြန်ပေါက်ပါစေသား
အရှင်ဘုရား
(အစိမ်းရောင် လှုံ့ဆော်ချက်)
Image

လူတွေစားရင်ကျွတ်တန်းဝင်လို့
သတ္တဝါတိုင်း မြန်မြန်လွတ်မြောက်ပါစေသား
အရှင်ဘုရား
(တရား သံဝေဂ)
Image

ရေတွေခမ်းရင် ဆူပွက်ပူလို့
တို့ ကမ္ဘာကြီးလဲ မြန်မြန်နေကောင်းပါစေသား
အရှင်ဘုရား
(ကမ္ဘာကြည့်ကြည့်မြင်)
Image

ရင်မှာ လွမ်းရင်မျှော်တိုင်းမြင်လို့
လက်ညိုးညွှန်ရာ သူဖြစ်ပါစေသား
အရှင်ဘုရား
(ကိုတာရာ)
Image

နင်ချန်သွားရင် ကျွတ်တန်းဝင်ဖို့
ငါ့ဘဝကြီးလဲ အဆုံးသတ်ပါစေသား
အရှင်ဘုရား
(လွမ်းစာ တမ်းကဗျာ)
Image

all fotos credit goes to BS
thanks dude for let me use your art

A Chen
30th October 2009
10:51 am
Bangkok

Thursday, October 29, 2009

……ဖတ်ဖို့ ရေးတဲ့ အော်တိုကလေး

……ဖတ်ဖို့

ငယ်ငယ်တုံးကရေးဖူးတာ
Down to the valley
Covered with rocks
Three little words
Please...
“Forget me not”

ခုရေးချင်နေတာ
Where are you honey?
Covered with crowd
Three little words
You…
“Love me not?”

မိုက်တယ်မှလား
ချစ်စရာလေးနော်

A Chen
29th Oct 2009
9:56 pm
Home
Bangkok

Wednesday, October 28, 2009

ကူမင်း သို့တခေါက်

Image
ကူမင်း သို့တခေါက်

နံစော်နေတဲ့ လေဆိပ်က အိမ်သာ
ဈေး ၅ဆကြီးတဲ့ လေဆိပ်စားသောက်ဆိုင်
အရင်တခါထက်ပိုအဆင်ပြေတဲ့ ပြည်ဝင်ခွင့် နှင့် လူဝင်မှုကြည့်ကြပ်ရေး
အကောက်ခွန်
စိတ်ဝင်စားစရာကောင်းတဲ့ လျှပ်စစ်စွမ်းအင်သုံး
လောင်စာလျော့ချ မော်တော်ဆိုင်ကယ်တွေ
နေရာတော်တော်များများမှာ လျော့သုံးတဲ့ကြွပ်ကြွပ်အိတ်
အေးစိမ့်တဲ့ရာသီဥတု
စိုစွတ်စွတ်မိုးနဲ့
အော်ရီဂျင်နယ် မာလာဟင်း
ဈေးပေါတဲ့တရုတ်ပစ္စည်းတွေ
ဒီဇိုင်းစုံ အဆင်ဆန်းအနွေးထည်တွေ
စီဒီတွေ
စာအုပ်တွေ
ဒီဗီဒီတွေ
ဝန်ဆောင်မှုကောင်းတဲ့ New era ဟိုတယ်က ဝန်ထမ်းတွေ
အရသာကောင်းတဲ့ Fresh brew coffee
Shang Hai နဲ့ဆင်တဲ့ ရာသီဥတု
ကိုယ်သတိရမိတဲ့
စီးကရက်သောက်ခြင်းနဲ့ “မင်း”
မေပယ်လ်ရွက်ဆန်တဲ့ အရွက်တွေရှိတဲ့အပင်တွေ တန်းစီနေတဲ့
နေမထိုးလမ်းကလေး
လူတွေစုံတဲ့ မြို့လည်ကောင် မြေကွက်လပ်
လမ်းလေးအုတ်ခုံပေါ်မှာအိပ်နေတဲ့ လူတွေ
(အိန္ဒိယ ကိုတောင်သတိရမိသေးတော့)
အရသာမရှိတဲ့ တရုတ်ပြည်ဖြစ် ကျွဲရိုင်း
ပိုက်ဆံပေးမှ ယူမယ်ဆိုတဲ့ သူတောင်းစား
ပြီးတော့ ဒီမြို့ကြီးမှာ တရုတ်လိုမှမတတ်ရင်
သွားရောပဲ
ဘယ်နဲ့လဲ သိပ်အဆင်မပြေဘူးဟုတ်?

A Chen
26th October 2009
2:51 pm
Bangkok

Monday, October 26, 2009

ရွေးချယ်မှု (ကိုတောင်ပေါ်သားနှင့် ကြုံတုန်း)

အင်း ကိုတောင်ပေါ်သားဆွေးနွေးထားတာကောင်းပါတယ်
ကျေးဇူးလဲတင်ပါတယ် ဒီလိုအပြုသဘောဆွေးနွေးတာမျိုးကိုတော့ ကြိုဆိုပါတယ်
တခုပဲ အရင်ပြောထားပါရစေ
ကျတော် ဒီဘလောခ် ကိုရေးတာ က ကျတော့အလုပ်နဲ့ ပတ်သက်ပြီးရေးဖို့မရည်ရွယ်ပါဘူး
ကျတော်ဝါသနာပါရာ စာတိုပေစ ကဗျာ ဘာညာလေးတွေရေးပြီး နိုင်ငံရပ်ခြားအလုပ်လာလုပ်နေရတဲ့ ကျတော့ စိတ်ဖြေရာလေးတခုအနေနဲ့လုပ်တာပါ
အဲ့တာကြောင့် ရေးတာအများစုကတောင် အတည်အခန့်မဟုတ်ဘဲ အနှောက် အသောလေးတွေများပါတယ် အရင်ကတောင် အလုပ်အတူလုပ်ခဲ့ဘူးတဲ့ အမတယောက်က ကျတော့် အတွေ့အကြုံတွေ လုပ်ငန်းနဲ့ပတ်သက်တာတွေရေးစေချင်လို့ပြောဖူးပါတယ်
အမှန်အတိုင်းပြောရရင်မရေးချင်ပါဘူး အပျော်လေးတွေပဲရေးချင်တာပါ ခုနပြောသလို စိတ်ထွက်ပေါက်အနေနဲ့ ဘလောခ်ရေးတာပါ ပျော်ချင်လို့ပါ
အခု ကိစ္စတွေကလဲ တကယ်တော့ ဖိုးသူတော်ကို ပြန်ဖြေရှင်းရင်းနည်းနည်းပါးပါး ပါ သွား တဲ့သဘောပါ နောက်တခုပြောချင်တာာ က ကျတော်သူ့ကိုအဓိက ပြောချင်တာကလဲ rights ပါ အခြောက်တွေ ကိုနိမ့်ကျတဲ့ third sex ဘာဘာညာညာ စတဲ့ double standard အမြင်တွေကို ကျတော် မြင်တဲ့အတိုင်း ပြန်ဆွေးနွေးတာပါ မိန်းမတွေ က second sex မဟုတ်သလို ယောကျာ်းတွေကလဲ first sex မဟုတ်ပါဘူးဆိုတာပဲပြောချင်တာပါ
အဲ့တော့ ကျတော်ဒီမှာ အကျယ်မရှင်းတော့ပါဘူး
ကျတော် ပြောခဲ့တဲ့ ရွေးချယ်မှု နဲ့ ကိုတောင်ပေါ်သား ပြန်ဆွေးနွေးထားတဲ့အချက်လေးတွေကို ပဲ နည်းနည်းပြန်ဆွေးနွေးပါမယ်

ကျနော်အမြင်အရ တခုပဲ စဉ်းစားမိတာပါ။ တီချမ်းပြောသလို ကိုယ်တာဝန်ကိုယ်ယူကြရမယ်ဆိုတာကို သဘောပေါက်ပါတယ်။ ဒါပေမဲ့ တီချမ်းရဲ့ မတော်တဆ ဆိုတာကိုကော ပြောလို့ရပါ့မလား။ ဆိုလိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒါကိုကြောင့်လို့ မဆက်ဆံနဲ့လို့ ပြောလို့ရတယ်ဆိုပေမဲ့ ဆိုပါစို့ တဖက်သူကလဲ မကူးနိုင်လောက်ဘူး၊ မဖြစ်နိုင်လောက်ဘူးဆိုပြီး ဆက်ဆံမိတယ်၊ ပြီးမှ ကူးသွားတယ် ဒီလူကလဲ သူ့မှာ ရောဂါရှိပြီဆိုတာကို မသိဘူး နောက်လူတွေနဲ့ ဆက်ဆံတယ် ဒါဆိုရင် ရှေ့ဆက် ဘယ်လိုဖြစ်ကုန်မလဲ...

ကိုတောင်ပေါ် ကွန်မန့်မှာရေးထားတာပါ ကျတော်ပြန် quote လုပ်တာပါ

အမှန်ကတော့ အကိုပြန်ဆွေးနွေးတဲ့အထဲမှာ အဖြေပါသွားပြီးသားပါ
လောကကြီးမှာ ကျတော်တို့ ပတ်ဝန်းကျင်မှာ မသေချာမှုတွေ မတိကျမှုတွေ မတော်တဆမှုတွေ အများကြီးရှိနေပါတယ်
ကျတော် အရင်ဆွေးနွေးသွားတာက ကျတော့် အတွေ့အကြုံ ကိုပဲ အခြေတည်ထားသလိုဖြစ်နေပါတယ်
ကျတော် ကတော့ ကိုယ့်ဘာသာ ပေါ့စတစ်လို့သိနေတဲ့အနေအထားနဲ့ပြောတာပါ
ဒါပေမယ့် သဘောတရားက အတူတူပါပဲ
ဘာလို့လဲဆိုတော့ ကျတော်တို့ ဘယ်သူက ပိုးရှိမရှိ ကို မြင်ရုံနဲ့ မသိနိုင်ပါဘူး
အဲ့တာကြောင့် ကိုယ့်ကို ကိုယ်ကာကွယ်ရပါမယ်
ကျတော်တို့ လဲပေါ့စတစ်ဖြစ်နေတာတောင် ကိုယ့်ကိုကိုကာကွယ်နေရသေးတာပါပဲ
ငါတော့ ပေါ့စတစ်ဖြစ်နေပြီပဲ သန်းခေါင်ထက် ညည့်မနက်တော့ပါဘူး ပိုးချင်းတူတူပဲ ပြောမရပါဘူး ဘီ စီ အစရှိတဲ့ တခြားပိုးတွေ HIV ထဲမှာကိုပဲ ပိုးမျိုးကွဲတွေ နောက် ဆေးမတိုးတော့တဲ့ပိုးတွေ ဆက်ဆက်ပြီး နောက်ထပ်ရလာရင် super infection လို့ခေါ်တဲ့ နောက်ထပ်နောက်ထပ် ထပ်ဆင့် ကူးစက်မှုတွေကြောင် ခန္ဓာကိုယ်ထဲမှာ ပိုးမျိုးစုံပြီး သက်တမ်း ပိုတိုသွားနိုင်ပါတယ်
ဒီနေရာမှာ ကျတော်အရင်ကပြောသွားသလိုပဲ ငွေကြေးအတွက် အလုပ်လုပ်နေကြတဲ့ မိန်းကလေးတွေ ကို ထည့်မဆွေးနွေးသွားတာ က သူတို့မှာ ငွေကြေးနဲ့ပတ်သက်လာတဲ့အတွက် ရွေးချယ်ခွင့်နည်းတတ်တဲ့အဖြစ်တွေကြုံတွေ့ရတတ်လို့ပါ ဒါက ကျတော် အကြောင်းအချက်တခုတည်းကိုပဲ ထောက်ပြတာပါ factor တွေအများကြီးရှိနိုင်ပါတယ် သူတို့ အကာကွယ်သုံးဖို့ အခွင့်အရေးနည်းရတဲ့အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပါတယ် ဘာလို့လဲဆိုတော့ သူတို့ ဟာ ရွေးချယ်ခွင့် ပိုနည်းနေတဲ့အတွက်ပါ

နောက်တခု ကျတော်တို့ ဂေးတွေမှာလဲ ရှိတတ်ပါတယ် မသိတာမဟုတ်ဘူး သိတယ် ကာကွယ်ရမှာကိုလဲသိတယ် နည်းကိုလဲသိတယ် ဒါပေမယ့်………..

(ထုံးစံအတိုင်းပေါ့ ဒါပေမယ့် တော်တော်များများနောက်ကွယ် က ဟာတွေက မကောင်းတာ ဆက်လာတတ်သလိုပဲ)

ဥပမာ ကောင်လေးတယောက် ကို ကိုယ်ကအရမ်းကြိုက်နေတယ်
အခွင့်အရေးကလဲကြုံလာတယ်
ကွန်ဒုံးကလဲပါမလာဘူး
ဒီနေရာ မှာ ကိုယ်က အဲ့ကောင်လေးနဲ့ ဆက်ဆံမလား မဆက်ဆံဘူးလား ဆိုတာ ကိုယ့်ရွေးချယ်ခွင့်ပါ
ဒီမှာ ကျတော် အဲ့ကောင်လေး ကပေါ့စတစ် ဟုတ်မဟုတ် ကိုယ်က ပေါ့စတစ် ဟုတ်မဟုတ် ထည့်မပြောပါဘူး
ရွေးချယ်ခွင့် ကိုပဲ အဓိက ပြောမှာပါ ဘာလို့လဲဆိုတော့ HIV ဆိုတဲ့ပိုးရှိတာ ကိုလဲသိထားပြီ ကွန်ဒုံးဆိုတဲ့ အရာနဲ့ ကာကွယ် လို့ရတာလဲသိတယ် မပါဘဲနဲ့ အကာကွယ်မဲ့ ဆက်ဆံရင် ဘာဖြစ်လာနိုင်တယ် ဆိုတာလဲသိတယ် ကဲ……ရွေးချယ်မှုပါပဲ
(မိန်းမတွေကအရင်တုံးက ရွေးချယ်မှု အရာမှာ ယောက်ျားတွေထက်ပိုနည်းပါတယ် ဘာလို့ လဲဆိုတော့ ကွန်ဒုံး က လိင်တံမှာ ပဲစွပ်ဖို့ တီထွင်ထားတာကိုး အဲ့တာကြောင့် အခုနောက်ပိုင်း မှာ မိန်းမတွေအတွက် ကွန်ဒုံးတွေ လဲတီထွင်လာကြတာပါ အခုကျတော်ပြောတဲ့အချက်က ခုနက ပြောတဲ့ ငွေးကြေးနဲ့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့ မိန်းကလေးတွေကိုလဲ apply ဖြစ်ပါတယ်….စကားချပ်)
အဲ့တော့ ကွန်ဒုံးမပါလာတဲ့အနေအထားတခုမှာ ကိုယ်က အကာကွယ်မဲ့ လိင်ဆက်ဆံတာ ကိုရွေးချယ်လို့ရသလို လိင်ဆက်ဆံမှုက ရှောင်ကြည်ဖို့ ကိုလဲဒီနေရာမှာ ရွေးချယ်လို့ရပါတယ်
အဲ့လိုမှမဟုတ်ဘဲ ကောင်လေးကို ကြိတ်ကြိုက်လာရတာ ကြာလှပြီဖြစ်တဲ့အတွက် လက်မလွှတ်ချင်ဘူးဆိုရင် အန္တာရာယ် နည်းတဲ့လိင်ဆက်ဆံမှုမျိုးကို လုပ်သင့်ပါတယ်
ဥပမာ ပါးစပ်နဲ့ဆက်ဆံတာမျိုး ပေါင်ကြားမှာ ဆက်ဆံတာမျိုး ပွတ်သပ်ကိုင်တွယ်ရုံနဲ့ အာသာဖြေတာမျိုး တခုခုပါ တယောက်နဲ့တယောက် လိင်အာသာဖြေမှု ပြေမှု မတူညီနိုင်ပါဘူး
အဲ့တာတွေအားလုံးကလဲ ကိုယ့်ရွေးချယ်မှုပါပဲ
အခုကျတော် တို့ က HIV အကြောင်းနဲ့ ဦးတည်ဆွေးနွေးနေလို့ပါ
ခုနဟာတွေ တခုခု လုပ်မယ်ဆိုရင်လဲ HIV မဟုတ်တဲ့ တခြားကာလသားရောဂါတွေအများကြီး ရဲ့ အန္တာရာယ်က ရှိပါသေးတယ် ကျတော်ပြောချင်တဲ့အဓိက အချက်ကတော့ လူတဦးချင်းစီရဲ့ မိမိကိုယ်ကို ကာကွယ်နိုင်မှု နဲ့ ရွေးချယ်းမှု ပါပဲ။ အန္တာရာယ် ရှိတာသိတယ် ဒါပေမယ့် အဲ့ဒီအန္တာရာယ် ရှိတဲ့အပြုအမှုကိုဘယ်အတိုင်းအတာ ထိလုပ်မလဲ ဆိုတာ က ကိုယ့်ရဲ့ရွေးချယ်ခွင့်ပါ Risk taking behavior လို့ ပြောပါတယ်

ပိုရှင်းတဲ့ ဥပမာ ပေးရရင် တခါတလေ ကျတော်တို့ ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းချင်ကြဘူး
ရဲဖမ်း ရင် ဒဏ်ငွေဆောင်ရနိုင်တယ်ဆိုတာလဲသိတယ် မှောက်ရင် ပြုရင် အနာတရ ဖြစ်နိုင်တာ လဲ သိတယ် ကားအောက်ထဲဝင်သွားရင် ဘာဖြစ်နိုင်တယ်ဆိုတာလဲသိကြပါတယ်
ဒါပေမယ့် လစ်ရင်လစ်သလို မဆောင်းချင်ကြပါဘူး
အကြောင်းတွေကတော့ အမျိုးမျိုးရှိနိုင်ပါတယ် ကေပျက်ကာအနေခက် မှာစိုး၍ သော် လည်းကောင်း လွတ်လပ်တာကိုကြိုက်၍သော်လည်းကောင်း လေတိုးတာကိုကြိုက်၍သော်လည်းကောင်း အစရှိသဖြင့်ပေါ့လေ အမျိုးမျိုးပါ ပြန်ဆွဲပြောရမယ်ဆိုရင် ကွန်ဒုံး သုံးခြင်းမသုံးခြင်းကလဲ အကြောင်းအမျိုးမျိုးပါပဲ ပူလို့ အလွှာခြားနေသလိုခံစားရလို့ မကြိုက်လို့ မတည့်လို့ အလုပ်ရှုပ်လို့ အလွယ်တကူမရနိုင်လို့ စသဖြင့်ပေါ့လေ

နောက်တခါ အသိရှိတာနဲ့ လိုက်နာနိုင်တာ knowledge and practicing behavior ကလဲ ဒီနေရာမှာ ထည့်ပြောရမယ့်အချက်ပါ

ဥပမာ ဆရာဝန်တွေ ဘာလို့ အရက်သောက်လဲ ဘာလို့ဆေးလိပ်သောက်လဲ သူတို့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုး အန္တာရာယ်တွေကိုမသိလို့လား သိပ်သိတာပေါ့ ဒါပေမယ့်
သိသိကြီးနဲ့ လုပ်နေကြတာပဲလေ အဲ့တာ ကို risk taking level လို့ပြောပါတယ်

ခုနက အပေါ်မှာ အကိုဆွေးနွေးတဲ့ မသိခဲ့ရင် နဲ့မတော်တဆ ဆိုတာ ကိုကျတော် ပြောပြချင်လို့ ဒီလောက်အရှည်ကြီးရေးနေတာပါ

သိသိကြီးနဲ့ တောင်မှ မဆင်ခြင်နိုင်ရင် မသိတာဆို ပိုမဆင်ခြင်သင့်ဘူးလား အန္တာရာယ် ရှိနိုင်တယ် ဆိုတာ သိရုံနဲ့ ဒီလမ်းကို မသွားသင့်ဘူးဆိုတာ သိရုံနဲ့ မသွားကြတော့ဘူးလား မလုပ်ကြတော့ဘူးလား ဆေးလိပ်မသောက်ကြတော့ဘူးလား အရက်မသောက်ကြတော့ဘူးလား အကာကွယ်မဲ့ လိင်ဆက်ဆံကြတော့မှာလား မဆက်ဆံကြတော့ဘူးလား ကျတော် အကုန်ယှဉ်ပြနေတာပါ
အန္တာရာယ် Level ညှိပြနေတာ မဟုတ်ပါဘူး ရွေးချယ်မှုကိုမြင်သာအောင် ပြောပြချင်တာပါ
အရာရာ မှာ အားလုံးက ကိုယ့်အပေါ်မှာပဲတည်ပါတယ် သိသိကြီးနဲ့ လုပ်မလား မသိလို့လုပ်မလား သိရင်မလုပ်တော့ဘူးလား သိသိ မသိသိ လုပ်နေအုံးမှာပဲလား

အကုန်လုံးရွေးချယ်မှုပါ
အဲ့တော့ မိမိကိုယ်ကိုကာကွယ်မှု ဆိုတာလဲ မိမိကိုယ်တိုင်ရဲ့ရွေးချယ်မှုပါပဲ

လူတွေအကုန်ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာပါ ကိုယ်လုပ်တဲ့အလုပ်တခု ကနေ အဖြစ်အပျက် တစုံတရာ နောက်ဆက်တွဲ ဆိုးကျိုးတစုံတရာ ရရှိလာတယ် ဆိုရင် လဲ ကျတော်တို့ က လက်ခံရမှာပါ ဘာလို့လဲဆိုတော့ အစကတည်းက ကျတော်တို့မှာ လုပ်မလား မလုပ်ဘူးလားဆိုတာ ကိုရွေးချယ်ခွင်ရှိခဲ့ကြလျက်နဲ့ လုပ်မယ်ဆိုတာ ကိုပဲ ရွေးချယ်ခဲ့ကြလို့ပါ

ကံကံ၏အကျိုးတွေ ဘာညာကျတော် မပြောလိုပါဘူး
ဒါပေမယ့် ကံဆိုတာ အလုပ်လို့ယုံရင် ယူဆ လက်ခံရင်
ရွေးချယ်မှု ဆိုတာကလဲ ကိုယ်ကလုပ်တာပါပဲ
အဲ့တော့ ကိုယ့်ကံ ကိုကိုယ်သာစီမံတာပါပဲ

Thursday, October 22, 2009

အတုအယောင်ခွင့်ရက်နဲ့မျှစ်ချဉ်ဝက်သား

တီ ဒီနေ့ အရမ်းပျင်းနေပါတယ် မနက်က မနိုးသေးတဲ့အချိန်မှာ ဘောစ့် က ဖုန်းဆက်ပြီးနိုးပါတယ် ဒီနေ့ အစည်းအဝေးရှိတယ်မှလားတဲ့ လူက မမှတ်မိဘူးရယ်သာပ အူကြောင်ကြောင်ဖြစ်နေတယ်လေ အဲ့တာနဲ့ ချက်ချင်းငါ မနေ့ညက အစာအဆိပ်ဖြစ်တယ် ပေါ့ အဲ့တာ ဝမ်းတွေလဲလျှော အန်လဲအန် အထက်လန်အော်ကလျှောဖြစ်နေတယ် နင်ပဲကြည့်လုပ်လိုက်တော့ ပေါ့ ဆိုတော့ မောင်ဘောစ့်ခမျာ တော်တော် သနားသွားရှာသာပ
အေးပါ ရပါတယ် တဲ့ နေကောင်းအောင်နေတဲ့ ဆေးမှန်မှန်သောက်တဲ့ ပြောသာပါပဲ “အိုခေ” လို့ ပြန်အိပ်လိုက်အုံးမယ် ဆိုတော့ အေးအေးတဲ့တော်

အဲ့တာနဲ့ခဏပြန်အိပ် နောက် နေ့လည်မှထ ပြီးတော့ ဟိုတနေ့ကတည်းက ဝယ်ထားတဲ့ ဝက်သားရှယ် သုံးထပ်သားတွေကို ရေခဲဖြေ လှီး ပြီးတော့ မျှစ်ချဉ် (မဲစောက်က ဝယ်လာတာ)
အဲ့တာလေးနဲ့ချက်မယ်ပေါ့ စဉ်းစားသာလေ မချက်စားသာကြာတော့ လျှာရင်းမြက်မြက်လေးလွေးချင်သာပ ချဉ်ချင်းနေမယ် ထင်သာပါပဲအေတို့ရယ်
အဲ့သဟာနဲ့ တီလဲ စချက်လေသတည်းပေါ့တော်

ပထမဆုံး ဝယ်လာတဲ့မျှစ်ချဉ်ကို ရေဆေးပါတယ် ပြီးတော့ ရေနွေးနဲ့ပြုတ်ပါတယ်
နောက်တရေခမ်းပြီ ဆိုတော့မှ ရေဆစ်ပြီး ပန်းကန်လေးနဲ့ထည့်ထားသာပ အဆင့်သင့်အောင်လေနော့

Image

ဒါကတော့ အသင့်လှီးချွတ်ထားတဲ့ ဝက်သား သုံးထပ်သားရှယ်ပါ နယ်မလို့လေ ဆား အချိုမှုန့် ငံပြာရည်နဲနဲ နဲ့အရင်နယ်ထားပါတယ် အသားထဲအရသာစိမ့်ဝင်အောင်ပါ

Image

ပြီးတော့ ထုံးစံအတိုင်းမပါမဖြစ်ကြက်သွန်ဖြူနီ ကို ဆီသတ်ပါတယ် မွှေးလာတဲ့အထိကြော်ပေးရပါတယ် တခါတည်း ကြော်နေရင်းနဲ့အရောင်တင်မှုန့် ထည့်ပါတယ် ကြိုက်တတ်ရင် များများထည့်လို့ရပါတယ် တီကတော့ အစပ်လျှော့ချင်လို့ စဉ်းငယ်မျှပဲ ထည့်သာပ

Image Image

ဒီလိုကြက်သွန်ဖြူနီတွေမွှေးလာပြီဆိုရင်တော့ ဇာတ်လိုက်ကျော် ဝက်သားကိုထည့်ပါမယ်

Image Image Image

ပြီးရင် ဝက်သားကိုလဲမွှေးလာတဲ့အထိ သေသေချာချာစိတ်ရှည်လက်ရှည်ကြော်ပေးရပါမယ် မဟုတ်ရင် တခါတည်း အပျင်းနည်းနဲ့ရေထည့်အလုံပြုတ်လုပ်လိုက်ရင် ဝက်စော်နံပါမယ် အဲ့တော့ မွှေးနေတဲ့အထိ စိတ်ရှည်လက်ရှည်ကြော်ပေးပါတယ် လက်ဖက်ကောင်းစားချင်ရင် ဝက်သားမွှေးမွှေးကြော်ရမယ် မဟုတ်လားတော် အော်အရေးကြီးတာ ပြောဖို့ကျန်ပါတယ် ဆီကို ကြက်သွန်ကြော်တုံးက မဆိုစလောက် နည်းနည်းလေးပဲထည့်ပါတယ် ဘာလို့လဲဆိုတော့ ဝက်သားက သုံးထပ်သားရှယ်လေ နော့ အဲ့တော့ အဆီထွက်ပါမယ် အဲ့သာကြောင့် အစကနဦးကတည်းက ဆီနည်းနည်းလျှော့ထည့်တော့ ဟော ဝက်ကလဲဆီထွက်လာရော အတော်ပေါ့ နောက်တခုက မကပ်တဲ့အိုးကိုသုံးပါ ပိုအဆင်ပြေပါတယ် ဆီနဲနဲပဲထည့်လဲမကပ်တော့ဘူးပေါ့

Image
ပြီးရင်တော့ မျှစ်ချဉ် (အသင့်ပြုတ်ထားပြီး) ကိုထည့်ပါမယ် နောက်တရေ နှစ်ရေ စသဖြင့် ဝက်သားနူးအိနေတဲ့အထိတည်လိုက်ရင် စားချင်စဖွယ် ရနံ့သင်းပျံ့တဲ့ ဝက်မျှစ်ချဉ်တခွက်ကိုရပါပြီ

Image

စာကြွင်း
ချက်ပြီးတော့ စား စားပြီးတော့ တက် တက်တော့ အိပ်လိုက်တာ ညနေ ၇ နာရီမှ ပြန်နိုးပါတော့တယ်
အဲ့တာနဲ့နောက်တရက်လဲဆက်ပြီးတော့ အထက်လန်အောက်လျှောဆက်ဖြစ်နေလိုက်ပါတယ်
တီချမ်းတို့ ပိုင်ချက်နော်

A Chen
3:29 pm
21st Oct 2009
Bangkok





Tuesday, October 20, 2009

ဖိုးသူတော် နှင့် အမေးအဖြေ (ဒေါ်ရီတာ အား အလျင်အမြန်အတုခိုးခြင်း)

ဖိုးသူတော် said...
ကျွန်တော်က ကိုယ့်ညီကို ထိခိုက်နစ်နာလိုစိတ်မရှိပါဘူးဗျာ..း(။ ကိုယ့်ညီက ကိုယ်လျှောက်ရမယ့်လမ်းကို သိပြီးသားဖြစ်နေတဲ့လူမို့ အကောင်းဆုံးဖြစ်စေချင်တာ တစ်ခုရယ်ပါ။ အဲဒီဝေဖန်ရေး ချာတူလန်ဘလောဂ့်ပြောတာ စိတ်ထဲတောင်မရှိဘူးဗျ။ ကိုယ့်ညီ အနေနဲ့ အခြောက်ဖြစ်နေတာတောင် မကောင်းတဲ့ လိင်တူဆက်ဆံတဲ့အကြောင်းတွေ ဘလောဂ့်ပေါ်တင်ရေးနေတာ မဖြစ်စေချင်ရုံသက်သက်ပါ။ ကဗျာတွေ စာတွေ အက်ဆေးတွေ ပညာပေးတွေ ကိုယ့်ညီရေးနိုင်နေတာလည်း တွေ့ရတာပဲ။ ကိုယ့်ရဲ့ အကုသိုလ်ကြောင့် ကိုယ့်အရောင်တွေ မမှိန်ပါစေနဲ့။ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ။
October 19, 2009 11:48 PM

အန်တီချမ်းပါ said...
အခြောက်ဖြစ်နေတာ ဘာမကောင်းဘူးလဲ လာပြောပါလိင်တူဆက်ဆံတာ မကောင်းဘူးဆိုတာလဲ ချက်နဲ့လက်နဲ့လာပြောပါ တခုချင်းစီရှင်းမယ် ခုကျတော် လူတော်တော်များများမရတဲ့ လစာ ကို ဆယ်တန်းဆိုတဲ့ ပညာအရည်အချင်းနဲ့ရထားတယ် ဂုဏ်လုပ်ပြောနေတာ မဟုတ်ဘူး
နောက် ပြီးတော့ ကျတော့ ပတ်ဝန်းကျင် ကျတော့လို ပေါ့စတစ်တွေအများကြီးကိုလဲ ကူညီနေနိုင်တယ် ကူညီခဲ့တယ် နိုင်ငံတကာ ရင်ဘောင်တန်းပြီးလဲ ဒီအလုပ်တွေအကုန် ကိုကိုယ်စားပြုလုပ်ပေးနေတယ်
ကဲ အဲ့တော့ ဘယ်မလဲ အခြောက်တွေမကောင်းတာ အသုံးမကျတာ ကျတော့ ပုဂ္ဂိလိက အမြင်ကတော့ လူတယောက်ဟာ သူ့ပတ်ဝန်းကျင် သူ့လူမျိုး သူ့ဘဝတူတွေအတွက် အကျိုးပြုနိုင်ရင် တော်တာပဲကျတော့ကတော့အဲ့လိုပဲ ခံယူတယ် ကျတော့ ဘာသာ ယောက်ျားကိုကြိုက်ရင်ကြိုက်မယ် ခံရင်ခံမယ် အဲ့တာ ဘယ်သူ့ ကိုမှမထိခိုက်ဘူးလို့ထင်ပါတယ် (အင်း သူတို့ ကိုမကြိုက်မိလို့ တစုံတယောက်က ထိခိုက်တယ်လို့ခံစားရရင်တော့ ထားပါတော့ အဟိ မနေနိုင်လို့မွှေမိတယ် နည်းနည်းပါ)
October 20, 2009 1:45 PM

ဖိုးသူတော် said...
(အခြောက်ဖြစ်နေတာ ဘာမကောင်းဘူးလဲ လာပြောပါလိင်တူဆက်ဆံတာ မကောင်းဘူးဆိုတာလဲ ချက်နဲ့လက်နဲ့လာပြောပါတခုချင်းစီရှင်းမယ်) <<<< အခြောက်ဖြစ်တာ ကောင်းမကောင်းကတော့ ကျွန်တော်ကယောင်္ကျားစစ်စစ်အဖြစ်ကို ဘ၀ပေးကုသိုလ်ကံအကျိုးပေးကြောင့် ရထားလို့မသိပါဘူး။ လိင်တူဆက်ဆံတာ မကောင်းဘူးကောင်းတယ်ဆိုလဲ ရှိသင့်တဲ့ တဏှာကာမစိတ်ထက် သိပ်ဖျင်းတဲ့တဏှာစိတ်မရှိလို့ မသိရကြောင်းပါ ငါ့ညီရေ :D။ အင်းငါ့ညီ ငါ့ညီ ဆိုတဲ့အတွက် ကိုဖိုးသူတော် (URL google.co.th) က အသက်ကြီးမယ် ထင်ပါတယ် ယောက်ျားဘဝက မိန်းမတွေအခြောက်တွေထက်ပိုမြင့်မြတ်တယ်လို့ ကျတော်ဘယ်တုံးကမှ မယူဆ ထားခဲ့ဘူး
အဲ့လိုပြောတယ် ဆိုရင်လဲ အဲ့တာ ဟာ ဘာသာတရားထဲမှာ ပိတ်မိနေတဲ့ ဘောင်ခတ်ကျဉ်းကျဉ်းနဲ့ သေးသိမ်တဲ့အတွေးလို့ပဲ ထင်ပါတယ် ဘာလို့လဲဆိုတော့ လောက မှာ အခြောက် အောက်ခံဘောင်းဘီ နားခိုစား၊ မိန်းမ ထမိန်နားခိုစားနေကြတဲ့ ယောက်ျားတွေအများကြီး ကျတော်တို့ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါပဲ အဲ့တော့ ယောက်ျား သည် ဘာအကြောင်းကြောင့်မှ မိန်းမတွေ အခြောက်တွေထက် ပိုမြတ်တယ် သတ်မှတ်လို့မရဘူး ဒါကလုံးဝ generalize လုပ်လို့မရဘဲ တဦးတယောက်ချင်းစီ ရဲ့ သူတို့ ပတ်ဝန်းကျင်က လူသားတွေအပေါ်အကျိုးပြုမှုနဲ့သာ individualize လုပ်ရမယ့်ကိစ္စ အဲ့လိုပဲ အခြောက်ထဲမှာလဲမကောင်းတဲ့ လူရှိနိုင်သလို မိန်းမထဲမှာ လဲမကောင်းတဲ့လူတွေရှိနိုင်တာပဲ
ယုတ်ညံ့တယ် နိမ့်ကျတယ်ဆိုတာတွေက အပြုအမူ အပြောအဆို သူတို့ လုပ်တဲ့ လုပ်ရပ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးစတာတွေ ကြည့်ပြီးမှ ပြောရမှာပါ ယောက်ျား ဖြစ်ရုံနဲ့တော့ မမြင့်မြတ်နိုင်သလို အခြောက်ဖြစ်ရုံနဲ့လဲ မယုတ်နိမ့်ပါဘူး လို့ပဲ ပြောချင်ပါတယ် ဒီနေရာမှာ ကျတော က ဘာသာတရား နဲ့ပြောတဲ့ ဘုရားဟောဆိုတာ လက်မခံပါဘူး တကယ်လို့ ဂေါတမ အသက်ထင်ရှား ရှိနေအုံးမယ် ဆိုရင်လဲ ဒီအဆို ကိုလက်ခံလိမ့်မယ် လို့ထင်ပါတယ် (အင်းဘာလိုလိုနဲ့ အကို့ ကိုပြန်ပြောပြဖြေရှင်းရ အကိုကလဲ တနေ့ ၇ ခါလောက်လာဖတ် ပြန်ပြောနေရနဲ့ ဘိုင်ပိုလာတွေ ဘိုင်ပိုလာတွေ ဖြစ်ဖြစ်နေပြီ ထင်တယ်)

လိင်တူဆက်ဆံတာ မကောင်းဘူးကောင်းတယ်ဆိုလဲ ရှိသင့်တဲ့ တဏှာကာမစိတ်ထက် သိပ်ဖျင်းတဲ့တဏှာစိတ်မရှိလို့ မသိရကြောင်းပါ ငါ့ညီရေ :D။

ရှိသင့်တဲ့ တဏှာကာမစိတ်ထက် သိပ်ဖျင်းတဲ့တဏှာစိတ်

ကျတော် ပြန်ပြီး quote လုပ်ချင်ပါတယ်
ရှိသင့်တဲ့ တဏှာပေမ စိတ် နဲ့ သိမ်ဖျင်းတဲ့ တဏှာပေမ စိတ် အင်း................
ကိုသူတော် ဘောင်နည်းနည်းကျဉ်းနေတယ် နည်းနည်းထပ်ချဲ့လိုက် သိမ်ဖျင်းတဲ့ တဏှာပေမ စိတ်ဆိုတာ ဘာကိုပြောတာလဲ
အကိုပြောချင်တာ ဘာသာရေးအရလား မိရိုးဖလာ စွဲကြောင့်လား လိင်ဆက်ဆံတယ်ဆိုတာ တဏှာပေမ ကိုစိတ်နဲ့ခံစားတာ မဟုတ်ဘဲ မျိုးပွားရေးသက်သက်အတွက်လို့အကိုက ပြောချင်တာလား မျိုးပွားဖို့အတွက် ခုခေတ်မှာ လိင်ဆက်ဆံစရာမလိုတော့တာ အကိုလဲသိမှာပါ လိင်ကိစ္စ ခံစားတယ် ဆိုတာ လူ့ရဲ့သဘာဝတရားက ပေးတဲ့ သိစိတ်ပါပဲ ကျတော်တို့ ခန္ဓာ ကိုယ်ကြီးကို အဓိက မောင်းနှင်နေတာ libido လို့ ခေါ်တဲ့ sex drive (sexual desire) ပါ အဲ့တော့ တဏှာပေမ က ဘယ်မှာ သိမ်ဖျင်းလို့လဲ
သိပ္ပံပညာတွေ လေ့လာတွေ့ရှိချက်တွေအရတော့ လူ နဲ့ တခြားသတ္တဝါ အနည်းငယ်ကသာ လိင်ဆက်ဆံတာ ကိုခံစားစိတ်နဲ့ဆက်ဆံတာဖြစ်ပါတယ်တဲ့ အကိုပြောသလိုဆို ကျတော်တို့ ကမ္ဘာကြီးမှာ သိမ်ဖျင်းမှုတွေ ပြည့်ကြပ်နေရောပေါ့ တခုပါပဲ ကမ္ဘာကြီးဟာ လူမျိုးတမျိုး ဘာသာတရားတခုထဲနဲ့တည်ဆောင်ထားတာ မဟုတ်တဲ့အတွက် အယူကွဲလွဲမှု အမြင်မတူညီမှုတွေရှိနိုင်ပါတယ်
အကိုကျတော့်ကိုဝေဖန်တာကို ကျတော်လက်ခံနိုင်သလိုပဲ ခုပြောတာ ကိုလဲ လက်ခံနိုင်မယ် ထင်ပါတယ် လိင်ဆက်ဆံတာ ကိုသိမ်ဖျင်းတဲ့တဏှာ လို့ ယူဆ ပြောဆို သင်ပေးတဲ့ ဘာသာ လူမျိုးပတ်ဝန်းကျင်ရှိနိုင်သလို
အဲ့တာ သည် သဘာဝ အပြစ်မဟုတ် လူ့ သဘာဝ လို့ သင်ပေး လက်ခံယူဆ တဲ့ပတ်ဝန်းကျင်လဲရှိနိုင်ပါတယ် ဆိုတာပါပဲ အယူအဆ မတူတာနဲ့တော့ ကိုင်းကျဉ်းကျဉ်း မျက်မှန်အစိမ်းကြီးနဲ့ စကားမပြောသင့်ပါဘူး

(ခုကျတော် လူတော်တော်များများမရတဲ့ လစာ ကို ဆယ်တန်းဆိုတဲ့ ပညာအရည်အချင်းနဲ့ရထားတယ်ဂုဏ်လုပ်ပြောနေတာ မဟုတ်ဘူးနောက် ပြီးတော့ ကျတော့ ပတ်ဝန်းကျင် ကျတော့လို ပေါ့စတစ်တွေအများကြီးကိုလဲ ကူညီနေနိုင်တယ် ကူညီခဲ့တယ်နိုင်ငံတကာ ရင်ဘောင်တန်းပြီးလဲ ဒီအလုပ်တွေအကုန် ကိုကိုယ်စားပြုလုပ်ပေးနေတယ်အဲ အဲ့တော့ ဘယ်မလဲ အခြောက်တွေမကောင်းတာအသုံးမကျတာ)<<<< ကိုယ့်အသက်ရှင်ရပ်တည်ရေးအတွက် မြင့်မားတဲ့လစာရတာ ဂုဏ်ယူပါတယ်။ ပတ်ဝန်းကျင်က ပေါ့စတစ်တွေကိုကူညီပေးတာကိုရောပေါ့။ :) အဲဒီလို အင်္ဂါရပ်တွေကြောင့် နှမြောတာပေါ့။ ဒါကိုအပေါ်မှာ ရှင်းပြီးပါပြီ ကျတော့်ရဲ့ လုပ်ဆောင်မှုနဲ့ ကျတော့်ရဲ့ ရွေးချယ်မှု ကို ခွဲမြင်စေချင်ပါတယ် ကျတော် လုပ်တဲ့အလုပ် ကို ကျတော့် လိင်ရွေးချယ်မှုနဲ့ ကြည့်ရင်တော့ အဲ့တာ မတရားတာပါ ခုနက အပေါ်မှာ ရှင်းပြပြီးသားပါ

ဒါပေမယ့် ငါ့ညီဟာ တကယ်လို့ သားယောင်္ကျားလေးတစ်ယောက်မွေးထားတဲ့ အဖေဖြစ်တယ်ဆိုပါစို့ (ဥပမာနော်)။ ငါ့ညီရဲ့သားကို အခြောက်အဖြစ်ခံမလား။ ဆုံးမမလား.... ??။

ကျတော်ကလေးယူဖို့အစီအစဉ် ရှိပါတယ် လိုလဲလိုချင်ပါတယ် (ဘာနည်းနဲ့ ယူမလဲလို့ စကားကိုကပ်မငြင်းပါနဲ့ သိပ္ပံ ပညာတွေအရမ်းကိုတိုးတက်နေတဲ့ခေတ်လို့ပဲ ပြောပါရစေ) ကျတော့ ကလေးက အခြောက်ပဲဖြစ်ချင်ပါတယ် ဖင်ပဲခံချင်ပါတယ်ဆိုရင်လဲ အဲ့တာ သူ့ရွေးချယ်မှုပါ ကျတော့ အသိအမှတ်ပြုပါမယ် ပြီးတော့ ဆောင်ရန်ရှောင်ရန် ကိုပြောပြပါမယ် ဆိုလိုတာကလဲ ဖင်မခံနဲ့လို့ပြောမှ မဟုတ်ဘဲ ဖင်ခံရင်တော့ ဘာတွေသတိထားဖို့လိုတယ် လို့ပဲ ပြောမှာပါ ရွေးချယ်မှု ကို ကျတော် တန်ဖိုးထားပါတယ် နောက်တခုက အခြောက် နဲ့လိင်တူဆက်ဆံတာ ကိုလဲ ကိုဖိုးသူတော် က တွဲမြင်နေပါတယ် ထို့အတူ အခြောက်=နိမ့်ကျတဲ့ဘဝ လို့လဲ မြင်နေပါတယ် အဲ့တာတွေက ဘာသာရပ်ကို အသေအချာ လေ့လာနေတဲ့ သူတွေတောင်မှ အရှည်အကျယ်ငြင်းရမှာ ဖြစ်တဲ့အတွက် သေချာလေ့လာပါအုံးလို့ပဲ ပြောချင်ပါတယ် မိရိုးဖလာ ရှေးရိုးစွဲအယူအဆတွေ ငယ်ငယ်က အဲ့လိုပဲ လို့သင်ထားတာတွေ ခွာချရမယ့်အချိန်ရောက်နေပါပြီ
ခေတ်တွေမတူတော့တာ ကိုသတိထားမိမှာပါ

စိတ်မရှိပါနဲ့ တကယ့်လောကဓမ္မကို ဆန့်ကျင်တယ်ဆိုတာ ကောင်းတယ်မကောင်းဘူးဆိုတာ ငါ့ညီရဲ့ ပင်မနှလုံးသားနဲ့ ဦးနှောက်က ငြင်းမရပါဘူး။(ကျတော့ ပုဂ္ဂိလိက အမြင်ကတော့ လူတယောက်ဟာသူ့ပတ်ဝန်းကျင် သူ့လူမျိုး သူ့ဘဝတူတွေအတွက် အကျိုးပြုနိုင်ရင် တော်တာပဲကျတော့ကတော့အဲ့လိုပဲ ခံယူတယ်ကျတော့ ဘာသာ ယောက်ျားကိုကြိုက်ရင်ကြိုက်မယ်ခံရင်ခံမယ်အဲ့တာ ဘယ်သူ့ ကိုမှမထိခိုက်ဘူးလို့ထင်ပါတယ်)<<<< ငါ့ညီအမြင်က မှန်သင့်သလောက်မှန်ပါတယ်။ အဲ... ယောင်္ကျားကိုကြိုက်ရင်ကြိုက်မယ်... ခံရင် ခံမယ် :D ဆိုတာကတော့ အများကြီး စဉ်းစားသင့်တာပေါ့။ ငါ့ညီက ပေါ့စတစ်လေ။ ဒီတော့ ရောဂါတွေကို ထပ်ဖြန့်နေအုံးမှာလား။ ဒီနေရာမှ ကျတော် အဓိက ပြောချင်တာ ရှိပါတယ် ထပ်ဖြန့်တယ် မဖြန့်ဘူးဆိုတာ ထက် ကျတော် ပြောချင်တာာ က self protection ပါ လူတိုင်းမှာ မိမိကိုယ်ကို ကာကွယ်ဖို့ တာဝန်နဲ့ရွေးချယ်မှု ကမိမိလက်ထဲမှာပဲ ရှိပါတယ် ဒါကရွေးချယ်မှုနဲ့ လုပ်တဲ့ လိင်ဆက်ဆံမှုတခုမှာ ပြောချင်တာပါ
sex worker တွေက မိမိကိုယ်ကို ကာကွယ်ဖို့ ကွန်ဒုံး သုံးဖို့ရွေးချယ်မှုနည်းတယ် လို့ စကားကိုကပ်ပြောရင် သပ်သပ် ပြန်ချေပ ပါမယ် ခုပြောနေတဲ့ လိင်တူဆက်ဆံမှုနဲ့ ကျတော့ကို ရောဂါတွေ ထပ်ဖြန့်နေမှာလားလို့ ပြောတဲ့ အပေါ်ကိုပဲ ပြန်ချေပတာပါ
ကျတော် ကူးလာခဲ့တယ် တယောက်ယောက် ဆီက ဘယ်သူမှန်းကျတော်မသိသလို ကျတော် သူ့ ကိုလဲအပြစ်မတင်ပါဘူး
ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်တုံးက ကွန်ဒုံးမသုံးခဲ့တာ ကျတော့ရွေးချယ်မှုလေ
မသိလို့ နားမလည်လို့ လို့ စကားကိုကပ်ပြောမယ်ဆိုရင်လဲ ခုခေတ်သည် သိချင်တာ လေ့လာ ချင်တာ အကုနု လေ့လာလို့ရတယ် ခေတ်ဆိုတာ ပဲပြောချင်ပါတယ် နောက်ပြီးတော့ ကျတော်တို့ မြန်မာ ပြည်အနေနဲ့ပဲပြောရင်
ကွန်ဒုံး ပရိုဂရမ်တွေ အများကြီး လုပ်နေတာ ဆယ်စုနှစ်တခု မကတော့ပါဘူး
ဒါပေမယ့် ခုထိကို ကူးစက်ပျံနှံ့ မှုနှုန်းတွေ ရှိနေတုံးပဲ
အဲ့တာ ဘာကိုပြလဲဆိုတော့ ရွေးချယ်မှု နဲ့ ဆင်ခြင်ဥာဏ်ရှိတဲ့လူတွေ က ကျတော်တို့ ကွန်ဒုံးသုံးလို့ပြောတိုင်းမသုံးကြလို့ပါပဲ

နောက်ဥပမာ တခုပေးရရင် ကိုဖိုးသူတော် ကို ဖင်ခံကြည့်လို့ ပြောရင် ခံမှာ မဟုတ်ပါဘူး (အဲ့လိုပဲ ကျတော် ယူဆပါမယ် မသေတော့မသေချာပါ) ဘာလို့မခံလဲဆိုတဲ့အကြောင်းပြချက်ကလဲ ကိုဖိုးသူတော် ဆီမှာ ခိုင်ခိုင်လုံလုံရှိမှာပါ အဲ့တာ ကိုဖိုးသူတော်ရဲ့ဖင်မခံဖို့ ရွေးချယ်မှု လို့ ကျတော်ပြောရင် ငြင်းမယ်မထင်ပါဘူး

အဲ့လိုပါပဲ ပြန်ချုပ်ရရင် လူတိုင်း ကိုယ့်ကို ကိုယ်ကာကွယ်ဖို့ အခွင့်အရေး နဲ့ ရွေးချယ်မှု က ကိုယ့်ဆီမှာပဲ ရှိပါတယ်
ကျတော် က ကွန်ဒုံး မသုံးချင်ဘူးပြောလဲ သုံးတဲ့ သူက သုံးမှာပဲ ဖြစ်သလို
ကျတော် က သုံးပါမယ် ပြောလဲ မသုံးချင်တဲ့ သူက သုံးမှာ မဟုတ်ပါဘူး
အဲ့အခါ အဲ့ဒီလူနဲ့ လိင်ဆက်ဆံခြင်း၊ မဆက်ဆံခြင်းဆိုတာ အဲ့ဒီအဖြစ်အပျက်မှာပါတဲ့ လူနှစ်ယောက်စလုံးနဲ့ ပဲ သက်ဆိုင်ပါတယ် မသုံးချင်တဲ့ လူနဲ့ဆက်ဆံမလား ရှောင်ထွက်မလား ရွေးချယ်မှုပါပဲ ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်

ဘယ်လိုအကာအကွယ်နဲ့ ကာကွယ်ပါတယ်ပြောပြော တဖက်လူမှာ ဒုက္ခဖြစ်မသွားနိုင်ဘူးလား။ ဘယ်သူ့မှ မထိခိုက်ဖူးလို့ ပြောလို့မရတော့ဘူးလေ ငါ့ညီရယ်။

အဲ့ဒီထိခိုက်မှုနဲ့ အန္တာရယ်ကိုယူမယူ ဆိုတဲ့ရွေးချယ်မှု က တဖက်လူရဲ့ လက်ထဲမှာပါပဲ ကျတော့် ကိုကျတော် ကာကွယ်ဖို့ တာဝန် ကျတော့်မှာရှိသလို သူ့ကိုကာကွယ်ဖို့ တာဝန်သူ့မှာပဲ ရှိပါတယ် သူ့အတွက် ကျတော် မကာကွယ်ပေးနိုင်ပါဘူး အဲ့တာ က အကို က ကျတော့် ကိုပိုးရှိသူမှန်းသိပြီးပြောနေတာပါ ကျတော် နဲ့ဆက်ဆံမယ့်နောက် တဖက်လူ မှာ ဘာရှိမှန်းမသိပါဘူး (ဒါက ရှင်းပြရမယ်ဆိုရင် အရှည်ကြီးပြောရမှာပါ HIV ပိုးမျိုးကွဲတွေအကြောင်းနဲ့ ဆေးမတိုးတော့တဲ့ ပိုးတွေ တခြား ဘီ၊ စီ စတဲ့ ပိုးတွေ လဲအများကြီးသူ့ဆီကနေရလာနိုင်သေးတာပဲ အဲ့တာကြောင့် ကျတော်ကတော့ မိမိကိုယ်ကို ကာကွယ် ဖို့ တာဝန်မိမိမှာပဲ ရှိတယ် လို့ ပြောတာ ပါ)

ကိုယ့်အကုသိုလ်ကံက ကိုယ့်ကို ပြန်အကျိုးပေးလာတဲ့တစ်နေ့ အလူးအလဲ ခံရရင် တရားနှလုံးမသွင်းနိုင်ပဲ သေခါနီးမကောင်းတဲ့ အာရုံတွေက အထုံဖြစ်လို့ ဘ၀ကူးအချိန်အတွက် အန္တရာယ်များလှတာပေါ့ကွာ။

ဒါတွေကတော့ ကျတော်က ကံတွေ ဝဋ်တွေ မယုံလို့ အကျယ်မငြင်းချင်ပါဘူး လက်ညောင်းပါတယ်

ဒါကတော့ ငါ့ညီက အချက်ကျကျပြောပေးပါဆိုလို့ ပြောပြတာပါ။ ငါ့ညီစိတ်ဆိုးနေတယ်ဆိုတာ သိရလို့ တခါတည်းတောင်းပန်ခဲ့တယ်ကွာ။ အကျိုးပြုစာတွေအတွက် မျှော်နေမယ်။

ကျတော် စိတ်မဆိုးပါဘူး (စကားပြော ခနဲ့တတ်တာကတော့ အခြောက်မို့လို့ လို့ပဲ လက်ခံလိုက်ပါ ဟိဟိ အမွှေပေါ့ လူကနေပေမယ့် ပညာကမနေတာပါ) စိတ်တော့မဆိုးပါဘူး အဲ့အတွက် တောင်းပန်စရာမလိုပါဘူး

မင်းရဲ့ လူမှုရေးလှုပ်ရှားမှုတွေ၊ ဘ၀ဒဿနခံယူချက်အပြည့်ပါတဲ့ စာတွေကိုပဲ တခါတည်းတောင်းဆိုခဲ့မယ်။ အဲ..တစ်ခုပြောခဲ့ချင်သေးတယ်။ ဟိုဘလောဂ့်တစ်ခုက လူလို့တော့ မထင်ပါနဲ့ ကိုယ်က တကယ့် Reader သပ်သပ်ပါ။ ကျွန်တော့်အပြောတွေ သိပ်ဆိုးသလိုဖြစ်ခဲ့ရင် ငါ့ညီပြောသလို အပင်သိပ်မြင့်လို့ လေတိုက်ခံရတယ်ပဲ မှတ်ပါ။ စစ်မှန်တဲ့ ကံအကျိုးပေးရပါစေ ညီရေ...။

ဟိုအဖွဲ့ က ဟုတ်ဟုတ်မဟုတ်ဟုတ် အကို့ကို ကျတော်က ဒီလိုပဲ သေချာရှင်းပြမှာပါ ရန်ဖြစ်တာမျိုးမဟုတ်ဘဲ စကားချေတင်ပြောတာမျိုးပါ ဒါပေမယ့် ကျတော်အမြဲခံယူထားတာတခုကတော့ agree to disagreement ပါ အဲ့တော့ အကိုပြောတာ ကိုလဲ ကျတော် က ဘာမှ ဆင်ခြင်ကန်စရာမလိုပါဘူး အဲ့တာတွေကို အကို ဒီလို ပြောနိုင်ဖို့၊ ပြောဖြစ်ဖို့၊ ပြောဖို့ အကိုကြုံတွေ့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် နဲ့ အကိုသင်ခဲ့တာတွေ ဖတ်ခဲ့တဲ့ စာတွေ ပေါ်မူတည်နေပါလိမ့်မယ်
အဲ့လိုပဲ ကျတော် ပြောတာတွေကလဲ ကျတော့ ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင် ဖတ်ခဲ့တဲ့စာတွေ နဲ့ ဘဝအတွေ့အကြုံပေါ်တည်တာပါပဲ
သေချာတာကတော့ ကျတော့ ပတ်ဝန်းကျင်မှာ ခြောက်တွေထက်ပိုမိုမြင့်မြတ်တဲ့ ယောက်ျားတွေမတွေ့ဖူးခဲ့သလို ယောက်ျားတွေထက် အခြောက်ဖြစ်တာလေးတခုထဲနဲ့ နိမ့်ကျနေတဲ့ အခြောက်တွေလဲ မရှိဘူးလို့ပဲ ပြောချင်ပါတယ် ဘာပဲ ဖြစ်ဖြစ် ဒီလို အပြန်အလှန်ဆွေးနွေးရတဲ့အတွက်လဲ ဝမ်းသာပါတယ်

Monday, October 19, 2009

သစ်ပင်ပေါ်မှာ သီချင်းဆိုမယ် (Singing in the tree)

သစ်ပင်ပေါ်မှာ သီချင်းဆိုမယ်
Singing in the tree

မင်းပြောတဲ့ ဟာသတိုင်းကို
ကိုယ်ရယ်နေမိတယ်
မင်းပဲ ပိုပြောတတ်လာတာလား
ကိုယ်ပဲ ပျော်နေလို့လား

Image

မတွေ့တာကြာလို့
ကိုယ်အရင်လိုမဟုတ်တော့ဘူးလို့
မင်းပြောတယ်နော်
လာ…
တိုးတိုးလေးပြောပြမယ်
ကိုယ်စိတ်ရှိတိုင်းပဲ ပျော်တော့တယ်လို့

Image

ကိစ္စသေးသေးလေးက အစ
ရှိသမျှအကုန်ကို စည်းကမ်း ကလာနားတွေနဲ့
မသတ်မှတ်ချင်၊ မကြည့်ချင်တော့ပါဘူး
အဲ့လိုဆို တလောကလုံး
ရှူပ်ထွေးခြင်းတွေနဲ့ပဲ
အဆုံးသတ်ကုန်တော့မှာလေ

Image

ပန်းတပွင့်ကို ချစ်မိရင်လဲ
သူဘယ်လောက်ကြာကြာ
ပွင့်မလဲ မွှေးမလဲ
မတွေးကြည့်ချင်တော့ဘူး
စိတ်ကိုရှင်းရှင်းပဲထားတော့မယ်
အဲ့တာမှ အရာရာ လှပနေတော့မှာလေ

Image

လာပါကွာ…
ခြေတုံးလုံးနဲ့
သစ်ပင်ပေါ်မှာ သီချင်းဆိုမယ်
အရာဝတ္ထု တော်တော်များများ
သေးသေးကလေးဖြစ်သွားပါစေ
စိတ်ထဲက ချမပစ်နိုင်တဲ့ ဝန်တွေ
လွှတ်ချလိုက်ပြီ
သွားပြီ
နေပါစေတော့
နေရောင်ခြည်ရဲ့ စူးရှမှုကြောင့်
ပါးဖောင်းဖောင်းလေးလဲ နီရဲနေပါစေလေ

Image

လေကလေးချွန်ပြီးတော့
သစ်ပင်ပေါ်မှာ သီချင်းဆိုပါမယ်
ညိမ့်ညိမ့်လေးနဲ့ အဝေးကို
ခုတ်မောင်သွားမယ့်ရထားတစင်းလို
တောင်ကမ်းပါး လှိုဏ်ဂူတွေကို
အေးအေးလေးပဲ ဖြတ်သန်းသွားပါရစေ
တကယ်လို့သာ
သစ်ပင်ပေါ်မှာ နေရာအကျယ်ကြီးရှိသေးရင်
မင်းရော…..
ကိုယ့်ကို လာအဖော်လုပ်ပေးမလား?

A Chen
3:03 pm
19th October 2009
Monday
Bangkok

Image

歌曲:在树上唱歌
歌手:
郭静 专辑:在树上唱歌

你说的每个笑话我都笑了
是你变幽默还是我变快乐
好久不见你说我大不相同
偷偷告诉你我的兴趣真心了

Image

不想把每件事都那么严格
弄的全世界好像只剩挫折
爱一朵花不在看它能开多久
放宽了心情把什么都变美了

Image

想要光着脚丫在树上唱歌
好多事物全被缩小了
心里不想放的就去了算了
让太阳把脸庞给晒得红彤彤

想要吹着口哨在树上唱歌
遥想开往远方的火车
可以那么轻快的穿过山洞
当树上还很空你要不要陪我

想要光着脚丫在树上唱歌
好多事物全被缩小了
心里不想放的就去了算了
让太阳把脸庞给晒得红彤彤
想要吹着口哨在树上唱歌
遥想开往远方的火车
可以那么轻快的穿过山洞
当树上还很空你要不要陪我

Friday, October 16, 2009

တီချမ်းတို့နာမည်ကြီးခြင်း

အင်း ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး
မပြောလဲမပြောချင်တော့ပါဘူး

တနေ့က ဒနည က ဂျီတော့ခ် ကနေ ပြောလာပါတယ်
တီရေတီ့ ဘန်နာ နာမည်ကြီးနေပြီတဲ့


ဟဲ့ ပလုတ်တုတ် အိုဘာတုန်းလို့ ဆိုတော့

အဲ့လင့်ကိုသွားကြည့်တဲ့ http://formmbloggers.blogspot.com/2009/10/blog-post_15.html

ကဲကဲ ကြည့်လိုက်ပါတယ် ဘာတွေ့လဲ ဆိုတော့ နာမည်ကြီးဘလောခ်ဂါ တချို့ ဟိဟိ ကိုယ်လဲအဲ့ထဲမှာ ပါတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် တွေးလိုက်ပါတယ် နော့ မမကွမ်(ခင်ဦးမေ) မယ်လိုဒီမောင် ကိုပေါ စတဲ့ သူတွေကိုဝေဖန်ထားတာ အဖြူရောင်နတ်သမီး တီချမ်း စတဲ့ နာမည်ကြီး အကျော်ဒေးယျ ဘလောခ်ဂါတွေပေါ့လေ ခိခိခိ အော် ကိုယ်တောင် ဘာလိုလိုနဲ့ တော်တော်မြင့်တဲ့အပင်ဖြစ်နေပါပေါ့လားပေါ့ ကျေနပ်မိပါတယ် ကြည်းနူးမိပါတယ် သာယာမိပါတယ် လေဟပ်မိပါတယ် ညှင်းညှင်းညှင်း

မမရီတာ ကလဲ ဒါတွေနဲ့ပတ်သက်ပြီး ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတဲ့ ပိုစ့်လေးရေးပြန်ပါတယ်
လူတွေစုံကြတာပ ကောင်းလေစွ ကောင်းလေစွ

တဆက်တည်းမှာ ပဲ သူတို့ နာမည်ကိုနှိပ်လိုက်ရင် Google.co.th နောက် the blogger not exist but name available စတဲ့ အမည်မဖော်လိုသူ ဆရာကြီးများက ဖိုးသူတော်၊ ကိုပါကြီး၊ နောက်ခေတ်မှီစွာ Annonymous စတဲ့ နာမည်တွေနဲ့ ကွန်မန့်တွေ စွတ်လာပေးနေပါတယ် ပျော်စရာကြီး ကောင်းလေစွ ကောင်းလေစွပေါ့လေနော့ တီချမ်းကလဲမရေးတော့ဘူးစိတ်ကူးတာပါပဲ
နောက်တော့လဲ မနေနိုင်တော့ နဲနဲ ကညော့တယ်ပေါ့ ဒီလောက်ပါပဲ
တခုပဲပြောချင်တာ တီ့ကိုပြောချင်ကြတဲ့ သူတွေ က ဘလောခ် ကိုလဲသေချာမဖတ် စာကိုလဲသေချာမဖတ် ပရိုဖိုင်းတောင် သေချာမကြည့်ပဲနဲ့ သူတို့ ကိုသူတို့ ဘလော်ခ်ဂါ တွေကိုဝေဖန်အုံးမတဲ့
ကဲ ဘာပြောရမှန်းမသိဖြစ်သွားပါတယ်
ပထမတော့ ရီချင်တယ် နောက်တော့ သူတို့လေးတွေ ကို သနားလာတယ် (သနားတာ ကိုပိုမိုပေါ်လွင်စေချင်တဲ့အတွက် “လေး” လို့တောင် သုံးထားပါတယ်နော့)
အင်းသေချာတာကတော့ လူတွေလူတွေ ဘိုင်ပိုလာ ဒစ်အော်ဒါ ဖြစ်တာ တော်တော် များလာတာပဲ
ဒုက္ခ ဒုက္ခ ဒုက္ခ
ကဲကဲ ပရိသတ်တွေ ရှူ.........................


နှာဘူးမကြီး တစ်ယောက်အကြောင်း
Posted by ဘလောဂ်ဂါတို့ရဲ့ ဘလောဂ့်ဂါ Labels:
Image

မိန်းမတချို့များ နာဘူးထလာရင် ဘယ်လိုမှ ထိမ်းသိမ်းလို့ မရဘူးဆိုတာ အခုမှ ပဲယုံကြည်တော့တယ်။ ဒီဘန်နာကို အစက တွေ့တုန်းက မြန်မာ အမျိုးသမီးမှ ဟုတ်ပါ့မလားလို့ သံသယ ဖြစ်မိသေးတယ်။ ဘန်နာကိုလုပ်တဲ့သူက NangNyi လို့တွေ့တော့မှ သေချာသွားတော့တယ်။ တကယ်တော့ နန်းညီမှာ အပြစ်မရှိ။ သူက အကူအညီတောင်း သို့မဟုတ် ပိုက်ဆံရလို့ လုပ်ပေးတာ ဖြစ်နိုင်သည်။ လုပ်ခိုင်းတဲ့လူက တကယ့်တရားခံ။ဘလော့ဂ်နာမည်က တီးချမ်းရဲ့ကမ္ဘာတဲ့။ အခန်းထဲမှ အ၀တ်မရှိတဲ့ ယောင်္ကျားတစ်ယောက်က မှောက်အိပ်ပြီး အဖော်ကိုစောင့်နေတဲ့ပုံစံ။ ဒီလောက်နှာဘူးထနေရင်လည်း ကိုယ့်ဟာကို တိုးတိုးတိတ်တိတ်လုပ်ဆောင်ပါလား။ အခုတော့ ဒီလိုမဟုတ် ဘန်နာကြီး တည်ဆောက်ပြီးတော့ မြူဆွယ်နေလိုက်တာ။ကျန်ုပ်တို့ မြန်မာ အမျိုးသမီးများသည် ထိုကဲ့သို့သော အရှက်မရှိသောအလုပ်များကို လုပ်ဆောင်ရမှာ သေမလောက်ရှက်တက်ကြပါသည်။ မိမိကိုယ်ကို မိကောင်းဖခင်သားသမီးများအဖြစ် သတ်မှတ်ထားသောသူတို့သည် ထိုကဲ့သို့သော ကိစ္စမျိုးကို လူရှေ့တွင်တောင်ပြောဆိုဖို့ ပို၍ပင် ကြောက်တက်ကြသေးသည်။အခုတော့ တီချမ်းဆိုသူက သူ့ရဲ့ကမ္ဘာဆိုသည်မှာ အခန်းထဲတွင် အ၀တ်မရှိသော ယောင်္ကျားနှင့်နေရခြင်းကို ဆိုလိုနေသလိုဖြစ်နေသည်။ ထို့အတူ တခြားသော ယောင်္ကျားများကို စွဲဆောင်သည့်အလား ဘန်နာခပ်ကြီးကြီးလုပ်၍ အရှပ်မရှိ ရဲရဲတင်းတင်းနှာဘူးထနေလေသည်။ထိုအခြင်းအရာကို မြင်တွေ့လိုက်သည့်အခိုက် ကျန်ုပ်တို့ အဖွဲ့သားများ ခေတ္တခဏမျှ ငြိမ်သက်သွားကြသည်။ အံ့သြခြင်း မိမိ မြန်မာအမျိုးသမီးအတွက် ရှက်မိခြင်း တပြိုင်နက်ထဲ ခံစားမိလေသည်။သောက်ရှက်မရှိသော နှာဘူး ဘလော့ဂ်ဂါ အလိုမရှိ။P.S( လိင်ခွဲခြားမှုမရှိ။ မိန်းမဖြစ်ချင်သောသူကို မိန်းမအဖြစ်သတ်မှတ်ပေးရမည်။မောင်ဘ (သုံးသပ်တင်ပြသည်)
at 7:19 AM
Delicious Digg StumbleUpon Subscribe to RSS Feed

0 comments:
Post a Comment
Newer Post Older Post Home

သူတို့ရဲ့ကွန်မန့် တွေကိုကြည့်လိုက်ရင် လူတွေ သူတို့ကို ဘယ်လောက်ချဉ်နေတယ်ဆိုတာ အသိသာကြီးပါ
အောက်မှာ တခြားပို့တွေ (အစပိုင်းက ပိုစ့်တွေ ကို တခြားသူတွေ ရေးထားတဲ့ ကွန်မန့်တွေ ပါထည့်ပေးလိုက်ပါတယ်)အစပိုင်းကတော့ လူတွေကလည်း သူတို့ ကို ပြင်စေချင်တဲ့စေတနာ နဲ့ ဝိုင်းဝန်း ဖြောင်းဖျကြပုံရပါတယ် တီကတော့ များများမပြောချင်တော့ပါဘူး
သူတို့ ရဲ့ဘိုင်ပိုလာ ကိုယ်စား သက်ပြင်းကြီးကြီးတချက်ပဲ ချပေးနိုင်ပါတော့တယ် ဟူး............................

Nge Naing said...
C-Box မတွေ့လို့ ဒီမှာပဲ ရေးထားခဲ့တယ်။ ကျွန်မ ဘလော့ဂ်ကို လာလည်တာ ကျေးဇူးတင်ပါတယ်။ ပြန်လာလည်ရင်းနဲ့ ရေးထားတဲ့ ပို့စ်တွေကို ဖတ်မိလို့ မှတ်ချက်ရေးစရာအကြောင်းက ပေါ်လာတယ်။ ဘယ်သူမှ ပြီးပြည့်စုံတယ်ရယ်လို့ မရှိနိုင်တဲ့အတွက် ဘလော့ဂ်တွေကို အပြုသဘောနဲ့ ဝေဖန်သုံးသပ်ပေးတာ သိပ်ကောင်းတဲ့ အလုပ် ဆိုတာလက်ခံပါတယ်၊ ဒါပေယ့် ဝေဖန်ထားတဲ့အထဲမှာ တချို့ ဝေဖန်ချက်တွေက ကောင်းပေမယ့် တချို့မှာက ဖေါ်ပြတဲ့ အကြောင်းအရာနဲ့ မဆိုင်ပဲ ပုဂ္ဂိုလ်ရေး သိပ်ဆန်လွန်းတဲ့ ဝေဖန်မှုမျိုးကျတော့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ အများအတွက် (သို့) ဘလော့ဂါအတွက် အကျိုးရှိစေတဲ့ ဝေဖန်မှုမျိုးကနေ လမ်းလွဲသွားနိုင်တာမျိုးကို သတိပြုသင့်တယ်လို့ ထင်တယ်။ စာရေးတဲ့သူတိုင်းက ဘာရည်ရွယ်ချက်နဲ့ပဲ ရေးရေး ကိုယ့်စာကို သူများဖတ်စေချင်တဲ့ စေတနာ စာရေးသူတိုင်း (ဘလော့ဂါတို့ရဲ့ ဘလော့ဂါအပါအ၀င်) မှာ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ တယောက်လက်ခံထားတဲ့ အမူအကျင့်တခုကို တခြားတယောက်က မနှစ်သက်တာ ရှိနိုင်ပေမယ့် အများကို မထိခိုက်ရင် ဒါကို သူကြိုက်လို့ သူလက်ခံထားတဲ့ ကိစ္စအတွက် အပြစ်မရှိပါဘူး။ ဒါကြောင့်မို့ ကိုယ့်ဘလော့ဂ်ကို လူလာစေချင်လို့ သူ့နည်းသူ့ဟန်နဲ့ ဆွဲဆောင်တဲ့ ကိစ္စမှာ ဘယ်သူ့ကိုမှ မထိခိုက်ရင် အပြစ်မပြာသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်မ မအားတဲ့ကြားက အားလုံးကို ပြီးအောင် ဖတ်ပြီးမှ ပထမဆုံးပို့စ်မှာ မှတ်ချက်ထားခဲ့တာပါ။ ဝေဖန်သူကို ပြန်ဝေဖန်သွားတာ အမှားပါသွားတယ် ထင်ရင် တောင်းပန်ပါတယ်။

Nai ရဲ့  ရွှေရတုမှတ်တမ်း said...
ပြောစရာရှိလာပြီဆိုတော့ပြောရပေါ့ဗျာ.....ဘလော့ဂါရဲ့ဘလော့ဂါ..ဆိုတဲ့ညီလေးများနဲ့..မြတ်နိုးခင် ဆိုပြီး ယောင်္ကျားလား..မိန်းမလား..အခြောက်လား..ကွဲကွဲပြားပြား မရှိလှတဲ့..blog ပိုင်ရှင်များကိုပါ....ညီလေးတို့က..ကိုယ့်ကိုယ်ကို ဝေဖန်ရေး ဆရာကြီးများ ဆိုပြီး အမျိုးသမီးများရဲ့ blog တွေ ကို အသားလွတ် ပုဂ္ဂိုလ်ရေးတိုက်ခိုက် မှုတွေပြုလုပ်လာလို့ပါ။ ငါ့ညီတို့အခု ရေးနေတာက..ဝေဖန်ရေးမဟုတ်ပဲ..ယောင်္ကျားရန်လို..စအိုတကြွကြွ..ဆိုသလို လူတဖက်သားကို အမနာပတွေ ပြောနေကြတာတွေ..မြင်ရတာ..အင်မတန်မှ..ယောင်္ကျားတယောက်အနေနဲ့ ရှက်စရာကောင်းလှပါတယ်...ငါ့ညီတို့..satire ရေးကြတယ်..ဆိုရင်လဲ ဆရာ့ဆရာကြီးတွေ..ဆရာစိန်ခင်မောင်ရီတို့ ဆရာမောင်သော်က တို့ဘယ်လိုရေးတယ်ဆိုတာ လေ့လာကြပါဦး...ဝေဖန်ရေးမှရေးချင်တယ်ဆိုလဲ..ဆရာမောင်စွမ်းရည်..ဆရာအောင်သင်းတို့ ဘယ်လိုဝေဖန်တယ်ဆိုတာ ဖတ်ကြည့်ကြပါဦး။ blog ရေးချင်းဟာလည်း..အနုပညာ တရပ်ပါ...blogger တွေ အားလုံးဟာ ဘက်စုံ ရှုထောင့်စုံက သူတို့ရင်တွင်းဖြစ်တွေကို ခံစားတင်ပြနေကြတာပါ...အခုငါ့ညီတို့က..အားနွဲ့သူမိန်းမသားများ ကိုမှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတော့..အကိုတော့ဘာကြောင့်လဲဆိုတာနားမလည်ဘူး...ယောင်္ကျားblog တွေ မပုတ်ခတ်ရဲတာ ..အကိုထင်တယ်လေ...( ငါ့နှမများ..ငါ့တူမများ..နားနဲ့မနာဖဝါး နဲ့သာနာကြပါတော့)..ယောင်္ကျား blogger များက မင်းတို့ ကို ပြန်ဗျင်းရင်..မင်းတို့ အီးပေါက်ရင်..ဘူ..လို့တောင် မမြည်ပဲ ဝရော...ဆိုပြီးထွက်သွားအောင်..စအိုဝကျယ်သွားမှာကြောက်လို့မဟုတ်လား....အကိုပြောချင်တာကတော့ အတောင် ၂၀ ဝတ် မင်းယောင်္ကျားဂုဏ်ကိုထိမ်းသိမ်းကြပါ...ဒါပါပဲ...

Thursday, October 15, 2009

WHO AM I.....???

AM I...

GOOD?
KIND?
LOVABLE?
SHALLOW?
HAPPY?
ANXIOUS?
FOOLISH?
SELFISH?
A LIAR?
A FRIEND?
A FOE?
CRAZY?
SAD?
FUN?
CONFUSED?

A Chen
12:40 am
15th October 2009
home
bkk

Tuesday, October 13, 2009

ပွဲတော်သို့

Image
ပွဲတော်သို့

Addy:
ပွဲတော်ကိုလွမ်းတယ်
ငါရောက်သွားတော့
အစည်းအဝေးကစနေပြီတဲ့
နောက်ကျတာပေါ့
ထားလိုက်ပါ
ဘာမှအရေးမပါမှတော့
ဘာမှအရေးမကြီးတော့ပါဘူး
အိပ်ချင်လာပြီ
မျက်လုံးထဲမှာ
ငွေမျှင်ရောင်လိုင်းလေးပဲ
မြင်ယောင်နေမိတယ်
ပိုးစုန်းကြူးလေးက
မှိတ်တုတ် မှိတ်တုတ်နဲ့

မိဘုတ်:
သူ့အတွက် ရည်စူးထားတဲ့
ကဗျာ ထုပ်လေးကို
မြူမှုန်တွေနဲ့ ထုတ်ပိုးခဲ့တယ်
ပွဲတော်ရဲ့ အကောင်းဆုံးပြကွက်မှာမှ
ငါက အိပ်ပျော်နေခဲ့တော့
လွဲပြန်တာပေါ့ဟာ
နေပါစေလေ
သူနဲ့တောင် လွဲမှတော့
ဘယ်အလွဲမှ အဲလောက်မလွဲနိုင်တော့ပါဘူး
ငိုချင်လာပြီ
မျက်လုံးထဲမှာ
အရောင်တွေ
လျှပ်စီးတဖျက်ဖျက်လက်လို့ . . .
ကြယ်လေးကတော့
ပြုံးနေတုန်းပဲ

Addy:
ဘာပဲဖြစ်ဖြစ်ပါ
ပွဲတော်ကိုရောက်လာမှတော့
ခင်ဗျားလဲ
ကဗျာလေးတပုဒ်လောက်တော့
ရွတ်သွားပါအုံးလား
ပိုးစုန်းကြူးလေးက
ကြယ်လေးကိုလှမ်းပြောတာလား
ကြယ်လေးက
ပိုးစုန်းကြူးလေးကိုလှမ်းပြောတာလား
တိုးနေလို့ သေချာမကြားရတာလား
ဝေးနေလို့သေချာမကြားရတာလား
လျှပ်စီး တဖျက်ဖျက်လက်နေတဲ့ကြားမှာ
ငွေမျှင်ရောင်တန်းကလေးကိုတွေ့တယ်

မိဘုတ်:
ကြယ်လေးက ရောင်ပြန်တွေနဲ့
အလင်းလိုပြေးနေတုန်း
ပိုးစုန်းကြူးရဲ့ ကဗျာလေးတွေကို
ပွဲတော်ကြီးက နားမလည်ဘူးတဲ့ . . .
ဘာဖြစ်လဲကိုယ့်ကဗျာကို
Espresso တစ်ခွက်လို
တစ်စိမ့်စိမ့်သောက်ပစ်လိုက်တယ်
ညရဲ့နောက်ကိုလိုက်သွားတဲ့
မိုးစက်တွေကို လွမ်းလိုက်တာ . .
ဒီအချိန်ဆို ကြယ်ကလေး
ရေချိုးနေရောပေါ့

Addy:
ဒီလိုနဲ့ ပွဲတော်ကြီးထဲမှာ…..
လျှောက်သွားနေကြတယ်
ကြယ်လေးရယ်
ပိုးစုန်းကြူးလေးရယ်
ကဗျာလေးရယ်
ငွေမျှင်ရောင်တန်းလေးရယ်
လျှပ်ပန်းတွေရယ်
ကောင်လေးရယ်
ကောင်မလေးရယ်
ကျတော်ရယ်
ခင်ဗျားရယ်
သူရယ်
သူမရယ်

BS and A Chen
5:17 pm
13th October 2009
Tuesday
Online
Ching Mai-Bangkok

Sunday, October 11, 2009

အစ ကနေ အဆုံး (earth)

Image

foto credit
http://senseable.mit.edu/nyte/images/01%20nyte%20-%20globe%20encounters.jpg

အစ ကနေ အဆုံး (earth)

နေမင်းကြီးကနေပဲ့
လာခဲ့ကြတယ်
ကြယ်စုတွေရဲ့အနား
တွင်းနက်ကြီး ရဲ့ဘေး
နေအဖွဲ့အစည်းထဲက
တတိယ မြောက်ဂြိုလ်ကမ္ဘာ
ငါ့တို့ အိမ်ရာ
လုံးသလိုပြားသလို
ဘုရားသခင် ကဖန်ဆင်း
အလာရှင် လိုသလို
ဗုဒ္ဓ ပြောတဲ့ အဖြစ်နဲ့အပျက်
ပွားခဲ့ကြ အငြင်း
ဟိုးအစက
ဗြဟ္မကြီးလေးဦး
မျောက်တွေလိုလို ဘာလိုလို
ဒါဝင် ရဲ့ အဆို
တကယ်က အက်တမ်နဲ့မော်လီကျူးစ်
ကျောက်ခေတ်ကနေလာ
သံ၊ ကြေးနဲ့ စက်မှု
ငွေဝယ်ကျွန်နဲ့ဘူဇွာ
အိမ်ဖော်နဲ့ လူမသမာ
နေမကောင်းတဲ့ ငါ့ကမ္ဘာ
ခရမ်းလွန်နွေဦး
အက်ဆစ်မိုးရာသီ
လာဦးမည့် နျူကလီးယားဆောင်း
အယ်နီညို လာနီညာ
နာဂစ် နဲ့ ဆူနာမီ
လှုပ်လိုက်တဲ့ ငလျင်
ဘယ်မလဲ ဒိုင်နိုဆောတွေ
နောင်မကြာမယ့် တုံးတော့မယ် အမျိုး
ဝင်ရိုးစွန်း ဝက်ဝံရေ
ကုန်တော့မယ့် ကိုရွှေကျားများ
လူတွေကြောင့်လား
တောတွေပြုန်း တောင်တွေကတုန်း
မိုးတုတွေရွာပါသော်လည်း
ဖြေမဆည်နိုင်တဲ့ ငါ့အမေ
သဘာဝမိခင်
အိုင်တီတွေတခေတ်ဆန်း
တိုးတက်နေ လူ့ပြည်
ကမ္ဘာ ကိုအပြင်ကလှမ်း
မင်းကြည့်နေလေ
ရှာထားပါ နောက်တလုံး
ပြောင်းဖို့ ပြင်စေ
လေလံယူ လကမ္ဘာ က အကွက်
အလံထောင်လျက်
ဖြစ်လာတဲ့
စီးပွားရေးပျက်ကပ်
ငွေရှာရကြပ်
သေလိုက်တဲ့လူတွေ စူစိုက်
အနေတွေမတတ်
ကြားဖူးတဲ့ ပဓိပဒါ
ရခဲတဲ့ ဒုလ္လာဘလ်
ထိခဲတဲ့ အပ်
မကြောက်ဘူးလား ၅၀၀ နဲ့ ၅၀
နံပါတ်ပေးနေတယ် မှတ်
ဒီလိုနဲ့ အားလုံးသွားကြမယ်
ဘယ်ဆီဘယ်ဝယ်
မကြာပါ နောင်လာမယ် ၂၀၁၂
ကြယ်ကြွေခေတ်သစ်
။ ။

A Chen
3:04 am
3rd September 2009
Golden City Hotel
Mandalay

Thursday, October 8, 2009

အရင်ကကျတော် နဲ့ အခုကျတော်

Image


အရင်ကကျတော် နဲ့ အခုကျတော်
(Before and after…me!)

ကမ္ဘာကြီး ကိုချစ်တဲ့ကျတော်
အစိမ်းရောင်တွေ ကိုချစ်တဲ့ကျတော်
လယ်ကွင်းစိမ်းစိမ်း နဲ့
တမျှော်တခေါ် ကောင်းကင်ကျယ်ကျယ်
တိမ်စိုင်လွင့်လွင့် တွေ ကိုချစ်တဲ့ကျတော်
ဆိုင်ကယ် ကိုအရှိန်နဲ့စီးရင်း
မျက်နှာ ကိုလေတိုးတဲ့အခါ
စွမ်းအားရှင်တယောက်
လေကိုခွင်းပြီးပျံသန်းနေသလို
ခံစားရတဲ့ အရသာ ကိုကြိုက်လို့
ကောင်းကင်ကျယ်ကျယ်
တိမ်စိုင်လွင့်လွင့် အောက်က
လယ်ကွင်းစိမ်းစိမ်းဘေး
ကွန်ကရစ်လမ်းလေး မှာ
ဆိုင်ကယ် ကိုအရှိန် ပြင်းပြင်း
စီးတတ်တဲ့ ကျတော်

သြော်……ခုတော့
လူဦးရေ ထူထပ်တဲ့
တိုက်တာ အဆောက်အအုံတွေ
မြင့်မား သိပ်သည်း
လူတွေ ကားတွေ ယာဉ်မျိုးစုံတွေ
ဥဒဟို သွားလာ ပိတ်ဆို့
မီးခိုးငွေ့ အဆိပ်ငွေ့
ကာဗွန်ငွေ့တွေနဲ့
မွန်းကြပ် ပိတ်လှောင်နေတဲ့
မြို့တော်ကြီးထဲမှာ
ရုံးဆင်းချိန် ကိုတခါတခါ
အိပ်ပြားပြားလေးထဲက
ဘတ်ဂျက် ကိုခဏမေ့
လူစော် ချွေးစော်
အလုပ်ဆင်း အပြီး
အိမ်ပြန်ရောက်ချင်စိတ်တွေ စောနေတဲ့
ဇောတွေနဲ့ လှောင်ပြည့် လျှံကျနေတဲ့
ဓါတ်ရထား ကိုရှောင်
Taxi (တက်စီ) ကိုမျက်စိမှိတ်ပြီးတား
နားထဲ ကို IPod (အိုင်ပေါ့) လေးထည့်
မီးပွိုင့်တွေ ကိုစိတ်ရှည်လက်ရှည်စောင့်
လေးဘက်လေးတန် မှန်အပြည့်
ကာရံထားတဲ့
စက်တတ်ယာဉ်ငယ်လေးထဲက
သဘာဝ ကိုဆန့်ကျင်
သန့်စင်ထားတဲ့
“ပြုလုပ်” လေအေးအေးလေး ကိုရှူ
တရိတ်ရိတ်တက်နေတဲ့
မီတာ ကိုမမြင်ချင်ယောင်ဆောင်
အိတ်ထဲက မှတ်စုစာအုပ်ငယ်လေးကိုထုတ်
ဝ.၅ ဘောလ်ပွိုင့်ပန်လေးနဲ့
ကဗျာ ကိုရေးရင်း
ဘဝအမောတွေ ကနေ
ခဏတာ ထွက်ပြေးနည်း ကို
သင်ယူတတ်မြောက်ခဲ့ပါပြီလေ။ ။

A Chen
7th October 2009
06:06 pm
On the road of Bkk

အရင်တပတ် ကမဲစောက်သွားလည်အပြီး အရှိန်မသေသေးလို့
ဒီကဗျာလေးကိုရေးဖြစ်ပါတယ်
လယ်ကွင်းတွေ ကိုလွမ်းတယ်
တိမ်စိုင်တွေကိုလဲလွမ်းတယ်
ကောင်းကင် ကျယ်ကျယ်
ပြာပြာလွင့်လွင့် ကိုလဲလွမ်းတယ်
အင်း…………….
မင်းကိုတော့
မလွမ်းဘူး
မေ့နေတယ်
အဟိ

Wednesday, October 7, 2009

သီတင်းကျွတ်

Image
သီတင်းကျွတ်

မိဘုတ်:

အသက်ရယ် တစ်ဆယ်မကျော်ခင်က
မိဘုတ်တို့ နယ်မှာဖြင့်
သီတင်းရယ် ကျွတ်ပြီဆိုတာနဲ့
ဆီမီးတွေ ထိန်ထိန်ညီးတယ်
လမင်းနှယ် နီးနီး။

အသက်ကယ် အတော်အတန်ရလာတော့
ရွှေနားတော် ဘယ်မခံနိုင်ဘု
ကလေးတွေထုကြတဲ့ ဗျောက်အိုးသံ
နှလုံးတစ်လျှောက် တုန်လို့ဆန်တယ်
ဒီမြို့တော်ကြီးမလဲ
ဗုံးသို့နှယ် ညံညံ။

ဦးဦးချမ်း:

ခုများတော့ တော်တော်ကြာပြီ
တုတ်ကောက်ကိုထောက်ခါထောက်ခါနဲ့
ဒေါ်ဒေါ်ဘုတ်ကြီး
အသက်ကယ်တော်တော်ကြီး
ဆံပင်တွေတောင်ဖြူတူတူ
မျက်မှန်နဲ့ဒေါ်ဘုတ်ဘုတ်မှာ
ငြူတူ စူစူ
ဗျောက်သံကိုခုခါ သူကြောက်ပါပေါ့
အော်လိမ့်မယ် ဆင်ကောင်လောက်အသံနဲ့
“ဟဲ့ ကလေးတွေ…………”
ပြောချင်ပါသေးတယ် မိဘုတ်ရဲ့
ကြိုက်တတ်တော့ အက်စ်ပရက်စို
ဒါဘယ်ရှော့ကို
သောက်တော့နင်
နှလုံးတုန်မှာ ပူပုံမရ
ပြောလိုက်မယ် ဦးဦးချမ်းက
နင်တော်တော် “ထ”


BS and A Chen
Time and date not remember
Sometime in Oct 09
Online

Tuesday, October 6, 2009

colours et moi

colours et moi

ဘာရယ် မဟုတ်ပါဘူး
မိညီမ ကိုအားကျလို့ပါ ပိန့် နဲ့ လုပ်ထားတာ
တင်ချင်တာတင်တယ် ကွယ်
မန့်ချင်ရာမန့်
ဒီပုံ တင်နေရင်းနဲ့ ဂျူး ရဲ့ “အရောင်များနဲ့ကစားခြင်း” ကိုသတိရနေမိသေးတယ်
နောက် မဆီမဆိုင် ဘာလို့ “တတိယမြောက်ညနေ” ကိုလဲသတိရမိလဲမသိပါဘူး
အဲ့ဒီဝတ္ထု တို နှစ်ပုဒ် ကိုအမြဲ လိုလို တပုဒ်ထဲလို့ပဲ ထင်မြင်နေမိတယ်
ကိုယ်တခုခု သို့ နှစ်ခုခု သို့ သုံးခုခု များ မှားနေပြီလား???

P.S
အစကတော့ သီတင်းကျွတ်ဆိုတဲ့ ကဗျာ မိဘုတ်နဲ့ရေးထားတာ တင်မလို့ပါ
ပုံရှာတာ မတွေ့သေးလို့ နောက်မှ ဘဲတင်တော့မယ်
မိညီမရေ
ညုန်း နော်
ဟိဟိ

Image


A Chen
6th Oct 2009
11:13 am
Office
Bkk

Thursday, October 1, 2009

Kunming (a quick glance)

Image
Kunming (a quick glance)

I don't know whether it is good to start a first sentence of a peom with stink toilets...haha
Anyway I'm gonna start my first line with it....
If you don't agree just accept it as "me"
The toilets that are stink from airport
The airport restaurant that is FIVE times more expensive than the actual price
Comparing to the first time, the easier Visa, Immigration and customs
Surprising electronically charge motorcycles
Polluted population
Likable reducing use of plastic bags
Icicle cold weather
Sudden rains of cats and dogs
The original of Mar Lar curry and veggies
Cheap Chinese stuffs
CDs, VCDs, DVDs and EVDs
Blue rays
Books
Warm coats which comes in various designs, colors, sizes and prices
Good quality services of New Era hotel’s staffs
A good taste of Yunnan’s fresh brew coffee

The weather that similar to Shanghai
Reminding me of smoking cigarettes and missing “YOU”

A small street covers with the leaves similar to maple tree
Thus, not a single sun rays spot on it
The city’s heart square where all sort of people gather
The street aside benches that full with sleepers
Which again, remind me a lot of India…
Tasteless Chinese red bull
The bagger that only wants MONEY
And you know what in this particular city
If you don’t know Chinese you are doomed
Not quite convenience to go around HUH?

A Chen
2:30 pm
24th September 2009
Kunming Airport