K for Kay

September 29, 2007

>Voice from Russia

Filed under: Burma story — kaythwe @ 2:27 pm

>

ရုရှ မှ အသံ

စီဘောက်ထဲမှာ ပီးခဲ့တဲ့ ၂၇ ရက်နေ့ ရက်စွဲ ရုရှ အိုင်ပီ နဲ့ ၀င်ရောက်ရေး သွားတဲ့ စကားလေး ကို ပြန် တင်လိုက်ပါတယ်။ ( အခု မှ တွေ့ လို့ပါ)

အန်တီရေ…

ဒီနေ့ကိစ္စာကြားရတာအရမ်းစိတတ်မကောင်းဖြစ်ရတယ်ခင်ဗျာ။

တပ်မတော်ကလုပ်တာလုပ်ပုံမဟုတ်ဘူးဗျာ…။

ကိုယ်ကိုကိုယ်လည်းတပ်မတော်ကအရာရှိတစ်ယောက်ဖြစ်ရတာအရပ်းကိုရှက်မိပါတယ်။

သားတို့လည်းပြည်သူတစ်တယောက်ပါဘဲ။

ပြည်သူတွေခံစားရသလိုသားတို့လည်းထပ်တူထပ်မျှခံစားရပါတယ။်

အရေးကြုံရင်သားတိုလည်းပြည်သူဘက်ကရပ်တည်ပေးသွားမှာပါ။ လက်ရှိအနေအထားအရဘာမှမလုပ်ပေးနိုင်ပေမဲ့ပည်တွင်းမှာရှိတဲ့သူငယ်ချင်းတွေကို

ဘာလုပ်သင့်တယ်ဆိုတာပြောပြပေးမှာပါ။

တပ်မတော်အရာရှိများ..အရာခံများနှင့်…စစ်သည်တော်များဟာလည်း..

ပြည်သူများနဲထပ်တူထပ်မျှပါဘဲဆိုတာဒီနေရာလေးကနေပြောပါရစေဗျာ။

ဗုဒ္ဓဘာသာလူမျိုးများပီပီဗုဒ္ဓသာသနာ၊ ဗုဒ္ဓဘာသာကိုကာကွယ်ပေးကြပါလို့ပြောပါရစေခင်ဗျာ။

အန်တီရေသားတို့ကိုလည်းဥပက္ခာမပြုပါနဲ့ဗျာ။

ကျော်ကြီး

ယုံကြည် ပါတယ်။ တပ်မတော်သား တွေထဲမှာလည်း လူသားထဲက လူသား တွေပဲမို့ ဘယ်ဟာ မှန်တယ် ဘယ်ဟာ မှားတယ် ဆိုတာ ခွဲခြားနားလည်းတဲ့ လူသားစိတ် တွေအများကြီး ရှိနေပါတယ်။

ကျေးဇူးပြု၍ … ကိုယ် မိသားစု ပတ်ဝန်းကျင် မိတ်ဆွေ တွေထဲက.. စစ် မူထမ်း အရာထမ်းေ တွကို
ဒီလို လူသားချင်း ရက်ရက်စက် စက် ..လက်နက် ချင်း မညီ.. တဖက်သတ် ..ပစ်သတ်ရက်တာ..
မတရား တဲ့ အမိန့် တွေကို မျက်စိမှိတ်ပီး လိုက်နာ နေတာ … မဖြစ်သင့်ပါဘူး။ တခု ခု တော့ စဥ်းစားပေးကြပါလို့ .. ..ဖုန်းခေါ် မေးမြန်းရင်း..သူတို့ရဲ့ အမြင်မှန် ဆန္ဒမှန်တွေကို ..ထုတ်ဖော် ပွားများပေးကြပါလို့။

Image

Voice from Russia

>Burma Democracy Supportors from Norway

Filed under: Uncategorized — kaythwe @ 11:58 am

>Photo Sharing and Video Hosting at Photobucket

Burma Democracy Supportors from Norway

Filed under: Uncategorized — kaythwe @ 11:58 am

Photo Sharing and Video Hosting at Photobucket

September 26, 2007

Filed under: Uncategorized — kaythwe @ 1:30 pm

>၂၆ စက်တင်ဘာ ၂၀၀၇ ခံစားမူ

ဒီနေ့တော့.. မပျော်ပါ။ ၀မ်းနည်းတယ်။ ကြေကွဲတယ်။ ရှက်တယ်။ ကြောက်တယ် ။ သနားတယ်။ နာကြည်းတယ်။ ဂုဏ်ယူ တယ် ။ လေးစား တယ် ။ ကိုးကွယ်ရာမဲ့ မိတယ်။ ကိုးကွယ် ရာထပ်ရှာမိတယ်။

ဒါပေမဲ့… မျှော်လင့်ရမယ်။ ယုံကြည် ရမယ်။ မေတ္တာ တွေ ဆက်ပို့ ရဦးမယ်။

ဘာဖြစ်လို့ ဆို.. နက်ဖြန်တွေ အများ ကြီး ရှိသေးတယ်လေ။

Image

Filed under: Uncategorized — kaythwe @ 1:30 pm

၂၆ စက်တင်ဘာ ၂၀၀၇ ခံစားမူ

ဒီနေ့တော့.. မပျော်ပါ။ ၀မ်းနည်းတယ်။ ကြေကွဲတယ်။ ရှက်တယ်။ ကြောက်တယ် ။ သနားတယ်။ နာကြည်းတယ်။ ဂုဏ်ယူ တယ် ။ လေးစား တယ် ။ ကိုးကွယ်ရာမဲ့ မိတယ်။ ကိုးကွယ် ရာထပ်ရှာမိတယ်။

ဒါပေမဲ့… မျှော်လင့်ရမယ်။ ယုံကြည် ရမယ်။ မေတ္တာ တွေ ဆက်ပို့ ရဦးမယ်။

ဘာဖြစ်လို့ ဆို.. နက်ဖြန်တွေ အများ ကြီး ရှိသေးတယ်လေ။

Image

September 25, 2007

>We are One

Filed under: Burma History,Events — kaythwe @ 11:10 am

>တ မိုး ထဲ အောက် မှာ…

ပြည်တွင်း က ပြည်သူတွေ..သိပ်ပျော်ေ
နကြ တယ်တဲ့။

ဒီဗီဘီ Live ကကြားနေ ရတဲ့ ကိုမောင်တူး အသံတွေ လည်း ပျော် သံတွေ စွတ်လို့။

ပြည်ပ က..ပြည်သူ တွေလည်း.. အရမ်းကို အားရ ကျေနပ် ရွှင်လန်း နေကြပါသည်။ ဒီနေ့ မနက်.. ခြိမ်းခြောက်သံ တွေ ကြားထားလို့.. ဘာလုပ် လို့ ဘာကိုင် ရမှန်း မသိတာ နဲ့..တနေ့လုံး အစာ ရှောင် ဆုတောင်းမယ်လို့ ဆုံးဖြတ်ထား တယ်။ အို.. ဘုရား သခင်.. အမှန် တရား နဲ့ တရားမျှ တမူ ဆိုတာ အားလုံး ရဲ့ ကိုးကွယ် ရာ ပါ။ အားလုံး ရဲ့အန္တိမ ဆန္ဒပါ။

ကို ကဒေါင်း ပြော သလို.. ပြည်ပ ကလူတွေ.. ဘာလုပ်နိုင်လဲ .. ငွေကြေး ပံ့ပိုးမယ်။ နည်းပ ညာ ပိုင်း ကူညီမယ်။ မေတ္တာ တွေ.. အထောင် အသောင်း ပို့ နေမယ်..။ ဆန္ဒ တွေ တနင့် တပိုး ပိုက်ပီး ကွန်ပြူ တာရှေ့ မှာ ဖင် ကျိန်း..မျက်စိ ကျိန်း အောင် ရှိနေ ကြပါတယ်။

ဒီမို ကရေစီ လှုပ်ရှား မူ ရံပုံငွေ ဆိုတာကို.. စီဘောက်ထဲ မှာ မောင်မိုး ဆိုတဲ့ တယောက်က.. လာပစ်သွား တယ်။ တော်သေးတာ ပေါ့..သူလာ အော်သွားလို့။ ခုတလော live ဘလော့ တွေမှာ ပဲ မျက်စိ ကျနေ တော့ မိုးမခ ဘက် မရောက်လိုက်ဘူး ဖြစ် သွားတော့..ချက်ချင်း မသိလိုက်ဘူး။ သိတာ နဲ့ ချက်ချင်း ကောက် လင့် လိုက် တယ်။ သူငယ် ချင်းတွေ က ကိုယ့်ဘလော့ကို လာ ချင်မှ လာ မှာ ဆိုတော့.. spam mail တွေ ပါ.. တခါတည်း ပစ် လွှတ် လိုက်တယ်။ တရက် ၂ ရက် နေေ တာ့ မိုးမခ အုပ်စု က..၂ထောင် ၃ ထောင် ရပီလို့..စာရင်း ထုတ်ပြန် တယ်။ အင်… စိတ်နဲနဲ လေသွားတာပေါ့.။ ဘယ်နှယ်.. ပြင် ပေ ရာက်နေတဲ့ ဒီမိုကရေစီ လိုလားသူ အရေ အတွက် က.. နဲတာ မဟုတ်။ တယောက် ၁၀ ဆိုရင်တောင်.. ဘယ်လောက် များ လိုက်မလဲ။ မဖြစ် ချေဘူး။ .. နောက်တခေါက်.. spam mail တွေ ထပ် လွှတ် တယ်။

Image

ခုတော့ အား ရစ ရာပဲ။ ပြည်တွင်း က.. လူထု အရှိန် အဟုန် ကြီး နဲ့ အတူ..ပြည်ပ က လူတွေ ရဲ့ စေတနာ.. တွေ.. ပါဝင် မူ တွေ ..တရိပ် ရိပ် တက်လာ နေပါတယ်။ ဒီနေ့ မနက် ပဲ .. အာ အက်ဖ် အေ မှာ ကြားလိုက်တယ်။ ဆန်ဖရန် စစ္စကို ဘေး ဧရိယာ က..ဗမာ အများ ဆုံး နေရာမှာ မေတ္တာ ပို့ ဆုတောင်းပွဲ ကံဆောင်ပွဲ လုပ်ပီး.. ရံပုံငွေ ကောက်လိုက်တာ ချက်ချင်းပဲ ၇၀၀၀ ကျော် ရတယ် တဲ့။ ကောင်းလိုက်တာ..။ ဦးဆောင် လှုံ့ဆော်သူ ဆရာ ဦးကိုကို သန့် ရဲ့ အသံကို လည်း အား ရ၀မ်းသာ ကြားလိုက်ရတယ်။ အဲဒီ ငွေတွေ ကို တခါတည်း ကျောင်းထိုင် ဆရာ တော် ကြီး တွေ လက်ထဲကို ထဲ့လိုက်တယ်။

ရန်ကုန်နဲ့ မြန်မာပြည် တနံတလျားမှာ ရှိတဲ့.. ဘုန်းကြီးကျောင်းတွေကို ထောက်ပံ့ ပို့ဆောင်မယ်တဲ့။ သာဓုပါ.. ဘေး ဧရိယာ ရေ။

မိုး မခ ငွေစာ ရင်းလဲ.. တရိပ်ရိပ် တက်လာ နေတယ်။

ဟော.. စင်ကာပူ က..အီးမေးလ် တခု ၀င်လာပြန် ပီ။ ရံပုံငွေ ဆိုပါလား…။

အိုး.. သာဓုဗျား။ အိုးဝေ စင်ကာပူ က..တိုပိုင် ရို ကျောင်းမှာ မေတ္တာပို့ ကံဆောင်ကြတယ်တဲ့။ အလှူငွေ ကောက်တယ်။ အားရ ပါးရ ၀ိုင်းထဲ့ကြတယ်။ ခုဆို..စင်ကာပူ ရံပုံငွေ တရပ်ကို.. အလင်းပြ ကြယ် စာကြည့်တိုက် မှာ ဖွင့်ထားလိုက်ပီတဲ့။

Image

ပလုံ …

ဟော..ဂျီတော့ က..သူငယ် ချင်း တယောက် ကိုရီးယား က..လှမ်းချက် တယ်။

ဘာတဲ့ လဲ..။

ကိုရီးယားရောက် ဗမာ တွေက..ခုပဲ ဒီမိုကရေစီ ရံပုံငွေ အဖြစ် ဗမာငွေ သိန်း ၇၀ ပို့လိုက်ပီ တဲ့။ ကောင်းတယ် ဗျား။

နေဦး။ ဘန် ကောက် အေ အိုင်တီက..သူငယ်ချင်းဟောင်းတွေက လည်း..ဒီမှာ ဂျီမေး တခု တတ် လာပြန်ပီ။ ရံပုံငွေ ဆိုပဲ။

အစ္စ ရေး နိုင်ငံကြီး ထူ ထောင်ဖို့.ရယ်. နာဇီ အကျဉ်း စခန်း တချို့က ဂျူး တွေ..ရွေးယူဖို့.ရယ်ကို … ကမ္ဘာ အရပ်ရပ် မှာ ရောက်နေတဲ့…သာမန် ဂျူးလူမျိုးတွေ.. ဘဏ်သူဌေး ကြီး တွေ .. ကုန်သည်ကြီး တွေ.. အားတက်သရော.. ထောက်ပံ့ ခဲ့တဲ့သမိုင်းမှာ.. ဂျူး တွေရဲ့ အချင်းချင်း ကြည့်ရှု စောင်မ မူကို လူတကာ က..အားကျ နမူနာ ယူ ခဲ့ရပါတယ်။ ပြည်တွင်း သတင်းထုတ်ပြန် မူ တခု မှာတော့..နိုင်ငံခြား က ငွေကြေးအကူ အညီယူ တယ်လို့ စွပ်စွဲထား ပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံခြား တကာ မှာရောက်နေတဲ့..ဗမာလူမျိုး တွေရဲ့ ချွေးနဲစာ တွေပါ။ စေ တနာ ထက်သန်စွာ နဲ့ ထဲ့ဝင် ကြတာ ပါ။ ဒီမို ကရေစီ အပင် ကြီး ရှင်သန်ဖို့ပါ။

အင်တာန က် ကြီး ထဲ မှာ တကိုယ်လုံး နှစ်ထား ရင်း ..ဗမာ လူမျိုး တွေရဲ့.. ဆန္ဒ တွေ..စေတနာ တွေ.. ကမ်းပေး နေတဲ့ လက်တွေ.. ဆုတောင်းသံတွေ.. စိုးရိမ်မူ တွေ.. တွေ့နေရတယ်.. ခံစားနေ ရတယ်။ နာကြည်းမူ အချို့ နဲ့.. အပျက် အမြင် လေး တွေကိုေ တာ့.. ခု အချိန် မှာ .. တတ်နိုင်သ မျှ.. ဖယ်ထား ကြတာ ပေါ့နော်။

ကဲ.. ပြည် တွင်း က သံဃာတော် အရှင် သူမြတ် များ ညီအကို မောင် နှမ.. ဦးလေး ကြီးဒေါ် များ ရေ.. ပြည်တွင်း ကလူတွေရဲ့.. သတ္တိတွေ.. ရဲရင့်မူ တွေ ကို.. ပြည် ပက.. အရမ်းကို အသိအမှတ်ပြု လေးစား နေကြပါတယ်။ ပြည် ပက.. ညီ အကို မောင် နှမ တွေ က လည်း … အားတက်သ ရော..ရတဲ့ နည်း နဲ့ ပါဝင်နေကြ ပါတယ် လို့။ ကဲ ..ဒါဆို.. ဘာ များ လို ဦး မလဲ။ တခြား တခြား သော.. ရှုပ်ထွေး နေတဲ့ ခံစားချက် တွေ.. လိပ်ပြာ မလုံ တာတွေ.. ငါ တို့ကတော့..ဆိုတဲ့.. နောက်ဆက်တွဲ မပါ တဲ့ အတွေး တွေ.. အပစ် တင်မူ တွေ.. သံသယ တွေ.. အထင်လွဲ မူတွေ.. ဘာ မှ ..၀င် မလာ နဲ့။ ငါတို့ အားလုံး.. အမှန် တရားကို ချစ်တယ်။ တရား မျှတမူ ကို လိုလားတယ်။
ဆက် လျှောက် ကြပါစို့။ အ ဆိုး တွေကို ပယ် ပီး.. အကျိုး တွေ ကို သယ်ကြပါစို့။

Image

We are One

Filed under: Burma History,Events — kaythwe @ 11:10 am

တ မိုး ထဲ အောက် မှာ…

September 23, 2007

>Our Celebrities

Filed under: Celebes,Photos — kaythwe @ 4:49 pm

>ပြည်သူချစ်သော အနုပညာ သည်များ

ခုရက်ထဲ မှာ ဇာ ဂနာ ..ကျော်သူ နဲ့ ကဗျာ ဆာ အောင်ဝေး တို့ .. ရဲရင့်တက်ကြွ စွာ နဲ့ ပြည်သူ တွေ အတွက် ပြော နေပါပီ။ တိုင်း ပြည် မျက်နှာဖုံး .. လူ တို့ ရဲ့ အာ ရုံ ကျ ရာ အနုပညာ ရှင် တွေ လည်း အသံ တွေ ထွက် လာ ကြပါပီ။ မခိုင် ( ထွန်း အိန္ဒြာ ဗိုလ်) က တော့ မိုးကုတ်သူ ပီ ပီ… `မိုးပြို အများ ပါရှင်´ လို့ ပြော ရင်း သံဃာ ထု ကြီး ဘက်က .. ပြတ်ပြတ်သား သား ပြော လိုက် တာ က လည်း အားရ စရာ။

ဟော ဒါ Picasa မှာ တင်ထား တဲ့ ဓါတ်ပုံ တွေ ထဲက.. စိတ် ၀င်တစား မြင်လိုက်ရ တာ .. ။ ပြည်သူ့ မင်း သား ကျော်သူ ရဲ့ ပါရမီဖြည့် ဖက်.. ရွှေဇီးကွက် နဲ့ ပြည်သူ့  စာ ရေး ဆရာ မ ဒေါ် သန်းမြင့် အောင် တို့ ရဲ့ မှတ်တမ်းဝင် ဓါတ်ပုံလေး တွေ ပါ။ အောက်ဆုံး ပုံ က တော့ ကဗျာ ဆရာ အောင်ဝေးလို့ ယူဆ ရသော်လည်း သိပ်မသေ ချာ။

Image

Image

Image

Image

Image

Our Celebrities

Filed under: Celebes,Photos — kaythwe @ 4:49 pm

ပြည်သူချစ်သော အနုပညာ သည်များ

ခုရက်ထဲ မှာ ဇာ ဂနာ ..ကျော်သူ နဲ့ ကဗျာ ဆာ အောင်ဝေး တို့ .. ရဲရင့်တက်ကြွ စွာ နဲ့ ပြည်သူ တွေ အတွက် ပြော နေပါပီ။ တိုင်း ပြည် မျက်နှာဖုံး .. လူ တို့ ရဲ့ အာ ရုံ ကျ ရာ အနုပညာ ရှင် တွေ လည်း အသံ တွေ ထွက် လာ ကြပါပီ။ မခိုင် ( ထွန်း အိန္ဒြာ ဗိုလ်) က တော့ မိုးကုတ်သူ ပီ ပီ… `မိုးပြို အများ ပါရှင်´ လို့ ပြော ရင်း သံဃာ ထု ကြီး ဘက်က .. ပြတ်ပြတ်သား သား ပြော လိုက် တာ က လည်း အားရ စရာ။

ဟော ဒါ Picasa မှာ တင်ထား တဲ့ ဓါတ်ပုံ တွေ ထဲက.. စိတ် ၀င်တစား မြင်လိုက်ရ တာ .. ။ ပြည်သူ့ မင်း သား ကျော်သူ ရဲ့ ပါရမီဖြည့် ဖက်.. ရွှေဇီးကွက် နဲ့ ပြည်သူ့  စာ ရေး ဆရာ မ ဒေါ် သန်းမြင့် အောင် တို့ ရဲ့ မှတ်တမ်းဝင် ဓါတ်ပုံလေး တွေ ပါ။ အောက်ဆုံး ပုံ က တော့ ကဗျာ ဆရာ အောင်ဝေးလို့ ယူဆ ရသော်လည်း သိပ်မသေ ချာ။

Image

Image

Image

Image

Image

Next Page »

Create a free website or blog at WordPress.com.

Design a site like this with WordPress.com
Get started