Wednesday, 11 December 2013

လတ်လတ်ဆတ်ဆတ် ပန်းဂေါ်ဖီသနပ်



Image

လုပ်နည်းကလွယ်ပါတယ်... ပန်းဂေါ်ဖီကို white rice vinegar , sugar , salt နဲ့ ရောမွှေပြီး အဖုံးလုံအောင်ပိတ်ပြီး နှစ်နာရီ လောက်နှပ်ထား ... ဆီကို ကျက်အောင်ချက်ပြီးမီးပိတ်ကာ ငရုတ်သီးစိမ်းမှုန့်၊ မဆလာကိုထည့်ပြီး မွှေပေးပါ။ အနံ့မွှေးပြီးဆို ပန်းကန်လုံးမှာထည့်ပြီးအအေးခံထား။ ကြက်သွန်ဖြူကို လှီးထားပါ။ အားလုံးကိုရောမွှေလိုက်ရင် ချက်ချင်းစားလို့ရတဲ့ သနပ်ရပါပြီ :) ..... ပန်းဂေါ်ဖီကို နှပ်ထားပြီးရင် ထွက်လာတဲ့ အရည်ကို သွန်လိုက်နော် .... 

Sunday, 23 June 2013

ချောင်းသာကမ်းခြေသို့အလည်တခေါက်....


ဘလော့လေးနဲ့ဝေးနေတာ..အတော်လေးကြာသွားပြီနော်… စိတ်ကအမြဲရောက်နေပါတယ်… blog လေးကနေတဆင့် ခင်မင်ရတဲ့ သူတွေအားလုံးကိုလည်းလွမ်းနေပါတယ်… ရန်ကုန်ရောက်ခါစ လုပ်စရာအလုပ်တွေ ရှုပ်နေတာကြောင့် စိတ်သာရောက်ခဲ့ပြီး ဘလော့ပေါ်ကို တက်မလာနိုင်ခဲ့ဘူးလေ….

ရန်ကုန်ရောက်တော့ အမေ့လက်ရာတွေပဲစားနေရတော့ ဟင်းချက်နည်းတွေတောင် မေ့ချင်နေပြီ… :P

အဲဒီတော့ ခရီးထွက်ဖြစ်တဲ့အကြောင်းပဲ ရေးတော့မယ်နော်…. ရန်ကုန်ရောက်ပြီး ပထမဆုံးထွက်ဖြစ်ခဲ့တာ ကတော့ နှစ်ညအိပ် သုံးရက် ချောင်းသာခရီးစဉ်လေးပါပဲ….

ပထမဆုံး ချောင်းသာက ဟိုတယ်တွေကို ဖုန်းနဲ့လှမ်းပြီး booking လုပ်တော့ ခရီးသွားရာသီချိန်ဖြစ်နေတော့… ဟိုတယ်တော်တော်များများ မရတော့ဘူး.. နောက်တခုအခက်အခဲက ဖုန်းတွေ ဆက်လို့မရတာပဲ… နောက်ဆုံးတော့ Golden Beach Hotel မှာ ရတယ်… ကမ်းခြေဘက်တော့မရဘူး… Garden View ဘန်ဂလိုလေးပဲရတယ်… တရက်ကို 44000 နဲ့ breakfast ပါပါတယ်လေ…. Hotel ရပြီဆိုတော့ Golden Star က ကားလက်မှတ်ကိုစုံစမ်းတော့ တစ်ယောက်ကို 15000 တဲ့… အိမ်အထိ ကားလက်မှတ်လာပို့ပေးတယ်… ကားက ည ၉နာရီကျော်ကျော်လောက် ထွက်တယ်… မနက် ၅း၃၀ လောက် ချောင်းသာရောက်သွားတယ်… ကံကောင်းချင်တော့ အခန်းက အားနေတော့ ချက်ချင်း check in ၀င်လို့ရသွားတယ်.. golden beach hotel က ၀န်ထမ်းတွေတော်တော်လေး service ကောင်းတာကို တွေ့ရတယ်.. spa လည်းရှိတယ်လေ.. one section ကို 5000 ပဲပေးရတယ်… breakfast ကလည်း buffet မြန်မာအစားစာ၊ ဘိုစာ အကုန်ပါတယ်…

Lunch နဲ့ dinner တွေမှာလည်း ဈေးနှုန်းတွေ မဆိုးဘူး… service ပေးတာလည်း အရမ်းကောင်းတယ်…

ကြော်ငြာဝင်တာမဟုတ်ပါဘူး… စိတ်ကျေနပ်လောက်အောင် ၀န်ဆောင်မှုတွေရခဲ့လို့ပါ… သွားမဲ့သူတွေ  အတွက် သတင်းပေးတာပါ… နေ့လည်ဘက်တွေ မှာလည်း အေးအေးလူလူနဲ့ အသီးဖျော်ရည်၊ အသုပ်မျိုးစုံကိုလည်း စားလို့ရအောင် ဆိုင်အသေးလေးတစ်ခု ဖွင့်ပေးထားသေးတယ်… သန့်သန့်ရှင်းရှင်း စားလို့ရတာပေါ့… စာတွေ များသွားပြီ… ပုံလေးတွေ ဆက်ကြည့်တော့နော်…

Image
Image
 
ဒီ mini mart လေးက hotel ရဲ့ မျက်နှာချင်းဆိုင် လမ်းတဖက်မှာ ရှိတယ်.. ချောင်းသာအမှတ်တယ အကျီင်္တွေနဲ့ အခြားလက်ဆောင်တွေကို ဈေးနှုန်းသက်သာစွာဝယ်လို့ရတယ်လေ...
Image
Image
 
Image
Image
Image
Image
 
ရောက်ရောက်ချင်းနေ့က စားတဲ့ ပုဇွန်အစိမ်းသုပ်နဲ့ seafood tomyum soup
Image
dinner ကတော့ ဂုံးချဉ်စပ်၊ အာလူးသုတ်၊ ကျောက်ပွင့်သုတ်၊ sefood soup
Image
ဂဏန်းချဉ်စပ်၊ စမခြောက်ကြော်သုပ်၊ မုန်ညှင်းခရုဆီကြော်

Image
ချောင်းသာကမ်းခြေရဲ့ဇာတ်လိုက် ငါးကင်....
Image
ဘဲကလေးတွေ တန်းစီပြီး ဘယ်ကိုသွားမလို့လဲ မသိပါဘူး.....
Image
အညာဒေသမြင်ကွင်းလေးပါ....
 
Image
ဥတိုချောင်းနားကရွာလေး...


 
 

Friday, 2 November 2012

တွဲဖက်စားသောက်ခြင်း၊ သုံးစွဲခြင်း မပြုသင့်သော အရာများ။

ဒီနေ့ဟင်းချက်မယ်ဆိုပြီးကြည့်တော့ ကြက်ဟင်းခါးသီးရှိတယ်..၊ ကြက်သားနဲ့ ကြက်အူချောင်းပဲရှိတယ် ဆိုတော့.. တည့်မတည့်ဆိုတာ မသေချာတာနဲ့ အင်တာနက်ထဲ လိုက်ရှာရတော့တာပဲ... ဒီမှာ
တွေ့တာနဲ့..  မဖတ်ရသေးတဲ့သူတွေ ဖတ်မိအောင်နဲ့.. နောက်ထပ် လိုရင် အလွယ်တကူသုံးလို့ရအောင် တင်လိုက်တာပါ...


က
ကကတစ် နှင့် ကြာဟင်း
ကုန်းကျေး နှင့် ပုစွန်
ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး(သံပုရာသီး)
ကျွဲခေါင်းသီးနှင့် လက်ဖက်
ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
ကုန်းငှက်သား နှင့် ကြက်ဆူဆီ
ကန်စွန်းမြစ် နှင့် နှမ်းမှုန့် 
ကြာစွယ် နှင့် ဝက်သား
ကြက်ဆူဆီ နှင့် ခါသား
ကြက်ဆူသီး နှင့် ငှက်သား
ကောက်ညှင်း နှင့် ရေငန်သီး
ကတိုး နှင့် သရက်သီး
ကြံတင်လဲ နှင့် နှမ်းမှုန့် ဆုပ်
ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ်နှမ်းဆီ
ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
ကျောက်ဖရုံ နှင့် အိုးမဲ
ကြောင်လျှာသီး နှင့် ငါးသေတ္တာ
ကြောင်လျှာသီး နှင့် ကြက်သား
ကျေးသား နှင့်ဘူးသီး
ကျွဲသား နှင့် ကြာစွယ်ကြာဥ
ကြက်သွန်ဖြူ နှင့် နို့ ရည်
ကြံ့သား နှင့် ငါးခူ ငါးဒန်
ကြက်သား နှင့် အင်ဖူး
ကြက်ဟင်းခါးသီး နှင့် မှို
ကြက်ဟင်းခါးသီး နှင့် ကြက်သား
ကိုင်းဥ နှင့် ပုဇွန်ချဉ်
ကြက်ဥ နှင့် ခံသီးး
ကြက်ဥ နှင့် တမာရွက် တမာဖူး

ချင်း နှင့် သဘောင်္သီး သဘောင်္ပွင့် 
ချောကလက် နှင့် စောင်းလျား ချောကလက် နှင့် ပဲမြစ်
ချိုချဉ် နှင့် ပဲငါးပိ
ချဉ်ဆီ နှင့် ထောပတ်
ခရမ်းပိမ့် သီး နှင့် နို့ ရည်
ခရု နှင့် အမဲသား
ခိုသား နှင့် ချင်းစိမ်း
ခိုသားနှင့် ခြေလေးချောင်းသား
ခိုသား နှင့် မုန်ညင်းဆီ
ခံသီးနှင့် ငရုတ်ကောင်း
ခံသီးနှင့် နို့ ရည်
ချီးသီး နှင့် နို့ ရည်
ခံသီးနှင့် ပီလောပီနံဥ
ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
ခါးနာပျောက်ဆေး ဖီနိုင်ဗျူတာဇုန် ကိုအစာခံမရှိဘဲ မသောက်ရ၊

ဂွေးရွက် နှင် နို့ ရည်
ဂွေးသီး နှုင့် အာတာလွတ်ဥ
ဂွေးသီးနှင့် နို့ အေးချောင်း
ဂွေးသီးနှင့်ပီလောပီနံဥ
ဂျယ်လီ နှင့် ကော်ဖီ

ငရုပ်ကောင်း နှင့် ခံသီး
ငွေ နှင့် ရှိန်းခို
ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
ငါးဆီ နှင့် ပိတ်ချင်းရွက်
ငှက်ပျောသီး နှင် မှို
ငါးရံ့ သား နှင့် ပွေးသား
ငုံးသား နှင့် စောင်းလျား
ငုံးသား နင့် ခိုသား
ငှက် သား နှင့် ကြက်ဆူဆီ
ငါးပူတင်းဥများ
ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း

စတော်ဘယ်ရီ နှင့် သီးသီး
စားတော်ပဲ နှင့် သီးသီး
စိန် နှင့် သံပုရာသီး
စိမ်းစားဥ နှင့် ချောကလက်
စိမ်းစားဥ နှင့်  ရေခဲချောင်း
စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
စောင်းလျားသီး နှင့် ခိုသား
စောင်းလျားသီး နှင့် ရှောက်သီး

ဆေးခြောက် နင့် နနွင်းရည်
ဆီ နှင့် ဆီခဲစပ်တူ
ဆင်သမနွယ်ရွက် နှင့်  နို့ ရည်
ဆောင်မေခါးရွက် နှင့် နို့ ရည်
ဆိတ်ဖူး နှင့် ငှက်ပျောဖူး
ဆိတ်သား နှင့်  ကျွဲသား
ဆတ်သားနှင့်  ဆူးပန်းရွက်
ဆတ်သား နှင့် နို့ ရည်
ဆိတ်နို့ နှင့် ဆူးပန်းရွက်
ဆပ်ပြာ နှင့် အုန်းရည်
ဆပ်ပြာနှင့် အချဉ်မျိုး
ဆိတ်နို့ ဆိတ်သား နှင့် ငါးကြီးဆီ


ဇောင်းလျားသီး နှင့် ပီလောပီနံဥ
ဇာဒင်း(Zadine) နှင့် အရက်

ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး

တလည်းသီး နှင့် နို့ ရည်
တလည်းသီးနှင့် ပဲကြီး
တောပဲရိုင်း နှင့် နို့ 
တောင်ပိန္နဲ သီး နှင့် နို့ ရည်
တေဇောဘမ်းနှင့် ခါချဉ်ကောင်ကိုက်သည်ကိုမလိမ်းရ၊

ထနောင်းရွက် နှင့်  မန်ကျည်းသီးမှည့် 
ထုံး နှင့် မြင်းသား
ထန်းလျက် နှင့် နလင်ကျော်
ထန်းလျက် နှင့်  သပြေသီး
ထန်းရည်ချို နှင့်  ၀က်သား
ထန်းသီး နှင့် နို့ မျိုး ချဉ်
ထန်းလျက် နှင့် သပြေသီး
ထောပတ်နှင့်  ကြေးခွက်
ထောပတ် နှင့် ဆီခဲအမျိုးမျိုး
ထုံးရေတို့ တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း

ဒန့် သလွန်ရွက် နှင့် နို့ ရည်
ဒန့် သလွန်သီး နှင့် ကလောဥ
ဒိန်ချဉ် နှင့် ထန်းသီးမု န့် 
ဒုတ္တာ နှင့် အချဉ် မျိုး ၂
ဒူးရင်းသီး နှင့်ရှိန်းခို့ 
ဒေါင်းသား နှင့်နို့ ချဉ်
ဒေါင်းသား နှင့် ပီလောပီနံ

နလင်ကြော် နှင့် ထန်းလျက်
နလင်ကြော် နှင့် အချဉ်
နို့ ခဲပျက် နှင့်ပဲဒလက်
နို့ မျိုး နှင့် ဆား
နို့ မျိုး ချဉ် နှင့် ပီလောပီနံဥ
နို့ စိမ်း နှင့် အချဉ်မျိုး
နို့ ရည် နင့်စောင်းလျားသီး
နို့ ရည် နှင့်ကုလားပဲ
နို့အေးချောင်း နှင့် သခွားသီး
နို့ အေးချောင်း နှင့် ဘူးသီး
နှမ်းမှုန့် ဆုပ် နှင့် တလည်းသီး

ပတဲကော နှင့် သံပုရာသီး
ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
ပဲကြီး နှင့် မုန် လာ
ပဲဒလက်စေ့ နှင့်  ဆူးပန်း
ပဲလင်းမြွေသီး နှင့် လင်းမြွေသား
ပဲဒလက်စေ့ နင့် ဆိတ်သား
ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
ပိန္နဲသီးနှင့်ပျားရည်
ပီလောပီနံ နှင့် ပျားရည်
ပီလောပီနံ နှင့် ပေအူ
ပေရည် နှင့်  ငှက်သား
ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
ပျားရည် နှင့် မိုးရည်
ပျားရည် နှင့် ကင်းပိတ်ရွက်
ပျားရည် နှင့် ရှားစောင်း
ပျားရည် နှင့် ပိတ်ချင်းရွက်
ပုန်းရည် နှင့် ဗျိုင်းအောက်သား
ပြောင်းသား နှင့်နို့ ရည်
ပိုင်ရီတွန် (Piriton) နှင့်အရက်

ဖရဲသီး နှင့် နို့ မျိုး
ဖရဲသီး နှင့် ဘဲဥ
ဖရုံ သီးနှင့် နို့မျိုး
ဖားသားနှင့်မှို
ဖွတ်သား နှင့် ကြက်ဆူဆီ
ဖောင်စီးဂဏန်း နှင့်မှို
ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
ဖန်ခါးသီး နှင့် ပီလောပီနံဥ

ဗုံလုံသီး နှင့် ပီလောပီနံ
ဗျိုင်းသား နှင့်ဝက်ဆီ
ဗျိုင်းအောက်သား နှင့် ဝက်ဆီ
ဗျိုင်းနှမ်းနှင် သေရည်
ရေငန်သီး နှင့် လက်ဖက်
ရှားစောင်းချဉ် နှင့် အမဲသား
ရှားစောင်း နှင့် ကုလားဗရာကြော်
ရှောက်သီး နှင့် စောင်းလျားသီး
ရှောက်သီး နှင့် ပီလောပီနံေ
ရှောက်သီး နှင့် ပဲစိမ်းစားဥ
ရှောက်သီး နှင့် ခိုသား
ရှောက်သီး နှင့် နို့ရည်


လိမ်းဆေးပရုတ်ဆီ နှင့်ကရင်နီကောင်ကိုက်သည့် နေရာကို မလိမ်းပါနှင့် 

ဝက်သားချဉ် နှင့် မဲနယ်အိုး
ဝက်သား နှင့် ဒိန်ချဉ်
ဝက်သား နှင့် နွားနို့ 
ဝမ်းဘဲဥ နှင့် ဖရဲသီး
ဝမ်းဘဲဥ နှင့် ပေသီးပေရည်
ဝါစေ့/၀ါဆီ နှင့် သမင်သား
ဝါးမျှစ် နှင့် အင်ဥ

သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
သမုန်းရွက် နှင့် ငါးချက်သောအိုး
သကြားပြာ နှင့် ပျားရည်
သမင်သား နှင့် ၀ါရွက်
သပြေသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် နို့ ရည်
သံပရာသီး နှင့် စိမ်းစားဥ
သားငါးအဆီ နှင့် ထောပတ်
သားငါးတို၏အဆီ နှင့် ချဉ်ဆီ
သားမျိုးဟင်း နှင့် နှမ်းမှုန့် 
သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
သေရည်သေရက် နှင့် နှမ်းမှုန့် ဆုပ်
သေရက်မျိုး နှင့် ပိတ်ချင်းရွက်
သေရည် နှင့် ဗျိုင်းအောက်သား

ဘူးသီး နှင့်ကြက်တူရွေးသား
ဘာစပရိုဆေးပြား နှင့် သံပရာသီး
ဘာမီတွန်ဆေးပြား နှင့်ထန်းလျက်ခဲ
ဘာမီတွန် နှင့် တစ်ဖီအစိမ်းရောင် ကတ်
ဘီလုံးငှက် သား နှင့်ကြက်ဆူဆီ
ဘာစပရိုဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊

မဲနယ်အိုး နှင့် သားငါး
မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
မိချောင်းသား နှင့်နနွင်း
မန်ကျည်းသီး နှင့်နို ရည်
မင်းကွတ်သီး နှင့် သကြား
မတ်ပဲ နှင့် တင်လဲ
မတ်ပဲ နှင့် မုန်လာ
မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
မုန်လာမြစ် နှုင့် ပျားရည်
မုန်လာ နှုင့် မတ်ပဲ
မှို နှင့် ရှားစောင်း
မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
မြေဇာဥ နှင့် သစ်ကြားသီး
မျောက်တည်သီး နှင့် နို့ရည်
မြွေသား နှင့် ငါးရံသား
မြန်မာလျက်ဆား နှင့်  သွားတိုက်ဆေး
မြင်းခွာရွက် နှင့် သခွားသီး
မက်ထရိုနီဒါဇော(meronidazole)နှင့် အရက်

ယုန်သား နှင့်မှို
ယင်နားစားများကို မစားပါနှင့်

ရာဘာချဉ် နှင့် ဆိတ်သား
ရှာလကာချဉ် နှင့် ပီလောပီနံ
ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
ရေခဲသုပ် နှင့် ချင်းသုပ်
သေရည်သေရက် နှင့် နို့ အမျိုး၂
သစ်ကြားသီး နှင့် ဝက်မြေဇာဥ
သည်းခြေ နှင့် သားဟင်းမျိုး

ဟင်းငန်ရွက် နှင့် နှမ်းဖတ်
ဟစ်တမင်း (histamine) နှင့် အရက်

အင်ဥ နှင့်  ပြောင်းဆန်
အမဲသားချဉ် နှင့် မဲနယ်အိုး
အရက် နှင့် ဘိန်း
အရက် နှင့် ဘာမိတွန်
အချဉ်မျိုး နှင့် နို့ မျိုး
အိမ်ဆီးချို နှင့် နို့ရည်
အုန်းသီး နှင့်နိုရည်
အုန်းရည် နှင့် ပျားရည်
အုံတုံဆံ နှင့် ကလောဥ

ဥသျှစ်သီး နှင့် ပျားရည်
ဥဒေါင်းသား နှင့် ကြက်ဆူဆီ
ဥမျိုး နှင့် ကြက်ဆူဆီ
ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
သြဇာသီး နှင့် ပျားရည်

အထက်ဖော်ပြပါတွေကတော့ တွဲဖက်စားခြင်း၊ သုံးစွဲခြင်းဆို မူးဝေခြင်း အော့အန်ခြင်း အဆိပ်ဖြစ်ခြင်းစတဲ့ အန္တရာယ်ဖြစ်စေတတ်တာပါ။
တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ

အမဲသား + ခရု = သေ
ဂွေးသီး + အာတာလွတ် = သေ
နို့ဆီ + ကိုးပါးဆေး = သေ
တညင်းသီး + ရှိန်းခို = သေ
အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ
ကိုင်းဥ + ပုစွန်ချဉ် = သေ
နွားနို့ + အချဉ်အမျိုးအမျိုး = သေ
သိုးသား + စောင်းလျားသီး = သေ
ကျွှဲခေါင်းသီး + သံပုရာသီး = သေ
နွားနို့ + မှို = သေ
မှို + ဖားသား = သေ
မှို + လယ်ကဏန်း = သေ
ဝက်သား + ထန်းရည်ချို =သေ
ဝက်သား + ဗျိုင်းသား = သေ
ဝက်သား + ကြာရိုးကြာစွယ် =သေ
ပျားရည် + သြဇာသီး =သေ
ပျားရည် + အုန်းသီး =သေ
ပျားရည် + ဥသျှစ်သီး =သေ
ခိုသား + ချင်း =သေ
ခိုသား + ဖရုံသီး =သေ
ကြောင်လျှာသီး + ငါးသေတ္တာ =သေ
ကြောင်လျှာသီး + ပဲဒလက် =သေ
ကြောင်လျှာသီး + စပါးကြီးမြွေ =သေ
ပီလောပီနံ + ပဲကြားလှော် =သေ
ပီလောပီနံ + မျှစ်ချဉ် =သေ
ပီလောပီနံ + ဒေါင်းသား =သေ
ပီလောပီနံ + အချဉ်အမျိုးမျိုး =သေ
နို့အေးချောင်း + ဂွေးသီး = သေ
ချောကလက် + စောင်းလျားသီး =သေ
ချောကလက် + ပဲမြစ် =သေ
ရှောက်သီး + နွားနို့၊ နို့ရည် =သေ
ထန်းလျက် + နလင်ကျော် =သေ
ထန်းလျက် + ၂၇ ပါးဆေး =သေ
ကျွဲကောသီးး + သံပုရာသီး =သေ
သပြေသီး + ထန်းလျက် =သေ
ငှက်ပျောသီး + ထန်းသီး =သေ
ချင်း + သဘောင်္သီး = သေ
ကြက်ဆူသီး + ငှက်သား = သေ
မင်းကွတ်သီး + သကြား = သေ မှို + တညင်းသီး = သေ
မိုင်လို + ပဲမြစ် = သေ
ရေခဲမုန့် + ချင်းသုပ် = သေ
ကျေးသား + ဘူးသီး = သေ
မှို + ယုန်သား = သေ
လက်ဖက် + ကျွဲခေါင်းသီး = သေ


Monday, 29 October 2012

Kusu island သို့ အလည်တခေါက်...

ဒီတပတ်ပိတ်ရက် သုံးရက်မှာ စနေနေ့က Kusu island ကို နှစ်ယောက်တည်း သွားဖြစ်တယ်.. အခုအချိန် က ပွဲတော်ရာသီချိန်ဆိုတော့ boat က အချိန်တိုင်းရှိတယ်လေ... marina bay MRT ကနေ Bus 402  ကို တမှတ် တိုင်စီးပြီးသွားရင် marina south pier ကနေ ferry လက်မှတ်သွားပြန်ဝယ်ပြီးသွားရတယ်လေ.. ဒီမှာ ferry information သွားကြည့်လို့ရပါတယ်... ရာသီချိန်ပေမဲ့ ကျွန်မတို့နှစ်ယောက်က နေ့လည် ၃ နာ ရီလောက်မှ သွားတော့ လူတော်တော်ရှင်းတယ်.. ညနေ ၆ နာရီပြန်လာတယ်လေ... 

ကျွန်မသူငယ်ချင်း တစ်ယောက်က သောကြောနေ့က သွားခဲ့ပြီး သူပြန်ပြောလို့ ကျွန်မတို့လည်း စိတ်ဝင် စားတာနဲ့ သွားဖြစ်သွားတာပါ.. စိတ်ဝင်စားရတဲ့ အကြောင်းအရင်းကတော့ ကလေးရဖို့ ဆုတောင်း ရင် ပြည့်တယ်ပြောလို့ပါ.. ကဲ အတူတူသွားကြည့်ကြအောင်နော်..

Image
ဒီဘုတ်အ၀ါလေးတွေနဲ့ ၁၅ မိနစ်လောက်စီးရပါတယ်...
Image
Tour သေဘာၤတစီး....
Image
ရောက်ပါပြီ...

Image
ဒါကတော့ chinese temple ပါ....

Image
chinese temple
Image
အဲဒီအလယ်မှာ ဘာရှိလဲဆိုတော့....

Image
wishing well ရှိပါတယ်.... အကြွေစေ့ပစ်ပြီး ဆုတောင်းရပါတယ်...
Image
Add caption

Image

Image
Image
ဒါကတော့ သားဆုပန်ဖို့သွားရမဲ့နေရာပါ..

Image
လှေကားထစ်ပေါင်း ၁၅၂ ထစ်ရှိပါတယ်... အသွားတလမ်း၊ အပြန်နောက်တလမ်းရှိပါတယ်...

Image
လှေကားလမ်းတစ်လျှောက်မှာ သားဆုပန်းထားတဲ့ အိတ်နီလေးတွေချိတ်ထားအများကြီးတွေ့ခဲ့ရပါတယ်..

Image
ဒီဘက်က ထိုင်နေတဲ့ အန်တီကြီးဆီမှာ စက္ကူစာရွက်တွေအများကြီးနဲ့ ပတ်ထားတဲ့ အမွှေးတိုင် တထုပ် ၂ ကျပ်ပေးရပါတယ်... အဲဒါကိုဝယ်ပြီး သူတို့ပြောတဲ့အတိုင်းအစဉ်လိုက် အမွှေးတိုင်မီးညှိ၊ အမွှေးတိုင်ထွန်းပြီး မလေးအဖိုးကြီးတစ်ဦးက လက်မှာ အ၀ါကြိုးလေးပတ်ပေးပြီးဆုတောင်ပေးပါတယ်... သားဆုပန်ချင်တယ်လို့ပြောရင် အနီရောင်အိတ်ထဲမှာ ကျောက်တုံးလေးတွေထည့်ထားတာလေးကို မလေးလူမျိုးတစ်ယောက်က သစ်ပင်ပေါ်သွားချိတ်ပေးပါတယ်.. သူ့ကို မုန့်ဖိုးပေးရတာပေါ့...

Image
အဆင်းလှေကား..
Image
ရေကျချိန်ဖြစ်နေပြီလေ..
Image
ဗျိုင်းလေးတစ်ကောင်တည်း catwalk လျှောက်နေတယ်.... :P

Image
Add caption
Image
Image

Image

Image
ပြန်ပြီ တာ့တာ့...
Image
Marina Bay MRT

Image

Friday, 26 October 2012

Raspberry Wine Vinegar နဲ့ချက်တဲ့ အမဲသား...

Image

Image
ဒီဟင်းချက်ဖြစ်ပုံကတော့..ဇာတ်လိုက်က Raspberry Wine Vinegar ပုလင်းလှလှလေးပါ.. IMM က Gaint ကိုသွားတော့ ပုလင်းလေးက လှတာနဲ့ဝယ်ထားတာကြာပြီ.. ဘာနဲ့ချက်စားရမှန်း မသိဘူးဖြစ်နေ တာလေ...စနေနေ့မဟုတ်ရင်တနင်္ဂနွေတရက်ကိုတပတ်စာဈေးသွားထားတာဆိုတော့..အိမ်မှာ နောက်ဆုံး
လက်ကျန် Stir Fry beef ပဲရှိတော့တယ်.. အဲဒါနဲ့ အဲဒီဝိုင်လေးနဲ့ နှပ်ပြီး ချက်ကြည့်မယ်ဆိုပြီး စမ်းသပ်ပြီးချက်လိုက်တာ.. တော်တော်စားကောင်းတယ်.. တစ်လတည်း သုံးခါတောင် ချက်စားဖြစ်တယ်.. ကြိုက်လွန်းလို့.. လွယ်လည်း လွယ်ပါတယ်...

ပါဝင်တာကတော့..
(1) Stir Fry Beef 
(2) Raspberry Win Vinegar 
(3) Dry Rosemary Leaves
(4) ငရုတ်ကောင်းခွဲခြမ်း
(5) ငရုတ်သီးအကြမ်းဖတ်
(6) ကြက်သွန်နီ ၁ လုံး... (သေးလျှင် ၂ လုံး)
(7) ကြက်သွန်ဖြူနည်းနည်း၊ ဂျင်းနည်းနည်း
(8) ဆား၊ အချိုမှုန့်၊ ဆီ

# ပထမဆုံး.. beef ကို ၀ိုင်နည်းနည်း၊ Rosemary ၊ ငရုတ်ကောင်းခွဲခြမ်း၊ ဆား၊ အချိုမှုန့်တို့နဲ့နယ်ပြီး 
   နာရီဝက်လောက် အဖုံးပိတ်နှင့် နှပ်ထားပေးပါ..
# ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ပါးပါးလှီးထားပါ...
# ဆီအနည်းငယ်ထည့်ပြီး (ဆီများသွားလျှင် စားလို့မကောင်းပါ).. ကြက်သွန်ဖြူ၊ ဂျင်းကို ဆီသတ်ပါ.. 
# မွှေးလာလျှင် ကြက်သွန်နီ ထည့်ပါ.. ကြက်သွန်နီနွမ်းလာပြီဆိုလျှင် ငရုတ်သီးအကြမ်းဖတ် ထည့် 
    ပြီး မွှေပေးပါ..
# နှံ့သွားပြီဆိုလျှင် အမဲသားနှပ်ထားတာထည့်မွှေပြီ.. မီးအေးအေးနဲ့ ၁၀ မိနစ်ခန့်အဖုံးပိတ်ပြီး 
   တည်ပေးပါ...
# အမဲသားကထွက်လာတဲ့ရေကုန်ပြီး. ဆီပြန်လာလျှင် စားလို့ရပါပြီ...

Thursday, 25 October 2012

Everland ကစားကွင်းသွားမယ်...

Image
ကစားကွင်းဝင်ပေါက်.. သွားကတည်းက ညနေစောင်းနေပြီလေ.. အထဲမှာကစားချိန်လည်းမရ.. လူတွေကများလွန်းတော့ လူပျောက်မှာစိုးပြီး ဂိုက်က သူ့နောက်က မကျန်အောင် လိုက်ခိုင်းတယ်လေ.. ဓာတ်ပုံတွေကို အမြန်ရိုက်ရတယ်.. သူက ကစားကွင်းတပတ်ပတ်ပြပြီး.. ကိုယ်ပိုင်အချိန်ပေးတော့ မိုးချုပ်နေပြီ.. tour နဲ့ သွားတာ အဲဒီတစ်ခုလုံးဝမကောင်းဘူး.. ရောက်ခဲ့တာပဲရှိတယ်... ကစားလည်း မကစားရဘူး.. လျှောက်ကြည့်နေရတာနဲ့ပဲ အချိန်ကုန်သွားတယ်.. ဘာပဲဖြစ်ဖြစ် အမြည်းလေးအဖြစ်တော့ ပုံလေးတွေ ကြည့်လို့ရတာပေါ့နော်...
Image
october လဆိုတော့ holloween ပွဲလုပ်နေပြီလေ..
Image
Image
Image
T ပုံစံ roller coaster လေ.. ကြောက်စရာကြီးနော်... ကျွန်မတို့အဖွဲ့ကတချို့ သွားစီးကြတယ်..
Image
ကျွန်မ သရဲအရမ်းကြောက်တတ်ပါတယ်ဆိုမှ.. အမျိုးသားက ဒီနားမှာ ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ ကြောက်ကြောက်နဲ့ ရိုက်ပေးနေတုန်း.. ဟိုးးး ဘက်ထောင့်မှာ မတ်တပ်ရပ်နေတဲ့ မန်မီ ရုပ်တွေ့လား.. အဲဒါအရုပ်မဟုတ်ဘူး.. လူ.. သူနားလာလို့ဆိုပြီး.. ကျွန်မနောက်ကို လက်ကြီးဆန့်ပြီးလိုက်တာလေ.. ငိုပြီးပြေးခဲ့ရတယ်.. ကျွန်မငိုပြီးအော်တော့ လူတွေတောင်တော်တော်လန့်သွားတယ်.. သူက အော်လည်းလိုက်တာပဲ.. နောက်မှသိတယ်.. ကျွန်မတို့ဝင်မိတာ သရဲရွာတဲ့.. အဲဒီရွာက ထွက်မှ မလိုက်တော့ဘူး... တူတူသွားတဲ့ အဖွဲ့တွေ ကျွန်မကို ကြည့်ပြီး သနားပြီး ရေတိုက်တဲ့သူတိုက်နဲ့ အခု ပြန်တွေးကြည့်ရင် ရီစရာကြီးနော်..
Image
ငိုလိုဝသွားတော့ .. ကလေးတွေအကြိုက်.. မီးအလှပြကားတွေသွားကြည့်တယ်..
Image
ရေခဲမုန့်ဆိုင်က ကိုရီးယားညီမလေး ချောချောနဲ့..
Image
four seasons garden မှာ laser show တစ်ခုပြတယ်.. တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်..
Image
 laser show ကြည့်ဖို့ ထိုင်စောင့်နေသူတွေလေ...
Image
ဒီစင်ပေါ်မှာပြတာ... video ရိုက်လာတယ်.. တင်လို့ရရင်တော့ တင်အုံးမယ်..
Image
ဒီဟာလေး စီးရတာကြိုက်တယ်...
ဒီနေ့ညတော့ seoul ရောက်ပြီလေ.. မနက်ဖြန် seoul မြို့ထဲ လျှောက်သွားမယ်.. shopping ထွက်မယ်...
တာ့တာ့...