twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

Change Server

Hi friend,
I changed server and I'm sorry for my late post. So If you can't get update, please change feed url : http://minnyoonthit.net/?feed=rss2. Thank you all.

Read Users' Comments (0)

တံဆိပ်ကပ်ထားသော အရိပ်လက္ခဏာများ

ကျကွဲခဲ့ပြီးပြီ...
ဒီလိုခံစားမှုမျိုး၊ မအီမလည် မျက်လုံးတွေနဲ့
ကျွမ်းကျင်မှုဆိုင်ရာ အပြစ်ဒေါသများ၏ အကွာအဝေး..
ဘယ်လောက်ရှိမတဲ့လဲ...
လုံးဝယုံကြည်မှု မရှိသော ဖားခြေထောက်များကို စူးစမ်းလေ့လာခြင်း
အချိန်မှီ မပြင်ဆင်နိုင်သော ဟာကွက်များကို
ကြံစည် ပြုလုပ်နိုင်၏။
အလိုဆန္ဒရမ္မက်များ၏ ပတ်ဝန်းကျင်ဖြစ်ပြီး အခြေခံဝါဒီများ၏
ဆင်ခြင်တုံတရားကို သွတ်သွင်းခြင်းပင်...
အတုပြုလုပ်ထားသော ထိုးစစ်ဆင်မှု၏
နောက်ကွယ်ရှိ ရူးရူးနှမ်းနှမ်း လက်သီးပုန်းများ ၏ ကံကြမ္မာ..
တူးဖော် ခူးဆွတ်စားရန် ပျက်ကွက်ခဲ့သော အစိမ်းရောင် ဥပါဒ်များကို
ကြိုးစင်တင်ဖို့ လိုအပ်ပါလိမ့်မည်...
ဓာတ်တိုင်များ၏ ငတ်မွတ်မှု သီအိုရီမှတ်တမ်း
အခန်းကျဉ်းလေးများထဲသို့ ရွှေ့ပြောင်းခဲ့ ပြီးပြီ။
မည်သည့် အယူဝါဒ အိတ်ထဲ ပေါင်းထည့်ရမလဲ...
ဦးခေါင်းခွံအလွတ်များ ဖြစ်သည်။
မမှီမကမ်း.. ပင်လယ် ကမ်းစပ်များ ဖြစ်ချင်ဖြစ်မည်။
စတုတ္ထမြောက် တမ်းချင်းများကို သိမ်းယူပစ်လိုက်သည်။
မြို့က ပျက်ပြီးသွားပြီ... အခုမှ မီးအိမ်ထထွန်းနေလဲ အပိုပါပဲ..။
ခင်ဗျားပြောလို့ အကုန်လုံးကို လွှတ်ချမိတော့
ကျွန်တော်ရတာက ပိုးထိုးချစားပြီးသား မြေပုံအလွတ်တွေ...
ကြားရဖန်များလာတော့ အဲဒိခရာသံတွေဟာ
ကလိန်ကကျစ်တွေပဲဆိုတာ တဖြည်းဖြည်း သိလာကြတယ်..
စိတ်ကျ ရောဂါ၊ ဆံပင်စုတ်ဖွားနဲ့ စီးကရက်ခိုးတွေ...
ဘာထပ်လိုချင်သေးလဲ...
လူ့အဖွဲ့အစည်းထဲက မအောင်မြင်သော လက်မှတ်တွေတဲ့..
အခုထိ ဖုန်းခေါ်လို့ မရသေးဘူး....
ကျွန်တော်လား.. ရေငတ်နေတယ်...။

Read Users' Comments (1)comments

Barcamp Yangon is cool!

I'd like to show you some pics of Barcamp Yangon. Unfortunately, yesterday I don't have any camera and laptop. Oh Ma Ma! Save me! But whatever I got photos from my friend's facebook album. Ok, anyway I'm very happy to participate in this camp. Hoo Yay! there are over 2000 people attend our barcamp. I'll also present today about France CMS. Will you join with me? Ok, Here are some image of Barcamp Yangon.

Image

Image

Image
Image

Image

Image

Image

well, to be continue...

PS: please forgive me, I can't really continue this post.:D. Just kidding you.:P You can look there more Barcamp Yangon Photos.

Read Users' Comments (1)comments

ဇန်န၀ါရီရနံ့တွေနဲ့ဝါကျင်နေတဲ့ ညနေ


Image
မနက်ဖြန်ကျ ဘယ်နှနာရီထိုးမှာလဲ။ ဝေလီဝေလင်း နံနက်ခင်းတွေ ကျွန်တော့်အိပ်ကပ်ထဲက မတော်တဆကျပျောက်သွားကြတယ်။ နှစ်ဆပိုများသော ရင်နှင့်အမျှတွေ ရာသီကုန်တာတောင် ရောင်းမထွက်ခဲ့ကြဘူး။ လမ်းလျှောက်ရင်း ပြတ်သွားကြသော တည်ဆောက်မှု လွဲနေတဲ့ သဒ္ဒါတွေ ဟုန်းဟုန်းတောက် လောင်ကျွမ်း စိုရွှဲနေခဲ့ကြပေါ့။ အချိန်အခါမဟုတ်ပဲ အချိန်ခါ ဟုတ်နေခဲ့တယ်။ တွန့်ခေါက်နေတဲ့ လမ်းမကြီးတစ်လျှောက် မီးတိုင်တွေ ကွေးညွှတ်ကျရင်း ပြတင်းပေါက်တွေက ထုတ်လွှတ်လိုက်တဲ့ လေခိုးလေငွေ့တွေကြားမှာ ချန်ထားရစ်ခဲ့တဲ့ ပန်းတပွင့်ကိုမှ ကျွန်တော်က ဖျားနာကြည့်ချင်နေခဲ့ မိတာပါ။

Read Users' Comments (2)

ပဉ္စလက်သစ်ပင်တွေက မျက်ကန်းနားပင်းခဲ့လျှင်

Image
Picture:mocoloco.com via google

မရောင်ရာ ဆီလူးလို့ နွားပေါင်ကျိုးသလိုမျိုး ပါပဲ..
လူဝင်များလို့ ဘဝင်မြင့်ကြေးဆို...
အများသုံးဈေးအိမ်သာတွေက ခင်ဗျားကို ဟားတိုက်လိမ့်မယ်...
မူပိုင်ခွင့်နဲ့ အပတ်စဉ်ထုတ်နေတဲ့ သိက္ခာ၊ သမာဓိတွေဟာ
မပြောဝံ့လောက်အောင် သူရဲဘောကြောင်လွန်းတယ်..
ခင်ဗျားတို့ အထင်ကြီးနေတဲ့ အရာတွေဆိုတာ
မှုန်ရီရီ မြက်ပင်ရှည်တွေလောက်တောင်
ဖွံ့ဖြိုး တိုးတက်မှုကို အထောက်ကူပြုတာ မဟုတ်ဘူး..
ဖျက်ဆီးစေတတ်တဲ့ နေထိုင်မှု ဘဝတွေက
ရိုသေကိုင်းရှိုင်းမှု မရှိတဲ့ အနက်ကောက်တွေပါပဲ...
ရုပ်ဝတ္ထုတွေရဲ့ ဖြစ်တည်မှုတွေက
တဖြည်းဖြည်း ရွှေ့ရင်း ငါးပါးမှောက်တတ်တာဗျ...
ချီးကျုးလေးစားဖွယ် ရိုက်ထုတ်လိုက်တဲ့
ရှက်ရွံ့မှုတွေက ပြုံးပြုံးလေး ဇီဝိန်ချုပ်သွား....
ဂန္တဝင်ကမ္ဘာကြီး အရာမဝင်လို့ ရယ်ဒီမိတ် ကျက်မှတ်မှုတွေကို
ဒရဟော သွန်ချ....
ကိုယ်သုံးနိုင်တဲ့ အခွင့်အရေးမှ အပူချိန်လျှော့ချသွားကြတယ်..
အရေးကြီးဆုံး နှိုးဆော်ချက်တွေ အဖြစ် လူညံ့တွေရဲ့ လက်သုံးစကားဟာ
အမုန်းစိတ်နဲ့ မရေးရဘူး..
အခြေခံလုပ်ပိုင်ခွင့် ကျောင်းသုံးစာအုပ်...
မတော်တဆများကို တန်ဆာဆင်ရင်း
အမည်တပ်၍ ဧည့်ခံခြင်းကို လက်မခံပါဘူး...
တော်အိလျော်အိ ဒုက္ခသုခတွေကို မေ့ပြီး
လက်ထပ်စာချုပ်ဖြင့် လီဆယ်ခြင်းသက်သက်ဖြစ်၏။
ခေတ်ပြိုင် နိုင်ငံရပ်ခြား ဂေဟဗေဒ ပြုန်းတီးမှုများမှ
ခေါင်းစဉ်သစ် တစ်ခု အတွက် ဘတ်ဂျတ်ခိုင်မာခြင်းပဲ ဖြစ်ပါလိမ့်မယ်။
တဒင်္ဂခပ်ဆန်းဆန်းလေးတွေနဲ့ ၎င်း၏ လျှို့ဝှက်ကုဒ်နံပါတ်..
မှတ်ချင်ရာကိုသာ မှတ်သားထားလိုက်ပါ...
လက်ဖက်ရည်ဆိုင်တွေမှာ သုံးတဲ့ ကျင့်ဝတ်ဆိုတာ...
အမှန်တော့.. ဒါတွေချည်းပဲ... ဒါတွေချည်းပဲလဲ မဟုတ်ဘူးတဲ့...
ဝန်ထုပ်ဝန်ပိုးနှင့်တကွ စည်းကမ်းချိုးဖောက်ခြင်းဟာ အထိရောက်ဆုံးဖြစ်မယ်..
ဒါဆိုလည်း... နောက်တခန်း ဆက်ကြတာပေါ့..။

Read Users' Comments (0)

Barcamp Yangon is available now!

Image
Hi Everybody,
We are lunching now Barcamp Yangon Website and You can register now.

Why Should we register?
Yes, Barcamp is freedom and not limited. Every participants can come and share their knowledge. But if you have desire to share your knowledge at Barcamp Yangon, you need to register for your topic. And We will give gift for the participants. eg. T-shirt and other gadgets. Barcamp doesn't look like Seminar which are held by Geeks. Be feel freely, even attendees can discuss their topics. Wow! isn't cool?

When and Where
You can see detail on Barcamp Yangon Website.
Date :January 23 and 24, 2010
Place : Myanmar Info Tech

Hey don't miss the chance! Barcamp has been held all over the world. This is the first time for us. And you can get new technology, knowledge and international network. Ah.. You can also access free wireless connection at Barcamp Yangon. Don't forget to take your notebook. But don't worry, if you don't have notebook, we will give PC for you.

If you want to know about Barcamp more detail, you can read at Barcampyangon.org and Htoo Tay Zar's Blog.

Read Users' Comments (0)