"လတ်တလော"
ပျင်းရိငြီးငွေ့ မှုဟာ အရိုးအကြောထဲစိမ့်ဝင်လာသလား
အရိုးအကြောထဲ က စိမ့်ထွက်နေသလား ကျွန်တော်မသိ
အခု
လူပြောများနေတဲ့ Facebook သုံးဖို့ပျင်းလာတယ်
ဝတ်ကောင်းစားလှတွေဝတ်ပီး အပြင်သွားဖို့ ပျင်းလာတယ်
လူတွေနားလည်အောင်ရှင်းပြရမှာပျင်းလာတယ်
ပြသ၁နာတွေကို တိုင်ပင်ဆွေးနွေး ဖြေရှင်းရမှာပျင်းလာတယ်
ကဗျာရှည်ရှည်တွေရေးဖို့ပျင်းလာတယ်
တခြားပျင်းရတာတွေကို ထည့်ရေးရမှာ ပျင်းလာတယ်
ပျင်းရိငြီးငွေ့မှု့ မှာစိတ်ကုန်တာတွေ ကပ်ပါနေတာ
ကျွန်တော် အတပ်သိတယ်
ကျွန်တော်မသိတာတွေအများ ကြီးရှိတာ ကျွန်တော်သိတယ်
ငြီးငွေ့မှုတွေပီးရင် သံဝေဂတရားတွေ လာမလား
ကျွန်တော် မျော်လင့်တယ် ။ ။
—မိုးသံစဉ် —
3:42 pm
2/22/2017
Wednesday