Image
Image
Sunday, April 15, 2018
အမှိုက်ပစ်သူများ ရှက်ဖွယ်။
နိုင်ငံကြီးသား မပီသသော စိတ်ဓါတ်မရှိကြသော လုပ်ရပ်။
သင်္ကြန်ရက်အတွင်း ပျော်ပါးမှုမှ မဟုတ်၊ မည်သည့် ပွဲလန်းသဘင်မှာမဆို အတွင်းအပြင်နေရာတွေမှာ အမှိုက်တွေကို ပစ်ချကြတဲ့ အလေ့အကျင့်ဟာ ဘယ်လောက်ထိတောင် ရုပ်ပျက်ဆင်းပျက်နိုင်ကြသလည်းဆိုတာ ဒီမြင်ကွင်းတွေက သက်သေပြနေတယ်။
ပွဲစီစဉ်သူတွေဘက်က အမှိုက်ပစ်ဖို့  နေရာနဲ့  အမှိုက်ပုံးတွေ စီစဉ်ပေးခဲ့ရင်တောင် ကြုံရာနေရာ အလွယ်တကူ ပစ်ချခဲ့တဲ့သူတွေ တာဝန်မဲ့စိတ်တွေ ပြလိုက်တာ။
မိမိတစ်ဦးချင်းအနေနဲ့  မိမိအမှိုက်ကို စွန့် ပစ်ဖို့  အဆင်မပြေရင် ပွဲစီစဉ်သူတွေကို မေးမြန်း (သို့ ) လာရောက်စဉ်ကတည်းက အမှိုက်ထည့်ဖို့ တစ်နိုင် အမှိုက်အိတ်လေးတွေ ယူလာပြီး အမှိုက်အိတ်ထဲ ထည့်၊ စွန့် ပစ်ရမယ့်နေရာမှ သွားရောက် စွန့် ပစ်ထားပေးမယ်ဆိုရင် ဒီလို ရုပ်ပျက်ဆင်းပျက် မြင်ကွင်းတွေ မြင်ရမှာ မဟုတ်ဖူး။
နိုင်ငံတစ်နိုင်ငံရဲ့  လူမျိုးတစ်မျိုးရဲ့  ဂုဏ်အင်္ဂါရပ်ဆိုတာ တစ်ဦးချင်းစီရဲ့  လိုက်နာစောင့်ထိန်းတဲ့ စိတ်ဓါတ်တွေနဲ့ လည်း အခြေခံ သက်ဆိုင်တယ်။
အမှိုက်ကို စည်းကမ်းမဲ့ ပစ်ကြသူတွေ ရှက်ဖွယ်ပါ။
https://www.facebook.com/niknayman.burma.5/posts/112193432971309
Image
Image
Image
Image
Image
Image
အပြည့်ဖတ်မည်...
Saturday, April 14, 2018
ဒေ၀ါရွှေနဲ့  အငှားသင်္ကြန်မဏ္ဍပ်အဆောက်အဦးကြီး။
ဒေ၀ါရွှေနဲ့  အငှားသင်္ကြန်မဏ္ဍပ်အဆောက်အဦးကြီး။
သူခိုးလက်က သူဝှက်လု။
ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးကနေ ပြည်လမ်းဖက်ထွက်တဲ့ စီးပွါးရေးတက္ကသိုလ် နားက ထွက်ပေါက်ကနေ ထွက်လိုက်ရင် လမ်းတဖက်မှာ ကြီးမားတဲ့ အဆောက်အအုံကြီး တခုကို တက္ကသိုလ်ထွက်ပေါက်ကနေကြည့်ရင် ဘယ်ဖက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအဆောက်အအုံက မိုက်ကယ်မိုးမြင့်ရဲ့ အဆောက်အအုံကြီးပါ။ မိုက်ကယ်မိုးမြင့်ရဲ့ အဆောက်အအုံနဲ့ ဘေးတိုက် ရိုးမရိပ်သာလမ်းတဖက်တချက်မှာ ဆောက်လုပ်စဲ အဆောက်အအုံကြီးတခု ရှိပါတယ်။
ဒီဆောက်လုပ်စဲ အဆောက်အအုံကြီးကို ဘယ်သူတွေက ပိုင်ပြီး ဘယ်သူတွေက ဆောက်လုပ်နေပါသလဲ ဆိုတာကို ရှင်းပြပါ့မယ်။ ဒီအဆောက်အအုံဝင်းကြီးဟာ ယခင်က ကရင်အမျိုးသား အစည်းအရုံးပိုင်တ တစ်ဧကကျော် အကျယ်အဝန်းရှိပြီး ၂ထပ်တိုက် ခိုင်ခန့်တဲ့ အဆောက်အအုံကြီးတခု ခြံကြီးအလယ်မှာ ရှိခဲ့ဘူးပါတယ်။
၁၉၆၂ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မဆလပါတီ တည်ထောင်တဲ့အခါမှာ ပြည်သူပိုင်သိမ်းခံရပြီး ပါတီယူနစ်ရုံးကြီး ဖြစ်လာခဲ့ပါတယ်။ ဒီလိုကရင်အမျိုးသားပိုင်ကနေ မဆလပိုင် ပါတီယူနစ် ရုံးကြီးဖြစ်လာရာကနေ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာတဲ့အခါ ထိုအဆောက်အအုံဝင်းကြီးကို ပိတ်ထားခဲ့ပြီး ဘယ်သူမှ အသုံးပြုခွင့် မပေးပဲ ထားခဲ့ပါတယ်။
နဂိုထဲက ဒီဝင်းကြီးဟာ ခိုင်ခန့်တဲ့ အင်္ဂတေနံရံကြီးနဲ့ ခြံခတ်ထားခဲ့တဲ့အတွက် ဘယ်သူကမှ အထဲကို မမြင်နိုင်တဲ့ ခြံဝင်းကြီး ဖြစ်ပါတယ်။ နံရံတွေကလဲ ၁၂ပေခန့် မြင့်ပါတယ်။ နောက်ပိုင်းမှာ ဒီအဆောက်အအုံကြီးရဲ့ အမိုးတွေကို ဖွင့်ချပြီး နှစ်ပေါင်း ၃၀ ပစ်ထားခဲ့ပါတယ်။ ၁၉၈၈ခုနှစ် ကနေ ၂၀၁၇ခုနှစ်အထိ ဒီအတိုင်း ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ထားတဲ့အတွက် နှစ်၃၀အကြာမှာ အဆောက်အအုံကြီး လေဒဏ်မိုးဒဏ်တွေကြောင့် ပြိုကျသွားခဲ့ပါတယ်။
ယနေ့ ၂၀၁၈ခုနှစ် ရောက်လာတဲ့အခါမှာ ဒီဝင်းကြီးကို လူတစုက လာရောက်ရှင်းလင်းပြီး နေ့ချင်းညချင်းအဆောက်အအုံကြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ အဲ့ဒါကတော့ သင်္ကြန်မဏ္ဍပ်ကြီးအဖြစ်ပါ။ အခု လက်ရှိသင်္ကြန်မဏ္ဍပ်ကြီးကို ဆောက်ပြီး တရက်ကို သိန်း၃၀၀နဲ့ ပိုင်ရှင်က သင်္ကြန်တွင်းကာလ ရေကစားဖို့ ငှားလိုက်တယ်လို့ သိရပါတယ်။
ဒီအဆောက်အအုံရဲ့  လက်ရှိပိုင်ရှင် ဘယ်သူဆိုတာလဲ အဆောက်အအုံရှေ့မှာ သတ္တိရှိရှိ ဆိုင်းဘုတ်ကို ထောင်ထားပါတယ်။ ပိုင်ဆိုင်သူကတော့ ကမ္ဘာ့သူခိုးမိသားစု သန်းရွှေရဲ့ သမီး ဒေဝါရွှေ ဖြစ်ပါတယ်။ စိန်မျောက်မျောက်ကလဲ လာရောက်ပြီး ဒေ၀ါရွှေ ဗြောင် အရှက်ကင်းမဲ့စွာ ပြည်သူ့ပိုင်ပစ္စည်းကို ယူထားတာကို တပတ်တခါ လာရောက်ကြည့် ပါတယ်။ ဒါပေမဲ့ အခု ဒေဝါရွှေပိုင်ဆိုတာကြီးကို ပလပ်စတစ်အိပ်ကြီးနဲ့ အုပ်ထားလိုက်ပါတယ်။
ငါတို့ ယူတယ်ကွာ ဘယ်သူ ဘာပြောချင်သလဲဆိုတဲ့ ပြည်သူတွေဆီက မတရား ဒါးပြတိုက်ယူတာကို အားလုံးက ပြန်လည်မေးခွန်းထုတ်ပြီး ဘယ်လို ဒေဝါရွှေလက်ထဲ ရောက်လာလဲဆိုတာကို မေးမြန်းပြီး တရားစွဲဆိုဖို့ လိုပါပြီ။
ဒေဝါရွှေဆောက်နေတဲ့ အဆောက်အအုံကြီးဟာ တကယ်တော့ ကရင်အမျိုးသားတွေပိုင်တာပါ။ ပြည်သူ့ လက်ထဲကနေ မတရားရယူထားတဲ့ အဆောက်အအုံကြီးတွေ ဘယ်လိုဆောက်ဆောက် ပြည်သူ့အားနဲ့ ပြန်သိမ်းတဲ့နေ့ ရောက်လာမယ်ဆိုတာ သတိပေးလိုက်ပါတယ်။
တိုက်နိုင်သူ။
Image
Image
Image
Image
Image
Image
အပြည့်ဖတ်မည်...
နစ်နေမန်းရဲ့  ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာသစ် "Niknayman Burma" အား ယခု နှစ်သစ် ၂၀၁၈ တွင် ပြန်လည်စတင် ဖွင့်လှစ်လိုက်ပါကြောင်း မိတ်ဆွေအပေါင်းအား အသိပေး ကြေညာအပ်ပါတယ်။
Niknayman Burma
လေးစားလျက် -
ကိုနစ်။
အပြည့်ဖတ်မည်...
နှစ်သစ် နှုတ်ဆက်စကား။
မြန်မာသက္ကရာဇ် ၁၃၇၉ - ၁၃၈၀ ခုနှစ် နှစ်သစ်ကူး အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာလို့  လိုရာဆန္ဒများ ပြည့်ဝပါစေလို့  နစ်နေမန်းမှ လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်း မေတ္တာပို့ သလိုက်ရပါတယ်။
လေးစားလျက် -
ကိုနစ်။
Image
အပြည့်ဖတ်မည်...
Monday, April 9, 2018
နစ်နေမန်း မကြာခင် ပြန်လာပါမည်။
လေးစားစွာဖြင့် -
ကိုနစ် (နစ်နေမန်း)။
အပြည့်ဖတ်မည်...
Wednesday, March 16, 2016
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ ချူပ်၏ သ၀ဏ်လွှာ။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ ချူပ်၏ သ၀ဏ်လွှာ။
Image
အပြည့်ဖတ်မည်...
ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်လွှာ။
ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်လွှာ။
Image
အပြည့်ဖတ်မည်...
Tuesday, March 15, 2016
နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်အား ရွေးချယ်တင်မြောက်လိုက်ပါကြောင်း။
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ အစီအစဉ်။
ဦးထင်ကျော် - မဲအရေအတွက် = ၃၆၀ မဲ။
ဦးဟင်နရီဗန်ထီးယူ - မဲအရေအတွက် = ၇၉ မဲ။
မြင့်ဆွေ - မဲအရေအတွက် = ၂၁၃ မဲ  ။
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲမှ ဦးထင်ကျော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ သမ္မတကြီးအဖြစ် ရွေးချယ်တင်မြောက်လိုက်ပါပြီ။
Image
အပြည့်ဖတ်မည်...
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ အစီအစဉ်။
မတ်လ ၁၅ ရက်နေ့ ၊ ၂၀၁၆ ခုနှစ်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ အစီအစဉ်။
Image
အပြည့်ဖတ်မည်...
Sunday, March 13, 2016
နစ်နေမန်း၏ ဖေ့စ်ဘွတ်အကောင့်အသစ် ပြန်လည် ဖွင့်လှစ်ကြောင်း အသိပေးခြင်း။
နစ်နေမန်း၏ ဖေ့စ်ဘွတ်အကောင့်အသစ် ပြန်လည် ဖွင့်လှစ်ကြောင်း အသိပေးခြင်း။
နစ်နေမန်း၏ ဖေ့စ်ဘွတ်စာမျက်နှာအား ထပ်မံဖွင့်လှစ်လိုက်ပါသည်။
https://www.facebook.com/Niknayman.Niknayman ဖြစ်ပါသည်။
ထို့ အပြင် နစ်နေမန်း၏ အကောင့်နှင့် ပတ်သက်၍ ကြေညာချက်များအား မူရင်းဘလော့ဖြစ်သည့် http://niknayman-niknayman.blogspot.com မှလည်းကောင်း၊ မူရင်းစီဘောက်ဖြစ်သည့် http://my.cbox.ws/niknayman မှတစ်ဆင့် အသိပေးခြင်းဖြင့် နစ်နေမန်းအကောင့် အတုအစစ် ခွဲခြားနိုင်ပါမည်။
ယခုကဲ့သို့ သော အခြေအနေ အကြောင်းကြောင်းများကြောင့် အဆင်မပြေမှုများ ဖြစ်သွားခဲ့ကြသည့် နစ်နေမန်း၏ မိတ်ဆွေများအား အနူးအညွတ် တောင်းပန်အပ်ပါသည်။
လေးစားစွာဖြင့် -
နစ်နေမန်း။
အပြည့်ဖတ်မည်...