Monday, April 20, 2009

ပြောင်းလဲခြင်း

ယခင် Rubyland ဘလော့ အား ယခု မှစတင်၍ လိပ်စာပြောင်းလိုက်ပါသည်.....
http://rubyland.isgreat.org သို့ ပြောင်းလဲလိုက်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။


RubyLand Group

အပြည့်အစုံသို့...

Sunday, April 19, 2009

အထူးဝမ်းနည်းကြေကွဲခြင်း

ယနေ့ (၁၇.၄.၀၉) နံနက် (၄)နာရီတွင် ကျွန်တော်တို့ အဖွဲ့သား မောင်ပြည့်ဟိန်းမောင် (ခေါ်) အချစ်မဲ့ဂီတာ ၏ မိခင် ဒေါ်ကြည်ကြည်ဆွေ

အသက်(၅၄) နှစ်သည် ရုတ်တရက်ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်တူမိသားစုနှင့်ထပ်တူRuby Land Group မှ ၀မ်းနည်းကြေကွဲရပါသည်။

မောင်ပြည့်ဟိန်းမောင်၏ မိခင် ဒေါ်ကြည်ကြည်ဆွေ ကောင်းရာသုဂတိလားပါစေ ကြောင်း ဆုတောင်းမေတ္တာပို့ သလိုက်ပါသည်။




အပြည့်အစုံသို့...

Wednesday, February 18, 2009

ချမ်းသာကြီး ရာပြည့် ပွဲတော် အမှတ်တရ

Image ချမ်းသာကြီး ဘုရားအား မီးရှုးမီးပန်းဖြင့် ပူဇော်ပုံ
Image အာရုဏ်ခံအတွင်းတွင် လဲ ကြိတ်ကြိတ်တိုး

Image မီးရှုးမီးပန်းများ လွတ်တင်ပူဇော် ထားပုံ


၅.၂.၂၀၀၉ မှ ၉.၂.၂၀၀၉ တွင် ကျင်းပသော မိုးကုတ်မြို့  မင်းဘုရားတောင် ချမ်းသာကြီး မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ပူဇော် ပွဲ နှစ်တရာပြည့်ပွဲတော် မှတ်တမ်းပုံများကို
ကျွန်တော်တို့ Ruby Land Gruop မှ ညီအစ်ကိုများမှ တင်ပြလိုက်ရပါသည်။ ဤ ပုံများကို တင်ရန်အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးရပါသည် ထို့ကြောင့် စာဖတ်သူများ
အားအထူးတောင်းပန်ပါသည်။ ခုလတ်တလော အရ ကျွန်တော့်တို့ထံတွင် ရှိသောပုံများကိုသာ တင်ပြလိုက်ရပါသည်။


Image နေ့လည် ခင်း ဘုရားပွဲတော်လာ ဧည့်ပရိတ်သတ်များ

Image တောင်ခြေက ဈေးဆိုင်ခန်းတွေကလဲ စည်ကားစွာ

Image ဘုရားဆောင်းတန်းတွင် လည် လူတွေပြည့်ကြပ်လို့

Image
ပွဲလည်လို့ မ၀သေးဘူး

Image ဘုရားပွဲ လာရင်း မဲထိုးရင်း ကုသိုလ် ယူကြပုံ

Image ဖျာပုံ ဆွမ်းလောင်းအလှူခံဌာန ရှေ့ မှာလဲ လူတွေစည်လို့

Image

Image

Image မန္တလေးမြို့ က ချော တိုင်မင်းသားအစွမ်းပြ တာကို စောင့်ကြည့်နေတာလေ

Image ပိုက်ကျော်ခြင်း ကလဲ ဆူညံစွာ အားပေးလို့

Image နှစ်တိုင်း နွှဲပျော် တဲ့ ရိုးရာ ခြင်းခတ် မှာလဲ လက်ခုပ်တီးတံတွေဆူညံလို့

Image နှစ်တရာ ပွဲတော် အထိမ်းအမှတ်ပြခန်းရှေ့ 
Image မသိုး သင်္ကန်း ယပ်လုပ် ပူဇော်သော မန်းလေး လှပျိုဖြူများ
Image
Image ချား ရဟတ် တွေ စီးသူများကလဲ ပျော်ရွှင်လို့
Image တောင်ကြီး မြို့  ဦးခင်မောင်ထွေး အဖွဲ့  မီးရှူး ပန်းများဖြင့် ဘုရားအား ပူဇော်ပုံ
Image
Image
Image တောင်ကြီး (ထက်မြက်)အဖွဲ့  မီးရှူးမီးပန်း
Image မီးရှူး ယမ်းခွေ မလွတ်တင်ခင် အမှတ်တရ
Image ရိုးရာအိုးစည်တီးပြီး မီးရှူးမီးပန်း အဖွဲ့  စေတီတော်အား ပူဇော်နေပုံ
Image
ရှမ်းအိုးစည်တီးပြီး မီးရှူးမီးပန်းအဖွဲ့ ကို စောင့်နေပုံ

အပြည့်အစုံသို့...

Friday, January 16, 2009

ရွှေစေတီတော် ငွေစေတီတော် ပင့်ဆောင်ပွဲ

Image

မိုးကုတ်မြို့  မင်းဘုရားတောင် ချမ်းသာကြီး မြတ်စွာဘုရား ရာပြည့်  ပွဲတော်အထိမ်းအမှတ် ရွှေသားအတိ စေတီတော်နှင့် ငွေသားအတိစေတီတော်
နှစ်ဆူအား မြို့ နေလူထု အများကောင်းမှုကြောင့် စေတီတော်နှစ်ဆူအား သွန်းလုပ် ပြီးစီးခဲ့ ပြီး ဖြစ်ပါ သည်။ ရွှေစေတီတော် နှင့် ငွေစေတီတော် မြတ် နှစ်ဆူအား
(၁၅.၁.၂၀၀၉)ရက်နေ့တွင် မိုးကုတ်မြို့ တွင်းသို့ လှည့် လည်ပူဇော်ခံခဲ့ပါသည်။ စေတီတော်နှစ်ဆူအား မြို့ တွင်း ပူဇော်ခံ ရာတွင် ဒေသခံတိုင်းရင်းသား
များက ရတနာပုံ ၀င်း ၊ ပုဂံဝင်း ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု ၀င်း၊ ပလောင်တိုင်းရင်းသား ၀င်း ၊ လီဆူ ၊ ဂေါ်ရခါး ယဉ်ကျေးမှုအဖွဲ့ နှင့် သက်ဆိုင်ရာ အဖွဲ့ အသီးသီး
မှ ၀င်းအလှ ခင်း၍ စေတီတော် နှစ်ဆူအား မြို့ တွင်းသို့ လှည့်လည် အပူဇော်ခံ ခဲ့ပါသည်။ (၁၆.၁.၂၀၀၉) ရက်နေ့တွင် မိုးကုတ်မြို့  ကျပ်ပြင်အနောက်ပိုင်းသို့ လည်း
ပူဇော်ခံ ကြွခဲ့ပါသည်။
မိုးကုတ်မြို့ ၏ မင်းဘုရားတောင်ချမ်းသာကြီး မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ရာပြည့် ပွဲတော်အား ဤနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်
ပါသည်။ ဤနှစ်၏ ထူးခြားချက်မှာ ပွဲတော် (၁၀)့ ရက်ကျင်းပ၍ ပထမ (၅) ရက်အား ဆရာတော်ဥူးသုမင်္ဂလ မှ မိုးကုတ်ဝိပဿနာ တရားရေအေး (၅) ရက်တိုက်ကျွေးမည်
ဟု လည်းသိရပါသည်။ ပွဲတော် အတွင်းတွင် ပျော်ပွဲ ရွင်ပွဲနှင့် မီးရှုးမီးပန်းအလှ များ ဇာတ်သဘင် ..နှင့် မြန်မာ့ ခြင်း ၊ ချောတိုင်ပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများလည်း စည်
ကားစွာ ကျင်းပမည်ဟုသိရပါသည်။

မင်းဘုရားတောင် ချမ်းသာကြီး မြတ်စွားဘုရား ရာပြည့်  ပွဲတော်အား ကျွန်တော်တို့ Ruby Land Group အဖွဲ့မှ နိဗ္ဗာန်အကျိုးမျှော် ၍နှိုးဆော်လိုက်ရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image

Image

Image

အပြည့်အစုံသို့...