



Tag Archives: Wordpress
မြန်မာ WordPress လုပ်လိုသူများအတွက်
စပ်မိစပ်ရာက ကိုသင်္ကြန်တို့ ဦးဆောင်ပြီးတော့ mmWordpress.com ဆိုပြီးတော့ လုပ်နေပါပြီ။ တချို့လည်း သိပြီးကြပါပြီ။ WordPress ဘယ်လိုလုပ်ရလဲ၊ WordPress လုပ်နည်းတွေ ဘာကွာလဲ လာလာမေးကြသူတွေကို ညွှန်းပါရစေ။ WordPressing နဲ့ ပတ်သက်လို့ တဖြည်းဖြည်း စုဆောင်းဖော်ပြသွားပါလိမ့်မယ်။ သိလိုတာတွေကိုမေးဖို့ စီဘောက်စ်လည်း ဖွင့်ထားပါပြီ။ WordPress Blogging (or) WordPressing လုပ်ချင်တဲ့သူတွေ၊ Blogspot ကနေ WordPress ပြောင်းချင်သူတွေ၊ WordPress ကို ကလိကြည့်ချင်သူတွေအတွက်တော့ တံခါးပွင့်သွားတာပေါ့။ WordPress အကြောင်း တစိုက်မတ်မတ်ရေးပေးနေတဲ့ မှော်ဆရာအပြင် လေ့လာစရာ၊ ၀ိုင်းဝန်းဆွေးနွေးစရာ နေရာတစ်ခုတိုးလာတာ အားရစရာပေါ့ဗျာ။
ဒီမှာ Click ပါ။ သို့မဟုတ် http://www.mmwordpress.com
Filed under IT & Blogging, Wordpress
New Present for WP Bloggers & Talking Blog Experiences
နှစ်သစ်လက်ဆောင်နဲ့ ဘလော့ဂ်ထွေရာလေးပါး
နှစ်သစ်မှာ တန်းပလိပ်ကို အသစ်ပြောင်းလိုက်တယ်။ တန်းပလိပ်တွေကို စိတ်ကြိုက်တွေ့တိုင်း စုပြီး Up Load လုပ်ထားတာ တော်တော်များနေပြီ။ တစ်ခုပြီးတစ်ခုလျှောက်ကလိကြည့်တယ်။ တချို့က ဆိုက်ဘားကလိခွင့်မပေးဘူး။ တချို့ဟာက သိပ်ကျဉ်းနေလို့ မကြိုက်ပြန်။ တချို့ဟာက ပေးထားတာတွေကို မကလိတတ်လို့ အဆင်မပြေ။ ဒါနဲ့ အခုလုပ်ထားတဲ့ New Eve ကို ရွေးဖြစ်တယ်။
နှစ်သစ်လက်ဆောင်
WordPress သုံးတဲ့ ဘလော်ဂါတွေအတွက်ရော၊ ဘလော့အပေါင်းအသင်းများအားလုံး အတွက်ပါ ကျနော် နှစ်သစ်လက်ဆောင်လေး ပေးလိုက်ချင်ပါတယ်။ တခြားတော့ မဟုတ်ပါဘူးဗျာ။ ကျနော့ဘလော့ဂ်မှာ အရင်က Page အဖြစ်တွဲထားတဲ့ မြန်မာ WordPress ဘလော့ဂ်လမ်းညွန်နဲ့ WordPress နည်းပညာအကူအညီကို ခွဲထုတ်ပြီး Myanmar WordPress Driectory လေး လုပ်ပေးလိုက်တဲ့ အကြောင်းပါ။ ဒါကျနော့ရဲ့ နှစ်သစ်လက်ဆောင်ပါ။ ဒီနေရာလေးမှာ ယူလိုက်ကြပါ။
Filed under IT & Blogging, Wordpress
Making WordPress BLog
မသိနိုးနားနဲ့ WordPress မှာ တိုက်ရိုက် ဘလော့ဂ်တစ်ခုလုပ်ပြီးမှ စပ်မိစပ်ရာမှာ ကိုသင်္ကြန်ကျေးဇူးပြုထားတဲ့ WordPress လုပ်နည်းအရ အသစ်ထပ်လုပ်လိုက်တာ တော်တော်လေးလန်ထွက်နေတဲ့ ဘလော့ဂ်လေးတစ်ခုရလိုက်ပါတယ်။
ကိုသင်္ကြန်က http://freehostia.com နဲ့ www.byethost.com ကို အကြံပေးထားပါတယ်။ ကျနော်ကတော့ http://phpnet.us/ နဲ့ အကောင့်ဖွင့်မိရက်သားဖြစ်တာနဲ့ ပီအိပ်ခ်ျပီနဲ့ပဲ ဆက်လုပ်လိုက်ပါတယ်။
ဒီနေရာမှာ ကျနော်ဝေမျှချင်တာက ကျနော်လို ယောင်ခြောက်ဆယ်ဟိုလုပ်ဒီလုပ် အချိန်မကုန်ရအောင် အတွေ့အကြုံကို ပြောချင်၊ အခက်အခဲလေးတွေရှောင်လွှဲ(သို့) ဖြေရှင်းကျော်လွှားနိုင်ဖို့ အကြံပေးချင်တာပါ။
ပုံမှန်အတိုင်းလုပ်ရမယ့်နည်းတွေကတော့ စပ်မိစပ်ရာမှာ ပီဒီအက်ဖ်ဖိုင်နဲ့ ယူပါ။ လုပ်ပါ။
ကျနော်က http://phpnet.us/ နဲ့ လုပ်ရာမှာ တွေ့ကြုံရတာလေးတွေလည်း ဖြည့်စွက်ပြောချင်တာပါ။
Filed under IT & Blogging, Wordpress
Some Suggestion for WordPress Start
WordPress မှာ တန်းပလိပ် Theme ရွေးရင် သတိပြုစရာ တချို့ဖောက်သည်ချချင်ပါတယ်။ (Free Host ကနေမဟုတ်ဘဲ) WordPress မှာ တိုက်ရိုက် ဘလော့ဂ်စလုပ်တဲ့ သူတွေ အတွက်ပါ။
ကော်လံနှင့် Width
ကော်လံ တစ်ခုကနေ၊ လေးခုတန်းပလိပ်မျိုးအထိရှိပါတယ်။ ကွန်ပျူတာ စခရင် အပြည့်မှကြိုက်သူတွေက Flexible Width ကိုရွေးနိုင်ပြီး၊ ဆိုက်အနေတော်ကြိုက်သူတွေက Fixed Width ကိုရွေးနိုင်ပါတယ်။
အရောင်
အရောင်ရွေးခွင့်၊ ပြောင်းနိုင်တဲ့ တန်းပလိပ်ရှိသလို ပြောင်းခွင့်မပြုတဲ့ တန်းပလိပ်လည်းရှိပါတယ်။
Header/Banner
WordPress မှာ တန်းပလိပ်တိုင်း Header/Banner ပြောင်းလို့မရနိုင်ပါဘူး။ Custom Header လို့ရေးထားတဲ့ တန်းပလိပ်မှ Header/Banner ပြောင်းလို့ရပါတယ်။
Navigation/Page
Page ဆိုတာ Blogspot မှာ Navigation လို့ခေါ်တဲ့ဟာ ဖြစ်ပါတယ်။ အဲဒီ Function က ဒီဘလော့ဂ်မှာ ရှိသလို Header/Banner ရဲ့ အထက် (သို့မဟုတ်) အောက်မှာမျိုး တန်းပလိပ်တိုင်းမှာ မရှိပါဘူး။ တချိုး တန်းပလိပ်တွေမှာ ဆိုက်ဒ်ဘားနေရာမှာပဲ ပါပါတယ်။ Header/Banner တ၀ိုက်မှာမှ ရှိစေချင်သူများ သတိပြုဖို့ပါ။
Changing Theme
တန်းပလိတ်Themeကို ပြောင်းချင်သလိုပြောင်းပါ။ Blogspot မှာလို ဆိုက်ဘားမှာထည့်ထားတာတွေ ပျောက်သွားခြင်းမျိုးမရှိပါဘူး။ Backup လုပ်နေစရာ မလိုပါဘူး။ Widgets ကနေ ပြန်ဆွဲချ၊ နဂိုလုပ်ထားတဲ့ အတိုင်းပြန်ရပါတယ်။
C-Box and Other
Blogspot မှာ တမင်ထည့်ပေးရတဲ့ Read more ဆိုတာမျိုး အသင့်ပါပြီး ဖြစ်ပါတယ်။ C-Box နဲ့ တခြား Counter ဆိုတာတွေ ထည့်ဖို့ Text ကို သုံးနိုင်ပါတယ်။ Presentation>Widget> ထဲမှာပါ။ အောက်နားမှာ Text နဲ့ Rss Fee အတွက် အပိုယူလို့ရပါတယ်။ အဲဒီမှာ Text ကို ယူပြီး C-Box Code ကို ထည့်နိုင်ပါတယ်။ ဘလော့ဂ်အဟာင်းက C-Box ကို ယူလာပြီး ထည့်လည်းရပါတယ်။
Upload, Export & Import
Blogspot ထက်ကောင်းတာကတော့ ပုံတွေအပြင် pdf ဖိုင် စတာတွေ ပို့စ်မှာ တိုက်ရိုက် Upload တင်လို့ရပါတယ်။ Blogspot အပြင် WordPress အချင်းချင်းလည်း ဖိုင်၊ ပို့စ်၊ ကော်မန့်တွေကအစ ပို့၊ ပြောင်း၊ ရွေ့၊ သွင်းလို့ ရပါတယ်။ Export နဲ့ Import ပါ။
MM Blogger Help Desk တွင်လည်းဖတ်ရှုနိုင်သည်။
Filed under IT & Blogging, Wordpress


