K for Kay

March 31, 2008

>တူညီ သော.. စေတနာ

Filed under: Inspiration,People — kaythwe @ 4:31 pm

>Image
Image

…………………………………………………………………………………………………………………………………….
ဤ ဗုဒ္ဓ ဘာသာ ဘုန်း တော် ကြီး နှစ်ပါး ကို ဖူး တွေ့ ရ သည်မှာ.. တူညီ မူ တခု ရှိ နေ သည် ဟု ထင် မိ သည်။

သူတို့ မျက် နှာ များ မှ..ရောင်ပြန် ဟပ် သော..ကြည် လင် ၀င်းပ ခြင်း လား။ အရောင် မဲ့ သော မေတ္တာ များ မှ တ ဆင့် ..ထွင်းဖောက်..ထွက်ပေါ် နေတဲ့..သူတို့ ရဲ့..အတွင်း သဏ္ဌန် တွေ လား။

သူ တို့ သည်.. ကြီး လေး သော တာဝန် ကြီး တွေ..အသီးသီး ကို..ထမ်းပိုး လျက်.. အနှိုင်း မရှိ သော စေတနာ များ ကို ..လောင်စာ ပြု ကာ.. ကမ္ဘာကြီး ကို လှည့် ပတ် နေ ကြသည်။ ရောက် သည့် နေ ရာ တိုင်း မှာ လည်း.. အဓိက သာသနာ အရေး အပြင်..အသင့် အမြဲ ရှိ နေ တဲ့..ချစ်ခြင်း..တရားမျှတခြင်း..တာဝန်ကျေပွန် ခြင်း များ ကို မျိုးစေ့ ချ ကြ သည်။ အပင် ကူး ကြ သည်။ ခက်လက် ဝေ ဖြာ စေ သည်။

ဗုဒ္ဓသာသနာ တွင်..လောကီ..လောကုတ္တရာ.. ဒွိယံ ကို သော် လည်းကောင့်း..ပရိယတ္တိ..ပရိပတ္တိ ဆို သော နက်နဲ လှ သည့်..၀ိနည်း အထူး များ ကို လည်းကောင်း.. အသေ အချာ..အတိမ် အနက်..နားမလည် လှ သော် လည်း.. ထို ဆရာ တော် ကြီး များ ကား.. အစွန်း မထွက်.. ညီညွတ်.. မျှတ လှသည့်..သာသနာ့ သူရဲကောင်း များ ဖြစ် သည် ကို မူ..အသေ အချာ သိမြင် နေ ရ သည်။

ဒလိုင်း လားမား ကို ကြည့် ရ သည်မှာ.. ရွှင်မြူးဟန် ရှိ သည်။ ပျော် တက် ပုံ ရ သည်။ အပြော အဟော..ပွင့် လင်း သည်။ မင်းသား ဘရက်ပစ် ပါဝင် သရုပ် ဆောင် သော..ဒလိုင်းလားမား..ထေရုပတ္တိ ဆန် ဆန်..ဟောလိဝုဒ် ကား တကား ကို ကြည့် ဖူးသည်။ နံမယ် တော့..မမှတ် မိ တော့။ ဘရက်ပစ် က.. လားမား အလောင်း အလျာ လေး ငယ်စဉ် က.. လာရောက် စာသင် သော..အနောက်နိုင်ငံသား.. အဖြစ်..သရုပ် ဆောင် ထား သည်။ သူငယ် စဉ်က..ပစ္စည်း ကိရိယာ အသစ် အဆန်း များ ကို..စူးစမ်း လို စိတ် အင်မတန်..ပြင်းထန် ကာ.. အံမ၀င် ခွင် မကျ သော..ရှေးရိုး အစဉ် အလာ များ ကို လည်း.. ပြောင်း လဲ ရန်..အမြဲ ကြိုးစား နေ ခဲ့ သည်။ သာဝက များ က..ငှါး ထား သော..ကျောင်း ဆရာ ကို.. ၀ပ်တွား ခယ ဆက် ဆံ စေ လို သော် လည်း.. လားမား လေး ကတော့.. သူငယ် ချင်း လိုပင်..ခင် မင် စွာ ..ပေါင်းသင်း ဆက် ဆံ စေ သည်။ သဘာဝ ကျကျ စဉ်းစား တွေးခေါ် တတ် ပုံ တချို့ နှင့်.. တိုင်းပြည် နှင့် လူ မျိုး အပေါ်..တိုးတက် လွတ်လပ် စေ လို ခြင်း များကို..ထို ရုပ် ရှင် ထဲ တွင်..အနုပညာ ဆန်ဆန်..ရိုက်ပြ သွား ခဲ့သည်။

အမေး အဖြေ တခု တွင်.. သူသာ.. လားမား မဖြစ် ခဲ့ လျှင်..အင်ဂျင် နီယာ တယောက် ဖြစ် ချင် ပါ သည် ..ဟု ပြော ခဲ့ ဘူး တာ.. တနေ ရာ မှာ..မှတ် သား မိ ဘူး သည်။

၁၉၈၉ ခု နှစ် မှာ..ငြိမ်းချမ်းရေး နိုဘယ် ဆု ရ ခဲ့ တဲ့..ဒလိုင်းလားမား ဟာ.. အဖိ အနှိပ်ခံ..တိဗက် ပြည်သူ များ အတွက်.. လွတ်မြောက် မူ ကို ..ဘယ်လို ဆောင်ကျဉ်း ပေး နိုင် မလဲ..မသိ နိုင် သော် လည်း.. သူ သည်..တိဗက် တို့၏ ..သင်္ကေတ ဖြစ် သည်။ သံတမန် ဖြစ် သည်။ ပြတင်း ဖြစ် သည်။ သတင်း ဖြစ် သည်။

ဒီမှာ ဖက် တော့…ပီနန် ဆရာ တော် ကြီး ကား..သက်တော် (၈၀) ကျော် နှင့် မလိုက် အောင်..ရွှင်လန်း..သော အသရေ ရှိ လှသည်။ သူ့ကို မြင်တွေ့ ရ သည်မှာ..၀မ်းမြောက် အားရ ဖွယ် ရှိ သည်။ မြန်မာ့ အရေး များကို.. မရွံတမ်း..တစိုက် မက် မက် ..လှုံ့ ဆော် လုပ်ဆောင် နေ သည်မှာ လည်း..အားကိုး ကြည် ညို ဖွယ် ကောင်းလှ ပေသည်။ နိုင်ငံခြား သာသနာ ပြု ဘ၀ တလျှောက် မှာ..သူ တည် ထောင် ခဲ့ တဲ့.. ကျောင်းတိုက် ကြီး များ ..၁၀ ခု မက..ရှိ ခဲ့ သည် ဟု..သိ လိုက် ရာ.. စင်ကာပူ တိုပိုင်းရိုး ကျောင်း ကို..ကြည့် ယုံ နှင့်ပင်.. ဆရာ တော် ကြီး ၏ စွမ်း ဆောင် ရည် ကို..အံ့မခန်း..မှန်း ဆ နိုင် ပေ သည်။

ရန်ကုန် မြို့ က.. သာသနာ့ တက္ကသိုလ် ကြီး ဆို တာကို လည်း..ဆရာ တော် ကြီး ကပင်..မြန်မာ သံဃာ များ..ကမ္ဘာ နှင့် ရင်ဘောင် တန်း နိုင် အောင်.. အစပြု တည် ထောင် ခဲ့သည် ဟူ၏။ ဆရာ တော် ကြီး၏ အယူ အဆွဲ ကင်း သော.. တည် ကြည် သော..ရပ် တည် မူ ကို လည်း..ယခု လို မြင် လိုက် ရ သည်။

လူတစ်ယောက်ကလျှေက်တယ်ကွာ ၊ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေတာတွေဟာ ဒီမိုကရေစီ မရှိလို့ပါ ။ ဒါကြောင့်သံဃာ့အဖွဲ့အစည်း ရဲ့ အမည်ထဲမှာ Democratic လို့ထည့်လိုက်ရ ရင်ပိုကောင်းပါလိမ့်မယ်ဘုရား ” တဲ့ ။

“ ငါကလူကြီးလေကွာ ၊ သူပြောတိုင်းထည့်လို့ကလည်းမရဘူး ၊ သူစဉ်းစားတာလေးကို ငါကအလေးတယူမလုပ်ပဲ ပယ်ချလိုက်လို့ကလည်း မကောင်းဘူး ၊ ဒီတော့သူ့ကိုရှင်းပြရတာ ပေါ့ ” ။
“ ခင်ဗျားစဉ်းစားတာလေးက ကောင်းပါတယ် ၊ ဒါပေမဲ့ခင်ဗျားပြောတဲ့ Democratic ကိုထည့်ပြီးရင် နောက်တစ်ယောက်ကလည်း Liberal ထည့်ချင်ပါတယ်ဆိုရင် ဘယ်လိုလုပ်မလဲ ၊ နောက်တစ်ယောက်ကလည်း Conservative ထည့်လိုက်ပါဦးလို့ ပြောလာပြန်ပြီ ၊ ဒါဆိုရင်ငါတို့ နာမည်ကြီးက အရှည်ကြီးဖြစ်သွားလိမ့်မယ်ထင်တယ်ကွ ”
လို့ရှင်းပြလိုက်တော့မှ ၊
“ ဟုတ်ပါပြီဘုရား မထည့်ပါနဲ့တော့တဲ့ ….. ဟား….ဟား…. ”

( AOAB မှ..ကူးယူ ဖော်ပြ ပါသည်)

တရက်က.. ဆစ်ဒနီ မြို့ကို..ဆရာ တော် ကြီး ရောက် လာစဉ်.. နိုင်ငံခြား သတင်းထောက် တချို့ နှင့်..မေးမြန် ပြော ဆို သွား သည် ကို…အော်စီ တီဗီ သတင်း မှာ..ကြည့် လိုက် ရ သည်။ မြန်မာ့အရေး နှင့် ပတ် သတ် ၍ ကြည် လင် ပြတ် သား စွာ ဖြေ ကြားသွား သည် မှာ.. အင် အား ရှိ လှသည်။ နယူး ဇီလန် အစိုး ရ ကို လည်း..မြန်မာ့ အရေး ကူညီ ပေး ရန်..တိုက်တွန်း ပြော ကြားခဲ့သည်။ ဆရာ တော် ကြီး က တော့..သူ့ တာဝန် ကို.. လေးနက် တိကျ စွာ.. ထမ်း ဆောင် နေပေပြီ။ သာ သနာ မောင်း တွေ ..မြည် ဆော် လျက် ရှိ နေ ပြီ။

Image

တူညီ သော.. စေတနာ

>ME Generation နောက်ဆက်တွဲ

Filed under: Uncategorized — kaythwe @ 5:51 am

>

ME Generation ဆောင်းပါး ကို တိုင်းမ် မဂ္ဂဇင်း မှာ..ဖတ် မိ ကတည်း က.. ၀ိရောဒိ တွေ တွေး နေ မိ ခဲ့ သည်။ ဒါ့ကြောင့် ..ရေး မယ် ကြံ တော့ လည်း.. ဘက် ယူ ၍ မရေး ရန်.. အားထုတ် ခဲ့ သည်။

– ပထမ အချက်က.. ပြသာနာ နိုင်ငံ များ တွင်..စီးပွားရေး ပိတ် ဆို့မူ..နည်းလမ်း သည်..အလုပ်ဖြစ်- မဖြစ်။

ယခု တိုင်..အညင်းပွား ကြ ဆဲပါ။ ကိုယ်တိုင် မှာ လည်း..ပြတ် သားသော အမြင် မရှိ ပါ။ အမြင် ပေး ရန် လည်း.. လုံလောက်သော.. ကျွှမ်းကျင် မူ.. မရှိ ပါ။ စီးပွားရေး တခု တည်း ကို အရင် ဦးစားပေး မလား.. အားလုံး တပြိုင် တည်း..လုပ်မလား။ သီအို ရီ နှင့် လက်တွေ့ တွေ ကလည်း.. တလွဲ တွေချည်း ဖြစ် နေ သလို။ ယခု ဖတ် မိ နားလည် သော..တရုတ် ME Generation ဆောင်းပါး ကတော့.. စီးပွားရေး သပ်သပ် ကို သာ ချွန် ဦးစားပေး ၍၊ အခြား ပွင့်လင်း မြင်သာ လွတ်လပ်မူ များ ကို..မျက်ကွယ်ပြု ခြင်း ကြောင့်..ဖြစ်ပေါ် လာ သော အကျိုးဆက် တချို့ကို .. မီဒီယာ ဖြင့်..ဝေဖန် ထောက်ပြ ထား ခြင်း ဖြစ်သည်။

ဆောင်းပါး ရှင်က..ထောက်ပြ တို့ထိ ထား ခြင်း ကို..ကိုယ် နား လည် သလို..ပြန်လည် ပွားယူ ဝေမျှ ခြင်း သာ ဖြစ် ပါသည်။

-ဒုတိယ တချက်က.. ပညာတတ် ..ဥစ္စာရှိ လူငယ် များ ၏၊ ပုဂ္ဂိုလ် ရေးလွတ် လပ် ခွင့် များ ကို..ဘောင်ခတ် သင့် — မခတ်သင့်။

ဒါ လည်း..အညင်းပွား ဖွယ်.. တချက် ဖြစ် ပါသည်။ ကိုယ်ပိုင် အယူ အဆ အား ဖြင့် တော့.. ဘောင် မခတ် သင့် လို့ထင်ပေ မင့်၊ သင့် တင့် လျောက်ပတ် သော..စေ့ဆော်မူ များ ဖြင့်..ဝေ ဖန် ထောက်ပြ နေ သင့် သည် ဟု ထင် ပါသည်။ ဥပမာ- ယခု ..တိုင်းမ် မဂ္ဂဇင်း လို..မီဒီယာ စောင့် ကြည့် ခြင်း များ.. ဘာသာရေး..ထိန်းကျောင်း မူ များ.. စသဖြင့်။

သို့ သော် လည်း..လူတို့၏ ခံယူ ချက် များသည် အရွယ် စဉ် အတိုင်း ..ဖြစ်ပေါ် ပြောင်းလဲ နေ သည် ဆို သော ..အချက် ကို လည်း..စဉ်းစား ရ ပေမည်။ လူ ငယ် ဘာဝ.. သုံးစွဲ..ပျော်ပါး ခြင်း ကို လည်း..အပြစ် မြင် လို့ မရ ပေ။

ဆို လို သည် မှာ.. ME Generation များ အား..ဝေဖန် ပြစ် တင် လို ခြင်း မဟုတ် ပဲ.. တင် ပြ..အတွေးပွား ခြင်း သာ ဖြစ် ပေသည်။ နောက် ဆုံး ပိုဒ် တွင်- စင်ကာပူ နိုင် ငံ ရှိ..လူငယ် တချို့ ၏၊ financial freedom နှင့် personal freedom များ အား..အပြု သဘော ဆောင်..တင်ပြ လိုက် ခြင်း အတွက်.. ထိ ခိုက် နစ်နာ မူ.. ငြင်းခုန် မူ များ ဖြစ် ရ ခြင်း အတွက်…စိတ်မကောင်း ဖြစ် မိ ပါသည်။

Image

ME Generation နောက်ဆက်တွဲ

March 26, 2008

>Me Generation

Filed under: China,Reviews — kaythwe @ 2:18 am

>

မကြာ သေးခင် အပတ် လောက်က.. အွန်လိုင်း မဂ္ဂဇင်း အင်တာ ဗျူး တခု မှာ Me, Myself and I ဆိုတာ ကို..ကြိုက် နှစ်သက်ကြောင်း ..ကိုးကား သွားသည် ။ အဖြေ ရှင် က.. `မိမိ ကိုယ် သာ ..အားကိုး ရာ´ လို့ များ ပြော ချင် တာ လား တော့ မသိ။ ဘာ ရယ် လို့တော့ မဟုတ်.. Me ချင်း တူနေ တာနဲ့..စိတ်ကူး ထဲ မယ် တန်းစီ စောင့် နေ တဲ့.. တိုင်းမ် မဂ္ဂဇင်း ထဲက.. Me Generation ဆို တဲ့ အကြောင်း အရာ လေး ကို. ပြန် တူး ဆွ လိုက် မိ တယ်။

တရုတ် နိုင်ငံ ၏ Me Generation များ

တရုတ် နိုင်ငံ မှာ.. Me Generation များ တိုးတက် များပြား လျက် ရှိ သည် ဟူ၏။ ၂၀၁၅ ခု လောက်တွင်..လူဦးရေ ၏ ၆၀ % ကို ကျော် ကာ သန်း ၅၀၀ အထိ ရှိ လာ ပေ တော့မည်။ သူ တို့ သည် အလုပ် အကိုင် ကောင်းကောင်း ရှိ ကြ သည်။ ကိုယ်ပိုင် တိုက်ခန်း မှာ တယောက်တည်း..ခွေး တကောင် မွေး ကာ နေချင် နေမည်။ နေ့လည် စာ ကို စားသောက်ဆိုင် မှာ စား ပီး..ည စာ ကို တော့.. နိုက်ကလပ် မှာ ကျော် ပြစ် တတ် ကြ သည် ။

ဆောင်းပါး ရှင် က… အသက် ၃၀ အောက် အသီးသီး ရှိ တဲ့ .. ကြော်ငြာ ကုမ္ပဏီ တခုက. စာရင်း ကိုင် အရာရှိ မလေး ရယ်.. အာမခံ အေဂျင်စီ က..အတိုင်ပင်ခံ တယောက် ရယ်.. ဖန်စီ မဂ္ဂဇင်း တွေ ထုတ်ဝေ သူ ကောင်လေး တယောက် ရယ် နှင့် ..ရှန်ဟိုင်း မြို့လယ်ခေါင် က..အကောင်းစား စားသောက်ဆိုင် တခု မှာ.. starbuck ကော်ဖီ သောက် ရင်း စကား ပြောခဲ့ သည် များ ကို အခြေ တည် ရေးသား ထား သည်။ ထိုင်း နိုင်ငံ တောင်ပိုင်းကျွှန်း တခုမှာ..ဒိုက် ဗင်း သွား ကြဖို့ တယောက် က ပြော သည်။ နောက် တော့..နှင်းလျှော စီး တာ ရောက် သွား သည်။ ကနေ ဒါ နိုင်ငံ လုပ် နှင်းလျှော စီး ကိရိယာ ဆက်လိုက် ..သူဝယ် လိုက်တာ.. ဒေါ်လာ ၇၀၀ ကျ သည် ဆို ၏။ အိုင်ပေါ့ဒ် အကြောင်း လည်း ပါသည်။ အကြွေးဝယ် ကဒ် တွေ..လွယ်လွန်း လို့..ဘယ်နှယ် ကဒ် ယူ မလဲ လို့ ပင် ..နောက်လိုက် သေးသည်။

Image

THIS YEAR’S MODEL: Young Chinese like Liu Yun, 23, an actress pictured in a Beijing dance studio, belong to a generation for whom prosperity and personal freedom haven’t required democracy
Photograph for TIME by Ian Teh

blog it

သူတို့ တွေ သည်..တရုတ်နိုင်ငံ စီးပွားရေး ကို အဓိက..မောင်းနှင်သူ များ ဖြစ်နေ သည်။ စီးပွားရေး ကောင်း လျှင်..ပြီး ပြီ ဆိုသော ရိုးရာ အစွဲ အလမ်း ကို ကြိုက် နှစ် သက် သော..အခု တိုင်..ကွန်မြူနစ် ပါတီ ဟု ဆက်လက် သုံးစွဲ နေ သေး သော အုပ်ချုပ်ရေး အင်အားစု ကြီး အတွက်.. လုံခြုံ သော ခြံစည်းရိုး တခု ကို..တည် ဆောက် ပေး နေ သူ များ လည်း ဖြစ် ကြ သည်။

One child policy

တရုတ် ပြည် ၏ one child policy သည်…လူ ဦးရေ လျှော့ချ နိုင် ခြင်း ထက် ..ပိုမို နက်ရှိုင်း သော အကျိုးဆက် များစွာ ကို ဖြစ် ပေါ် လာ စေ သည်။ ဆိုပါစို့…ကလေး များ သည်.. အိမ်မှာ ရှိသမျှ တယောက်တည်း အကြိုက်သုံး..တဦးတည်း အလိုလိုက် ခံ ရ ရင်း..ဝေမျှ ပေးကမ်း ခြင်း ကို နား မလည်..အတ္တ များလာ ကြ သည်။ ဒါက.. Me Generation ၏ အခြေခံ အုတ်မြစ် ။ တရုတ် ယဉ်ကျေး မူ ..သားယောက်ျား ကို သာလို ချင် သော ကြောင့်..ကလေး မှောင်ခို မွေးဖွားမူ တွေ..သမီး သန္ဓေ ဖျက် ချ မူ တွေ.. ။ နောင် ဆို ရင်..နိုင်ငံ အနှံ့ သတို့သမီး ရှားပါး လာ မူကြောင့်.. အနီး အပါး နိုင်ငံများ မှ..လူ မှောင်ခို ( သတို့သမီး တင်သွင်းမူ တွေ) ဖြစ် လာ ဦး မည်။ ကောင်း ကွက် လို့ ပြော ရ မလား… သားသမီး ၀န် တာ တွေ ပိ မနေ တော့ ပဲ.. ဇနီး မောင် နှံ တွေ ပို လွတ်လပ် လာ သည်.. ပို သုံးစွဲ လာသည်။ အမေရိ ကန် စတိုင် Consumerism ပြောင်းလဲ လာ ခြင်းသည်.. ဘာ အကျိုးဆက် တွေ..ထပ် လာ ဦး မလဲ။

Cultural Revolution to Sexual Revolution

ဒီ အကြောင်း တွေ..ခေါင်း ထဲ ရောက် နေ တုန်း.. SBS TV မှာ Sexual Revolution ဆို တဲ့ အစီအစဉ် ကို..ကြည့် ခွင့် ရ လိုက် ပြန် သည်။ ကြည့် ပါဦး တော့…ခေါင်း စဉ် ကို က.. ရင် တုန် စရာ..။ စီးပွား ရေး ပွင့် လမ်း မူ တွေ နဲ့ အတူ.. လိင် ကိစ္စ တွေ လည်း.. အား ရှိ ပါး ရှိ ..ပွင့် လန်း လာ ကြ သည်။ Expo တွေ တင် မက.. Sexpo ဆို တာ ကြီး ကတော့..လန့်စရာ။ ပြပွဲ ကို လာသူ ပေါင်း သန်း နဲ့ချီ သည် ဟု ဆို သည်။ ယဉ်ကျေး မူ တော်လှန်ရေး ခေတ် က..လူ ကြီး တွေ က လည်း..ခင်းကျင်း ပြသ ထား တဲ့ အရာ တွေ ကို.. နတ်ပြည် က ရောက် လာ တဲ့ ပစ္စည်း တွေ အလား ..လာ ငေး ကြသည်။ လူငယ် တွေ ဆီက.. ပြုပြင် ပြောင်းလဲ မူ တွေ လေ့လာ ရ မည် ဟု ဆို သည်။( တခြား ကိစ္စ တွေ တော့ မသိ။ )လူငယ် တွေ ကလည်း..သူတို့ သိပ် ကံကောင်း သည် ဟု ပြော ကြ သည်။ တရုတ် ကွန်မြူ နစ် အစိုး ရ က.. Valentine Day ကို ပင်.. တရားဝင် ရုံး ပိတ် ရက် အဖြစ် ..မကြာခင် က မှ..သတ်မှတ် ပေး လိုက်သည်… တဲ့။ ဘာပြော ရ မှန်း တောင် မသိတော့။ အနောက် နိုင်ငံ တွေ မှာ တောင်.. ရုံး တော့ ပိတ် ပေး မည် မထင်။ အဲဒီ နေ့ မှာ..လူမြင် ကွင်း ထဲ..အနမ်း ပြိုင်ပွဲ တွေ ကြည့် ရမည်။ ဈေး ဆိုင် တွေ ရောင်း ကောင်း မည်။ တီရနန်မင်း ရင်ပြင် ရှေ့က..မော်စီ တုန်း ရဲ့ ဧရာမ ပုံ ကြီး ကတော့.. ပြုံး မြဲ ပြုံး လျက် ပါပဲ။

Photos

Image

China’s Me Generation

Today’s young Chinese are better educated and more worldly than ever. Portraits by Ian Teh for TIME

blog it

စီးပွားရေး အရင်..ဒီမို ကရေ စီ နောက် မှ

အမေ ရိကန် အပါ အ၀င် အနောက်အုပ် စု တွေ ကလည်း.. တရုတ် ရဲ့ တံခါးဖွင့် ခြင်းကို သတိ နှင့် စောင့် ကြည့် နေ ကြသည်။ ဈေးကွက် ကြီး က လည်း.. သားရေ ယို စရာ မို့.. စီးပွား ရေး တိုးတက် ပြောင်း လဲ လာ လျှင်..တဖြည်း ဖြည်း နဲ့..ဒီမို ကရေ စီ လည်း လိုက် လာ လိမ့် မည် ဟု.. ချော်လဲ ရော ထိုင်ကာ..အခါ တော် ပေး ကြည့် သည်။ ခု တော့..အားလုံး က ..သဘော ပေါက် စပြု လာ ပြီ။ အဲဒီ လို.. စနစ် တကျ မွေး မြူ ထား တဲ့.. Me generation တွေ နဲ့..ဘယ်လို ဒီမို ကရေ စီ ကြ မလဲ..။ ခု တင်က.. ၃ ယောက် ထဲက.. တယောက်က ဆိုရင် ..နိုင်ငံရေး နဲ့ပတ်သတ် လို့..ဘာမှ လုပ် လို့မရ ဘူး..လုပ်စရာ လည်း မရှိဘူး..ပါ လည်း မပါဘူး ဟု ဆို သည်။ ၈၉ ခု နှစ် တီရနန်မင်း ရင်ပြင် အရေး တော်ပုံ ဖြစ် တုန်း က..၁၁ နှစ် သမီး သာ ရှိ သေးတဲ့.. စာရင်းကိုင် အရာရှိမ ကတော့..` ကျောင်း သား တွေ လုပ်တာ ..ကောင်းပါတယ်..ဒါပေမဲ့.. ဖြိုခွင်း ဖို့ တော့..လိုမယ်လေ..´ လို့ ..ပေါ့ပါး စွာ ပြော ခဲ့သည်။ နောက် တယောက် ကတော့..` ခု..ကျမ တို့ လက်ရှိ ဘ၀ က..သိပ် ကောင်း ပါတယ်..ကျမတော့..ကိုယ့် အခွင့်အရေး ကိုပဲ စိတ်ဝင် စားတယ်.. စားသောက် ဆိုင် မှာ..၀န် ဆောင်မူ ကောင်း ကောင်း ရ -ရ မယ်.. ကိုယ်ဝယ် တဲ့ ပစ္စည်း တွေက..အရည် အသွေး ကောင်း မယ် ဆို..ပြီးတာ ပဲ ပေါ့..´ တဲ့။

လူတန်းစား တိုက်ပွဲ ပြီး တော့..လူတန်းစား တိုက်ပွဲ

တကယ် တော့..အဲဒီလို ..ငါ တို့ တော့..ကံကောင်း လှပီ ဟု.. ကျေ နပ် ပီတိဖြာ နေ ကြ သော Me Generation များ နှင့် မြို့နေ လူတန်းစား တို့၏ ကြွယ်ဝ ပြည့်စုံ မူ များ သည်.. ဝေးလံ ခေါင် ဖျား ဒေသ တွေ က..တရုတ် လယ်သမား ကြီး များ၏ ..ချွေး များ အခွင့်အရေး များ နှင့် ဖလှယ် သုံးစွဲ နေခြင်း ဖြစ်ကြောင်း..သတိ မူ မိသူ ရှားပေ လိမ့် မည်။ ဒါ က..ပါတီ အထူး ကေဒါ များ ၏ ကျွမ်းကျင် သော မျက် လှည့် ပြ ကွက်။ တချိန် တည်း မှာပဲ.. ကျေးလက် နေ ပြည်သူ တွေ ရဲ့ ဘ၀ ကို မြှင့် တင် ဖို့ ..လူတန်း စား ကွာ ဟ မူ လျှော့ ချ ဖို့..စီမံကိန်း များ လုပ် နေသ ည် ဟု.. အော် ထား လိုက် သည်။ ဟိုဖက် လျော့ လိုက်..ဒီဖက် တင်း လိုက်..ချိန်ဆ ..ကစား နေ သော် လည်း.. ဒီပွဲ မှာ..တခုခု တော့..မှား နေသည်။ ရှန် ဟိုင်း ပီကင်း မြို့ ကြီး တွေရဲ့ အထပ်မြင့် အဆောက် အဦ ကြီး တွေ.. ကုန် တိုက် ကြီး တွေ..စက်ရုံ ကြီး တွေ ရဲ့ နောက် က.. ညစ်ညမ်း လေထု တွေ နဲ့ မှိုင်း ဝေ နေတဲ့ ကောင်း ကင် ကြီး တွေ ဆီမှာ.. ဆင်းရဲ မွဲ တေ … မကျေ နပ် သံ တွေ..ခပ် ကျယ် ကျယ် ပင် ပဲ့တင် ထပ် နေ ခဲ့ တာ အတော် ကြာ ပေ ပြီ။ လူပေါင်း သန်း ၂၀ လောက် သေကျေ ခဲ့ တဲ့ ..ယဉ်ကျေးမူ တော်လှန် ရေး..လူတန်းစား တိုက်ပွဲ ကြီး ရဲ့.. အရိပ် မဲ ကြီး တွေ က..ခြောက် လှန့် နေ လို့သာ။

လုပ်ချင် တာလုပ်..ဒါတော့ မလုပ် နဲ့…

ဇာဂနာ ၏ ပြတ် လုံး အတိုင်း ပါ ပေ။ တရုတ် ပြည် မှာ လည်း .. လုပ်ချင် တာလုပ်.. ။ အင်တာနက် ကဖေး မှာ.. loving technique ဆို တာ မျိုး ပေါ် တင် ကြည့် မလား…မထူး ဆန်း။ ဒါပေမဲ့..တီရနန်မင်း ကျောင်းသား လှုပ်ရှား မူ ဆိုရင် တော့..ဆောရီး ။ မော်စီတုန်း နှင့် မာ့က်ဇ် အကြောင်း မှ..လူ တွေ ..စိတ်မ၀င် စား တော့ တဲ့ အတူတူ.. ဘာသာရေး ကို ရော..ဘာလုပ် နှိပ်ကွပ် နေ တော့မလဲ..။ ဒါပေမဲ့..ဘာသာ ရေး က.. အသင်းအပင်း ယဉ်ကျေး မူ တွေ အားကောင်း လာ နိုင် သည်။ လူမူ ရေး လုပ်ငန်း တွေ ပါလာ မည်။ (သူတို့ အပြော) ချောင်ခြို ချောင် ကြား က..ဆင်းရဲ ငတ်ပြတ် ..ဒုက္ခရောက် နေ သူ တွေကို..ဆွဲထုတ် ပြီး လူမူ ရေး တွေ လုပ် လာ ရင်..အရှက် ကွဲ ရ ဦး မည်။

တရုတ် နဲ့ မြန်မာ ဟာ.. တော် တော် များများ မှာ..သွား တူ နေ ပြန် သည်။ တူ ပေမည် ပေါ့ ..။ ..စီမံ အုပ်ချုပ်မူ နည်း က..တခု ထဲ လို့ပင် ပြော ရ မလောက် ကိုး။ မြန် မာ ပြည် မှာ တော့..ကံကောင်း တာလား..ကံဆိုး တာလား မသိ….. တရုတ် မြို့ပြ Me Generation များ ရဲ့ ဆပ်ပြာပူ ပေါင်း လှ လှလေး တွေ .. သိပ် မ ရှိ ပါ။ တကယ်တော့.. မရှိ နိုင် ခြင်း ပါ။ အဲ ဒီ ပူပေါင်း လှလှလေး များ ကို .. မှုတ် ပေး နိုင် လောက် သော စီးပွားရေး ရင်း နှီးမြုတ် နှံ လုပ်ကိုင် မူ တွေ..မရောက် လာ နိုင် ခဲ့ပါ။ ဒါ ကြောင့် ပင်.. တခြား ဘာ မှ ဂ ရု မစိုက် လှ သော် လည်း.. နိုင်ငံ တကာ ကနေ…. ဖိ ထား သော အမြီး လေး ကို ..နဲနဲ လောက် ကြွ ပေး စေ ချင် နေ သည်။ သူ တို့လည်း..ဆပ်ပြာ ပူပေါင်း လေး တွေ..တအား လို အပ် နေသည်။ ခု တော့..နည်း လမ်း ခြင်း တူ ပေမဲ့ လည်း.. မြန်မာ မျက် လှည့် ပွဲ က တော့..ကြည့် လို့ မကောင်း လောက် အောင်..ကသောင်းကနင်း ဖြစ် နေ သည်။

—————————————————–
( မြန်မာပူပေါင်ေးလးများ ဘယ်ရောက်နေလည်း ဆိုသော..ခေါင်းစဉ် နှင့်.. ရေးသားထားသော နောက်ဆုံး အပိုဒ် အား.. ..နားလည်မူ လွဲနိုင် သော..အညင်းပွားဖွယ်..မှတ်ချက် များကြောင့်.. ပြန်လည်..ရုတ်သိမ်း လိုက်ပါ တယ်။ )

ကိုးကား-
“China’ s Me Generation ” by Simon Elegant – ၂၀၀၇ ဇူလိုင် လ ထုတ် Time Magazine
Sexual Revolution via SBS TV Channel

Me Generation

Filed under: Reviews — kaythwe @ 2:18 am

March 23, 2008

>ပထမ အကြိမ် — စိုးရွံ့ ပူပန် ခြင်း —- အီစတာ တနင်္ဂနွေ

Filed under: Events,Inspiration — kaythwe @ 7:12 am

>

ပထမဆုံး အကြိမ် စင်ပေါ် တက်ခြင်း..ပထမ အကြိမ် နိုင်ငံခြား ခရီး စဉ်… ပထမ ရည်းစား စသည်ဖြင့်.. ဘ၀ မှာ..ပထမ တွေ များ လှ သည်။

များ သော အား ဖြင့် လည်း ..ပထမ အကြိမ် တွေ ဆိုတာ..အဆင် ချော လှ တာ မဟုတ်။ This is not the first time လို့ပင်..ဆို စကား ရှိ သည် မဟုတ် လား ။ ဒါ တောင်..ဖြစ်စဉ် ခြင်း ကတော့..တူတူ ပေမင့်.. ဒီ ဒေသ ဒီ နိုင်ငံ ထဲမှာ မှ..ပထမ အကြိမ် ..ခရီးထွက် ခြင်း.. ပြောင်းလိုက် တဲ့ အလုပ် ထဲ မှာ မှ..ပထမ ဆုံး ရုံးတက်တဲ့ နေ့ ဆိုတာ တွေ လည်း.. ရှိ သေး သည်။

အဲဒီ ပထ မ အခေါက် ဆို တာ တွေ တိုင်း မှာ လည်း.. စိုးရိမ် ပူပန် မူ တွေ..လူတိုင်းမှာ..။ ဘာ တွေ တွေ့ကြုံ ရမယ်.. ဆိုတာ မှ မသိနိုင်ပဲ လေ..။ ကြိုတင် ပြင် ဆင် ထား သလောက် မ ခက် ခဲ သလို..ထင် သလောက် မလွယ် တာ တွေ ကလည်း..ရှိ ခဲ့ ကြ ပေ မည်။ ပြီး တော့လည်း.. အရာ ရာ ဟာ..သူ့ဟာ နဲ့သူ..အသား တကျ ရှိသွား ခဲ့ သည်သာ။ ဖြတ်သန်း ခဲ့ ရတဲ့..ပထမ အကြိမ် တွေ ကို သာ.. နှလုံး နွေး စရာ တွေ .. အသဲ အေး စရာ တွေ.. ရှက် နောင် တ တွေ.. သင်ခန်း စာ တွေ.. အဖြစ် နဲ့ …သိမ်း ဆည်း ထား လိုက် ပေတော့။

ပထ မ ဆုံး အကြိမ် ကျောင်း သွား တဲ့ နေ့..

အမေ က..ကျောင်း ဆရာ မ မို့ ..ကျောင်းတက် နေ ရ လို့..အဒေါ် လိုက်ပို့ သော.. ၀လုံးတန်း ( သူငယ် တန်းမရောက်ခင်) အခန်း ငယ် လေး ထဲ က.. ခုံ လေး တွေ ရယ်.. ချော့မော့ လေ့ ရှိ တဲ့..တရုတ် ဆရာ မလေး ရယ်..ကိုသာ..မပီ ၀ိုး ၀ါး… မှတ် မိ တော့ သည်။

ပထ မဆုံး အကြိမ် တက္ကသိုလ် တက် တဲ့ နေ့…

အတိ အကျ မမှတ် မိ တော့ပေမဲ့.. နယ် မြို့ လေး က..ရောက်လာ တဲ့.. အူကြောင်ကြား ကောင်မလေး တယောက် ရယ်.. ဘာ မှန်း မသိ ခဲ့ တဲ့.. ဒါပဲ သင်ခွင့် ရှိတယ် ဆို တဲ့.. ကျောင်း သင်ခန်းစာ တွေရယ်.. သူငယ်ချင်း အသစ် တွေ ကို ဘယ်လို မိတ်ဖွဲ့ ခင်မင် ရမှန်း မသိ ခြင်း တွေ ရယ်… ငိုချင် စရာ ကောင်း နေခဲ့ တာ တော့..သေချာ လိုက် သမှ။ နောက် တော့လည်း..ဒီ ကျောင်း ကြီး ကို မှ မခွါနိုင် ခဲ့..ဒီသူငယ်ချင်း တွေကို မှ..မခွဲ နိုင် ခဲ့။

ပထမ ဆုံး အကြိမ်.. ရည်စား ထား ခြင်း.

အဲဒါ လည်း..ငိုချင် စရာ ကောင်းခဲ့သည်။ ဘာ ကြောင့် လည်း မသိ..ပန်ဒိုရာ ပြောသလို ..ရည်းစား ထား ခြင်း သည် ..အပြစ် တခု လို့.. ဦးဏှောက် ဆေး ခံ ထား ရ လို့ လား မသိ။ ဒါ တောင် တက္ကသိုလ် နောက် ဆုံး နှစ် မှာ မှ..ထား မိ တာပါ။ နောက် တခု က.. သူငယ်ချင်း အုပ်စု တွေ နှင့်.. အီကြာ ကွေး တွေ..ပလာတာ တွေ ရိုက် ကာ.. သောင်းကျန်း လို့ အကောင်း ဆုံး အချိန် မှာ..နံပတ် ချိတ် လိုက် မိတာကို.. ကိုယ့်ဖာ သာ နှ မြော နေ တာ လည်း ဖြစ် မည်။ သေ ချာ တာ တော့.. ဒီ ရည်း စား က..ငါ ထင် သလောက် ..သင့်တော် သူ ဖြစ်ပါ့ မလား ..ဆို တဲ့..စိုးရိမ် ပူပန် မူ ပါ။ ဆိုင် က..ဖရဲသီး တလုံး ကို.. ဇွန်း လေး နှင့် အပေါက် ဖောက် ၍ သာ..ကြည့် ၀ယ် ခဲ့ ရပေမဲ့.. အိမ် ရောက် မှ ပဲ..အထဲကို ခွဲ ကြည့် နိုင် တာကိုး။ ( အင်း..ခွဲ ကြည့် လို့ ရတော့ လည်း.. ပြီး တော့ လည်း…ပြီးသွား တာပါပဲ )

ပထမ ဆုံး အကြိမ်.. နိုင်ငံ ရပ် ခြား ခရီး.

စထွက် တုန်း က… ထုံး စံ အတိုင်းပါပဲ..မိသားစု ဆွေမျိုး တွေက..သိုက် သိုက် ..သိုက် သိုက် နဲ့ လိုက်ပို့ကျ..။ လေ ဆိပ် ဆင်းဖို့..စပါယ်ရှယ် ချုပ်လုပ် ထားတဲ့ အ၀တ်အစား တွေက..ခပ် တောင့် တောင့်..။ ဖိနပ်က ပေါက်ချင် သလို။ ဗိုက် ဆာ သလို။ ဟို ရောက် ရင်.. လေယဉ် ပေါ် က..နေ..ပြွန် ကြီး နဲ့ ဆင်း လိုက်.. တခါ ထဲ..လေဆိပ် ထဲ ရောက် သွားရော.. သူ များ တွေ သွား သလို လိုက် သွား လို့..ဦး လေး လုပ် သူ က ပြော လေ.. ဘယ်လို ပုံစံ ကြီး မှန်း..မြင်ယောင် ကြည့် လို့..မရလေ.. စိုးထိတ် မိလေ..။ အရေး ထဲ.. မိသား စု ကို ကြည့် ပြီး ငိုချင် နေရ တာ က..တမှောက်။ နောက် တော့ လည်း..ဒီ လေယဉ် ကြီး တွေ ..လေဆိပ် ကြီး တွေ ကို.. သာမန် အ၀တ် အစား နဲ့..ပေါ့ပေါ့ပါး ပါး …အကြိမ် ပေါင်း များ စွာ ဖြတ်လို့။

ပထမ ဆုံး အလုပ်…

ပြည်တွင်း မှာ တနှစ် လောက် လုပ်ခဲ့ သည်။ တွေ့ ရပါ့.. နားမလည် ခြင်း တွေ.. ရှက်စရာ တွေ..အမှား တွေ.. အပုံလိုက်။ အလုပ်ကို ကိုယ် ပြင်ဆင် တာက တခြား.. အင်တာဗျူး ခန်း ထဲ ရောက် မှ..မျက် လုံးစိမ်းစိမ်း နဲ့ ဘို မကြီး တွေ့တော့..လန့်လိုက်တာ။ အိုး မနင်း..ခွက် မနင်း ယုံ လေး ပဲ။ နောက်ထပ်..အလုပ် တွေ..။ ပထမ ဆုံး အလုပ်ဆင်း ခြင်း တွေ။ ဆက်ဆံ ရေး အသစ် တွေ.. ။ အလုပ် သွားဖို့.. ကားလမ်း ကြောင်း အသစ် တွေ။ အခက် အခဲ အသစ် တွေ။ စိုးရိမ် မူ အသစ် တွေ။ ပြီး တော့ လည်း..ပြီး ပြန် တာ ပါပဲ။

အခု လည်း.. ပထမ ဆုံး တခု စီ ခြေ လှမ်း ပြင် မိပြန် ပြီ။ ဖြတ်သန်း ရ ဦး မည်။ စိုး ရိမ် ပူ ပန် ရ ပြန် သည်။ တွေ့ ဆုံ ခြင်း တွေ.. ပြော ဆို ခြင်း တွေ.. လေ့လာမူ တွေ..ရေး ရ ချွတ် ရ မည့် အရေး တွေ။ ပြီး တော့ လည်း .. ရိုးသွား.. ယဉ် ပါး သွား မည့် ကာ လ တခု ကို ရောက် သွား မှာပါ လေ လို့.. ကိုယ့် ဖာသာ အားပေး ပေါ့။

ပထ ဆုံး အကြိမ် တွေ မှာ ကြုံ ရ တတ် တဲ့..ရင်ဖို ခြင်း တွေ အကြောင်း တွေးရင်း.. အီစတာ တနင်္ဂ နွေ ပိတ်ရက် ကို စိတ် ရှိ လက်ရှိ ခံစား နေမိသည်။ အီစတာ ဆို တာ ဘာမှန်း မသိပေမဲ့..အီစတာ တနင်္ဂ နွေ ဆိုတာ တော့.. Good Friday မှာ ကားတိုင် တင် အသတ် ခံ လိုက် ရတဲ့..ခရစ်တော် ယေရှု ..ရှင် ပြန် ထ မြောက် ရာ.. သုံး ရက် မြောက် နေ့ ဆို တာ တော့ သိသည်။ အဲဒီ အချိန် တုန်း ကလည်း..ခရစ် တော် တယောက်..ပထမ ဆုံး အကြိမ်..သေခြင်း တရား..နာခြင်းတရား နှင့် ရင်ဆိုင် ကြုံ တွေ့ ရမည့် အရေး.. ဥယျဉ် ထဲက..သစ်ပင် အောက်မှာ..ညဉ့်ဦးယံ တလျှောက်လုံး.. တယောက် တည်း .. ကြောက်လန့် တုန်လှုပ် နေခဲ့တာ.. Passion ရုပ်ရှင် ထဲ မှာ.. ကြည့်ခဲ့ ရဘူးသည်။ ခု တော့ လည်း.. သူ ရှင်ပြန် ထ မြောက် ခဲ့သည်။ သူ..ရင်ဆိုင် ဖြတ်သန်း ခဲ့ သည်။ ပြီးစရာ တွေ..ပြီး မြောက် သွား ခဲ့ ပေ ပြီ။

( Ester Memorial)
Image

ပထမ အကြိမ် — စိုးရွံ့ ပူပန် ခြင်း —- အီစတာ တနင်္ဂနွေ

March 12, 2008

>၀မ်းနည်း..အောက်မေ့..ဂုဏ်ယူခြင်းတွေ……..

Filed under: bits of thought — kaythwe @ 5:14 pm

>

ဝမ်းနည်းခြင်း နဲ့ အောက်မေ့ ဂုဏ်ပြု ရခြင်း တွေ..များသထက် များ လာတယ်..

စိုင်းထီးဆိုင် အသေ စောတယ်။ ဘာဖြစ်လို့
..စိုင်းထီး ဆိုင် မှ..အရင် သေရတာလည်း… (မသိ) ။ သူ က..အဆိုတော် သက်သက် မဟုတ်။ ခေတ် တခေတ်ကို ရှာဖွေ သူ..တင်ဆက်သူ.. ထိန်းသိမ်းသူ.. ဖန်တီးသူ..။ သူ အောင်မြင်နေ ခဲ့တာ..ဆယ်စုနှစ် ( ၄) ခု တိုင်။ ဆရာ စိုင်းခမ်းလိတ် တို့..သူတို့ အုပ်စု စပ်ဆို ယူဆောင်လာပေး တဲ့ သီချင်း မျိုး တွေကို..ဘယ်မှာ မှ ရှာ လို့မတွေ့။ ဘာ ဂီတ ရယ်လို့.. ယေဘုယျ ချ လို့မရ။ အရေ အတွက် ပေါင်း.. များစွာ။ ထူးအိမ်သင် ပြော သလို ဆို ရင်တော့..ဆရာ စိုင်းခမ်းလိပ် တို့ မှာ..ဦးဏှောက်ထဲက..ဖန်တီးမူ အရည် ကြည် လေး တွေ ..တော် တော်နဲ့မကုန် နိုင် တာ ဖြစ်မည်။ သူတို့ တွေ အားလုံး ရဲ့ ရိုးသားခြင်း တွေ နဲ့ အမှန်တရား ကို မြတ် နိုးခြင်း တွေ ဟာ.. သီချင်း တွေ အဖြစ် နဲ့..ဟောဒီ မြန်မာ ပြည် ကြီး ထဲမှာ.. လှိုက်လှိုက် လှဲ လှဲ တည် မြဲ နေ ရစ် တော့ ပေပြီ။

Image

ဘုန်းမော် နှင့် ကိုစိုး နိုင် တို့ သေဆုံး ( ကျဆုံး) ခဲ့ တာ လည်း.. အနှစ် ၂၀ တိုင် ခဲ့ပြီ ကော။ သူတို့ သည် ..သာမန် တက္ကသိုလ် ကျောင်းသား လေးများ ဖြစ် ကြသည်။ သို့သော် လည်း..မြန်မာ့ သမိုင်း ကို ..သွေး နဲ့ မော်ကွန်း ထိုး ခဲ့ သည်။ သ မိုင်း ၀င် အထင် ကရ.. မြန်မာ့ လူ့အခွင့်အရေး နေ့ ဆို တာကို ..ဖြစ်ပေါ် ခဲ့ပေ မဲ့လည်း..သမိုင်း စာအုပ်ပေါ် မှာ..မရှာ တွေ့ နိုင် ရသေး။

Image

တနေ့က..ဒေါ် စု ကို အပြုံး တချို့ နှင့် တွေ့ လိုက် ရလို့… စိတ်တချို့ တော့.. ချမ်းသာ မိ သည်။ သူ မ ..ကျန်းမာ ပါစေ။ သူမ ပုံ တွေ ဆီက..ရနိုင် သမျှ သော.. သင်္ကေတ တွေ.. ခံစား မူ တွေ ကို.. ရှာ ဖွေ နေ မိသည်။ အနီ ရောင် ဆိုတော့.. ရဲရင့်ခြင်းလား။ သူ မ ၀တ် ထားတဲ့.. ကရင် လုံခြည် ( အဆင် သစ်) အနီ ကလေး ကရော.. ဖဒို မန်းရှာ အတွက် ..၀မ်းနည်း ခြင်း အထိမ်း အမှတ် လေ လား…..။

ဝမ်း သာ ခြင်း တွေ နှင့်… အောင်မြင် ခြင်း တွေ ရော…လာပါတော့…။

Image

ဝမ်းနည်း..အောက်မေ့..ဂုဏ်ယူခြင်းတွေ……..

Next Page »

Blog at WordPress.com.

Design a site like this with WordPress.com
Get started