သို့ရာတွင် လူနာအများစုအတွက် အကောင်းဆုံး အစားအစာမှာ သူတို့နေ့စဉ်စားသောက်နေသော အစားအစာများကို မွမ်းမံထားခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ဆရာဝန်များနှင့် အစားအသောက်ပညာရှင်များ(Dietitians) သည် လူနာတစ်ဦးချင်းစီ နှင့် ရောဂါအခြေအနေ အဆင့်အတန်း ပေါ်မူတည်၍ အစားအသောက်ကို ညွှန်ကြားရပါသည်။ အများအားဖြင့် သုတေသီများသည် လူနာများ၏ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရေးကို ဦးစားပေးပြီး ရိုးရာအစဉ်အလာ အစားအသောက်များ၊ ငွေကြေးအခြေအနေနှင့် ကိုက်ညီမည့် အစားအသောက်များကို အလေးဂရုပြု၍ ညွှန်ကြားကြသည်။
အစားအသောက် တမျိုးချင်းတွင် ပါဝင်သော အာဟာရများပါဝင်သမျှကို တိုင်းတာ၍ ဆီးချိုကုထုံးအတွက် အသုံးပြုရန်မှာမူ သုတေသနအင်အားဖြင့် အမီလိုက်နိုင်ရန် ခဲယဉ်းနေသည်။
ယေဘုယျအားဖြင့် အောက်ပါအချက်များကို သတိထားရန် သဘောတူညီကြပါသည်။
(၁)ကယ်လိုရီ ကန့်သတ် လျှော့ချခြင်း (အစားအသောက်တစ်ခုချင်းစီမှ ရသော ကယ်လိုရီပမာဏကို တွက်ချက်၍ သင့်လျော်သော ပမာဏကိုသာ စားသောက်စေခြင်း၊ တနည်းအားဖြင့် စားသောက်သည့် ပမာဏကို ကန့်သတ်ခြင်း) သည် ပထမ အရေးအကြီးသည်။
(၂)ယင်းနောက် လူတစ်ဦးချင်းပေါ် မူတည်၍ အစားအသောက်ညွှန်ကြားချက်ပေးခြင်းသည် ကြောင်းကျိုးဆီလျော်သည်။ ရှောင်ကြဉ်ရမည့် အစားအသောက်များကို လေ့လာရန် ဤနေရာကို နှိပ်ပါ။
(၃)ပြည့်ဝဆီ (Saturated fats: ယေဘုယျအားဖြင့် ပြည့်ဝဆီဆိုသည်မှာ ပုလင်းထဲတွင် ဒီတိုင်းထားလျှင် ခဲသွားသော ဆီများ၊ ဥပမာ ၀က်ဆီ ၊အမဲဆီ၊ စားအုံးဆီ) များကို ကန့်သတ်ခြင်း (အဆီအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းထက်နည်းအောင် စားခြင်း) နှင့် သကြားစားသုံးခြင်းကို ကန့်သတ်ခြင်းကလည်း ကြောင်းကျိုးဆီလျော်သည်။ ပဲဆီ၊ နှမ်းဆီ တို့ကဲ့သို့ မပြည့်ဝဆီ (unsaturated fats) တို့ကို သင့်တင့်လျောက်ပတ်သော ပမာဏ (နေ့စဉ်အာဟာရ၏ ၃၀ ရာခိုင်နှုန်းအောက်) စားသုံး၍ ရပါသည်။
ယင်းအတွက် ကစီဓာတ် (တနည်း) ကာဘိုဟိုက်ဒရိတ်ဓာတ်များ စားသုံးခြင်းအတွက် Glycemic Index ဟု ခေါ်သော ဇယားကို အချို့လူနာများက အသုံးပြုကြပါသည်။ ယင်းဇယားကို ဤနေရာတွင် ဖော်ပြထားသည်။ သို့ရာတွင် ယင်း ဇယားသည် အစားအသောက် ပုံစံတစ်ခုလုံးအတွက် အခြေခံအကျဆုံး အချက်အလက် မဟုတ်ကြောင်းနှင့် သူချည်းသက်သက်နှင့် ဆီးချိုကုထုံး၏ အစားအသောက် အခြေခံပုံစံအဖြစ် ရွေးချယ်၍ မဖြစ်နိုင်ကြောင်းကို လေးနက်စွာ သတိမူရမည်။ ယင်းဇယားသည် အစားအသောက် ရွေးချယ်မှု၏ တစ်စိတ်တစ်ဒေသသာလျှင် ဖြစ်ကြောင်း သတိပေးလိုသည်။ ယင်းဇယားအပေါ်မူတည်၍ လုံးဝရှောင်ကြဉ်ရမည့် အစားအသောက်များကို ထုတ်နုတ်ယူကာ ဤနေရာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
(၄)မြန်မာလူမျိုးများသည် အသားစားနည်းသည့် လူမျိုးများ ဖြစ်သည့်အလျောက် နေ့စဉ်စားသုံးနေကျအတိုင်း စားသုံးခြင်းသည် သင့်လျော်ပါသည်။
မြေထဲပင်လယ်အစားအသောက် ပုံစံ (Mediterranean-style diet) ကို ဆီးချို အမျိုးအစား ၂ အတွက် အသုံးပြုရာ အခြား အစားအသောက်များထက် ပိုမိုကောင်းမွန်သော ရလဒ်များကို တွေ့ရှိရကြောင်း သိရှိရပါသည်။
မည်သို့ပင်ဖြစ်စေ ဆရာဝန် ညွှန်ကြားသည့်အတိုင်း လူတစ်ဦးချင်းပေါ်မူတည်၍ သတ်မှတ်ပေးသော အစားအသောက် ကိုသာ လိုက်နာဆောင်ရွက်ခြင်းသည် ပြည့်စုံတိကျသည့် ပုံစံဖြစ်ကြောင်း လေးနက်စွာ သတိပေးပါသည်။ ဆရာဝန်က Glycemic Index အပါအ၀င် အခြား အချက်အလက်များ (အစားအသောက်ပမာဏ၊ အာဟာရပမာဏ၊ ငွေကြေးနှင့် လူမှုရေး စိတ်ပညာရှုထောင့်) ကို ညှိနှိုင်း၍ သင့်လျော်သော အစားအသောက်ပုံစံကို ညွှန်ကြားမည် ဖြစ်သည်။
ယေဘုယျအားဖြင့် (၁)ကြက်သား၊အသား၊ငါး (၃၀၀ ဂရမ်ခန့်) (၂)ကြက်ဥ (မ၀သော ပုံမှန်လူများ တစ်ပတ်လျှင် ၄ လုံးမှ ၅ လုံးစားနိုင်သည်။ (၀သောသူများ တစ်ပတ်လျှင် တစ်လုံးမျှ စားနိုင်သည်။) (၃)နို့နှင့်ဒိန်ချဉ်(မ၀သူများ ၀.၅ လီတာ)(၀သူများ လည်း ၀.၅ လီတာ) (၄)အသီးအရွက်များ (မ၀သူများ ၈၀၀ ဂရမ်)(၀သူများ ၇၀၀ ဂရမ်) (၅)အသီးအနှံများ(၅၀၀ ဂရမ် )(၀သူများ ၃၀၀ ဂရမ်)
(၆)ပေါင်မုန့်ညို(၁၀၀-၁၅၀ဂရမ်)(၀သူများ ၅၀-၇၅ ဂရမ်) (၇)ထမင်း (ဆန်) သင့်လျော်သောပမာဏ စသည်ဖြင့် တွက်ချက် ညွှန်ကြားလေ့ရှိပါသည်။
ှ
—————————————————————————————————
St.-Petersburg Medical Academy of Postgraduate Education က ညွှန်ကြားထားသော Diet 9 ဇယားတွင်မူ ၀သော လူနာများနှင့် မ၀ သောလူနာများအတွက် အစုနှစ်စု ခွဲခြားကာ ဖော်ပြထားသည်။ Diet 9 မှာ အင်ဆူလင် ထိုးဆေး အသုံးမပြုသော လူနာများအတွက် ဖြစ်သည်။ အင်ဆူလင် ကုထုံးယူရသူများအတွက် Diet 9 a ဇယားကို အသုံးပြုသည်။ ယင်းတွင် အာလူးကို ၂၀၀ ဂရမ်နှင့် ပေါင်မုန့်ညို ၂၀၀ ဂရမ် ဆန်(ပြောင်း) ၆၀ ဂရမ်ကို Diet 9 မှာ ထပ်ပေါင်းထည့်သွင်းရမည်ဟူ၍ ဖော်ပြထားသည်။
ယင်းဇယားသည် မြန်မာလူမျိုးများအတွက် မဟုတ်ပါ။ ယင်းဇယားကို ဘာသာပြန်၍ ဖော်ပြရလျှင်
(၁)ကြက်သား၊အသား၊ငါး (မ၀သူများ ၃၀၀ ဂရမ်စားနိုင်သည်။) (၀ သောသူများ ၂၅၀ ဂရမ်စားနိုင်သည်။)
(၂)ကြက်ဥ (မ၀သော ပုံမှန်လူများ တစ်ပတ်လျှင် ၄ လုံးမှ ၅ လုံးစားနိုင်သည်။ (၀သောသူများ တစ်ပတ်လျှင် တစ်လုံးမျှ စားနိုင်သည်။)
(၃)နို့နှင့်ဒိန်ချဉ်(မ၀သူများ ၀.၅ လီတာ)(၀သူများ လည်း ၀.၅ လီတာ)
(၄)အသီးအရွက်များ (မ၀သူများ ၈၀၀ ဂရမ်)(၀သူများ ၇၀၀ ဂရမ်)
(၅)အသီးအနှံများ(၅၀၀ ဂရမ် )(၀သူများ ၃၀၀ ဂရမ်)
(၆)ပေါင်မုန့်ညို(၁၀၀-၁၅၀ဂရမ်)(၀သူများ ၅၀-၇၅ ဂရမ်)
အောက်တွင် မြန်မာလူမျိုးများ စားလေ့မရှိသော အစားအသောက်များကို ဖော်ပြရန် ကျန်ရှိသေးသည်။
(၇)cottage cheese (300 g for non-obese) (200g for obese)
(၈)cheese,sheep cheese(40gram for non-obese)(15gram for obese)
(၉) oil (0.5gram)
(၁၀)berry(cranberries,cowberries)(100 gram)
(၁၁)မှို အမျိုးမျိုး
အချုပ်မှာ
ဆီးချိုအစားအသောက်သည် ရောဂါအဆင့်အတန်းနှင့် ကုထုံးအခြေအနေ၊ ငွေကြေးနှင့် လူမှုပတ်ဝန်းကျင်၊ စိတ်အခြေအနေ စသည့်အချက်အလက်ပေါင်းများစွာနှင့် သက်ဆိုင်နေသဖြင့် လူတစ်ဦးချင်းစီပေါ် မူတည်ပြီး သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့က အရေးအကြီးဆုံး ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
Dr.Lwanwai
![Reblog this post [with Zemanta]](https://i0.wp.com/img.zemanta.com/reblog_e.png)


