• Image မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • Image
  • Image အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • Image ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • Image ဖေါဟ်အ်ုတါ ယဲါမိင်
  • Image လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Image Image Image Image Image

Thursday, January 28, 2016

အကြံဉာဏ်လေး ပေးနိုင်မလား

Image

အကြံဉာဏ်လေး ပေးနိုင်မလား

January 28, 2016
Thursday

By မင်းစိုးစံ

ကျန်းမာကြံ့ခိုင်ကြပါစေ။
ကျောင်းတကျောင်းရဲ့ ကျောင်းသားလေးတွေက ဆို,က,ရေး,တီး နဲ့ပတ်သက်ပြီး သူတို့လေးတွေရဲ့သင်ကြား
တတ်မြောက်မှု အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ မိဘတွေရှေ့မှာ ဆိုပြတီးပြတဲ့ အစီအစဉ်သေးသေး
လေးတခုရှိလို့ သွားဖြစ်တယ်။
အဲဒီလိုသွားတော့ တွေ့လိုက်မြင်လိုက်ရတဲ့အခါ ကိုယ့်ကလေးတွေရဲ့ အနာဂတ်အတွက် တစုံတရာများ အ
ကျိုးကျေးဇူးရှိလာလေမလားဆိုတဲ့ အတွေးနဲ့ ရုပ်သံဖိုင်လေးတခု ဖန်တည်းဖြစ်သွားပါတယ်။

အဲဒီတော့ တတိယနိုင်ငံကိုရောက်နေကြတဲ့ ကလေးမိဘတွေ ဒီရုပ်သံဖိုင်ကိုကြည့်ပြီး ကရင့်အရေးနဲ့ပတ်
သက်လို့ ဘာတွေတွေးမိသလဲ။ ဘာတွေမြင်မိသလဲ။ ဘာတွေလုပ်သင့်တယ်လို့ ထင်သလဲ။
တတိယနိုင်ငံကိုရောက်နေကြတဲ့ မျိုးဆက်သစ်ကရင်လေးတွေထဲက အနုပညာကို ၀ါသနာပါတဲ့ လူငယ်တွေ
အနေနဲ့ ဘာတွေတွေးမိသလဲ။ ဘာတွေမြင်မိသလဲ။ ဘာတွေလုပ်သင့်တယ်လို့ ထင်သလဲ။

ပည်တွင်းမှာရှိနေတဲ့ ကရင်လူတန်းစားအသီးသီး၊ အသက်အရွယ်အသီးသီးပါ ပေါ့နော်။
အထူးသဖြင့် မိမိအမျိုးကို ထိန်းသိမ်းစောင့်ရှောက်မယ်လို့ လက်သီးလက်မောင်းတန်းနေတဲ့ ကရင်တွေအနေ
နဲ့ ဘယ်လို တွေးမိမြင်မိသလဲဆိုတာ ပိုသိချင်ပါတယ်။
အဓိက,ကတော့ နောင်အနာဂတ်မျိုးဆက်သစ်တွေအတွက် စဉ်းစားထားတာလေးတွေကို ရေးချပြခြင်းအား
ဖြင့် အချက်အလက်ကောင်း အကြံဉာဏ်ကောင်းတွေ ရလာနိုင်လေမလားလို့ပါ။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Thursday, January 21, 2016

တယောက်မှ စ, တကမ္ဘာသို့တိုင်

Image
ဓမ္မသုခ ကျောင်းတော်တွင် တရားထိုင်နေသည့် မန်းလင်းထိန် နှင့် မန်းကျော်နိုင်

တယောက်မှ စ, တကမ္ဘာသို့တိုင်

January 21, 2016
Thursday

By မင်းစိုးစံ

မိတ်ဆွေတို့အားလုံး စီးပွါးဥစ္စာ ရတနာများ ဒီရေအလား တနေ့တခြား တိုးတက်များပြားကြပြီး ကျက်သရေ အပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။
ကျုပ်ရဲ့ဆုတောင်းလေးလို့ သဘောပိုက်ပြီး နည်းနည်းလေး ပြောကြည့်ချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဆုတောင်းတိုင်း ပြည့်နိုင်ပါ့မလား ဆိုတာကို တွေးကြည့်မိလို့ပါ။
ဒီကနေ့ ကမ္ဘာ့သတင်း ဗမာ့သတင်း တွေကို ဘတ်ရှုနားဆင်လိုက်တဲ့အခါမှာ ဆုတောင်းနေတာထက် တစုံ
တရာကိုထ,လုပ်တာက ပိုပြီးအကျိုးရှိနိုင်တယ်ဆိုတာ ဖြစ်နိုင်ရဲ့လား ဆိုပြီး တွေးမိပြန်လို့ပါ။
တစုံတရာ တစုံတခုကို ပြည့်စုံချင်လို့ လက်တွေ့အကောင်အထည်ဖေါ် စီမံကိန်းတွေအသေအချာချ တိတိကျ
ကျ အစီအစဉ်တွေနဲ့ အကောင်းဆုံးလို့ ဆုံးဖြတ်ပြီးလုပ်တဲ့အလုပ်တိုင်း တကယ်ထိရောက်အောင်မြင်မှုမရှိ
နိုင်သေးတာကို အောက်ကသတင်းကောက်နှုတ်ချက်လေးတခုနဲ့ သာဓက ပြချင်ပါတယ်။

အီရတ်နိုင်ငံမှာ စစ်ပွဲကြောင့်၂၀၁၄ နှစ်ဆန်းပိုင်းကနေ ၂၀၁၅ နှောင်းပိုင်းအတွင်း အရပ်သား တစ်သောင်း ၉ ထောင် သေဆုံးပြီး၊ ၃ သန်းကျော် အိုးအိမ်မဲ့ခဲ့ရတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်ဆိုတဲ့
ဗွီအိုအေ သတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကြားရပြီး ဒုက္ခသည်တွေ တရားမ၀င်လာ
ကြတာကို တားဆီးဖို့ ဥရောပသမဂ္ဂက ဒေါ်လာ ၃ ဘီလျံ ထောက်ပံ့ခဲ့တဲ့ကြားမှာဘဲ လူမှောင်ခို ဂိုဏ်းတွေက ဆက်ရှိနေတဲ့အကြောင်း ဘီဘီစီ သတင်းထောက် Fergal Keane စုံစမ်းထားတဲ့ တူရကီကအဖြစ်အပျက်ကို
လည်း ကြားရပြန်ပါတယ်။
ဒါက ကမ္ဘာပေါ်က နေရာအချို့မှာ လူကြောင့်ဖြစ်ရတဲ့ ဘေးဆိုးကို လူတွေတားဆီးနိုင်ခြင်းမရှိဘူး ဆိုတာကို
ထောက်ပြနေသလိုများ ဖြစ်မနေပါလား။

ပြည်ထောင်စုသမ္မတ ဗမာနိုင်ငံတော်(ပြည်ထောင်စုသမ္မတ မြမ္မာနိုင်ငံတော်) အတွင်း မှီတင်းနေထိုင်ကြတဲ့
ပြည်သူလူထုကြားထဲက လူမှုရေးသတင်းကို ဘတ်လိုက်ပြန်တော့
မိသားစုဝင်အချင်းချင်းစောင့်ရှောက်ကူညီချင်တဲ့စိတ်၊ အနစ်နာခံလိုစိတ်တွေ နည်းပါးလာကြတယ်။
ကိုယ့်အတွက်ပဲကြည့်တဲ့ စိတ်တွေများလာတယ်။
ရန်ဖြစ်ကြ၊ စိတ်ဆိုးကြရင်လူသတ်ကြတဲ့အထိ ဖြစ်တာတွေများလာတယ်။
ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေတက်လာတာကိုကြည့်ရင် လူတွေရဲ့အတ္တစိတ် ဘယ်လောက်ကြီးလာသလဲ သိနိုင်တယ်’’လို့ ဒေါက်တာဦးခင်မြင့်ကပြောတာကို တွေ့ရပါတယ်။

ရှင်သန်ရေး လူမှုကူညီရေးအသင်းရဲ့ ဒုဥက္ကဌ ဦးမြင့်ဇော်ကတော့
‘‘တစ်နေ့လုပ်မှ တစ်နေ့စားရတယ်ဆိုတဲ့သူတွေမှာ ဝင်ငွေက လုပ်သလောက် အကျိုးမခံစားရ၊ မိသားစုတို့၊
အိမ်ထောင်ရေးတို့မှာ အဆင်မပြေ၊ စားဝတ်နေရေးအတွက် မိုးလင်းမိုးချုပ် သွားကြ လာကြ ဆိုတဲ့အခါမှာ
အိမ်မှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတို့၊ မကျန်းမာသူတို့ကို ထားခဲ့ဖို့အဆင်မပြေဘူး။
သူတို့ကို ဘယ်သူပြုစုမလဲ။
ရုန်းကန်ရင်း စီးပွားရေးမပြေလည်မှုတွေနဲ့ ချာလည်ရိုက်ပြီး လူတွေရဲ့စိတ်ဓာတ်တွေ ပျက်စီးလာကြတယ်။
အတ္တတွေ ကြီးလာကြတယ်။
အခုဆို ရပ်ကွက်တိုင်း၊ လမ်းတိုင်းနီးပါး စွန့်ပစ်မှုတွေဖြစ်နေတယ်။
ကျွန်တော်တို့အသင်းကတွေ့ပြီး ကူညီရတာ တစ်လကို ငါးယောက်နဲ့ ၁၀ ယောက်ကြားရှိတယ်’’
အဲဒီလိုပြောပြန်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ရန်ကုန်မြို့ အပါအ၀င် ဗမာပြည်အနှံ့ အဆောက်အဦးတွေ ကား၊ ရထား၊ လမ်း၊ တံ တား၊ စတာတွေ တိုးတက်လာပေသော်လည်းပဲ လူ့ကျင့်ဝတ်တွေပျက်ဆီးနေပြီဆိုတာကို ထောက်ပြနေတာ
ပဲ မဟုတ်ပါလား။
ဒီတော့ ကျုပ်တို့တတွေ ဘယ်လိုဖေါက်ထွက်ကြမလဲ။
ကျုပ်တို့တတွေလို့ ဆိုကတည်းက တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့မရဘူးဆိုတာ သိနိုင်မှာပါ။
တယောက်ချင်းစီကနေ စိတ်ဧချမ်းမှုရပြီး လူသားအားလုံးရဲ့စိတ်တွေ ငြိမ်းဧသွားပါမှ တကမ္ဘာလုံး ငြိမ်းချမ်းမှု ရနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။
ဒီလိုပြောလိုက်လို့ ဆုတောင်း လို့လဲ မရနိုင်၊ လက်တွေ့အကောင်အထည်ဖေါ်လို့ကလည်း မအောင်မြင်၊ ဆို
တော့ ဘယ်လိုလုပ်ကြမလဲပေါ့နော်။
အရေးအကြီးဆုံးက လူတိုင်းဟာ စားလို့လောက်ရုံ သုံးလို့လောက်ရုံ ဆိုတဲ့ စိတ်ကိုသာထားနိုင်ကြပြီဆိုလျင်
အဲဒီနေ့ဟာ အပေါ်က သတင်းဆိုးတွေ မမြင်ရ မကြားရတဲ့ နေ့တနေ့ဖြစ်မှာသေချာပါတယ်။
ရန်ကုန်မြို့က လူတွေကွက်ပြီး စားလို့လောက်ရုံ၊ သုံးလို့လောက်ရုံ စိတ်ကလေးရှိရုံလေးနဲ့ မဖြစ်နိုင်ပါဘူး။
တနိုင်ငံလုံး၊ တကမ္ဘာလုံး က လူသားတွေအယောက်စီတိုင်း အဲဒီလိုစိတ်ထားနိုင်ပါမှ ဖြစ်လာမှာပါ။

ကဲဒါဆိုလျင် မိတ်ဆွေတို့ တစ်ယောက်ချင်းစီက စ,ရအောင်။
တရားနာကြပါစို့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Monday, January 11, 2016

ပထမဦးဆုံးအကြိမ် မိဘပူဇော်ပွဲကျင်းပခြင်း

Image
သားငယ်လေးနှစ်ဦးမှ မိဘနှစ်ပါးကို ကန်တော့နေစဉ်

ပထမဦးဆုံးအကြိမ် မိဘပူဇော်ပွဲကျင်းပခြင်း

January 11, 2016
Monday

By မင်းစိုးစံ

ကရင့်နှစ် ၂၇၅၅ခုနှစ်မှာ မိတ်ဆွေသင်္ဂဟများအားလုံး ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံနိုင်ကြပါစေ။
အမျိုးဘာသာ သာသနာကို လေးစားတန်ဘိုးထားလိုစိတ် ယုံကြည်မြတ်နိုးတတ်တဲ့စိတ် မိဘဆရာသမားများ
နဲ့တကွ လူကြီးသူမများအပေါ် ရိုသေလေးစားတတ်တဲ့စိတ်တွေ ပေါ်ပေါက်လာစေဘို့အတွက် မျိုးဆက်သစ်
လေးတွေကို မိဘကန်တော့ပွဲလေး တပွဲ January 10, 2016 တနင်္ဂနွေနေ့မှာ ဆရာတော် ဦးကုဝေရ က ဦး
ဆောင်ဦးရွက်ပြုပြီး ကိုချစ်ဆွေတို့ မိသားစုရဲ့အိမ်မှာ မိဘအုပ်ထိန်းသူများနဲ့အတူ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုသီးသန့်ပွဲမျိုးကို ဒီအကြိမ်ကတော့ဖြင့် ပထမဦးဆုံးကျင်းပခြင်းဖြစ်ပေမယ့် သက်ကြီးပူဇော်ပွဲကိုတော့ အ ကြိမ်အတော်များများကျင်းပ ဖြစ်ခဲ့ပြီးဖြစ်ပါတယ်။
မျိုးဆက်သစ်လေးတွေကို အခုလိုသီးခြားအစီအစဉ်အနေနဲ့ ကျင်းပပြုလုပ်ပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်
ကတော့ ဘာသာတရားအပေါ်မှာ စိတ်ဝင်စားမှုရှိလာစေဘို့နဲ့ဘာ သာတရားနဲ့ ကင်းကွာသွားမယ့်အရေးက
နေ ကာကွယ်ဘို့ဖြစ်ပါတယ်။

ကလေးသူငယ်လေးတွေကို ဒီအရွယ်ကလေးကနေ စပြီး ဘာသာတရားကိုင်းရှိုင်းဘို့ သွန်သင်လမ်းပြပေး
ထားပါမှ သူတို့လေးတွေရဲ့ ရှေ့ဆက်ရမယ့်ခရီးတလျှောက် စိတ်ပိုင်းဆိုင်ရာတွေမှာ ဖွံ့ဖြိုးတိုးတက်ဘို့ အ
ထောက်အကူ ပြုနိုင်ဘို့ လမ်းစဖေါ်ပေးလိုက်ရာလည်း ရောက်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

ဘုန်းတော်ကြီးကျောင်းမှာ မိဘဘိုးဘွားတွေက ဘာသာရေးကိစ္စတွေ ဆောင်ရွက်နေချိန်မှာ ကလေးငယ်အ
များစုက သူတို့နဲ့မဆိုင်သလို ဆော့ချင်သလိုဆော့ ကစားချင်ရာကစား ခုန်ပေါက်ပြေးလွှားတဲ့သူက ပြေးလွှား
နေကြသလို တချို့ကလေးတွေကျပြန်တော့ I pad, Tablet, စတာတွေနဲ့ သီးခြားဖြစ်နေရာကနေ ဘာသာ
ရေးနဲ့ ကင်း လွတ်နေတာမျိုး ဖြစ်သွားမယ့် အန္တရာယ်က ကြောက်ခမန်းလိလိ စိုးရိမ်စရာဖြစ်နေတာ သတိပြု
မိတဲ့အတွက် အခုလို အစပျိုးပေးလိုက်တာဖြစ်ပါတယ်။

ဒီကနေတဆင့် ဘုန်းတော်ကြီးကျောင်းနဲ့ မစိမ်းအောင် ထဲထဲဝင်ဝင်ဖြစ်အောင် အစီအစဉ်လေးတွေလုပ်ပြီး
မျိုးဆက်သစ်လေးတွေကို ဘာသာရေးမှာ စိတ်ပါဝင်စားမှုတိုးတက်ခိုင်မာဖွံ့ဖြိုးလာဘို့ ဆောင်ရွက်ပျိုးထောင်
ပေးရမှာက ကလေးတွေရဲ့မိဘဖြစ်ကြတဲ့ ကျုပ်တို့အယောက်စီတိုင်းရဲ့ တာဝန်ပဲမဟုတ်ပါလားခင်ဗျား။


ဒါကြောင့် မျိုးဆက်သစ်လူငယ်လေးတွေအတွက် ဘာသာတရားနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို ဆရာ
တော် သံဃာတော်များထံ ချဉ်းကပ်လျှောက်ထားမေးမြန်းပြီး အစဉ်မပြတ်ပူးပေါင်းဆောင်ရွက်ဘို့ လိုအပ်နေ
ပါတယ်ဆိုတာ တိုက်တွန်းရေးသားလိုက်ရပါတယ်။
ဗုဒ္ဓဘာသာ သာသနာ ရောင်ဝါနေသို့ ထွန်းစေသောဝ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Sunday, January 10, 2016

ကရင့်သက္ကရာဇ် ၂၇၅၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်

Image

ကရင့်သက္ကရာဇ် ၂၇၅၅ ခုနှစ်
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်

January 10, 2016
By မင်းစိုးစံ

Saint Paul မှာ ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။
ကလေးငယ်လေးဒုံးအဖွဲ့ရဲ့ပုံကို ပထမဦးဆုံး တင်ပေးလိုက်ပါတယ်။
ပထမဆုံး ၃ပုံက သူတို့ဆရာမနဲ့ အ၀တ်လဲခန်းထဲမှာ တွဲရိုက်ထားတာပါ။

Image


Image


Image

ကျန်တာကတော့ အခန်းအနားမှာနေရာယူနေတဲ့ပုံနဲ့ တင်ဆက်ကပြပုံတွေ ဖြစ်ပါတယ်။

Image


Image


Image


Image


Image


Image


Image


Image


Image


Image

ခြည်ဖြူဖွဲ့ပွဲကျရင် သူတို့လေးတွေရဲ့အဖွဲ့ လူအရေအတွက် များလာမယ်လို့ပြောသံကြားတယ်။
နှစ်သစ်နဲ့အတူ မင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ကရင့်သက္ကရာဇ် ၂၇၅၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်

Image

ကရင့်သက္ကရာဇ် ၂၇၅၅ ခုနှစ်
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်

January 10, 2015
By မင်းစိုးစံ

ဗမာတွေခေါ်တဲ့ ဖုံးမကြည်နတ်နဲ့ အလားသဏ္ဍန်တူတဲ့ ကရင်တွေအခေါ် ဖီ့ဘီးယော် (ဗမာအသံထွက်) စ
ပါးစောင့်နတ်အတွက် တဲလေးဆောက်ပေးထားတာပါ။

ကျန်တာတွေကတော့ ကောက်သစ်စားနေကြတဲ့ပုံတွေရယ်၊ စပါးစောင့်နတ်တဲလေးနဲ့တွဲပြီး ဒုံးကဘို့ အ
လှည့်စောင့်နေတဲ့ (K C O M) က လူငယ်လေးတွေပုံရယ်၊ အခန်းအနားကိုကြွ ရောက်လာကြတဲ့ ဧည့်သည်
တော်တွေနဲ့ တဲအနီးတ၀ိုက်က အပြင်အဆင်တွေကို မြင်နေရ တာဖြစ်ပါတယ်။

ကျုပ်လည်း ကောက်သစ်စားပွဲအတွက် ထားထားတဲ့ ဒေါင်းလန်းထဲက ထမင်းကို စားမလို့ပဲ၊ ဒါပေမယ့် ဒီနှစ်
ခရုက ခါတိုင်းနှစ်က ခရုတွေလိုမဟုတ်ပဲ နည်းနည်းကြီးနေတော့ မစားတော့ပဲ ဓါတ်ပုံပဲရိုက်လိုက်တော့
တယ်။

Image


Image


Image


Image


Image


Image


Image


Image


Image


Image


Image


Image


Image


Image


Image


Image


Image

အဲဒီ စပါးစောင့်နတ်အတွက် သီးသန့်ထားပေးတဲ့ ထမင်းနဲ့ဟင်းက အရသာသိပ်ရှိတာဗျ။
အဲဒါထူးခြားမှုတခုပဲ။
မယုံရင် နောင်နှစ်ကျရင် ၀င်ပြီးစားကြည့်။
စွဲသွားလိမ့်မယ်။
အရမ်းကို အရသာရှိတာ။
ဒေါင်းလန်းထဲမှာ ထမင်းကော ဟင်းကောရောထည့်ပြီး အတူစားကြတာ။
ခင်ဗျား ကရင်ကိုချစ်ရင် အခုလို လက်ရည်တပြင်စီး စားရဲရမယ်။
ခင်ဗျားဟာ ပညာတတ်လား၊ သန်းကြွယ်သူဌေးလား၊ သမ္မတလား၊ လယ်သမားလား၊ တံငါသည်လား၊
မုဆိုးလား၊ မခွဲခြားပဲ အတူစားရဲရတယ်။
အဲဒါလို စားရဲသွားပြီဆိုရင် ခင်ဗျားရဲ့ရင်ထဲက မာန်မာနတွေကို ခ၀ါချပြီးသား ဖြစ်သွားမှာပါ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ကရင့်သက္ကရာဇ် ၂၇၅၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်

Image

ကရင့်သက္ကရာဇ် ၂၇၅၅ ခုနှစ်
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်

January 10. 2016
By မင်းစိုးစံ

ဒီပုံတွေက စတုဒီသာ ထမင်းကို ခင်းကျင်းနေတဲ့ပုံတွေနဲ့ သုံးဆောင်ဘို့ စနစ်တကျ တန်းစီနေတဲ့ပုံတွေပါ။
ခင်ဗျားဟာ ဒုံးဆရာလား။
တီးဝိုင်းခေါင်းဆာင်လား။
အခန်းအနားရဲ့ သဘာပတိလား။
အခန်းအနားမှူးလား။
ယဉ်ကျေးမှု အဓိပတိလား။
အခုလို အတူတူတန်းစီပြီးစားရဲတဲ့ အဆင့်ကိုရောက်အောင် ကြိုးးစားကြည့်ပါ။


Image


Image


Image


Image

ခင်ဗျားရင်ထဲက နှလုံးသားထဲကို ကိုယ့်အမျိုးကိုချစ်တဲ့စိတ်နဲ့အတူ အမျိုးအတွက် စွန့်လွှတ်အနစ်နာခံချင်တဲ့
စိတ်တွေ အလိုလိုနေရင်း နေရာယူလာပါလိမ့်မယ်။
မယုံရင် နောင်နှစ်ကျရင် တန်းစီကြည့်လိုက်ပါလား။
နှာခေါင်းရှုံ့မနေနဲ့။
စည်းလုံးချင်တယ်၊ ညီညွတ်ချင်တယ်လို့ ပြောနေရုံနဲ့ မရဘူးလေ။
သိတယ်ဟုတ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ကရင့်သက္ကရာဇ်၂၇၅၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်

Image
ကရင့်သက္ကရာဇ်၂၇၅၅ ခုနှစ်
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စကားလက်ဆောင်

January 10. 2016
By မင်းစိုးစံ

ကရင့်နှစ်သစ်ကူးအခန်းအနားကို ကြွရောက်လာကြတဲ့ ယဉ်ကျေးမှုမောင်မယ်များနဲ့ ဧည့်သည်တော်တွေရဲ့
ပုံတွေဖြစ်ပါတယ်။
ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးရင် ကိုယ့်စာကိုသင်။
ကိုယ့်စကား မပျောက်ချင်ရင် ကိုယ့်စာကိုသင်။
ကိုယ့်လူမျိုးရဲ့ဘ၀ကို မြေတောင်မြှောက်ပေးချင်ရင် ကိုယ့်စာကိုသင်။
စာပေပျောက်ရင် လူမျိုးတမျိုးအနေနဲ့ ဘယ်တော့မှ ရေရှည်ရပ်တည်နိုင်လို့ မရဘူး။
ကိုယ့်စာ ကိုယ့်စကားကို ကိုယ်တတ်မှ တခြားစာတွေကို သင်ယူရတာလွယ်တယ်။
နားလည်လွယ်တယ်။

Image

Image


Image


Image


Image


Image


Image


Image


Image


Image


Image


Image

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)