Popular Posts
Wednesday, September 25, 2013
လွယ်လွယ် နဲ့ မြန်မြန် လုပ်စားနိုင်မယ့် ပေါင်မုန့် ပူတင်း
Image
Image
 egg & milk
Image
 butter & suger
Image
 =butter
Image
Add caption
Image
Image
Image
Add caption
ကိုယ့်အိမ်မှာပေါင်မုန့်ပိုနေတာ စားမဲ့သူမရှိလို့ စိတ်မပျက်ပါနဲ့....
 ပေါင်မုန့်ဘေးသားတွေလွှတ်ပစ်နေရတယ် ဆိုသူများအတွက် အလွယ်တကူ ပြုလုပ်နိုင်သော ပူတင်း ...
 ဒါတွေရှိရင်ရပြီ။
 ပေါင်မုန့်၃ချပ် ( သို့ ) နဘေးသားအချို့
 ကြက်ဥ  ၂ လုံး
 နွားနို့ ဖန်ခွက် တစ်ခွက် ခန့် 
သကြား ဇွနးကြီး ၄ဇွန်း (အချို ကြိုက်နှစ်သက်သလို  ချိန်ဆ၍ ထည့်ပါ)
 မာဂျရင်း  (သို့ ) ထောပတ် ဇွန်းကြီး ၂ဇွန်း
ကြို က်တတ်သူများအုန်းနို့ထည့်လို့လည်းရပါတယ်
(  အိမ်မှာ ငှက်ပျောသီးတွေမှည့်ပျော်နေတာရှိရင် ဇွန်းနဲ့ကြေအောင်ချေထည့်လိုက်လို့ရပါတယ် ငှက်ပျာသီးပူတင်းပေါ့)
           ပေါင်မုန့်ကို ကြေအောင် လက်ဖြင့် ချေ ပါ ၊  နွားနို့ သကြား ကြက်ဥ တို့ကိုထည့်၍ ရောမွှေပါ ။ ထောပတ်တဝက်ကိုထည့်ပြီးနှံ့အောင်နယ်ပါ ။ကျန် ထောပတ်တဝက် ကို ပုံတွင်ပြထားသည့်အတိုင်း မုန့်ထည့်ဖုတ်မည့်  ခွက် ၏ အောက်ခြေ နှင့် နဘေးပတ် လည် ကို နှံ့အောင်သုတ်ပေး ပါ ။မုန့်မကပ်အောင် လို့်ထောပတ်မရှိပါက ထောပတ်အစား  ဟင်းချက်ဆီ သုတ်ပေးလို့ရပါတယ်။ ထောပတ်ထည့် တော့မွှေးတာ ပေါ့။ ovan နဲ့200 c မှာ 6မိနစ်ခန့်  ဖုတ်ပါ ။ ovan မသုံးပဲ အပေါ်မီး  အောက်မီး အနေတော်နဲ့ ဖုတ်  လို့လဲရပါတယ် ။   အလွယ်တကူ မိုက်ခရိုဝေ့ဖ် နဲ့လည်းရပါတယ်   မုန်.ဖောင်းလာတဲ့အခါ အထဲကကျက် မကျက်သိရ အောင် ခက်ရင်း၊သွား ကြား ထိုးတံစတဲ့ချွန်တဲ့ဟာမျိုးနဲ့စိုက်ကြည့်ပါ  မုန့်ကျက်ပြီဆို
အအေးခံပြီးမှ ကိုယ်ကြိုက်နှစ်သက်ရာ အရွယ်အတုံးလေးတွေ လှီးပြီး အဆိမ့်ကြိုက်တတ်ရင် နို့စိမ်းလေး ဆမ်း၍ သုံးဆောင်နိုင်ပါတယ်။ 
( အပေါ်ပုံက အနည်းငယ် ပျော့သွားတဲ့ အပြင်    မုန့် အေးအောင် မစောင့်ပဲ ပူနေခိုက်မှာ တုန်းလိုက်တာမို့ သိပ်မလှဘူးလေ  ) 
  ကဲ...  စားမယ့်သူမရှိလို့ ကျန်နေတဲ့ ပေါင်မုန့်တွေ မာသွားရင် လွင့်မပစ်လိုက်ပါနဲ့  ။ လွယ်ကူမြန်ဆန်ပြီး အရသာ လည်းရှိ အဟာရလည်းဖြစ်တဲ့ ပေါင်မုန့် ပူတင်းလုပ်စားကြည့်ပေါ့နော်
့်ဖောင်းလာတဲ့အခါ အထဲကကျက် မကျက်သိရ အောင် ခက်ရင်း၊သွား ကြား ထိုးတံစတဲ့ချွန်တဲ့ဟာမျိုးနဲ့စိုက်ကြည့်ပါ
Tuesday, May 8, 2012
ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ကုမာရာ ဘိဝံသ (D.Litt) ၏ ဓမ္မလက်ဆောင် ဓနသိဒ္ဓိဂါထာ
Image
       ဒေါက်တာအရှင်ကုမာရာ ဘိဝံသ (D.Litt) 
        (ဗန်းမော်ဆရာတော်ဘုရားကြီး)
          အဘိဓဇ မဟာရဋ္ဌဂုရု
      အဂ္ဂမဟာပဏ္ဏိတ-အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက 
         ဥက္ကဌ-နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့
Image
Image
Image
       ဓမ္မလက်ဆောင်  
     ''ဓနသိဒ္ဓိဂါထာ''
အရဟံ ဗဟိ-အန္တ-ဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ ။
စရဏံ တိ-ဘဝူပ-သမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
၁။  အရဟံ -  ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏
၂။  ဗဟိ - အန္တ - ဇယံ  -  အတွင်း အပ ရန်ကိုအောင်တော်မူသော မြတ်စွာဘုရားကို              ပဏမာမိ - ရှိခိုးပါ၏
၃။  သုဂတံ  -  ကောင်းသောစကားကို ဟောပြောတတ်သော  မြတ်စွာဘုရားကို            
     ပဏမာမိ -     ရှိခိုးပါ၏
၎။  အမိတံ  -  မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိ
ဟာ ရှိတော်မူသော  မြတ်စွာဘုရားကို 
      ပဏမာမိ - ရှိခိုးပါ၏
၅။  ဝိရဇံ     -  ကိလေသာမြူ ကင်း
တော်မူသော  မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏
၆။  လလိတံ  -  တင့်တယ် သပ္ပါယ်တော်မူသော . မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏   
၇။  အတုလံ  - အတုမရှိ သော
မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏
၈။  စရဏံ    - အကျင့်စရဏ နှင့်ပြည့်စုံ တော်မူသော
မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏.
၉။  တိ-ဘဝူပ-သမံ   -  ဘုံသုံးပါး၌ ကိလေသာငြိမ်းအေး
မြတ်စွာဘုရားကို ပဏမာမိ -          ရှိခိုးပါ၏
၁၀။ ယမကံ  -  ရေမီးအစုံအစုံ .
တန်ခိုးပြာဋိဟာ နှင့်ပြည့်စုံ တော်မူသော. မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏
၁၁။ သုခဒံ  -  ချမ်းသာကို  ပေးစွမ်းနိုင်သော  မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏
၁၂။  သရဏံ  -  ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏. 
၁၃။  ဇိနံ  -  မာရ်ငါးပါးကို အောင်မြင်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏.              
Wednesday, April 18, 2012
ခရမ်သီးနှပ်
Image
ခရမ်သီးကို အပေါ်ပိုင်းချန်၍ ထက်ပိုင်းခြမ်းပါ ၊ထပ်၍စိတ်ပါ
Image
Image
ကြက်သွန်နီ ကြက်သွန် ဖြူ ဆီသတ်ထားတဲ့ထဲကို ပုဇွန်ခြောက်မှုန့်  ဆား ငပိ ငရုပ်သီးမှုန့်  ဟင်းချိုမှုန့်  ထဲ့နယ်ပါ
Image
ပုံမှာ ပြထားတဲ့အတိုင်း ခွဲထားတဲ့ ခရမ်းသီးထဲ အစာထဲ့ပြီး
Image
ဆီထမင်းစားဇွန်းတစ်ဇွန်း  ရေအနည်းငယ်ထည့်  မီးသေးသေးဖြင့် အဖုံးအုပ် ၍ နှပ်ထားပါ။  အိုးမကပ်စေရန်  ဇွန်းဖြင့်မမွှေပဲ မကြာခဏ အိုးကိုမ,၍ လှုပ်ပေးပါ ။ ရေခန်းပြီး ခရမ်းသီးမပျော့သေးပါက   ရေအနည်းငယ်ထပ်ထည့် ၍ နှပ်ပါ။   ခရမ်းသီးခေါင်းနားကို အသာဖိကြည့်ခြင်းဖြင့် နှပ်မနှပ် သိနိုင်ပါသည်။
Image
ပုံစံမပျက် ခရမ်းသီးအလုံးလိုက်နှပ် ကိုသုံးဆောင်နိုင်ပါပြီ။
Image
Monday, February 27, 2012
လက်မှုပစ္စည်းဈေး Tetsukuri Ichi- Hand made Bazaar
Tetsukuri Ichi- Hand made Bazaar
on this Sunday, Tokyo ,Toshima ku, Zoshigaya , Kichibojin  Jinger ( at near our house)which one of the Shinto shrine
လစဉ် တတိယမြောက် တနင်္ဂနွေနေ့တိုင်း ပြုလုပ်နေကြ hand made bazaar လေးပေါ့
ဒီတပတ်တော့ မှတ်မှတ်ရရ မှတ်တမ်းဓာတ်ပုံရိုက်မယ် လို့ ကြုံးဝါးထားခဲ့၏။သို့ သော် အချိန်မပေးနိုင်၍   ကမန်းကတန်း နှင့် ရိုက်လိုက်ရသော ဓာတ်ပုံများမှာ စိတ်တိုင်းကျ  ဖြစ်မလာပေ။ ရှိပါစေတော့၊ကောင်းအောင်ကြည့်လုပ်ရတော့မပေါ့ ...
Image
ရှင်တို ဘုရားကျောင်းဝန်းပေါ့   နည်းနည်းလေးကျယ်ပြီး သစ်ပင်ကြီးတွေနဲ့ မို့ ...  tsunami ငလျင်လှုပ် တုန်းကအထပ်အမြင့်ကလူတွေအားလုံး ဆင်းပြေးပြီး ကျောင်းဝန်းထဲမှာ လာစုနေကြတယ်... သူတို့ က ငလျင်လှုပ် ရင် အဆောက်အဦးထဲကအတတ်နိုင်ဆုံး အမြန်ထွက်ပြီး, ကွက်လပ်လိုနေရာမျိုးမှာမှ စိတ်ချရတယ် saveဖြစ်ရာမှာနေဖို့ ကိုအားလုံးနားလည် ကြတယ်လေ..တောသူမ ဖြစ်သူ ကျမကတော့ငလျင်လှုပ်လို့  သူက ''ငလျင်ကြီးတယ် တံခါးဖွင့် တံခါးဖွင့် '' ပြောပြီ့း တံခါးပြေးဖွင့်တာကို ''ဘာလုပ်ဖို့လဲ''  မေးလို့ ခုထိ အဟားခံနေရတုံးပေါ့.သူမကယ်ရင် သေဖွယ်သာရှိယုံ ဆိုပဲ....သိဘူးလေကွယ်  ကိုယ်ကစားပွဲအောက်ဝင်ဖို့ နဲ့  အိမ်တိုင်မကြီးနား ကပ်နေဖို့လောက်သာတွေးမိတာကိုး...မသိတော့လဲမကြောက်တတ်ဘူး ဆိုတာအမှန်ပါဘဲ..အရင်တစ်ခါက ငလျင်လှုပ်နေမှန်းသိသိချင်း တော်တော်လေးကြာအောင် လှုပ်နေလို့ အောက်မှာ ဘယ်လိုနေပါလိမ့် ဆိုပြီး ရှစ်ထပ် ဝရန်တာကနေ ငု့ံ ကြည့်နေခဲ့တာ ပြောပြရင် အရူးလို့ခေါ်ခံရလိမ့်မယ် ထင်တယ်......
Image
ဆိုင်းဘုတ် information board
Image
Image
Image
 မလှမ်းမကမ်းရှိ ကျောင်းဝန်းထဲမှာပါ လုပ်တာဖြစ်လို့ ခါတိုင်းလောက် ဆိုင်မများချေ ။
ဝယ်မဲ့သူလဲ မလာပါလားကွယ်.......
Image
cute candle  ပုံစံအမျိုးမျိုးဖြင့် ချစ့်စဖွယ်ဖယောင်းတိုင်
Image
စန္ဒရားလေး...
Image
အဝတ်ကြိုး နဲ့ရက်တဲ့ အိတ်ပေါ့
Image
တစ်ထုပ် ယန်၁၅၀၀  နှစ်ထုပ်၂၀၀၀ ဈေးကြီးလိုက်တာ ...အနံ့ရှိတဲ့သစ်အစအနလေးတွေပေါ့ အဝတ်အစားတို့ဘာတို့ ပိုးမကိုက်အောင်            
Image
ဒါလေးက ဘယ်လောက်လဲဟင်- how much?
Image
made by 
Image
ကောက်ရိုးနဲ့လုပ်တဲ့ လိပ် (သူတို့  လူမျိုးက
လိပ်ရုပ်တို့ ဖားရုပ်တို့ကို အဆောင်အဖြစ်ဆောင်လေ့ရှိကြတယ်)
Image
Image
Image
really home made & oishii  ne! ......ပိုထဲ့ပေးလိုက်တယ်နော် ကောင်းလွန်းလို့  ထပ်စားချင်တောင်မှ  နောက်နေ့ဆို  ဒီမှာလာဝယ်ချင်လဲမရဘူးမို့ လား
Image
Image
hand madeဆို ဈေးကတော့ သိတဲ့အတိုင်း မကိုင်ရဲဘူး မဝယ်နိုင်​လို့ 
Image
Image
book cover  စာအုပ်အဖုံး 
Image
Image
Image
Image
Image
Image
oneesan !  is it made by yours?
မမ ကိုယ်တိုင်လုပ်တာလားဟင် !!! 
Image
Image
Image
Image
ဘိုးဘိုးကြီးဆီမှာ ဆုတောင်းဦးမှ...don't forget to pray !
Image
Ma Ma, I'm hungry ....မာမား! စားချင်တယ်..ဝယ်ကျွေးနော်...
Image
ဒါလေးလဲ ယူမယ် ၊   ဟယ်....ဟိုဟာလေးလဲ ကြိုက်တယ် - buy this one, and  that one too... 
wonder  buy.......
Image
ကြည့် , ဒီကောင်မလေး ထပ်ဝယ်ဦးမယ်..ဝယ်လို့ မဆုံးတော့ဘူး
Image
ဒီလိုသိမ်းဆည်းပြီး ...
တို့ တော့ပြန်နှင့်ပြီဟေ့..နောက်လမှ တွေ့မယ်နော် bye ! see you next month....
Image
Image
go home
ဒီလို ပြန်ကြမယ်လေ