တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, December 4, 2010

နှစ် ၅၀၀ ပြည့် တောင်ငူ

Image
မြန်မာသက္ကရာဇ် (၈၇၂)ခု တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရင်မင်းကြီးညို စတင်တည်ထောင်ခဲ့သော ကေတုမတီ တောင်ငူမြို့၏ သက်တမ်းမှာ ယခုနှစ် (၁၃၇၂)ခု တန်ဆောင်မုန်းလပြည့်နေ့တွင် အနှစ်(၅၀၀)တိတိ ပြည့်ခဲ့ပါပြီ။ နှစ်(၅၀၀)ပြည့် အထိမ်းအမှတ်အဖြစ် မြို့တည်နန်းတည် ဘုရင်မင်းကြီးညို ရုပ်တုအား ရန်ကုန်-မန္တလေးလမ်း(စတီးလမ်း)နှင့် ဗိုလ်မှူးဖိုးကွန်းလမ်းဆုံရာတွင် စိုက်ထူခဲ့ပြီး နှစ်ငါးရာပြည့် မုခ်ဦးအား ဗိုလ်မှူးဖိုးကွန်းလမ်းနှင့် ဆေးရုံဟောင်းလမ်းဆုံရာတွင် တည်ဆောက်ခဲ့ရာ ၂၀၁၀ နိုဝင်ဘာ ၁၀ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက်တွင် တဆက်တည်း ဖွင့်လှစ်ခဲ့ပါသည်။ နှစ်ငါးရာပြည့် အထိမ်းအမှတ်အဖြစ် ပြပွဲပြိုင်ပွဲများ၊ ဈေးရောင်းပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။

Image


မြို့တည် နန်းတည် နှစ်(၅၀၀)ပြည့် အထိမ်းအမှတ် မုခ်ဦး






Image





မင်းခမ်းမင်းနား စုံလင်စွာဖြင့် ဖွင့်ပွဲ အခမ်းအနား





Image






ဝေါယာဉ်ပေါ်က ဘုရင်နှင့် မိဖုရား






Image





ဗိုလ်မှူးဖိုးကွန်းလမ်းအတိုင်း လှည့်လာစဉ်






Image




လေးကျွန်းကန်တော်ကြီး ရေပြင်တွင် ကျင်းပသော နှစ်ငါးရာပြည့် လှေခင်းသဘင်





Image





တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့.. ရဲတံခွန်တွေ... လေကစား.. ကြွား တလူလူဝေ...





Image



ဖိုးကျားစခန်းက ဆင်လေးတွေလား?







Image




တောင်ငူသူလေးတွေ လှရဲ့လားဗျို့..


.
.
.
.
.
ဓါတ်ပုံများကို ကျေးဇူးပြုပေးသော ကိုမျိုးသူရ (Harmony Snack Bar), နှင့် Taungoo City (facebook) တို့အား ကျေးဇူးတင်ပါကြောင်း...

Popular Posts