Friday, October 4, 2013
ခရီးစဉ် ၁ မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း ( ၁၇ )
မိတ်ဆွေတို့ ရေ ရွှေဖဲတယောက် မိတ္ထီလာရွှေအုန်းပင်ထမင်းဆိုင်က စပါယ်ရှယ်ဟင်းတွေနဲ့ အ၀စားပီးသကာလ ရွှေဖဲတို့ ရဲ့ တစ်ဦးတည်းသော ချစ်လှစွာသော မောင်ကလေး မောင်ရေခဲက ရန်ကုန်ကိုလာနေပြီဆိုတာကြောင့် အိမ်ပြန်ခရီးဆက်ကြပါရော
ဒါပေမယ့် ပိုစ့်ခေါင်းစဉ်ကိုတော့ မပြောင်းတော့ပဲ အပိုင်းဆက်အနေနဲ့ ပဲဆက်ရေးသွားပါမယ်
မြန်မာ့ပထ၀ီလေ့လာခြင်းအစီအစဉ်လေးပါအောင်လို့ လမ်းခရီးက မြင်သမျှ တွေ့ သမျှတွေကို အခုလိုမှတ်တမ်းတင်ထားတာတွေကို တူတူ မျက်စိနောက်ကြတာပေါ့နော်
Image
Image
 အမြန်လမ်းမကြီးကတော့ ဟောဒီလို ကုန်းဆင်းလိုက် ကုန်းတက်လိုက်နဲ့  လမ်းဘေးဝဲယာကတော့ အမြန်လမ်းမကြီးကို မမြင်ရမစိုးလို့  စေတနာရှင်ကြီးများက သစ်ပင်တွေခုတ်လို့ တောများရှင်းထားတာကြောင့် မိဘပြည်သူအပေါင်း လမ်းခရီးမှာ မြင်ကွင်းကျယ်ကျယ်နဲ့  ပူပူလောင်လောင်သွားရမှာဖြစ်ပါတယ်ခင်ဗျာ
Image
ကဲ လမ်းမကြီးကတော့ ဖြောင့်လို့ ဖြူးလို့  
ဒါပေမယ်ပေါ့ကွယ် အသက်ဉာဏ်စောင့်လို့ ဆိုတယ်မလား သတိကလေးထားပီးမောင်းကြပေါ့အေတို့ ရယ်
မြန်တယ်ဆိုတဲ့ကိတ်စက နေရာတကာကောင်းတာမဟုတ်ဘူး
စားသတိ သွားသတိလို့  လူကြီးသူမများဆိုထားတယ်မလား
Image
 ဟင် ဂလောက် စားသောက်လာတာတောင် ၁၀၅ မိုင် ၀င်သေးသလား
ဝင်ရတာပေါ့အေတို့ ရယ် ၀ိတ်လျှော့ရသေးတယ် မဟုတ်ရင် အလာတုန်းကလို 
ဝါးထားတွေထုတ်ဖို့ ဝါးကတုတ်ထိရောက်ဖို့ စောင့်နေရဦးမယ်
အပြန်ခရီးကတော့ သာသာယာယာပါပဲ အစာအိမ်က ကိုယ့်ဖက်ပါနေသေးတယ်
Image
လမ်းတလျှောက် လမ်းဘေးမှာ တွေ့ ရခဲတဲ့ အပင်ကြီး အဲ့ဒါနဲ့ မြန်မြန်မှတ်တမ်းတင်ထားလိုက်တယ်
Image
ဘာမှမဟုတ်ဘူး တကယ်ဘာမှမဟုတ်ဘူး ရွှေဖဲက နေ့ လည်နေ့ ခင်း မအိပ်တတ်ဘူး ဒီတော့ ကင်မလာနဲ့  တလမ်းလုံး လက်သရမ်းလာတာ တောတွေ (မှားလို့ ပါအေတို့ ရယ် စကားအဖြစ်ပြောတာ တောဆိုလို့  မြက်တောပဲရှိတယ်) တောင်ကတုံးတွေရယ် အပင်ပေါက်စိညှောက်တောက် ကျိုးတို့ ကျဲတဲတွေရယ် မိုင်တိုင်တွေရယ်ကိုကြည့်ရင်းရိုက်ရင်းနဲ့  ဒီပုံလေးက အမှတ်တရပါသွားတာ 111/1 ကဲ ဖိုးဒီရပီ ပြေးထိုးကြတော့ (မပေါက်ရင်တော့ တာဝန်ယူဘူးနော်)
Image
တောင်တန်းတွေရယ် တဲအိမ်လေးရယ် မီးခိုးငွေ့ လေးတွေရယ်နဲ့  သဘာဝကျတယ်မလား
နေချင်စရာလေးလိုလို ဘာလိုလို
အဲ့ဒါ ဓါတ်ပုံထဲမလို့ ကြည့်ကောင်းတာတော့ အပြင်မှာ ပူပြင်းတောက်လောင်လို့  အပင်အရိပ်မရှိ ဟိုးတောင်ပေါ်က ဆင်တွေ ကျားတွေထွက်လာစရာ တောကမရှိ နောင်နှစ်ပေါင်း ရာကျော်မှ ကြီးလာမယ့် ကျွန်းပင်ကလည်း လက်တောက်လောက် မြင်ရတာ တကယ်သနားစရာ ဒီလိုနေရာမျိုးကြီးထဲ
Image
ရွှေမိုးလေးက ညိုသလေ့ အဆင့်ကိုကျော်သွားပီး ၁၀၅ မိုင်ကျော်တာနဲ့  မိုးကတဖွဲဖွဲကျလာရော
မောင်ရေခဲလေးက ရောက်နှင့်နေလို့  တံခါးပိတ်ထားတဲ့အိမ်ရှေ့ ကနေ ဖုန်းတဂွမ်ဂွမ်နဲ့ ဘယ်နားရောက်နေပီလဲ မရွှေဖဲလို့ ခဏခဏမေးလို့  အမြန်နှင်ပါမယ်ဆိုကာက ရာသီဥတုကတော့ ဘောလုံးသမားများအကြိုက်ရာသီလေးပါခင်ဗျလို့ ပြောရတော့မယ်
ဒီတော့ အသက်ဉာဏ်စောင့်လေကွယ် ဖြည်းဖြည်းပဲမောင်းပေါ့ မောင်ရေခဲလေးလည်း နီးရာဘုန်းကြီးကျောင်းဝင်ပီး ကပ်ပိယလေး ခဏ၀င်လုပ်နေလို့ ပြောရတာပေါ့
နောက်တော့ သူလည်းမစောင့်နိုင်လို့  သူ့ သူငယ်ချင်းအိမ်ခဏသွားနေတယ်တဲ့ ဖုန်းဆက်လာတယ်
Image
 အောင်ဆန်းသူရိယလှသောင်းကျောင်း ဆရာပူဇော်ပွဲနဲ့ တူတယ်
မိုးကရွာ မှောင်ကမှောင် ကားကသွားနေတုန်းဆိုတော့ ရိုက်ချက်က စပါယ်ရှယ်ဝါးသွားပါတယ်
ဝါးနေပေမယ့် မောင်ရေခဲလေးအတွက် အမှတ်တယတင်ပေးထားတာပါ
ကဲအိမ်ရောက်တော့ နားကြ စကားပြောကြ ပါလာတဲ့ပစ္စည်းတွေ နေရာချ ပေါ့
ရွှေဖဲမယ် သွားကိတ်စ ချိန်းထားတာ အိမ်ပြန်နောက်ကျလို့  နောက်နေ့ မှထပ်ချိန်းရတယ် 
မရွှေဖဲတို့ တတွေ တယောက်ပဲအိမ်ပြန်ပြန် အားလုံးပဲ စုပြန်ပြန် ပြန်တဲ့အခါတိုင်း ဘုန်းကြီးဆွမ်းကပ်ဖြစ်တယ်
နေ့ ဆွမ်းမရ အာရုံဆွမ်းပေါ့ အခုလည်း အာရုံဆွမ်း မုန့် ဟင်းခါးကပ်မယ်ဆိုတော့
မုန့် ဟင်းခါးအော်ဒါမှာ (မရွှေဖဲ ဒီမှာ ဂလောက်လက်စွမ်းပြတာ ဟိုမှာ ကိုယ်တိုင်မချက်ဘူးလား မမေးပါနဲ့  တခါတည်း ရွှေဖဲလက်ရာ စားမိတာနဲ့  နောက်တခါ တော်ပါပီဟေ့လို့  ဖြစ်မစိုးလို့ ပါ :P)
Image
 ဘုန်းကြီးဝိုင်းအတွက်ပြင်ထားတာ
ဟင် ဘယ်မလဲ ဟင်းရည် ဟင်းရည်
Image
 ဟောဒီမှာ လာပါပီဗျ 
စပါယ်ရှယ် မုန့် ဟင်းခါးဟင်းရည်
Image
 မုန့် ဟင်းခါး ဘုန်းပေးနေတုန်း အချိုပွဲပြင်ထားတာ ပန်းသီး ပန်းသစ်တော် လိမ်မော် စပျစ်သီး
လက်ဖက်ချင်း ထိုးမုန့်  လမုန့်  ကရေကရာ ကိတ် မုန့် ကုလားမဲ နွားနို့ ခဲကြော်နဲ့  ကော်ဖီ ရေနွေးကြမ်း
ရွှေမန်းတလေးကပြန်လာတော့ မန်းတလေးစာတွေပါလာတာပေါ့ ဒီတော့ အဆင်သင့်ကပ်ယုံပဲ
Image
 သစ်သီးကိုးမျိုး မုန့် ပွဲအစုံနဲ့  မုန့် ဟင်းခါးကို ဘုရားမှာ အရင်ကပ်
ဘုရားစင်အောက်က ပိစိပေါက်စိတွေကို မျက်စိနောက်တယ်မပြောကြပါနဲ့ နော် ရွှေဖဲတို့ ရော ရွှေဖဲ မေမေကပါ အဲ့လို ပိစိပေါက်စိလေးတွေ ၀ါသနာပါ ချစ်လို့  ၀ယ်ပီး သိမ်းထားတာ
Image
 ကဲ ဆွမ်းတော်လည်းကပ်လို့ ပီး ဘုန်းဘုန်းတွေလည်း တရားဟော အာရုံဆွမ်းဘုန်းပီးတော့ ရွှေဖဲတို့ အလှည့်ရောက်လာရော
(တရားကော ကောင်းကောင်းနာလား မမေးပါနဲ့ တော့ ထုံးစံအတိုင်း ဖုန်းကလေးဖွင်ပီး အသံသွင်းထား နောက်နားမှာ မောင်နှမလေးယောက် တရားနာလိုက် တယောက်နဲ့ တယောက် တို့ တိ တို့ တိလုပ်လိုက်နဲ့ ပဲ  :P ကန်တော့ ကန်တော့ပါဘုရားလို့ တော့ တောင်းပန်ရတာပေါ့)
ဒါ ရွှေဖဲ ပန်းကန် အိုးဖဲဥစစ်စစ်နဲ့  တကယ်ကရွှေဖဲက နံနံပင်မကြိုက်ဘူး
ဒါပေမယ့် စားတဲ့အချိန် ဟို ထိုင်ဝမ်က အာဂျီးမားပေါက်ကြီးကို သွားသတိရလို့  ဟဲ့ဟဲ့ နေဦး နံနံပင်လေး တစ်ပင်နှစ်ပင်လောက်ခဏထည့်ရိုက် ပြီးရင်တော့ ငါမစားဖူးနော် နင်တို့ ယူဆိုပီး ကလေးတွေကိုပြော
အလှူလည်းပီးရော ကလေးတွေက သူတို့ သူငယ်ချင်းအသီးသီးနဲ့  မြို့ ထဲထွက် ရွှေဖဲလား 
ဂလောက် အော့ကျောလန်စရာ ဆက်ဆံရေးက ဘုတောတတ်တာ မထင်ရင်မထင်သလို ပြောထည့်လိုက်တာ တခါတလေ မပြောပဲနေတာဆိုတော့ ဘယ်သူငယ်ချင်းရှိမလဲ
ဒီတော့ ရွှေဖဲတို့ ကမှ အိမ်ပြန်တယ်ဆိုရင် အိမ်ပြန်တာစစ်စစ် ဘယ်မှမသွားဘူး အိမ်ထဲပဲရှင်းရော
Image
 ဒါက နေ့ လည်နေခင်းအပြင်းပြေ စားတဲ့လက်ဖက် ရွှေဖဲကတော့ မတည့်တဲ့လက်ဖက်သားလေးကောက်နှိုက်လိုက် မောင်ရေခဲလေးဝယ်လာတဲ့ ရွှေပုစွန်ခြောက်လေးနှိုက်လိုက် ဗိုက်နာမှာစိုးလို့  ကြက်သွန်ဖြူလေးကိုက်လိုက်နဲ့ သာယာနေတာ
Image
 ပဲနှပ် ဆိုင်ကချက်တာနဲ့ တခြားစီပါအေလို့ မပြောကြပါနဲ့  ဒါက ရွှေဖဲလက်ရာမလို့ ပါ
စားလို့ ကတော့ အရသာရှိပါတယ်
Image
 နွားနို့ ခဲနဲ့ ပဲသီးကြော် ဟီးဟီး ဆနွင်းကလေး နည်းနည်းထည့်ဖို့ မေ့သွားတယ် ဖြူ ဖတ်ဖြူ ရော်နဲ့ 
တကယ်က ဟင်းချက်ဖြစ်ဖြစ် ရုံးပတီလေးနဲ့ ဖြစ်ဖြစ်ချက်လည်း စားကောင်းတယ်
ထုံးစံအတိုင်းရွှေဖဲတို့ လုပ်လိုက်ရင် စားချင်စရာကောင်းတာတောင် စားချင်စိတ်ပျောက်စေရမယ် 
Image
 စိမ်းစိမ်းစိုစိုလတ်လတ်ဆတ်ဆတ် ဂေါ်ရခါးသီးညွှန့် ခေါ် စူကာညွှန့်  
အရင်က ဒါမျိုး ရန်ကုန်မှာ ခေတ်မစားဘူး အခုနောက်ပိုင်းမှ ခေတ်စားတာ
အရင်ကဆို ရွှေဖဲ မန်းတလေးကျောင်းတက်တုန်းက မန်းတလေးကနေ တကူးတက၀ယ်ဝယ်လာတာ
ရွှေဖဲတို့ က ဈေးဝယ်ဝါသနာပါတော့ မန်းတလေးက တခါပြန်လာရင် မိခင်ကြီးကြိုက်တတ်တဲ့ ပဲမြစ်တို့  ဘရိုကိုလီတို့  ပဲအစိုတို့  အပြင် အခုလို အရွက်တွေ တခါတလေ စပယ်ပန်းတွေတောင် ၀ယ်သယ်တာ ဟိဟိ
အဲ့တာကြောင့်ရွှေဖဲ ခရီးသွား ဘယ်တော့မှ စတိုင်မကျဘူး
Image
 အပေါ်က အရွက်စိမ်းစိမ်းကလေးကြော်ပီးတော့ ခုလို လေးစားချင်စရာလေးဖြစ်သွားရော
ရွှေဖဲကတော့ ရွှေဖဲဖာသာချက်တဲ့ဟင်း အဆင်းမလှရင်တောင် ကောင်းနေတဲ့လို့ ထင်တဲ့အမျိုး
Image
 မိခင်ကြီး စိုက်ထားတဲ့ သစ်ခွပင်ကပန်းကလေးပွင့်နေတာ ဗေဒါရောင်လေး ချစ်စရာကောင်းလို့ ရိုက်လာတာ
ရွှေဖဲတို့ မောင်ကလေး မောင်ရေခဲကတော့ အလုပ်တာဝန်တဖက်နဲ့ ဆိုတော့ ကြာကြာနေလို့ မရဘူး အမတွေနဲ့ တွေ့  အလုပ်ကိတ်စတဖက်သွား အလုပ်ပီးတော့ သူ့ တာဝန်ရှိရာ မြို့ ကို အလာတုန်းကအတိုင်း ပုစဉ်းဖင်ကြား အဲ မြန်မာ့လေကြောင်းလိုင်းကြီးစီးပီး ပြန်သွားရပါကော
မပြန်ခင် မိဘတွေ ကန်တော့ အမတွေကန်တော့ နှာကလေးကတရှုံ့ ရှုံ့ ပေါ့ သူက ငယ်ကတည်းက မိသားစုခင်တွယ်တတ်တဲ့သူ အဲ့လိုကလေးကျမှ မိသားစုနဲ့ ဝေးတဲ့နေရာနေရ
စဉ်းစားမိရင်စိတ်မကောင်းဖြစ်ရပေမယ့် အော် တာဝန်က တာဝန်ပေါ့
လူလောကနေတဲ့အချိန်မှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ တာဝန်ကိုယ်ယူကြရတာ လူတိုင်းရဲ့  တာဝန်ပဲမလား
Image
လမ်းခရီးချောချောမွေ့ မွေ့ သွားနိုင်ပါစေ မောင်ရေခဲလေးရေ
တာ့တာ ဘိုင့်ဘိုင်
လေယာဉ်ပျံကိုခဲနဲ့ ထုရင်မှန်လိမ့်မယ် မယုံမရှိနဲ့ ဆိုတဲ့သီချင်းက ရွှေဖဲတို့ နေတဲ့နေရာကိုညွှန်းလေသလား
ဒါက ရွှေဖဲတို့ အိမ်ပေါ်ထပ်က မောင်ရေခဲလေး စီးသွားတဲ့လေယာဉ်ကိုလှမ်းရိုက်ထားတာ
အဲ့ဂလောက်နီးတာ ဒီတော့ လေယာဉ်တခါတက် ဆူညံနေတာပဲ ဖုန်းပြောလည်းမကြားရ အချင်းချင်းပြောလည်းမကြားရနဲ့  လေဆိပ်နဲ့ နီးတာကောင်းပေမယ့် လေယာဉ်ပျံလေကြောင်းလမ်းနဲ့ နီးတာတော့ အတော်ဆူတယ်
ကဲ မိတ်ဆွေတို့ ရေ မအားတဲ့ကြားကနေ စနေ တနင်္ဂနွေ ပျင်းနေမစိုးလို့ 
မျက်စိနောက်အောင် တင်ပေးလိုက်တဲ့ပိုစ့်လေးကိုဖတ်ရင်း
စိတ်ချမ်းသာပျော်ရွှင်ပါစေ
Thursday, September 26, 2013
ခရီးစဉ် ၁ မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း ( ၁၆ )
ကဲ မောင်ညီမလေးတို့ ရေ မနေ့ ကပိုစ့်ထဲကမြို့ နာမည်မပြောသေးခင် မြို့ ရဲ့ ထင်ရှားတာလေးတွေကိုပြောပြမယ်
မြို့ အ၀င်လမ်းဘေးနှစ်ဖက် သစ်ပင်ကြီးတွေနဲ့  အေးအေးချမ်းချမ်းကြိုဆိုတဲ့မြို့ 
စပျစ်သီးရာသီဆိုရင် လမ်းဘေးဝဲယာ စပျစ်သီးသည်တွေကိုတွေ့ ရတဲ့မြို့ 
နာရီစင်တွေလက်ချိုးရေလို့ ရတဲ့ မြို့ တွေထဲက မြို့ လေးတမြို့ 
မိခင်တွေရဲ့ သားချော့တေးတွေထဲမှာ မပါမဖြစ် ထင်ရှားတဲ့ကဗျာလေးဖွဲ့ ဆိုခံရတဲ့မြို့ 
သမိုင်းထဲက ရာဇ၀င်ထဲက ထင်ရှားတဲ့ စာဆိုကြီးနဲ့  နာမည်ကျော် ကန်ကြီးရှိတဲ့မြို့ 
စားလို့ ကောင်းတဲ့ နာမည်ကြီးထမင်းဆိုင်ရှိတဲ့မြို့ 
အနီးအနားပတ်ဝန်းကျင် ရွာနီးချုပ်စပ်က ဈေးရောင်းဈေးဝယ်အားထားရတဲ့မြို့ 
ဒီလိုအေးချမ်းချစ်စရာကောင်းတဲ့မြို့ ကလေးဟာ
တခါတရံမှာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ
မသမာတဲ့လူတွေရဲ့  အမှောင့်ပရောဂကြောင့်ဖြစ်စေ 
ပျက်စီးဆုံးရှုံးမှုတွေအများဆုံးဖြစ်ပီး ခဏခဏ ပြန်လည်ရပ်တည်နေရတယ်
သဘာဝဘေးအန္တရာယ်ကင်းရှင်းလို့  အေးချမ်းသာယာပါစေလို့ ဆုတောင်းပေးရင်းနဲ့  မြို့ ရဲ့ နာမည်လေးကို
 အောက်မှာ လိုက်ရှာစို့ နော်
Image
နာရီစင်ကြီးကတော့ အတိတ်ကအကြောင်းအရာတွေကိုပြန်လည်မတမ်းတပဲ ရှေ့ ဆက်မယ့် အနာဂါတ်အတွက် အချိန်တွေကိုတရွှေ့ ရွှေ့ သယ်ဆောင်ပေးရင်း မားမားမတ်မတ်ရပ်တည်လို့ 
ဖြစ်ခဲ့သမျှတွေကို သင်ခန်းစာယူပီး အသစ်အသစ်အကောင်းအတိုင်းဖြစ်အောင်လုပ်ဖို့ ကတော့ လူသားတွေတာဝန်ပေါ့
Image
နာရီစဉ်ကြီးကတော့ သူ့ အလုပ် သူ မှန်မှန်လုပ်ပေးနေတာပါပဲ
လူတွေကသာ တခါတလေ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ တချက်တချက်ထထဖောက်ကြတာမဟုတ်လား
မရွှေဖဲတို့ တတွေလည်း ခရီးဆက်ရင်း အမျိုးအဆွေတွေဝင်တွေ့ နှုတ်ဆက်
ရွှေဖဲတို့ အမျိုးတွေကလည်း မြို့ အနှံရှိနေတော့ ရောက်တုန်းရောက်ခိုက်ခုလို လမ်းကြုံမှ တွေ့ ဖြစ်တော့တယ် အရင်နယ်မှာနေတုန်းကလို ခဏခဏမသွားနိုင်တော့ဘူး
ကဲ အခုကစလို့  ကိုယ့်ငါးချဉ် ကိုယ်စချဉ်တော့မယ် (စကားပုံနော် အစားအကြောင်းပြောနေလို့  ရွှေဖဲ ငါးချဉ်လုပ်ရောင်းတော့မယ်ထင်နေမစိုးလို့  :P)
Image
စူပါ 5
Image
မိတ္ထီလာမြို့ ရဲ့  နာမည်ကျော် ရွှေအုန်းပင် ထမင်းဆိုင်
ရှေ့ ကရိုက်တာ ရွှေသဲတို့ ရွှေကဲတို့ ပုံတွေပါနေလို့  ရွှေရောင်အုန်းပင်လည်းပါတာရွေးလိုက်တာ ဆိုင်းဘုတ်ကသေးနေတယ်
ကဲ ဆိုင်ထဲဝင်ကြစို့  ခုကစပီး ကြော်ငြာအစီအစဉ်စပီ ကိုယ့်ငါးချဉ်လည်း ကိုယ်စချဉ်ပီမိတ်ဆွေတို့ 
Image
အညာဒေသအတွက် မပါမဖြစ် ပဲနှပ် (ပဲများတဲ့ အညာသူရွှေဖဲတို့ တွေအကြိုက်)
ပြောလို့ ပြောတာမဟုတ်ဘူး ထမင်းဆိုင်တွေ အဲ့လိုသပ်သပ်ရပ်ရပ်ကလေးရှိစေချင်တယ် 
တချို့ ဆိုင်တွေက အထားအသိုကို မခုလို သပ်သပ်ရပ်ရပ်မရှိကြဘူး (ပြောထားပီးသားနော် ကိုယ့်ငါးချဉ်ကိုယ်စချဉ်ပီးလို့ )
အမလုပ်တဲ့သူက ထမင်းစားဖို့ ပြောတော့ အချိန်ကစောနေသေးတယ် နေ့ လည်မရောက် ဘာမရောက်
ဒါနဲ့  နောက်တဆိုင်ရောက်မှစားကြမယ်လို့  ဆုံးဖြတ်ပီးသကာလ
အမက ဒီပဲဟင်းကတော့ ဟိုဖက်ဆိုင်မှာ မရှိဘူး ညည်းစားချင်ရင်တော့ ပါဆယ်ထုတ်လာခဲ့လို့ ပြောတော့
ဒီက အငတ်မရွှေဖဲ  ဟင့်အင်းငြင်းမယ်ထင်လား ပါဆယ်ထုတ်ယူမယ်လို့ တန်းပြောတာပေါ့ :P
Image
ဟင်းအိုးတွေတန်းစီလို့ ဒါက နောက်တဆိုင်အတွက် တချို့ ကို ပင်မဒီဆိုင်မှာချက်ပြုတ်ပီး အိုးတွေနဲ့ ခွဲယူဖို့ ပြင်ထားတာ ရွှေဖဲတို့ တတွေ ကော်တာပဲဆိုပီး အဖုံးတွေဖွင့်ဒါ့ပုံရိုက်ကြရော
ဆိုင်ကလူတွေကတော့ထင်မလားမသိဘူး မမြင်ဖူးတဲ့ အငတ်တိုင်းပြည်ကများလာကြသလားလို့ 
တကယ်က ဒီက ခုလို တင်ချင် ကြွားချင် ပြချင်လို့ ရိုက်တာ
ကဲ တအိုးစီကို သီးသန့် ရိုက်ပြမယ်
Image
ဆွေမျိုးပါမေ့မယ့် ငါးရံ့ ဒန့် 
ဆီများတယ်လို့  မပြောနဲ့ နော် ဟင်းအိုးတအိုးမှာ သူ့ ပါသင့်သလောက်ဆီကတော့ပါမှာပဲ
ဟင်းခွက်တခါထည့် သူ့ ပါသင့်သလောက် ဟင်းအနှစ်နဲ့ ဆီထည့်ရတော့ ဒီလောက်ပါမှ တော်ယုံကြတာ
ကျန်းမာရေးနဲ့ မညီညွတ်ဘူး ဘာညာကွန်ပလိန့် လာမတက်နဲ့ နော် မြန်မာဟင်းတွေတင်နေတာ
ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာ ဒါပဲ ဒါပဲ
Image
ဖားပေါင်စင်းစင်း ဖားသားဟင်း
 မြန်မာလိုပဲတွေးနော် အင်္ဂလိပ်လို ဖားသားလို့  အဓိပ္ပါယ်သွားမကောက်နဲ့ ဦး :P
Image
ဆိတ်ဝမ်းတွင်းသားခေါ်လား ဆိတ်ပုဆိုးကြမ်းဟင်းခေါ်မလား
ဆိတ်သားမစားတဲ့ ရွှေဖဲတောင် အနံ့ လေးမွှေးလို့ တဖတ် နှစ်ဖတ်စားခဲ့သေးတယ် ထမင်းစားတုန်းပြောတာနော် ဒီဟင်းအိုးထဲကကောက်စားတာမဟုတ်ဘူး
Image
ထင်တာမမှားရင် ယုန်သားဟင်း / မဟုတ်ဘူးဆိုရင် တော့ ကြက်သားဟင်းပေါ့ :P
Image
ကျောက်စိမ်းရောင်တလွှင်လွှင်နဲ့ အခါးမသက်တဲ့ ကြက်ဟင်းခါးချက်
ကြက်ဟင်းခါးသီးကြိုက်တဲ့ရွှေဖဲ အဲ့အတိုင်းတူအောင်လိုက်ချက်ဖူးတယ် အံ့သြစရာပဲ နည်းနည်းမှမတူဘူး :P
Image
ရိုက်တာဝေေ၀၀ါးဝါးမလို့  ကြက်သားဟင်းလို့ သာ မှတ်လိုက်တော့ဗျို့ 
Image
အလုံးအလုံး ငါးဖယ်ဆုပ်လုံး ဒီကိုတပွဲပေးပါဦး
Image
ကွေးကွေးတုတ်တုတ်ပုစွန်ထုပ် စားလို့ ကောင်းတယ်အဟုတ်
ကျန်တဲ့ဟင်းအိုးတွေ မရိုက်နိုင်တော့ဘူး နောက် ထမင်းစားမှသာပေါင်းကြည့်ကြပါတော့ 
ဟင်းအိုးတွေရိုက်နေတုန်း မှိုလာရောင်းတဲ့ တောက ကလေးမလေးရောက်လာရော
အမလုပ်သူက ဟဲ့ ငါ့မှာလည်းအများကြီးရှိသေးတယ်ဆိုတာကို ယူထားပါ သူဈေးပြန်မှ ၀င်ယူပါ့မယ် ပေးချင်သလောက်ပေးပါဆိုတော့ အမက ယူထားပြန်ရော အဲ့ဒါနဲ့  ဟာ ခုနအိုးတွေထဲ မှိုဟင်းမပါ ပါလာဆိုတော့ မှိုဟင်းလည်း ဒီဖက်ဆိုင်မှာပဲရှိတာ ညည်းစားချင်ရင် ပါဆယ်ထုတ်ခဲ့တဲ့
ဒါနဲ့ ဘယ်မလဲဆိုတော့ ကျက်သေးဘူး နောက်မှာချက်တုန်းဆိုတော့ နောက်ထဲဝင်မွှေခဲ့တာပေါ့
Image
ချက်တဲ့ဆီသွားပီးစပ်စုတာ မိုးဗြဲဒယ်ကြီးနဲ့ အားရစရာကြီး ဘယ်လိုချက်တုန်းမေးတော့
အရင်အရိုးတွေကို ကြက်သွန်ငရုပ်သီးတို့ နဲ့ ဆီသပ်ပီး
Image
နောက်မှ အခုလို မိုးအပွင့်လေးတွေထည့်ပီးမွှေချက် ချက်တာတဲ့  သဘောတွေကျလို့  ဟင်းတကာ့ဟင်းထဲ မှိုဟင်းအကြိုက်ဆုံးပဲ အနံ့ ကလေးလည်းမွှေး လူက ကြည့်ရင်းစားချင်လာရော
ကျက်လည်းကျက်ရော ပါဆယ်ဆွဲ
Image
ရိုးရိုးလေးပါပဲ တခါတလေ အရိုးဆုံးက အဆန်းဆုံးမဟုတ်လား 
အဓိကက စားလို့ ကောင်းဖို့ အဓိက သိပ်ဆန်းဆန်းပြားပြားနာမည်တွေမလိုဘူး
အပြင်မှာ နာမည်ကြီးထမင်းဆိုင်မှန်သမျှ စားဖူးပေမယ့် ရွှေဖဲအတွက် ဒီဆိုင်ကဟင်းချက်လောက်အဆင်ပြေတာ စားကောင်းတာမရှိဘူး 
(ပြောထားပီးသားနော် ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာ မယုံရင် ကွကိုယ်သာ သွားစားကြည့်ကြပါတော့)
 ပီးရင်တော့ ကျသလောက်ရှင်း :P
စီးပွားရေးက စီးပွားရေး လူမှုရေးက လူမှုရေးပဲ ဟင်းဟင်း
Image
စပါယ်ရှယ်ကောင်းမှကောင်း ကိုယ်တိုင်လုပ် ဒိန်ချဉ် ဒါက ရွှေသဲနဲ့ ရွှေကဲတို့ သောက်တာ
 ရွှေဖဲလား ကျန်တာစားမရမစိုးလို့ သောက်ခဲ့ဖူး
ရွှေဖဲအတွက် မှိုဟင်းစားရဖို့ အဓိက
Image
ရန်ကုန်ကစိုက်ပျိုးရေးမှိုတွေလိုမဟုတ်ဘူး သဘာဝတောကထွက်တဲ့မှို စပါယ်ရှယ် (နာမည်မမေးနဲ့  မှိုဦးနက်လားဘာလားမသိဘူး စားလို့ အရမ်းကောင်းသော မှိုလို့ သာမှတ်လိုက်ပါတော့ ဟီးဟီး) သိတဲ့သူရှိပြောသွား စိတ်မဆိုးဘူး
ခုနက ကလေးမလေးလာရောင်းသွားတဲ့မှို အမလုပ်သူက မရွှေဖဲကြိုက်မှန်းသိတော့ ရန်ကုန်ချက်စားရအောင် ထည့်ပေးလိုက်သေးတယ် အဲ့လိုပေါက်ကရရွှေဖဲလောက်သာကြိုက်တော့ နည်းနည်းပဲယူခဲ့တယ်
ပီးတော့ မိတ္ထီလာမြို့ က နွားနို့ ခဲ နာမည်ကျော်ပဲ နွားနို့ ခဲလည်း လက်ဆောင်ထည့်ပေးလိုက်သေးတယ်
Image
လိမ်မော်သီးပေါ်ချိန်ဆို တောင်းလိုက်ပဲ
ကဲ ရွှေဖဲတို့ နောက်ဆိုင်ကိုခရီးဆက်မယ် သူများတွေလွတ်လွတ်လပ်လပ်ကားပေါ်တက်ပေမယ့်  သူများထက်ထူးငတ်တဲ့ရွှေဖဲက ပဲဟင်းနဲ့  မှိုဟင်းပါဆယ်ထုတ်ကလေးကိုင်လို့ ပေါ့ မျက်နှာကြီးက မှိုရတဲ့မျက်နှာဆိုတဲ့အတိုင်းတပြုံးပြုံးနဲ့ 
Image
မိတ္ထီလာကန်အောက်က ဖားကောက်ခဲ့ပါ ဆိုတဲ့သားချော့တေးထဲက ကန်အစပ်တနေရာ
လမ်းခွဲနေရာမှာ အကိုတယောက်အိမ်ရှိသေးတယ် အဲ့ကိုဝင်နှုတ်ဆက်ပီး ဆက်သွား
Image
ကဲ အညာသူအညာသားများတော့သိလိမ့်မယ် ဘယ်လမ်းခွဲလည်းဆိုတာ မသိတဲ့သူများ အဲ့ကားပေါ်ရေးထားတာသာဖတ်ကြပါတော့
 ကံကောင်း
ဒါက လမ်းခွဲက မိတ္ထီလာ ရွှေအုန်းပင်ဆိုင်ခွဲ
အဲ့ရောက်မှ ရွှေဖဲတို့ တတွေ နေ့ လည်စာ စားကြတယ်
ရွှေဖဲတို့ ညီအမတတွေသာ အသုံးမကျတာ ရွှေဖဲတို့ အမျိုးတွေက စတိုးဆိုင်ပိုင်ရှင် ထမင်းဆိုင်ပိုင်ရှင် ရွှေဆိုင်ပိုင်ရှင် ကားပစ္စည်းဆိုင်ပိုင်ရှင် သစ်စက်ပိုင်ရှင် လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် အထည်ဆိုင်ရှင်တွေနဲ့  တကယ့်ကို စီးပွားရေးသမားစစ်စစ်တွေ ရွှေဖဲတို့ များ သူတို့ တွေနဲ့ ဘာမှမဆိုင်ဘူး ကြိုးစားကြ ရှာကြဖွေကြ စုကြတာ
ရွှေဖဲတို့ တွေက ဘာဆို ဘာမှမဟုတ်တဲ့သူတွေ ဒါမယ့် အားပဲကျယုံ ကိုယ်တိုင်လည်းအဖြစ်မရှိတော့ 
ဒီလိုပဲ အေးအေးသက်သာနေနေကြတာပဲ ဟီးဟီး (ကိုယ့်ကြွားစရာမရှိတော့ ရှိတဲ့အမျိုးကိုကြွားပလိုက်တယ်အေးရော မျက်စိစပါးမွှေးစူး ကျော်သာဖတ်သွားကြတော့)
Image
ကဲ ရွှေဖဲတို့ ထမင်းဝိုင်းစပီ ဟိဟိ အရသာရှိချက်
ဒီဖက်က ၃လုံး ဆိတ်သားလုံး စားလို့ ကောင်းလို့ ထပ်ပေးပါဦး
ဟောဟိုက ၀က်သားချက် အရသာရှိချက်
အလယ်က မှိုဟင်းလေး ရွှေဖဲ ပါဆယ် ဆွဲခဲ့တာလေး
ဟိုးဖက်က နီနီတောင့် ချိုတဲ့မွှေးတဲ့ ၀က်အူချောင်း
ဝက်အူချောင်းဘေးက ဟင်းလေးဟာ ဆိတ်သားနှပ်လေးပါ
တို့ စရာက အစုံအလင် မြင်းခြံမြို့ က ရှောက်သီးချဉ်
Image
ငါးရံ့ ဒန့် ကိုစားပီးတော့ ဘေးကဟင်းနာမည်မေ့တာပေါ့
ပဲနှပ်ကလေး ၀ါဝါ ရွှေဖဲ ပါဆယ်ဆွဲလာတာ
ပဲဟင်းဘေးက စိမ်းစိမ်းဟာ အညာမြို့ ရဲ့ စားစရာ တဇောင်းခါးဟင်းချက်လေးပါ
ကြက်သားဟင်းက အိုးကြီးချက် နူးအိလို့ အရသာရှိချက်
ပိစိပေါက်စိ မွှမွှကြော် ငါးသလဲထိုးကြော်
ငါးသလဲထိုးဘေးက အချဉ်နှစ်ခွက် မန်းကျည်းသီးထောင်းချက်နဲ့  ကင်းပွန်းပုစွန်ချက်
ငါးရံ့ဒန့် ဘေးက မည်းမည်းဟင်း ရွှေဖဲ နာမည်မေ့တဲ့ဟင်း :P
Image
 အလယ်တည့်တည့်က ငါးရံ့ အူဟင်း ရွှေဖဲအကြိုက်ဆုံးဟင်း
စတီးဗန်းထဲက လေးခွက်ဟာ ကြက်ဟင်းခါး ငရုပ်ကြော် ငါးပိချက် သရက်သီးကုလားတည်ပါ
သူ့ ဘေးနားက ပုစွန်ထုတ် တုတ်တုတ်ကလေးမှ မလှုပ်
ဟောဒီဖက်အောက်ဆုံးက ဆိတ်ပုဆိုးကြမ်းဟင်း ရွှေဖဲ မြည်းစမ်းခဲ့တဲ့ဟင်း
 ငါးပိရည်ဖျော်နဲ့ တို့ စရာ အဲ့ဒါကိုလည်း မချန်ပါ 
ရွှေဖဲ လက်နဲ့ တို့ တိတို့ တိ စားပွဲကြီးပါ ၀ါးစားချင်မိ
ရွှေဖဲတသက်မမေ့စရာ မြန်မာ့ဟင်းများအစုံအလင်ပါ
စိတ်ကူးထဲ ယဉ်မိတာ ထမင်းဆိုင်ကြီးဖွင့်ချင်တာ
ရောင်းမကုန်လည်းကိတ်စမရှိပါ ရွှေဖဲအကုန်စားပစ်မှာ :P :P
Image
ရွှေဖဲက ဆိတ်သားမစားဘူး ဒါပေမယ့် ဟင်းအနံ့ လေးမွှေးပီး စားကောင်းတယ်လို့ ပြောတာနဲ့  တဖတ် နှစ်ဖတ်စားကြည့်ခဲ့တဲ့ ဆိတ်ပုဆိုးကြမ်းဟင်း တကယ်လည်းစားကောင်းတယ်
Image
ရွှေဖဲတသက် ပထမဦးဆုံးစားဖူးတဲ့ ငါးရံ့ အူဟင်း 
ရန်ကုန်သာနေတာ စားဖို့ နေနေသာသာ ကြားတောင်မကြားဖူးဘူး
ထမင်းဆိုင်တွေသွားလည်း ငါးဟင်းနဲ့ ပတ်သက်တာ ဘယ်တော့မှ မမှာဘူး အရိုးကြောက်လို့  ဒီတော့ ငါးဆိုတာတွေ့ ရင်ကျော်ချသွားလို့  ဒီဟင်းရှိမှန်းတောင်မသိဘူး
စင်ကာပူရောက်မှ သူများတွေပြောတာကြာဖူးတာနဲ့  အခုဟင်းချက်ထားတာလည်းရှိတော့ လာထားဆိုပီး စမ်းစားကြည့်တာ အတော်ကောင်းတာပါလား ဒီလိုမှန်းမစက မသိခဲ့လို့ ပေါ့ကွာ
Image
ပုစွန်ထုတ်ဟင်း ရွှေဖဲတော့ မစားခဲ့ဖူး ငါးရံ့ အူဟင်း ငါးရံ့ ဒန့် နဲ့ ၂ပါးသွားနေလို့ 
Image
ရွှေဖဲ အကြိုက် ငရုပ်သီးစိမ်းစိမ်းလေးတွေနဲ့ အရည်သောက်မှိုဟင်း
ဟိုဖက်ဆိုင်ကနေ ဒီဖက်ဆိုင်အထိအရောက် ပါဆယ်ဆွဲလာတဲ့ ဟင်း စပါယ်ရှယ်
Image
ပုစွန်ပေါက်စလေးတွေနဲ့ ကင်းပွန်းရွက်အချဉ်ကြော် စားလို့ ကောင်းတယ်နော်
Image
အညာဖက်မှာတွေ့ ရတဲ့ဟင်း တဇောင်းခါးဟင်း နည်းနည်းခါးသလိုအရသာလေးရှိတယ် စားလို့ ကောင်းတယ် ပုစွန်ခြောက်ကလေးနဲ့ ကြော်ချက် ချက်စားရတာ
နောက်တမျိုး တဇောင်းချဉ်ဆိုတာလည်းရှိတယ် တူတူပဲ နည်းနည်းချဉ်တဲ့အရသာရှိတာ အပင်ပုံစံက ကန္တာရတွေမှာတွေ့ ရတဲ့ဆူးပင်လို ပုံစံမျိုးပေါက်စိလေးတွေ ဆူးတော့မပါဘူးပေါ့
မစားရတာ နှစ်ပေါင်း ၂၀ကျော်ပေါ့ ဒီတော့ စားတာပေါ့ ရွှေဖဲတို့ က
Image
မွှေးမွှေးရွရွှကြွပ်ကြွပ်ကြော် ငါးသလဲထိုးကြော်
Image
အညာဟင်းပွဲတွေမှာ မပါမဖြစ် ပဲနှပ် 
ပဲများတဲ့ ရွှေဖဲလက်က တလစပ်
Image
ကြက်သားအချိုနှပ် နူးအိနေတာပဲကောင်းမှကောင်း
Image
မန်းကျည်းသီးထောင်းကျော်  အအီပြေတယ်နော်
Image
ဟောဒီကဟင်း ဘာဟင်းဆိုတာ ခုထိစဉ်းစားမရ မည်းမည်းမြင်ရင် ငါးကျည်းခြောက်ဟင်းလို့ သာမှတ်လိုက်ဗျလို့ ပြောရမလိုလို
စားသောက်ပီး ရွှေဖဲတို့ တတွေ ရေခဲမုန့် တောင်အချိုတည်းသေး ဗိုက်ထဲရောက်မှ ဒါ့ပုံရိုက်ဖို့ သတိယတယ်
Image
နောက်ကကြည့်လည်း စားချင်တယ်
Image
ရှေ့ ကကြည့်လည်းစားချင်တယ် 
ရွှေဖဲအကြိုက် ရာသီပေါ် ထန်းမြစ် ခေါ် ထန်းပင်မြစ်
ကြည့်ရတာအားရစရာကြီး များကြီးပဲ
တနှစ်တခါမှ ရွှေဖဲ ထန်းမြစ်ဖုတ်ဖြစ်ဖြစ် ထန်းမြစ်ပြုတ်ဖြစ်ဖြစ်မစားရရင် ရောဂါပြန်ပြန်ထချင်တယ်
ဒါကြောင့် ဟိုတခါ သူငယ်ချင်းကိုအမှာကောင်းလို့  ၃ချောင်းမှာတာ ၃၀၀လောက်ယူလားကတည်းက နောက်တခါမစားတော့ဘူးလုပ်ပေမယ့် သူ့ ရာသီရောက်ရင် မနေနိုင်ဘူး
ဒီတော့ အမလုပ်တဲ့သူတဲ့ တစီးလုံးထည့်ပေးတာ ဟင့်အင်း ၃ချောင်းတိတိပဲပေးပါလို့ အတင်းပြောယူရတယ်
ဟုတ်တယ်လေ အစည်းထဲက ၃ချောင်းနှုတ်တော့ ကိုးလို့ ကန့် လန့် ဖြစ်တာပေါ့ 
ဒါမယ့် ဂလိုပေါက်ကရရွှေဖဲတယောက်ပဲကြိုက်တာဆိုတော့ ဖြစ်ဘူး ၃ချောင်းပဲယူခဲ့တယ်
 အစားသောက်တွေလည်း ဗိုက်ပေါက်အောင်စားပီး
အမနဲ့ ဆွေမျိုးတွေကိုနှုတ်ဆက်ပီးသကာလ ရွှေဖဲတို့  အပြန်ခရီးဆက်ကြပါတော့တယ်
မပြန်ပဲရှေ့ ဆက်သွား အမျိုးတွေကြီးပဲ ဒါပေမယ့် ဆက်လို့ မရတော့ဘူး
ရွှေဖဲတို့ ညီမတတွေမယ် ရွှေတုံးရွှေခဲလေးဖြစ်တဲ့ တဦးတည်းသောမောင်ကလေး မောင်ရေခဲက
သူ့ တာဝန်နဲ့ အတူ မိသားစုတွေ့ ချင်တာကြောင့် ပုစဉ်းဖင်ကြားညှပ် အဲ လိန်ပျံစီးလို့ လာနေတဲ့အကြောင်း ဖုန်းဆက်နေပီလေ
ဒီတော့ သွားတာစားတာ ဒီမှာတင် စခန်းရပ်လို့  အပြန်ခရီးစမယ်
ကဲ မောင်ညီမလေးတို့ ရေ အောက်မှာ လိုက်ဆိုကြနော်
Image
သူများအကြောင်း မကောင်းပြော
သင်ကော လူကောင်း ဟုတ်ရဲ့ လား? တဲ့
(၃ခေါက်တိတိဆို ဟုတ်ပီလား) အဓိပ္ပါယ်နားမလည်သေးရင် ထပ်ခါထပ်ခါရွတ်
ပိုသေချာချင်ရင် မှန်ရှေ့ သွားရွတ် ဟုတ်ပီနော် 
ဒါက ဒီနေ့ အတွက် ပဟေလိမမေးပဲ လိုက်နာစရာလေးကို မောင်ညီမလေးတို့ အတွက် မျှဝေပေးတာ
ဒါလေးက ရွှေအုန်းပင်ထမင်းဆိုင်မှာ ကပ်ထားတဲ့ သတိပေးစာတန်းလေး
ကိုယ်တိုင်လည်း ခဏခဏ သတိပေးရွတ်နေရတယ်
ကဲ 
မိတ်ဆွေတို့ ကော 
သူများအကြောင်း မကောင်းပြော
သင်ကော လူကောင်း ဟုတ်ရဲ့ လား?