Sunday, 30 May 2010
My lovely kids
My lovely kids visited Japan two months ago. Because of busy with them, I cannot cook on blog. :D
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Read More...
Sunday, 21 March 2010
ပုဇွန်ချဉ်စပ်
ပုဇွန်ချဉ်စပ်
Image
 ပုဇွန်ကို အခွံခွါ ကျောခွဲ အစာဟောင်း လမ်းကြောင်းလေးထုတ်ပြီး ဆား၊ဆနွင်းနယ်ထားပါတယ်။
ကြက်သွန်ဖြူ၊ကြက်သွန်နီနဲ့ ငရုပ်သီးကို ထောင်းထားပါတယ်။ငရုပ်သီးစိမ်းနဲ့ ခရမ်းချဉ်သီးကိုလည်း သေးသေးလေးတွေ လှီးထားပါတယ်။ဆီနည်းနည်းနဲ့ ငရုပ်သီးကို ဆီသတ်ပါတယ်။ငရုပ်သီးအစိမ်းနံ့ ပျောက်ပြီး မွှေးလာရင်တော့ လှီးထားတဲ့ ငရုပ်သီးစိမ်းနဲ့ ခရမ်းချဉ်သီးကိုထည့် ၊ရေထည့်၊ အချိုမှုန့် ၊ဆား၊ငံပြာရည်ထည့်ပြီး တည်ထားပါတယ်။ခရမ်းချဉ်သီးလည်းနူးသွားပြီး ဆီလည်းပျံသွားရင်တော့ ပုဇွန်ထည့် ရေကို ကိုယ်ကြိုက်တဲ့ အနေထည့် ပြီးတည်ထားပါတယ်။ပုဇွန်က ကျက်လွယ်တာမို့ ရေဆူလာပြီး ခဏကြာရင် အပေါ့အငံမြည်းကြည့်ပြီး ချဉ်ချဉ်စပ်စပ်ပုဇွန်ဟင်းလေးကို သုံးဆောင်နိုင်ပါတယ်.....
Read More...
Thursday, 11 March 2010
Cream Stew
Cream Stew
ဘော်ဒါတစ်ယောက်လာချက်ပြသွားတာပါ...
ချက်မဲ့အိုးထဲကို ဆီ ၂ဇွန်းထည့် ၊ကြက်သားထည့်ပြီး တည်ထားပါတယ်။ကြက်သားထဲက ထွက်လာတဲ့ရေ ခမ်းသွားရင်တော့ ရေ၁၂၀၀ ml ထည့်တည်ပါတယ်။ရေဆူလာပြီး ကြက်သားနူးရင် နွားနို့ ၂၀၀ml ၊ကြက်သွန်နီ၊အာလူး၊carrot၊ဘရိုကိုလီ တွေထည့်လိုက်ပါတယ်။အားလုံးနူးကာနီးရင်တော့ cream အခဲထည့်ရပါတယ်။cream အခဲ အရည်ပျော်သွားရင်တော့ ချိုချိုဆိမ့်ဆိမ့်အနံ့ မွှေးမွှေးလေး
နဲ့ cream stew လေးစားလို့ ရပါပြီ....
Image
 Dressing the vegetables
Image
 Cream ဘူး
Image
 အထဲက cream ထုပ်
Image
နွားနို့ 
Image
စားလို့ ရပြီနော်
Read More...
Saturday, 6 March 2010
Naked Men Festival
ခုတလောမချက်အားဘဲ အလည်အပတ်များနေပါတယ်။မတ်လ ၃ ရက်နေ့ ကဒီဒေသရဲ့ 
ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်တဲ့ Naked Men Festival ကိုရောက်ခဲ့ပါတယ်။သက်တမ်းနှစ်
၁၂၀၀ ရှိတဲ့ "Bishamon-do" temple မှာကျင်းပတာပါ။ဒီပွဲတော်ဟာ ဂျပန်ရဲ့ ထူးခြားတဲ့
ပွဲတော် ၃ ခုထည်းကတစ်ခုပါ။Naked Men ဆိုပေမဲ့ Half Naked ပါ :D ။ဆာကေမှီဝဲ
ထား ဟန်ရှိတဲ့ Naked Men တွေဟာ ဧရာမဖယောင်းတိုင်ကြီးတွေကိုထမ်းပြီးလမ်းမကြီး
မှာစောင့်နေကြပါတယ်။အချိန်ကျတော့မှBishamon Shrine ထဲဝင်ပြီး အုပ်စုလိုက်နတ်
ရုပ်ကြီးရှေ့ က ရေကန်ထဲဆင်းကိုယ်လက်သန့် စင်ဆုတောင်းပြီး ရင်တစ်ယောက်နဲ့ တစ်
ယောက် “sanyo sanyo” လို့ အော်ပြီး တိုးခွေ့ တွန်းထိုးနေကြတာပါ။ဒီပွဲတော်ဟာ
ကောက်ပဲသီးနှုံအထွက်ကောင်းအောင်၊အိမ်တွေလုံခြုံအေးချမ်းအောင်နဲ့ လမ်းခရီးသွား
တာဘေးကင်းအောင်ဆုတောင်းကြတာလို့ သိရပါတယ်။
Image
Temple အဝင်
Image
"Bishamon-do" Temple Gate
Image
ဆာကေးနဲ့ စောင့်သူ
Image
ဖယောင်းရည်လည်းမပူနိုင်တော့ပါ
Image
ဆုတောင်း
Image
"Sanyo Sanyo"
Image
ဧရာမဖယောင်းတိုင်များ
Image
ထပ်ရောက်လာတဲ့အဖွဲ့ များ
Image
ပွဲဈေးတန်းကတော့စိတ်ဝင်စားစရာပါ၊ဘယ်လောက်ဘဲတိုးတက်တက်ပွဲဈေးတန်း
တွေကတော့ပုံစံတူတွေပါဘဲနော်ခလေးဘဝကအင်းစိန်လွတ်လပ်ရေးပွဲဈေးတန်းကိုပြန်
သတိရမိပါတယ်...
Image
လာပါ..ဝယ်ပါ...
Image
လျက်ဆားလား ထီသည်လား
Image
ပွဲဈေးအစလူမစည်သေးခင်
Image
ကန်စွန်းဥ ဖုတ်
Image
ပစ်လို့ ထိရင်ယူ
Image
ပန်းပင်တွေလည်းရတယ်နော်
Image
ငှက်ပျောသီးချောကလက်( Banana Choco)
Image
ဘာမုန့် (ဘာမှန်းမသိလို့  :P)
Image
ခလေးတွေအကြိုက် Power Ranger
Image
ဘယ်နိုင်ငံကမိဘမဆိုပွဲဈေးသွားရင်ကုန်ပြီမှတ်
ရွှင်လန်းချမ်းမြေ့ ပါစေ..........
Read More...
Wednesday, 24 February 2010
နှင်းပွဲတော် Video
Tokamachi Snow Festival မှာရိုက်ခဲ့တာလေ..Editing by moe moe ပေါ့ တုန်ခြင်း..မှုန်ခြင်းသည်းခံပါ
Read More...
Monday, 22 February 2010
SNOW FESTIVAL
၂၀.၂.၁၀(စနေနေ့ )က Tokamachiမြို့ မှာကျင်းပတဲ့ snow festivalကို ရောက်ခဲ့ပါတယ်။Tokamachiမြို့ကလေးကို တောင်တက်လမ်းကလေးတွေနဲ့ ကွေ့ ကာဝိုက်ကာသွားရပြီး နှင်းတောင်တွေပေါ်က ရှုခင်းအလှကို ခံစားခဲ့ရပါတယ်။
Image
Image
Image
Image
Image
 မြို့ အဝင်ကို ရောက်တာနဲ့ နှင်းရုပ်ထုကြီးတွေနဲ့ ကြိုဆိုလိုက်ပါတယ်။ ကိုယ့်ရဲ့ အိမ်ရှေ့၊ဆိုင်ရှေ့တွေမှာလည်း နှစ်သက်ရာ အရုပ်လေးတွေ လုပ်ထားကြပါတယ်။
 Image
 Garfield
Image
 Snowman
Image
 Traditional Tea Ceremony
Image
Image
Image
Tokamachi High School ကွင်းထဲမှာတော့ ကလေးတွေလျှောစီးဖို့  နှင်းတောင်တစ်ခု၊စားသောက်ဆိုင်တန်းတွေ၊Snowman ၊Garfieldအရုပ်၊ဂျပန်နပန်းသမားအရုပ်စတာတွေအပြင် ဂျပန်ရိုးရာဝတ်စုံတွေနဲ့ ရိုးရာ တူရိယာတီးပြီးဖျော်ဖြေနေတဲ့Tea Ceremonyနဲ့ လည်းဧည့်သည်အားလုံးကို ဧည့်ခံပါတယ်။
ဖျော်ဖြေရေးစင်မြင့်ကိုတော့တောင်ပေါ်လမ်းလေးအတိုင်းလမ်းလျှောက်ပြီးတက်သွားရပါတယ်။
တောင်တက်လမ်းတလျှောက်လုံးမှာတော့ ဘယ်ဖက်ခြမ်းကိုလေးထောင့်ကွက် လေးတွေထွင်းပြီးပန်းခြင်းလေးတွေနဲ့ ဖယောင်းတိုင်လေးတွေ ထွန်းထားတဲ့ နှင်းတံတိုင်းကြီးနဲ့ ကာ ရံထားပါတယ်။
Image
Image
Image
Image
Image
Image
 ဖျော်ဖြေရေးစင်မြင့်ကိုတော့ ကြိုးကြာငှက်ပုံစံလုပ်ထားပါတယ်။၆နာရီမှာအခမ်းအနား စပြီးသီချင်းတွေနဲ့ ဖျော်ဖြေပါတယ်။၇နာရီခွဲလို့ အခမ်းအနားအပြီးမှာတော့မီးပန်းတွေ ပစ်ဖေါက်ပြီး အခမ်းအနားကိုအဆုံးသတ်လိုက်ပါတယ်။ဒီဒေသရဲ့  ထင်ရှားတဲ့ပွဲလေးတစ်ခုပေါ့နော်....
Image
Image
Image
Read More...