Nargis or Apocalypse?



ကျွန်တော်တို့ ရန်ကုန်မှာ နာဂစ် တိုက်သွားတာ တော်တော်ခံလိုက်ရပါတယ်။ ညကတည်းက လေတိုက်နှုန်း ကြမ်းပါတယ် မနက် ၅ နာရီလောက်ရောက်တော့ အဆိုးဆုံးဖြစ်လာပါတယ် အပင်တွေ လဲကုန်တယ် တိုက်ဘေးက အပင်တွေရော ဓာတ်တိုင်လည်း လဲတယ် မျက်နှာချင်းဆိုင် တိုက်တွေက အမိုးတွေ လန်ကုန်တယ်။ စလောင်းတွေက စုတ်ပြတ်ပြီး လမ်းပေါ် ကျကုန်တယ်။ နောက် မနက် ၁၂ လောက်မှာ သူငယ်ချင်း leo jack နဲ့ မြို့ထဲ ပတ်ကြည့်တယ် ရွှေဘုံသာလမ်းက အပင်တွေ အကုန်လဲပဲ နောက် လသာဘက်မှာလည်း လဲတယ် ဗိုလ်ချုပ်အောင်ဆန်းဈေးက အမိုးတွေ တချို့ လန်တယ် အရှေ့ဘက်တန်းက အုပ်ကြွပ်မိုးတွေက တော့ လမ်းပေါ်မှာ ပြန်ကျဲနေတာ အများကြီးပဲ ဇော်ဂျီ house ရှေ့က လမ်းအလယ်က steel နဲ့ လုပ်ထားတဲ့ တန်းတွေ အကုန်လဲတယ်။ Sakura tower နဲ့ Traders Hotel မှာ မှန်တွေကွဲတယ် ရုပ်ရှင်ရုံတွေ လည်း စုတ်ပြတ်သတ်နေတယ်။ ကန်တော်ကြီးထဲမှာ အပင် ကြီးတွေ အကုန်လဲပြီး လမ်းဘေးမှာ ဓာတ်တိုင်တွေ အကုန်ကျိုးကုန်တယ်။ တာမွေဘက်မှာတော့ တိုက်တွေများလို့ သိပ်မထိဘူး။ တစ်မြို့လုံး တိုက်တွေ တော်တော်များများ အမိုးလန်တယ်။ လမ်းမှာ အပင်တွေ အကြီးကြီးတွေ လမ်းပေါ်လဲနေတယ်။ တစ်မြို့လုံး မြို့ပျက်ကြီးလိုပဲ။ ဒဂုံတောင် မြောက်လမ်းဆုံမှာ လည်းတော်တော်ပျက်စီးနေတယ် အသစ်ဖွင့်တဲ့ ပင်လုံ အထူးကုစင်တာက အမိုးလုံးဝ စုတ်ပြတ်နေတယ်။ ဇ၀နဘက်မှာလည်း ဈေးတွေ အိမ်တွေ အပင်တွေ ပျက်စီးတယ် လူတွေ အဲဒီနားက ရေကန်မှာ အများကြီးပဲ။ MICT မှာလည်း အဆောင်တွေ မှန်တွေ ကွဲတယ်။ ကန်တင်းက တော့ အပင်တွေ ပိပြီး စုတ်ပျက်နေတယ်။ လှည်းတန်းက billboard တွေ အကုန်စုတ်ပြတ်နေပြီး မိန်းထဲက အပင်တွေ လည်းတာ အများကြီးပဲ အပင်တွေလည်းမှ အဆောင်တွေလမ်းပေါ်က မြင်နေရတယ်။ သစ်ပုတ်ပင်ကြီးတော့ မလဲလောက်ဘူးထင်တာပဲ။ ရေကျော်ဘက်လည်း အပင်ကြီးတွေလဲတယ် ယုဇနပလာဇာ၊ မင်္ဂလာဈေး အရှေ့က မှန်တွေ ကွဲတယ် ယုဇနပလာဇာက ဒီအပတ် ထဲမှာ ပြန်ဖွင့်နိုင်အောင် ပြင်နေတယ် ကြားတယ်။ တစ်မြို့လုံးကတော့ အပင်ကြီးတွေ အကုန်နီးပါးလဲတယ် နောက်ဆို ရန်ကုန်မှာ အပင် ကြီးကြီးတွေ တွေ့ရမှာ မဟုတ်တော့ဘူး။ အပင်တွေလဲတာထား ဘာမှမပါတဲ့ ဓာတ်တိုင်တွေတောင် သုံးလေးပိုင်း ကျိုးတာ ဒါတောင် အထဲမှာ သံက ၅မူးလုံးလောက်တွေ နဲ့လောင်းထားတာတွေ တစ်မြို့လုံး ဖြစ်တဲ့ ညက စပြီး မီးပျက်နေတယ်။ မနေ့ညကတော့ ကျွန်တော်တို့ ဘေးကလမ်း မီးပြန်လာနေပြီ ကျွန်တော်တို့လမ်းက ၂ ရက်အတွင်းလာမယ် ပြောတယ်။ ကျွန်တော်တို့ မြို့နယ်က ဓာတ်တိုင် သိပ်မလဲတော့ မီးပြန်ပေးနေတယ်။ ရေကတော့ ရှားပါးနေတယ် ကျွန်တော်တို့ လမ်းထဲမှာ ညဘက်ဆို လမ်းထိပ်မှာ ပုံးကိုယ်စီနဲ့ ရေထွက်ဆွဲနေကြရတယ်။ တကယ့်ကို အာဖရိက က ရေပေးသလို ပဲ အတန်းလိုက်တွေ။ ဖြစ်ပြီးပြီးချင်းတစ်ရက်မှာ ပြည်ခိုင်ဖြိုး အသင်းက ရေကားကြီးနဲ့ လမ်းထဲလာတယ် ရေတွေ လာပေးတယ် ပေးနေတုန်းပဲ ဓာတ်ပုံတွေ ကောက်ရိုက်တယ် လာပေးတယ် နောက် ရေကုန်လို့ ပြန်သွားယူလိုက်တာ ဒီနေ့ အထိပြန်လာတာမတွေ့ရတော့ဘူး အဲဒီ တစ်ခေါက်ပဲ လာသွားတယ်။ အသက် ၈၅ နှစ်ရှိတဲ့ သူငယ်ချင်း အဖိုးတစ်ယောက်ကပြောတယ် ရန်ကုန်တစ်မြို့လုံး ဒီလို ပျက်စီးတာ သူ့တစ်သက်မှာ ပထမဆုံး တွေ့ဘူးတာပဲလို့ပြောတယ်။ ကျွန်တော်တို့ ရက်ကွက်မှာ သောက်ရေ 20 လီတာ တစ်ဘူးကို တစ်ထောင်နဲ့ရောင်းနေတယ်။ ဆန်ပုံမှန် တစ်အိပ်ကို ၄ သောင်းခွဲလောက် ပေးရတယ်။ စစဖြစ်ချင်းရက်မှာ အိမ်ရိုက် သံ တစ်ဆယ်သားကို ၂ ထောင်ဖြစ်နေတယ်။ တစ်ထောင်ဖိုး ဘဲဥ ၃ လုံးပဲ ရတယ်။ ယမ်ယမ် ခေါက်ဆွဲထုပ် တစ်ဖာကို ၁ သောင်းတဲ့။ အင်တာနက်က ၃ ရက်လောက်ရှိပြီ ပြန်ရတာ ဒါပေမယ့် ကွန်နက်ရှင် အရမ်းကျတယ်။ တက္ကသိုလ်တွေ အတော်ပျက်စီးတယ် ကြားတယ် အရှေ့ပိုင်းတက္ကသိုလ်ဘေးနားက ရွာတွေဆို အိမ်တိုင် ၁ တိုင်ပဲ ကျန်တဲ့ သူနဲ့ ၂ တိုင်ကျန်သူနဲ့တဲ့ သန်လျင် GTC က အမိုးတွေလန်ပြီး ဒုတ်ခသည်စခန်းဖြစ်နေတယ်ကြားပါတယ်။ ဒဂုံတက္ကသိုလ်လည်း အပင်တွေလဲတာ အများကြီးပဲတဲ့။ ဒါတောင် ကျွန်တော်တို့ ရန်ကုန်က သက်သာတယ်လို့ ထင်တယ် ဧရာဝတီတိုင်းမှာ လူတွေ တော်တော်များများကို သေကြတယ်။ ရန်ကုန်မှာလည်း သေကြတယ် ဒါပေမယ့် နည်းမယ်ထင်တယ်။ အသိတစ်ယောက် အိမ်နားက ၁၉ နှစ်ကောင်လေးတစ်ယောက် မုန်းတိုင်းကျတုန်း သူ့အိမ်က သွပ်ပြား လမ်းပေါ်ဆင်းကောက်တုန်း နောက်တစ်ချပ် က လာရိုက်သွားတာ သေသွားတယ်။ လောလောဆယ်တော့ ကျွန်တော်ပြန်တော့မယ်ဗျာ နောက်မှဆက်ရေးပါမယ် အခု အိမ်ပြန်မှဖြစ်လိမ့်မယ်။ အပေါ်မှာ အိမ်ရှေ့မှာ မုန်းတိုင်းကျတုန်း ရိုက်ထားတဲ့ ဗီဒီယို အတိုလေးတင်ထားပါတယ် နောက်မှာ ဓာတ်ပုံတွေ နဲ့ အခြား ဗီဒီယိုဖိုင်တွေ တင်ပါမယ် အခုကွန်နက်ရှင် အရမ်းကျနေလို့ပါ။

Technorati TagNargis, Cyclone, Burma, Myanmar

AddThis Social Bookmark Button

Where Is Me?

Image

WhereIsMe ဆိုတာ web identity တွေကို တစ်နေရာထဲမှာ စုပေးထားမယ့် ဆိုဒ်ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ အွန်လိုင်းမှာ လှုပ်ရှားမှုတွေကို page တစ်ခုတည်းမှာ စုစည်း ဖော်ပြပေးမှာပါ။ ဥပမာ - ကျွန်တော် ဒီနေ့ အွန်လိုင်းက နာမည်ကျော် web services တွေမှာ ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို ပေးနိုင်ပါတယ်။ ကျွန်တော် filckr မှာဖြစ်ဖြစ် နောက် Digg မှာ ဖြစ်ဖြစ် Blogger မှာ ဖြစ်ဖြစ် တစ်ခုခုအသစ် တင်လိုက်တာနဲ့ အဲဒီ page မှာ တွေ့နိုင်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ filckr, Digg, Blogger တွေက RSS feed တွေ တစ်ခုချင်းလိုက်ယူစရာမလိုပဲ အဲဒီက Master feed ကို ယူလိုက်တာနဲ့ ကျွန်တော်ရဲ့ ပို့စ် အသစ်တွေ၊ သတင်းတွေကို ရနိုင်ပါတယ်။ သူမှာ ပြပေးနိုင်တဲ့ အွန်လိုင်း ၀န်ဆောင်မှုတွေကတော့

Twitter tweets
Facebook statuses, notes
Blog feeds (Blogger.com)
Flickr and Netflix photos,
Digged content, del.icio.us bookmarks
and more.

အပေါ်က ပြထားတဲ့ services တွေ အပြင် အခြားမပါတဲ့ ဆိုဒ်တွေ အတွက် ကိုယ်ကြိုက်တဲ့ သီးသန့် RSS feed တွေလည်း ထပ်ထည့်လို့ရပါတယ်။ Sign up free လုပ်ပြီးတာနဲ့ ကိုယ်ရမယ့် ကိုယ်ပိုင်လင့်က www.whereisme.com/username အနေနဲ့ ရမှာပါ။ ကျွန်တော် ဒီနေ့ အွန်လိုင်းမှာ ဘာတွေလုပ်ခဲ့လည်း သိချင်တယ်ဆိုရင် အောက်က ကျွန်တော့်ရဲ့ လင့်မှာ ကြည့်နိုင်ပါတယ်။

  • www.whereisme.com/tayzar44


  • Technorati TagWeb 2.0, where is me, flickr

    AddThis Social Bookmark Button

    WCDMA Network Signal Lost Again

    Imageကျွန်တော် အရင်က ပို့စ်တင်ခဲ့တဲ့ mobile phone ပြသနာ အခုဆိုရင် ၄ ရက်လောက်ရှိပါပြီ ပြန်ပြီး အဆင်ပြေသွားပါပြီ။ MPT က တစ်ခုခု အပြောင်းအလဲ လုပ်လိုက်ပုံရပါတယ်။ အရင်လို WCDMA network ထဲ မ၀င်တော့ပါဘူး။ အခုဆို ကျွန်တော်လည်း အရင် K800 အချိန်ပြည့် ကိုင်လို့ရသွားပါတယ်။ MPT အနေနဲ့က အင်တာနက်, 3G ရနိုင်မယ့် WCDMA ကို သင်္ကြန်မတိုင်ခင် ကတည်းက ချပေးတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့်။ တကယ်တော့ ချမပေးသေးပါဘူးလို့ ဆက်သွယ်ရေးက အသိတစ်ယောက်ဆီက သိရပါတယ်။

    Technorati TagMyanmar, Burma, WCDMA, 3G Mobile, MM MPT GSM, GSM Mobile, Myanmar Mobile, Sony Ericsson

    AddThis Social Bookmark Button

    Web 2.0 Logo Creatr - Creat Web 2.0 Glossy Logo Online

    Image

    Web 2.0 Style logo လေးတွေကို အွန်လိုင်း ပေါ်တစ်ခါတည်း photoshop သိစရာမလိုပဲ ဖန်တီးလို့ ရပါတယ်။ အဲဒီလိုမျိုးလုပ်ချင်တယ်ဆိုရင် Web2.0 Logo Creatr ဆိုတဲ့ဆိုဒ်မှာ သွားပြီး ကိုယ်လိုချင်တဲ့ စာသားနဲ့ generate လုပ်ရုံပါပဲ။ အခုကျွန်တော်လုပ်ထားတာမျိုးကို reflection ထည့်လို့ရသလို ဖြုတ်ထားလို့လည်း ရပါတယ်။ နောက် Beta ဆိုတဲ့ ဟာလေးလည်း ဖြုတ်ချင် ဖြုတ်ထားလို့ ရပါတယ်။

    This is meant to be a parody of Web 2.0 Logos. While they are pretty cool, they are all kinda the same. It was created as a joke, not a serious logo maker. But feel free to use it to make a logo. :P

    Technorati TagWeb2.0, Logo Generator, Glossy beta logo, Reflection

    AddThis Social Bookmark Button

    www consider New ccTLD for Quebec

    Image


    အင်တာနက်မှာ အခုဆိုရင် domain ၀ယ်ဖို့ အတွက် ccTLD extension တွေ အတော်များလာနေပါပြီ။ နောက်ဆုံး အသစ်ဖြစ်တဲ့ .asia ကို ခွင့်ပြုလိုက်ပြီးတဲ့နောက် အခုနောက်တစ်ခု အနေနဲ့ .qc ကိုလည်း စဉ်းစားနေကြတယ်လို့ ဆိုပါတယ်။ အခုလောလောဆယ်မှာတော့ .qc.ca ဆိုပြီး ရနိုင်ပေမယ့် Quebec အဖွဲ့က Daniel Turo ကတော့ .qc ရနိုင်ဖို့ အတွက် campaign လုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။

    Quebec ကို အိမ်က Microsoft Encarta စွယ်စုံကျမ်းထဲမှာ ရှာကြည့်တော့ သူက Canada နိုင်ငံရဲ့ အရှေ့ပိုင်းအခြမ်းမှာ ရှိပါတယ်။ နောက် သူတို့ အလံက ပုံမှာပြထားတဲ့ အတိုင်းဖြစ်ပါတယ်။ အမှတ်အသား အနေနဲ့ ဇီးကွက်ပုံတို့ ပန်းပုံ coat of arms ပုံစံတို့ ရှိပါသေးတယ်။

    "Quebec has a certain number of symbols, it has a flag, it has a national assembly, it has all kinds of symbols that identify what Quebec is...and in these modern times, one way to identify a nation is also through an extension on the web," Daniel Turp said according to Web User News.

    အခုလောလောဆယ်မှာ .com ဒိုမိန်းကို Godaddy မှာ $6.99 နဲ့ဝယ်လို့ ရနိုင်ပါတယ်။ .asia ဒိုမိန်းကတော့ $20 လောက်ရှိတယ်လို့ အကိုမျိုးကျော်ထွန်း က ပြောပါတယ်။ .xxx ကိုလည်း pornographic industry (Adult Sites) တွေ အတွက်လုပ်ပေးဖို့ မပေးဖို့ စဉ်းစားနေတာတော့ ခုထိမပြတ်သေးပါဘူး။ .qc ဒိုမိန်းကတော့ ကနေဒါနိုင်ငံက ဖြစ်ပေမယ့် ခွင့်ပြုကောင်းခွင့်ပြုနိုင်ပါတယ်။ ခွင့်ပြုခဲ့ရင်တော့ Quebec မှာရှိတဲ့ site တွေ လောက်သာလျှင် ယူကြလိမ့်မယ်လို့ ယူဆပါတယ်။

    Technorati TagccTLD, www, Quebec

    AddThis Social Bookmark Button

    Earth Day 2008

    Google
    Image
    Yahoo!!
    Image
    You Tube
    Image
    AOL
    Image

    မနေ့က ၂၂ ရက်နေ့ april ဟာ Earth Day နေ့ ဖြစ်ပါတယ်။ ကျွန်တော်လည်း အဲဒါကို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ ကော်ဖီဆိုင်မှာ National Geographic Channel ကြည့်ရင်း တွေ့မိလို့ပါ။ ကမ္ဘာကြီး အကြောင်းတော့ ကျွန်တော်သိပ်မသိဘူး ခင်ဗျ။ သိတာကတော့ နှစ်တိုင်း ပိုပူလာတာကို သိနေပါတယ်။ =)

    Earth Day is one of two different observances, both held annually during spring in the northern hemisphere, and autumn in the southern hemisphere. These are intended to inspire awareness of and appreciation for the Earth's environment. The United Nations celebrates an Earth Day each year on the March equinox, a tradition which was founded by peace activist John McConnell in 1969. A second Earth Day, which was founded by U.S. politician Gaylord Nelson as an environmental teach-in in the late 1960s, is celebrated in many countries each year on April 22. [Wikipedia]

    Image Via : akoogle

    Technorati TagEarth Day, Earth Day 2008, Nat Geo

    AddThis Social Bookmark Button

    ကျွန်တော်နှင့် ပြသနာများ

    ကျွန်တော် အခုရက်ပိုင်း သင်္ကြန်ပြီးကတည်းက ပို့စ်မတင်ဖြစ်တာ တော်တော်ကြာသွားပါတယ်။ အမှန်တော့ နေ့တိုင်း တင်ဖို့ ကြိုးစားပေမယ့် ကွန်နက်ရှင်က စိတ်ပျက်ဖို့ကောင်းအောင် နေ့တိုင်း ကျနေတော့ ဘာမှကို တင်လို့ မရခဲ့တာပါ။ ကျွန်တော်ထင်တာ ကျွန်တော်တို့ မြို့နယ် PSTN မှာ တစ်ခုခုဖြစ်နေတယ်လို့ ထင်ပါတယ်။ အခြား မြို့နယ်တွေမှာ မဆိုးပါဘူး။

    တစ်နေ့တစ်နေ့ cafe မှာ ကိုယ်လုပ်ချင်တာ ဘာမှမလုပ်ရဘဲ နေ့တိုင်းထိုင်နေရသလို ဖြစ်လာတော့ ကြာတော့ ကျွန်တော်လည်း စိတ်မရှည်တော့ဘူး =) နောက် ဒီရက်ပိုင်းမှာ နယ်က သူငယ်ချင်းတစ်ယောက် ရောက်လာတာနဲ့ သူနဲ့ အတူတူ လျှောက်လည်နေဖြစ်တယ်။ ကျွန်တော်တို့ ရန်ကုန်ကို သိပ်မပူဘူးနော်တဲ့ သူငယ်ချင်းပြောလို့ လန့်သွားတယ် ကျွန်တော် ဒီမှာ နေ့ဘက် ဘယ်နားနေရမှန်းတောင် မသိဘူး ပူတာ သူက သိပ်မပူဘူးနော်ဆိုတော့ မေးကြည့်တော မန္တလေးဘက်မှာ နေ့ဘက်ဆို ဒီမှာထက်ပူတယ် လို့ပြောတယ်။

    အခုရက်ပိုင်းမှာ နေ့ဘက် သိသိသာသာပူလာတယ်လို့ ထင်တယ် နေ့ဘက်ဆို အပြင်တောင် မထွက်ချင်ဘူး ဒီရက်ပိုင်းတော့ ကျွန်တော် ပို့စ်တင်တာ နည်းနည်း နဲလိမ့်မယ်ထင်တယ် အဓိကက ကွန်နက်ရှင်ကျနေတာကြောင့် ဖြစ်ပြီး နောက်တစ်ခုက ဒီလထဲမှာ project နောက်ဆုံးတင်ဖို့ assignment တင်ဖို့တွေ နဲ့ ရှုပ်နေတာကြောင့်ပါ။ ကွန်နက်ရှင်ကောင်းရင်တော့ တက်နိုင်သလောက် တင်သွားမှာပါ။ ပျော်ရွှင်ပါစေ။

    Technorati Tagtayzar44, Personal, Tay Zar

    AddThis Social Bookmark Button

    Image From Myanmar New Year Thin Gyan 2008

    Image
    Image

    သင်္ကြန်တုန်းက ကျွန်တော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲက အချို့ကို Picasa မှာ တင်ထားလိုက်ပါတယ်။ ကင်မရာက ဖုန်းက 3.2 MP လေးနဲ့ ရိုက်ထားတာပါ။ နေရာက ကျွန်တော့်အိမ်နား တစ်ဝိုက်ရယ်၊ အင်းလျားလမ်း၊ ပြည်လမ်း၊ မြို့တော်ခန်းမ ဘက်တွေမှာပါ။ ရိုက်ခဲ့တာက အကျနေ့၊ ပထမ အကြတ်နေ့၊ နဲ့ နောက်ဆုံး အတက်နေ့တွေမှာပါ။ ကျွန်တော်ရိုက်ခဲ့တဲ့ ပုံတွေကို လွတ်လွတ်လပ်လပ်သုံးနိုင်ပြီး ကျွန်တော့်ရဲ့ အချိန် နောက် ကင်မရာလေးကို ဖတ်နဲ့ ထုတ်ပြီးရိုက်ခဲ့ရတာလေးကို သနားသောအားဖြင့် credit လေးတော့ ပေးကြပါဦး ခင်ဗျာ =) ။

    Image From Thin Gyan 2008


    Technorati TagPhoto, Thin Gyan, Myanmar, Burma, Water Festival, New Year Festival

    AddThis Social Bookmark Button

    အတာသင်္ကြန်နှစ်သစ်မှာ ပျော်ရွှင်ပါစေ

    နှစ်သစ်မှာ သူငယ်ချင်းအားလုံး ပျော်ရွှင်ပါစေ။
    Happy New Year!!!


    Image
    Image


    သင်္ကြန်တွင်းမှာတော့ ကျွန်တော် ပို့စ်အသစ်ရေးနိုင်တော့မှာ မဟုတ်ပါဘူး သင်္ကြန်ပြီးတာနဲ့ သင်္ကြန်တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ တင်ပေးပါမယ်။ ကျွန်တော့်ရဲ့ deviantArt မှာလည်း သင်္ကြန်အတွက် wallpaper တချို့ download လုပ်ယူနိုင်ပါတယ်။

    AddThis Social Bookmark Button



    Earn $$ with WidgetBucks!