Sunday, 4 December 2011

စစ်ကိုင်းတောင်

ပြီးခဲ့တဲ့ ၂ လ လောက်တုံး က စစ်ကိုင်းတောင်ကိုရောက်ခဲ့တယ်...
ကားပေါ်မှာဖွင့်ထားတဲ. ဦးသုမောင် ရဲ့ စစ်ကိုင်းတောင်သီချင်းကို ပိုကြိုက်လာ
မိတယ်..အိမ်ကသူ ကတော့ ကိုအံ့ကြီးကို ပိုကြိုက်တယ်တဲ့..ဒါနဲ့  Youtube ထဲမှာ
ဖွလိုက်တာ  မမြရင် ရော ဒေါ်မာမာအေးရော ထပ်တွေ.တယ်လေ...
ကျွန်မကခုတော့ မမြရင်အသံလေးကိုပိုကြိုက်မိတယ်...ဒါပေမယ့်
အားလုံးဟာသူ.ပုံစံနဲ့သူတော့အကောင်းဆုံးတွေပါ...
သီချင်းတွေကို MP3ပြောင်း ပြီးတော့အိမ်ကသူရိုက်ခဲ့တဲ.စစ်ကိုင်းရူခင်းဓါတ်ပုံတွေ
နဲ့ Movie Format ပြောင်းပြီးတင်ပေးလိုက်တယ်နော်...ဘယ်သူဆိုတာပိုကြိုက်ကြလဲဟင်....

မမြရင်



ကိုအံ့ကြီး

 

ဒေါ်မာမာအေး

ဦးသုမောင်

Read More...

Wednesday, 2 November 2011

Beautiful Myanmar

Image

Image

Image


Image


Image

Image

Read More...

Friday, 20 May 2011

သံယောဇဉ်ဟင်း

သူနဲ့ သားလေးနှစ်ယောက်က ငါးဘဲဖြူဟင်းကို ကြိုက်ကြတယ်လေ...ဒီနေ့ အင်ကြင်းဈေးကိုရောက်တော့ ငါးဘဲဖြူ အကောင်ကြီးကြီးလေး ရတာနဲ့ ဝယ်လာပြီး ချက်လိုက်တယ်...ငါးလေးတွေကို အကြီးထိုး ခေါင်းဖြတ် ဗိုက်ဖေါက် ရေစင်စင်ဆေးပြီး ဆား၊ဆနွင်းနယ်ထားလိုက်ပါတယ်...ဒီအတိုင်းတွေးရင်တော့ဘာထူးလို့  လဲပေါ့၊သံယောဇဉ်ကအဲဒီမှာစတာပါ၊ငါးဘဲလေးတွေကအရိုွးများတယ်လေ ဒီတော့တစ်ကောင်ချင်း ကျောခွဲ အရိုးတွေဖယ်ရတယ်လေ၊ ဒီလိုလုပ်ရတာကငါးဘဲဖြူအားလုံးဆိုတော့တွက်သာကြည့်ပေါ့နော်....
အချိန်အရမ်းယူရတယ်.....သူကတော့ သူစားစေချင်လို့ အပင်ပန်းခံတာဆိုပြီး
ဒီဟင်းကို သံယောဇဉ်ဟင်းလို့ ပြောတာပါ....ကြက်သွန်ဖြူ၊နီ နဲ့ ငရုပ်သီးလေးထောင်း၊ဂျင်းလေးနဲနဲထောင်းပြီး ငရုပ်သီးကို အရင်ဆုံး ဆီသတ်ပါတယ်...ငရုပ်သီးအစိမ်းနံ့ ပျောက်ပြီးမွှေးလာရင် အရိုးထုတ်ထားတဲ့ငါးထည့် ဂျင်းထည့် ရေလေးနဲနဲထည့် အိုးကိုအဖုံးပိတ်ပြီး တည်ထားပါတယ်...ရေခမ်းသွားရင် ရေနဲနဲထပ်ထည့် အိုးဖုံးဖွင့်ပြီးတည်ထားပါတယ်...ဆီပျံလာရင်တော့ ငရုပ်သီးစိမ်းနဲ့ ပင်စိမ်းလေးအုပ်လိုက်ပါတယ်...ခြောက်ခြောက်လေးမှ စားကောင်းလို့ အိုးကပ်အောင်တည်ပါတယ်...
ခြောက်သွားရင်ငါးလေးအိုးကပ်ပေါ့နော်..စားသွားပါဦး



IMG_9320

Read More...

Thursday, 19 May 2011

Live shrimp with Wine

I had a dinner with my friends in last month.At the Chinese restaurant,
they choose the meal, live shrimp in the Wine.For me,I didn't want to try it.
Thus, I just took the photos.I really want to know these shrimp are drunk or not in
the wine. :P

Shrimp

Live shrimp

Read More...