K for Kay

October 31, 2008

>ဧည့်ရိပ်သာ

Filed under: poems — kaythwe @ 6:54 am

>

ခုရက်ထဲ..ကဗျာ အရူးထနေတာ မဟုတ်ပါဘူး။ စာဖတ်သူ Hush က- ထပ်ပြီး ဝေမျှပေး လို့- အကြောင်းကလည်း တိုက်ဆိုင်တုန်း..၀ါသနာကလည်း မနေသာ သမို့- လျှောက် ပြီး စကားဖလှယ်ကြည့်နေတာပါ။ တော်ကြာ မောင်သာနိုးတို့မြင်ရင်..အိမ်မက်ဆိုးတွေ မက်နေမှာ လည်း စိုးရတယ်။း)

ကိုယ်က..စာကြီးပေကြီးလည်း သိပ်မဖတ်ဘူးတော့..အခုလို..တကူးတက..ဂန္ဓ၀င်စာပေ လင်္ကာတချို့ ကြုံကြိုက် ဖတ်ရှုရတာ..အတော့်ကို ကျေးဇူးလည်း တင်ပါတယ်။ Rumi ဆိုတာ..၁၁ ရာစု လောက်က..ပါရှန်း ကဗျာဆရာ ကြီး ဆိုတော့..အတော် ဂန္ဓ၀င် မြောက်နေပြီပဲ။ လောက သားကောင်..လူ့သဘာဝ..တွေကို လွတ်လွတ်လပ်လပ် ကြီး အခွင့်ပေး စပ်ဆို ထားတာတွေကိုး။ ဒါပေမဲ့.. ထိန်းချုပ်ခြင်း..စောင့်ထိန်းခြင်း..ကျင့်ကြံခြင်း ဆိုတဲ့ သီလတရား ကိုတော့..ခါးသက်လို့လားတော့မသိ- သူဘာလို့ ထဲ့ မစပ်ဆို ခဲ့သလည်း လို့လည်း တွေး မိတယ်။ ကြည့်ရတာ- ရှေးဦး အိပ်ဇစ် ဘိုးအေ ကြီး တယောက် ဖြစ်လိမ့်မည် ။ အိပ်ဇစ် ကတော့..လူဆိုတာ စဖြစ် ကတည်းက.. အိပ်ဇစ် ပဲလေ။ ဒါပေမဲ့..အကန့်အသတ် အတားအဆီး မဟုတ်ရင်တောင်..စည်းဘောင်တခု တော့ ရှိသင့်တယ် မဟုတ်လား။

ဘာပဲပြောပြော- ခံစားဘာသာပြန်ကြည့်လို့တော့ .. ကောင်းသားပါ။

The Guest House

This being human is a guesthouse.
Every morning a new arrival
A joy, a depression, a meanness,
Some momentary awareness comes
As an unexpected visitors.

Welcome and entertain them all !
Even if they’re a crowd of sorrows,
Who violently sweep your house
Empty of its furniture,
Still, treat each guest honorably.

He may be cleaning you out
For some new delight.

The dark thought, the shame, the malice,
Meet them at the door laughing,
And invite them in.
Be grateful for whoever comes,
Because each guest has been sent
As a guide from beyond.

(Rumi)

++++++++

ဧည့်ရိပ်သာ-

ဒီခန္ဓာကိုယ် ကြီးက ဧည့်ရိပ်သာ ဆိုတော့
နေ့သစ်တိုင်းမှာ သူတို့ရောက်လာ ပေါ့-
ပျော်ရွှင်မူ- စိတ်ပျက်မူ- တွန့်တိုမူ တဲ့လား
တဒင်္ဂ အခိုက် သတိရှိရင်တောင်
မမျှောင်လင့်တဲ့ ဧည့်ယောင်ဆောင် လို့။

အားလုံးကို ကြိုဆို ဧည့်ဝတ်ပြုရဲ့-
နင့်ရိပ်သာထဲက..ရှိသမျှ-ပရိဘောဂ
သူတို့က-ဒလကြမ်း မွှေနှောက်-
မဖြေဖျောက်နိုင်တဲ့ ပူဆွေးမူ တထွေးကြီး ဆိုရင်တောင်-
တယောက်စီ တိုင်းကို- ဂုဏ်သရေ ရှိစွာ
လက်ဆွဲ နှုတ်ဆက် လိုက်ပါလေ။

ကျေနပ်ဝမ်းမြောက်ခြင်းတွေလည်း ခြင်းနင်းဝင်ရောက်-
ဖြေဖြောက်လို့ပေးဦးမတဲ့-

အတွေးညစ်ညစ်- ရှက်ရွံ့ခြင်း နဲ့ မလိုတမာ မာန်မာနတွေ-
တံခါးဝမှာ ပြုံးလို့ရောက်လာ-
ဖိတ်သာ ဖိတ်ခေါ်- ပျော်ချင်လည်း ပျော်ကြ-

ဘယ်သူတွေ ပဲလာလာ- ကျေနပ်ဝမ်းမြောက်ပါလေ
နင့်ဂေဟာကို စောင့်ကြပ်ဖို့ သူတို့တွေကို-
စေလွှတ်လိုက် တာ မို့ပါ။

++++++

ဤလူသား ခန္ဓာသည်- ဧည့်ဂေဟာတခု
တမိုးသောက်တိုင်း- ဧည့်သည်သစ်တို့ ရောက်လာစမြဲ
ပျော်စရာ- ၀မ်းနည်းစရာ- ရွံမုန်းစရာတွေနဲ့
တချို့သော တဒင်္ဂ အသိတရားများဟာ
မမျှော်လင့်ထားတဲ့ ဧည့်သည်များလို-

ဧည့်ခံ ကြိုဆိုလိုက်ပါ အားလုံးကို-

ဝမ်းနည်းပူဆွေးမူ ဧည့်သည် တသိုက်ဟာ
သင့်ဂေဟာကို အကြမ်းဖက်လို့-
ပရိဘောဂ တန်ဆာများကို
သုံးမရ အောင် ဖျက်ဆီးသည့်တိုင်
ဂုဏ်သရေ ရှိ ဧည့်သည်များ သကဲ့သို့
သင်ပြုစု စောင့်ရှောက်လိုက်ပါလေ။

ဧည့်သည်များဟာ သင့်ရဲ့ဂေဟာကို
အပျော်သစ်တွေနဲ့ နေရာချဖို့-
ရှင်းလင်းပေးတာ ဖြစ်နိုင်ကောင်းရဲ့။

မစ္ဆိရိယ- ဟီရိသြတပ-အာဂါတ
ရောက်ရှိလာသူ ဘယ်သူမဆို
ပရ၀ဉ်မှာ တွေ့ဆုံစည်းလို့
ရီမော ပျူငှါ ဖိတ်ခေါ်ပါလှည့်-

အကြောင်းဆိုသော်-
ဧည့်ကိုယ်စီကား- ကြမ္မာတံတိုင်း တနိုင်းဆီက
အကြောင်းဖန်ကာ ရောက်လာသူမို့။

( translated by Hush)

ဧည့်ရိပ်သာ

October 30, 2008

>မိတ်ဆွေများရဲ့စကားလုံးများ

Filed under: friends,poems — kaythwe @ 6:34 am

>

စိတ်ဝင်တစား ဘာသာ ၀ိုင်း ပြန်ပေး ထားကြတဲ့..မိတ်ဆွေများ ရဲ့ စာလုံး ရွေးချယ်မူလေး တွေပါ။

ဒါက- သူငယ်ချင်း ဆာဒူးကြီး က ပြန်ပေးတာပါ။

ငါကတော့ ဘာကောင်မှမဟုတ်ဘူးလကွယ့်
မင်းကရောဟေ့……..
မင်းလဲဘာကောင်မှမဟုတ်ဘူးပဲလား
ကဲ ဘာမှမပြောလိုက်နဲ့တော့
ငါတို့ ကနှစ်ကောင်ဖြစ်ပြီပေါ့
သိတယ်မဟုတ်လား ဒင်းတို့ ကမောင်းထုတ်နှင်ခွာမှာပ။
တစုံတယောက်ဖြစ်ဖို့ 
ဘယ့်ဂလောက် ငြီးငွေ့ထိုင်းမှိုင်းစိတ်ကျဖွယ်ဖြစ်………
ဘယ့်ဂလောက်လူမြင်သူမြင်လူပုံအလယ် ဖြစ်ရ……
တစ်နေ့တာရှည်လျှားလှ …
မင်းဘယ်သူဆိုတာ
ဖားတကောင်လို နှစ်လိုတပ်မက်
စိမ့်မြေနုန်းလွှာကို နှုတ်ဟမြည်ကြွေးရပေါ့…။

+++++

ငါဘာကောင်မှ မဟုတ်ဘူး…
မင်းလည်း ဘာကောင်မှ မဟုတ်ဘူးလား…
ဒါဆို တို့ နှစ်ယောက်ရှိနေတယ်ဆိုတာ လျှောက်မပြောပါနဲ့…
ငါတို့ မောင်းထုတ်ခံရမယ်၊ သိလား။
တကောင်ကောင်ဖြစ်ရတာ ဘယ်လောက် စိတ်ညစ်ဖို့ကောင်းလဲ။
ရွှံ့နွံတွေ ကြည်ညိုမှုရအောင်
ဖားတကောင် မသေမချင်း
သူ့နံမည်သူ အတင်း အော်နေသလိုမျိုး… ….

( ကိုအောင်သာငယ်)

(တတ်နိုင်သမျှ ကဗျာဆန်အောင် ကြိုးစား ဘာသာ ပြန်ကြည့်ပါသည်။ bog မှာ သာမန်ကြည့်လျှင် မြေမာဟု ထင်ရသော ရွှံ့နွံဖြစ်သဖြင့် အနှစ်မရှိသူများကို တင်စားသည်ဟု ထင်ပါသည်။)

+++++

ကိုမောင်ရင ကတော့..ခေါင်းစဉ်လေးပါ..ထဲ့ပေးသွားတယ်။ ( ညီမလေး မေ ကတော့.. လက်ခုပ်ထဲက..ဖားသူငယ် လို့ ပြောသွားပြန်တယ်)

“နာမည်ကြီး”
ငါ……ဘာကောင်မှ မဟုတ်
မင်းလဲ……ဘာကောင်မှ မဟုတ်ဘူးတဲ့လား
ဒါဆို..တို့ နှစ်ယောက် တစ်စုံ ဖြစ်ကြောင်းလျှောက်ပြောမနေနဲ့ ဦး..
သိတယ်ဟုတ်
ဒင်းတို့ ပေးမှာက.. ငါတို့ အတွက် ပြည်နှင်ဒါဏ်..
နာမည်လေးတစ်ခု ရဖို့ ငြီးငွေ့ စရာကောင်းပုံများ
လူသိများတယ် ဆိုတဲ့အဖြစ်က
ကိုယ့်နာမယ်ကိုကိုယ် ချစ်တဲ့ ရွှံ့ ခွက်ကမ္ဘာလေးဆီ
တစ်သက်လုံး တိုင်တည် နေရတဲ့ဖားသူငယ်လိုပဲလေ…
မောင်ရင်-

+++++

ဒါက- ကိုပီတ– အဆိုင်းမန့်ထပ်တာ နောက်ကျ ပေမဲ့..သူကတော့..ကာရံတွေညိ ထားတယ်။

ရှူး တိုးတိုး

ဘာမှမဟုတ်တဲ့ ငါ
အဖြစ်မရှိတဲ့မင်းနဲ့
နှစ်ယောက်ပေါင်းကာ လောင်းကျော်မယ်ကြံ
တိုးတိုးသက်သာလုပ်စို့
မဟုတ်ရင် တောထုတ်ခံရလိမ့်မယ်
အဲဒါတော့ သိတယ် ဟုတ်။
နာမည်ကြီးဆိုတာငြီးငွေ့စရာနေ့တွေနဲ့ရှုပ်
ဖားတစ်ကောင်လို
ကိုယ့်နာမည်ကို ဖော်ထုတ်
ရွှံ့မြေကြီးပေါ်မှာထိုင်ပြီး
အရှုပ်ထုပ်တွေမြုပ်နေရတာကွ။
+++++

ကိုပေါ ကတော့.. အားလုံးကို သံခိပ် ပေးလိုက်တယ်။ တိုတိုရှင်းရှင်း နဲ့ ပြုံးချင်စရာ လေးပေါ့။
ကိုပေါ ပြောမှ.. ဖားတအုပ် အပြိုင်အော် နေ သလိုဖြစ်နေပြီလား မသိ။ ဖား တွေက..အို-အွမ် နဲ့ ရင်ဖွင့်သလို..လူတွေကလည်း.. သရုပ်သကန် နဲ့ ရင်ဖွင့် တတ်ကြတာ ..သဘာဝမို့ မလွန် ဆန် နိုင် ကြပါလေ။း)
အညတရနဲ့ အထင်ကရ
လှပတဲ့ ကဗျာလေးတပုဒ်…
ဘလော့ဂ်ဖော်တအုပ်
အတော့်ကိုရှုပ်(ဒီမှာ…)
Frog လို မလုပ်ကြစမ်းပါနဲ့။

မိတ်ဆွေများရဲ့စကားလုံးများ

October 28, 2008

>ခေါင်းစဉ်မဲ့

Filed under: poems — kaythwe @ 4:57 am

>

သြော်- ဘ၀ အဓိပ္ပါယ်က..စလိုက်တာ.. ဆရာ သမား Hush က.. ကဗျာတွေ ပြိုင်ပြီး ဘာသာပြန်မယ်တဲ့။ တပုဒ် ပြီး တပုဒ် ပေးနေတယ်။ လာပြီဗျိုး။ ဘာ ရ မလည်း။း)
အာ- ကဗျာက..ခေါင်းစဉ်လည်း မပါ -ပါလား။ စိတ်ဝင်စားသူ များ..ခေါင်းစဉ်ပေး- ပေးကြပါ။

I’m nobody!
Who are you?
Are you nobody, too?
Then there’s a pair of us — don’t tell!
They’d banish us, you know.
How dreary to be somebody!
How public, like a frog
To tell your name the livelong day
To an admiring bog!
(Emily Dickinson )

တကယ်တော့ ငါဟာ ဘာမှ မဟုတ်ပါဘူးလေ-
နင်ကရော-
နင်လည်း ဘာမှ မဟုတ်ဘူး မဟုတ်လား-
ဒါဆို- ငါတို့ နှစ်ယောက် အတူတူပေါ့-
လျှောက် တော့ မပြောလေနဲ့
သူတို့က.. တို့ကို ကန်ထုတ်ပြစ်လိမ့်မယ်- သိလား

တပ်မက် စရာ ကောင်းလှတဲ့..ရွှံ့နွံတွေထဲမှာ-
ဖားတကောင်လို တအွမ်အွမ် အသံပေးရင်း-
တစုံတယောက် ဖြစ်ဖို့ –
နင့် သမိုင်းကြောင်းတွေ အဓွန့်ရှည်ဖို့ ဆိုတာ-

ဘယ်လောက်တောင် စိတ်ပင်ပန်းစရာ ကောင်းသလည်း လို့။

Image

ခေါင်းစဉ်မဲ့

October 27, 2008

>နှစ်ကိုယ့် တစိတ် (သို့) နှစ်စိတ် တကိုယ်

Filed under: bits of thought,Events,personal — kaythwe @ 7:14 am

>

အတွေး တွေရဲ့ အဆုံး မှာတော့.. ငယ်စဉ်..ဘုရားပွဲ တွေ မှာ မြင်ရလေ့ ရှိတဲ့.. `နှစ်ကိုယ့်တစိတ်´ လို့ခေါ်တဲ့ တဲ့ စက္ကူ ခေါင်းပွ အရုပ်ကြီးတွေ ကတာကို မြင်ယောင် နေမိတယ်။ တခြမ်းက..တိုက်ပုံ ပုဆိုး ကွက်ကြီး နဲ့ လူကြီးတယောက် ပြုံးနေ တာ။ လှည့် ကလိုက်တော့..နောက်တခြမ်းက.. နှုတ်ခမ်းနီ အပြဲသား နဲ့ မိန်းမကြီး။ ဘယ်လို သဘော နဲ့ ထွင်ခဲ့ ကခဲ့ ကြသလည်းတော့ မသိပေ။ ဟန်ဆောင်ပိရိယယ် များတတ် တဲ့ လူ့သဘောကို သရော် ချင်ခဲ့သလား။ နှစ်မျိုး နှစ်ထွေ ဖြစ်တတ်တဲ့ လူ့စိတ် တွေ ကို..သရုပ်ဖော် ချင် ခဲ့သလား။

တွေးနေ မိတာ ကလည်း.. တခြားမဟုတ်ပါဘူး။ ကိုယ့် အကြောင်း ကိုယ်ပါ။ ကိုယ်က ဘယ်လို လူမျိုးလည်း..ဘယ်နေရာမှာ..အားသာ ပြီး..ဘယ်နေရာမှာ..အားနည်းလည်း ဆိုတဲ့ ဆန်းစစ်မူ မျိုးကို.. သူ့အရွယ်စဉ် အတိုင်း..လိုအပ်လာတိုင်း..စောကြော နေ မိတတ်သူ။

မူလတန်းကနေ.. ဆယ်တန်း အထိ..အရီ အပြုံး မရှိသလောက် နဲခဲ့သူ။ စာအုပ်နဲ့ မျက်နှာ ခွါလေ့မရှိသူ ။ တယောက်တည်း..မြို့ထဲကို ထွက် စက်ဘီး မစီး ၀ံ့သူ။ ဈေးမ၀ယ် တတ်သူ။ အလှူ ပွဲ လမ်း မဆင်နွှဲတတ် သူ။ အဲလို လူမျိုးကို Introvert (ဖာသာလ၀ါ နေတတ်သူ) လို့ ..သတ်မှတ် ရင်လည်း..တနည်းတော့..အကျုံးဝင်နေ မှာပဲ။ ဒါပေမဲ့..အဲလို ဘာသိဘာသာ နေတတ်တဲ့ မြုံစိစိလူမျိုး မဖြစ်ချင်တာတော့..သေချာသည်။

၅ တန်း နှစ်က စပြီး..ကျောင်းမှာ..အင်္ဂလိပ်ကဗျာ ရွတ်ပွဲ တွေကို..ဆရာကြီးက..စနစ်တကျ စလုပ်ပေး ခဲ့တယ်။ ။ အတန်းပတ်လည် အတွက်..ဆရာမ တွေက.. အားကိုးပေမဲ့.. မှုန်တေတေ မျက်နှာပေး ကြောင့် တကြောင်း..ကိုယ်တိုင်ကလည်း အကြောက်အကန် ငြင်းတာက တကြောင်း မို့.. မပါဖြစ်ခဲ့ဘူး။ အဲဒီ နှစ်က.. ကိုယ့်အထက်က..အမက.. Grandfather’s Clock ဆိုတဲ့ ကဗျာ နဲ့..၀င်ပြိုင်တော့..တိုက်ပုံအကျီ င်္ နဲ့ နှုတ်ခမ်းမွေး နဲ့..နောက်မှာ..နာရီ ပုံကြီးလည်း..လုပ်ပေးထားတာ.. အကျ အန။ ပထမ ရပါလေရော။ သူက..အိမ်မှာလည်း..စာကျက်ဆိုရင်သာ..အိပ်ငိုက်တတ်တာ။ အပြင်သွားဖို့..ဘာဝယ်ဖို့ ညာဝယ်ဖို့ ဆို..ဖင်ကပေါ့။ မျက်နှာကလည်း..မပြုံးပဲနဲ့ကို…အလိုလိုပြုံးနေသလို မျိုး။ ဖြစ်ချင်တာကလည်း..ကာတွန်းဆရာမ တဲ့။

ထားပါတော့..။ နောက်နှစ်ကျ တော့.. ဆရာမ တွေက..` ကဲ..မမ တောင် လုပ်နိုင်တာ..ကြည့်စမ်း..သွား-အခုနှစ် ပါရမယ်´ဆိုပြီး ဖြစ်ရော။ စိတ်ထဲ မှာ လည်း…အင်း- သူများတွေ လည်း..လုပ်နိုင်တာပဲ.. ငါ့အမ တောင်လုပ် သေးတာ.. ငါလည်း ဖြစ် မယ် ထင်ပါတယ် ..ဆိုပြီး..၀င်ပြိုင် တော့တာပေါ့။ ငါ လုပ်နိုင် ရမှာပေါ့ ဆိုတဲ့ စိတ် ..တကယ့် နှလုံးသား ထဲကတော့..မရဲ တဲ့..မလုပ်ချင်တဲ့ စိတ် .. စိတ် နှစ်ခုက..တွန်းထိုး ငြင်းခုံ နေ ရင်း နဲ့ပဲ..စင်ပေါ် ရောက်သွား တော့တယ်။ ကဗျာလေးက.. Ms Polly တဲ့။ မှတ် မိသေးတယ်။ မစ္စပေါ်လီက..သူ့ ဒေါ်လီ အရုပ်ကလေး နေမကောင်းလို့..ဆေးခန်းသွား တာပေါ့။ ရုပ်ကလည်း..တကယ့် stone face မျက်နှာသေ နဲ့.. နေမကောင်းတဲ့အရုပ်ကို ပိုက်ထွေးပြရမဲ့ အစား..ဘုတ်ကနဲ အောက်ပြစ်ချ လိုက် မိ တော့ သွားတာပေါ့။ မရဲ ပဲ ကျွဲပြဲ စီး လိုက်တာ..အောက်က လူတွေမှာ..တ၀ါးဝါး တဟားဟား။ ဆရာမ တွေ မှာ.. နှစ်သိမ့်ဆု လေး မနဲ တပ်ပေး လိုက်ရတယ်။ အဲဒီ နှစ်က.. အမ ကတော့..ထုံးစံ အတိုင်း..မိကျောင်းခေါင်းစွပ်ကြီး စွပ်လို့.. Crocodile ကဗျာ နဲ့ ပထမပဲ။

တော်ပြီ။ သိသွားပြီ။ အဲဒါ မျိုး..လုံးဝ လုပ်လို့ မရ။ နောက်နှစ်တွေ လုံးဝ မပါတော့။ ဒါပေမဲ့လည်း.. အရွယ်ရောက်လာတော့..လှတ ပတ ၀တ်ပြီး..လပ်လျား လပ်လျား လုပ်ရတာ.. နဲနဲ တော့..စိတ်ဝင်စား လာ ပြန်သေးတာပဲ။ အင်းလျား ဆောင် ညစာစားပွဲ..အဖွင့် သီချင်းတွေ ဘာတွေ..တက်ဆို ဖို့ ဆိုရင်တော့..အုပ်စု နဲ့မို့.. မဆိုချင် သလို..ဆိုချင် သလို လုပ်ရင်း.. အပေါ် ရောက် သွားသေးတာပဲ။

တက္ကသိုလ် ရောက် ပြီ ဆို တော့လည်း..နဲနဲ တော့ တိုးတက်လာ ပြီ လို့ ထင်ခဲ့မိတာ။ တခါ တော့- လှိုင်နယ်မြေ ထဲမှာ လုပ်တဲ့.. မေဂျာ ပေါင်းစုံ ဘောလီဘောပွဲ မှာ- ဘူမိနဲ့ မြန်မာစာ ရဲ့ ဖိုင်နယ် ဗိုလ်လုပွဲ။ ဌါနမှူး ဆရာ ဦးကျော်ထင် က.. ကဲ တခန်းလုံး သွား အားပေး ကြ ဆိုတာနဲ့..ယက်ကန် ယက်ကန် ပါသွားပါရော..။ ပွဲက လည်း..ကောင်းသလား မမေးနဲ့။ ကိုယ်ကတော့..ဒီလိုပဲ..ကြည့်နေ တာပေါ့။ လူတွေ များလွန်းလို့.. တချက်တချက်တော့..စိတ် အိုက်သလိုလို။ ကိုယ်တို့ အပေါ် နားက..ခုံတန်းမြင့်လေး မှာ.. သူဇာ လေ။ အော်သလား မမေး နဲ့။ သူက အတန်း ထဲမှာ… စာလည်း တော်..လူလည်းသွက်.. ပိုက်ဆံကောက်.. စာအုပ်ရောင်း..အကုန် သူဇာပဲ။ သူက သံချပ်လိုလို တိုင်လိုက်.. သူ့ဘေးက.. သူငယ်ချင်း တသိုက် ကြီးက..ဝေး ဆို လိုက်အော်လိုက်။ ကိုယ့်ဘေး ၂ ဖက် ပြန်ကြည့်တော့လည်း..အကုန်လုံးက.. ကွင်းထဲ ကို..လူတောင် ၀င်လု ခမန်း ။ ဘူ မိ ဖက်က..တလုံး သွင်းလိုက်တိုင်း…ခုန်ဆွ..အော်ဟစ်နေကြတယ်။ ဒါဆို- ကိုယ် လည်း အော် ပြီး..အားပေး သင့်တာပေါ့..။ ဒါပေမဲ့..ပါးစပ်က..ဘာသံ မှ ထွက် မလာ သလို..ကိုယ်တီး လိုက်တဲ့ လက်ခုပ် ကို တောင်..ကိုယ်ပြန် ငုံ့ကြည့်နေ မိတယ်။ တကယ် စိတ်ပါ လက်ပါ တီး နေတာ..ဟုတ်ရဲ့လား။ နောက်ဆုံး တော့..လူတွေကြားထဲက..အသာ သျှို ပြီး..ကစားကွင်းနဲ့ ဝေးရာ ကို ထွက် လာလိုက်တော့မှ- စိတ် ထဲ မှာ ပေါ့သွားတော့တယ်။ သိ ရ ပြန်ပြီ တခါ။ သူဇာ့လို မျိုး cheer leader လုပ်ဖို့ မပြောနဲ့.. လူရှုပ်ရှုပ်ပွဲ တွေ ထဲ မှာ ဆို..ဝေလေလေ တောင်.သူ မရ ပါလား။

ဒါပေမဲ့လည်း..သူ တကယ် ပျော် ပြီ ..ခင်ပြီ ဆိုရင်လည်း ၊ တရွှတ်ရွှတ် တနောက်နောက်..ရှိနေ တတ် ပြန်ရော။ ပုန်းနေတဲ့ ဗီဇ အခံ စိတ် တွေလား တော့ မသိ။ ကွင်းဆင်းဖော် အမ တွေ ဖြစ်တဲ့..မချော တို့ဆို..ကိုယ်က ရီစရာ တွေ ပြောတတ်..လုပ်တတ်လွန်းလို့တဲ့။ ကိုယ် တကယ် ပျော်ပြီး..စက်ကျ ခဲ့တဲ့..မိုးကုတ် ကွင်းဆင်း တုန်းကဆို…. တအုပ်စု လုံး ရဲ့..အော်တိုစာအုပ်တွေ မှာ..ကယ်ရီ ကေးချား ပုံ တွေဆွဲ..ပေါက်ကရ တွေ ရေး နဲ့.. လူနောက် လို့ ပြောခံရ ပြန် ရော ။ အဲ တော့လည်း..ကိုယ့်ကို ကိုယ်..တအံ့တသြ နဲ့ ပြောင်းပြန်ကြီး ပြန်တွေ့ နေရ သလိုပဲ။

စကား ပြောတာ လည်း.. မနူးညံ့ဘူးတဲ့။ ရည်းစား ကို စကားပြော တာတောင်..တောက်ဆက်ဆက် မာရေ ကျော ရေ နိုင် လို့ဆိုပြီး.. ဘေးက..သူငယ်ချင်း တယောက်က..မနေနိုင် မထိုင် နိုင်..ငါသာဆို..နင့်ကို ထားပြစ်ခဲ့တာ ကြာ ပြီ လို့.. ဖေးဖေး မမ ပြောရှာတယ်။ ဒါပေမဲ့ လည်း..တရော်တုံး လို့..နံမယ်ရ အောင်..ချွဲတတ် ခဲ့တာ ကို..အိမ်က..အမ တွေ အသိဆုံး။ အိမ်က..ဘိုးတော်ကတော့.. ဘယ်လို ကောက်ချက် ချမည် မသိ။

တခါ တခါ လည်း.. မာ တယ် ထင်ပြီး..ပျော့နေ တတ်ပြန်သည်။ အပျော် အပါး မကြိုက်ဘူး လို့ ခပ်တည်တည် ကြေငြာ ပြီး.. စတတ် နောက်တတ် နေတတ်ပြန်သည်။ ထိန်းချုပ်နိုင်တယ်လို့ မော်ကြွားနေရင်းကပဲ.. စိတ်အလျဉ် တွေ နောက်မှာ.. အတိုင်း အဆမရှိ မျောပါ နေ မိ တတ် ပြန်သည်။ ကိုယ်က..ဘယ်လို လူမျိုးလည်း.. Introvert လား extrovert လား..။ ခုထက်ထိ မခွဲခြားတတ် ပါ။ လက်တွေ့သမားလား..အိမ်မက်လမ်းလျှောက်သမားလား.. ဒါလည်း..အဖြေ မကွဲပါ။ သေချာတာတော့.. ၀ိရောဓိ သဘောအခြေခံ နဲ့ ဖြစ်တည်နေတဲ့.. နှစ်ကိုယ့် တစိတ်..(သို့) တကိုယ့် နှစ် စိတ် ဖြစ် နေတဲ့.. လူစစ်စစ် တယောက် ဆိုတာ ပါပဲ လေ။

ဂျူးရဲ့စာတပုဒ် မှာတောင်..တွေ့လိုက် မိသေးတယ်။ လ မှာ တောင်..အမှောင်ဖက်ခြမ်း ဆိုတာ..ရှိသတဲ့။ ဟုတ်တာပေါ့နော်။ လပြည့် ..လကွယ်..လဆုတ်..လဆန်း..။ လရဲ့ အတိမ်းစောင်း အကျဉ်းအကျယ် အမျိုးမျိုး နောက်မှာ..အလင်း စွမ်းအား တွေသာ တိုးလိုက် လျော့ Imageလိုက် ဖြစ်နေပေမဲ့..အဲဒီ နောက်မှာတော့..အမှောင်ခြမ်းလေး က..အမြဲ ရှိနေ တာပဲ ။ ကိုယ်တို့လူတွေ လည်း.. အစွမ်းကုန် တောက်ပ နေရင်း မဲမှောင် လို့။ ကြည်လင် ရွှင်ပြ နေ ရင်း ပဲ..နောက်ကျိ ရှုပ်ထွေးလို့။ အပြုံးတွေ ဝေ နေရင်းပဲ..အမုန်းတွေက လည်း..စပ်စပ် ထိမခံ။ လောက လူ့ဘောင်အလိုအရ.. ဒါတွေ ဒီလို လုပ်ရ ဦးမယ် ဆိုတာ သိနေပေမဲ့.. အထဲတနေရာက..တွန်းထိုး ငြင်းဆန် လို့..ဒါမှမဟုတ်..ပျင်းရိ ဖင့်တွဲ လို့။ အဲဒါ..ဦးဏှောက် နဲ့ နှလုံးသား ရဲ့ မတူညီ တဲ့ လုပ်ဆောင်မူ တွေလား။ သိ စိတ် နဲ့ မသိစိတ် ရဲ့.. ယှဉ်ပြိုင် အနိုင်ယူ မူလား။ အတွင်းလူ နဲ့ အပြင်လူ ရဲ့ သဟဇာတ မဖြစ်မူ လား။

တိုက် ဆိုင် ကြုံ ကြိုက် လို့..Hush ဆိုတဲ့ စာဖတ်သူ တယောက် လာပေးတဲ့.. စာချိုး လေးတခု ကို.. ဘာသာပြန် ကြည့် လိုက်တယ်။

KNOCKING FROM THE INSIDE

I HAVE BEEN LIVING ON THE LIP OF INSANITY
WANTING TO KNOW REASONS
KNOCKING ON A DOOR
IT OPENS
I HAVE BEEN KNOCKING FROM INSIDE
( Runi)

အတွင်းလူ ရဲ့ တောင်းဆိုမူ
အကြောင်းပြချက်တွေကို သိချင်လွန်းလို့..
ငါ ရူးသွပ်မတတ်ပါပဲ။
တံခါးကို ခေါက် ကြည့်လိုက်တော့
တံခါးပွင့်သွားတယ်။
အခုတော့- အထဲက တောင်းဆိုနေတာ..ငါကိုယ်တိုင်ပေါ့။

အဲဒီလိုပြန်ပေးလိုက် ပြီး နောက်တနေ့.. Hush က..သူကိုယ်တိုင် ပြန်ထားတဲ့ ဘာသာပြန်လေးကို.. ကွန်မန့်မှာ လာပြတယ်။

အတွင်းထဲက တံခါးခေါက်သူ

ရူးသွပ်မူ ရဲ့ နှုတ်ခမ်းပါးလေးပေါ်မှာ..
ငါနေထိုင်ခဲ့တယ်။
ဘာမဆို သိလိုဇောနဲ့..
ရှာဖွေခြင်းတံခါးကိုအဆက်မပြတ် ငါခေါက်ခဲ့တယ်။
အခုတော့ ပွင့်ပြီ။
သြော်- ငါဟာ အတွင်းထဲက ခေါက်နေလာခဲ့ တာပါလား။
(Translated by Hush)

မူရင်း ပိုင်ရှင် ကတော့..ဘယ်လို ခံစားပြီးရေး ခဲ့သည် မသိ။ ဘာသာ စကား ဖလှယ်မူ မှာတော့..အနဲငယ်..လွဲချော်မူတွေ တော့ ရှိနိုင်လိမ့်မည်။ ဒါပေမဲ့..မလွဲ နိုင်တာကတော့..အားလုံးမှာ..အတွင်းလူတယောက်..ပုန်းအောင်းလျက် ရှိနေသည်။ ဒါမှမဟုတ်.. အသေအချာ..သိမ်းဖွက်ထား ကြ ရသည်။

Image

နှစ်ကိုယ့် တစိတ် (သို့) နှစ်စိတ် တကိုယ်

October 23, 2008

>ဘ၀ရဲ့ အဓိပ္ပါယ်

Filed under: Inspiration,Things to Ponder — kaythwe @ 3:24 pm

>

ဘ၀ရဲ့ အဓိပ္ပါယ် ဆိုတာဘာလဲ…..ဘာဖြစ်လို့ ဒီဘ၀ ဆိုတာကြီး ထဲကို ရောက်လာကြသလဲ…ဘာ ရည်ရွယ် ဦးတည်ချက်တွေ ကြောင့်လည်း…

`ဘ၀ရဲ့အဓိပ္ပါယ် ဆိုတာ ဘာလဲ…ဟုတ်လား…ခဏ နေစမ်း ပါဦးကွာ….ဒီနေ့ ညစာကို တောင် ငါ ဘယ်လို ဖြေရှင်းရမယ် မသိဘူး´..

တခါတလေ..အိမ်အပြန် လမ်းမှာ..နေ၀င်ဖြိုးဖြ..ကောင်းကင်ကြီးကို ငေးကြည့်ရင်း..`ငါဘာလို့..ဒီနေရာမှာ ရောက်နေတာ ပါလိမ့်လို့´…တွေးမိကောင်း တွေးမိပါ လိမ့်မယ်…ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ…ဘာလို့ ဒီကမ္ဘာကြီး ပေါ်ကနေ ပျောက်ကွယ် မသွားသေး တာလဲ…ဒါတွေဟာ ဘာအဓိပ္ပါယ် တွေပါ လိမ့်…။

`ကြည့်ပါဦးဗျာ..ဒီမေးခွန်းကြီး တွေက..သိပ် ကြီးကျယ် လွန်းတယ်…ကျုပ်လည်း မဖြေတတ်ဘူး…ကျုပ်မှာ တခြား ဖြေစရာ မေးခွန်းတွေ တပုံကြီး…နောက်လအတွက်.. မီတာခ ဘယ်လို ပေးရမလဲ..လုပ်ခ အချိန်မှီ ရအောင် ဘယ်လို လုပ်ရမလဲ…ခုညစာ ၀ယ်ဖို့ ဘယ်လို လုပ်ရမလဲ..ဒီမေးခွန်းတွေက.. ပိုအရေးကြီးနေတယ်ဗျ…´

ဒီလိုနဲ့ပဲ..ဒီမေးခွန်း တွေကို ဘေးဖယ်ခဲ့တာ..တရက်ပြီး တရက်…တပတ်ပြီး တပတ်..တလပြီး တလ..တနှစ်ပြီး တနှစ် ကြာလာလို့..ဟော..ခုပဲ..ဘ၀ရဲ့..တ၀က်ကျိုးလား..သုံးပုံတပုံလား…လေးပုံသုံးပုံ တွေ လား ရောက်နေကြပီ….ခုထက်ထိလည်း…အဲဒီ.. ဘ၀အဓိပ္ပါယ် ဆိုတာဘာလည်း ဆိုတဲ့ မေးခွန်း အတွက်..အဖြေ ကောင်းကောင်း ထွက်မလာ သေးဘူး….

ဒါတွေဟာ..ဘ၀ဒသာနကြီး တွေပါပဲလို့….အားလုံး တွေးကြမှာပါပဲ..ဘ၀ရဲ့ အစောပိုင်း သက်တမ်း အနှစ်၂၀ လောက်ဟာလဲ..ဒီ ဒသာနကြီး ထဲမှာပဲ ရှိခဲ့လိမ့်မယ်. ..လူတွေကို ဦးဆောင် လမ်းပြနိုင်မဲ့ ဘ၀ဒသာနတခု..ပြဌါန်းနိုင်ဖို့ကို……ဘယ်နှယ်ယောက်များ.အောင်မြင်လို့..ဘယ်နှစ်ယောက်တောင်..ရှုံးနိမ့်ခဲ့ ကြသလဲနော်…

`နေပါဦး ..ဒါ-ဘာများ စိတ်အနှောက်အယှက် ဖြစ်စရာလဲ…ဘ၀ဆိုတာ..ရှင်သန် ရပ်တည်ဖို့ပေါ့..ဘာလို့များ..ဒီဘ၀ ဒသာနမေးခွန်း တွေကို..အချိန်ကုန်ခံ အဖြေထုတ် နေမလည်း.´

ဒီလိုပါ။ ဆိုကြပါစို့…တနေ့မှာ…ခရီးသွားတွေ အပြည့်နဲ့..အဝေးပြေး ဘတ်စကားကြီးတစီး…ခင်ဗျားရဲ့ အိမ်ရှေ့မှာ ထိုးဆိုက်လာပြီး..ခင်ဗျားကို ခေါ်တင် သွားတယ်ပေါ့…ပြီးတော့ လမ်းမကြီးပေါ်တက်..တဆင့်…အဝေးပြေး လမ်းကြီးပေါ် ရောက်ပီး…တနာရီ..၆၅မိုင်နှုံးနဲ့ စပြီး မောင်းနှင် တော့တယ်…. ခဏကြာ တော့..ခင်ဗျား ဟာ..ပတ်ဝန်းကျင်ကို အကဲခတ်ရင်း..ဘေးနားက တယောက်ကို…` ဟေးလူ..ဒီကားကြီးကဘယ်ကို သွားနေတာလဲဗျ…´ လို့မေးလိုက်တယ်..

`အာ…မပူပါနဲ့ဗျာ..ကားနောက်မှာစားစရာတွေမှ..အပြည့်…ကဲ..ပြောနေကြာတယ်..ခုပဲ စားကြ သောက် ကြရအောင်..` လို့..အဲဒီလူက ပြောတယ်…အဲဒါနဲ့.. `အင်း..လူတိုင်းလည်း ဒီလိုပဲ လုပ်နေကြတာပဲ..ငါလည်း လုပ်ပေါ့..´ လို့ တွေးရင်း… သူများတွေ နဲ့ အတူ စားရင်း သောက်ရင်း..ပျော်သွား တာပေါ့….
စားသောက်ပြီး ခဏနေ တော့..လူတွေဟာ..သီချင်းတွေ အော်ဆိုကြပြန်ရော….ခင်ဗျား လည်း ဘယ်နေမလည်း..လိုက်ဆိုတာပေါ့…အတော်လေး ကြာရင်ပဲ..ညနေက စောင်းလာရော…အဲဒီတော့မှ ..ဟိုဒီ အကဲခတ်ရင်း….` တဆိတ်လောက်ဗျာ…ဒီကားကြီးက..ဘယ်ကို သွားနေတာလဲ…ကျွန်တော် တို့ရော.. ဘာလို့ ဒီထဲ ရောက်နေတာလဲ ဗျာ´ လို့…ခုနလူကိုထပ်မေးပြန်တယ်..သူကတော့…ထုံးစံ အတိုင်း..`မပူပါနဲ့ဗျာ…ကဲလာ.. သီချင်း နဲနဲ ထပ်ဆိုကြရအောင်..ပီးရင်..သစ်သီး ဖျော်ရည် ထပ်သောက် ကြတာပေါ့ ´လို့ ပြောတယ်။..ဒီလိုနဲ့ပဲ..ည ရောက်လာတာပေါ့…ခင်ဗျား လည်း.. မောမောနဲ့..ခုံရဲ့ နောက်မှီလေးမှာ မှေးပြီး..အနားယူရင်း.အိပ်ပျော်သွားလိုက်တာ…နောက်တနေ့ မနက်မှပဲ နိုးတော့တယ်… ။

ဘတ်စကားကြီး ကတော့..တနာရီ..၆၅မိုင်နှုံးနဲ့…သွားမြဲသွားနေတုံးပဲ…ခဏနေတော့..ရှေ့ကလူဆီကို ကုန်းလိုက်တယ်..ဘေးကလူကတော့..ငါ့မေးခွန်းတွေကို မဖြေနိုင်တော့တာ သေချာတယ်လို့..ခင်ဗျား တွေးမိတယ်လေ…။

`ဟေ့လူ..ဒီမှာ နားထေင်စမ်းပါအုံး…ဒီကားကြီးက ဘယ်ကို သွားနေတာလဲဗျ..ကျွန်တော်တို့ ဘာလို့ ဒီကားထဲ ရောက်နေတာလဲ..´ လို့ မေးလိုက်တယ်..ဒီလူရဲ့ အဖြေကလည်း ဒီ အတိုင်းပဲ…` မပူပါနဲဗျာ..ခင်ဗျားဘေးက..မှန်ပြတင်း တွေကိုသာ..ပြောင်အောင် တိုက်နေပါ..ပျော်ပျော် သာနေ..ကိုယ့်လူရေ..စားမြဲ..အိပ် မြဲသာနေ..ဒါဟာ..ကျွန်တော်တို့ လုပ်ရမဲ့ အလုပ်ပဲ…´

တရက်ပီးတရက်ကြာလာတော့…စိတ်ပျက်-ပျက်လာတယ်…အဲလိုပဲ..တခြား လူတွေလဲ..တဖြည်းဖြည်းနဲ့ စိတ်ပျက် လာကြတာပေါ့…တကယ့်တကယ်မှာ…အနှစ်၂၀လောက် ကြာလာပြီ ဆိုရင်ပဲ..ဒီလို စိုးရိမ် သောကတွေက..သီးမခံနိုင် လောက်အောင် ဖြစ်လာကြတယ်..လူတိုင်း လူတိုင်းဟာ..ကားကြီး ထဲမှာ..အရင်တုံးက..ပျော်ခဲ့တဲ့ အချိန်မျိုးတွေ မရှိတော့ဘူး…တချို့တွေက ..ဖျားနာလာကြတယ်…တချို့တွေက သေဆုံးကုန်လို့..ကားပေါ်ကနေ ပြစ်ချလိုက် ကြတယ်..တချို့လူတွေဆို အချင်းချင်း ရန်သူတွေတောင် ဖြစ်လာကြပီး..တယောက်နဲ့ တယောက် သည်း မခံနိုင်လောက်အောင် ဖြစ်လာ ကြတယ်..အဲဒီထဲက..တချို့တ၀က် ကတော့..ကားရဲ့ထောင့်မှာ သွားစုပြီး…သူတို့ကို တိုက်ခိုက် ရန်ပြုလာရင် ကာကွယ်ဖို့ ပြင်ကြတယ်..တချို့တွေမှာ..စားစရာတွေ ကုန်သွားပြီး..တချို့မှာတော့..တောင်လို ပုံလာတယ်.. ။

အဲလိုနဲ့ပဲ…ကားထဲမှာပဲ..သားသမီးတွေလည်း ပေါက်ပွားတဲ့ လူက..ပေါက်ပွားပေါ့…ဒီကလေး တွေကိုလည်း.သူ တို့ မိဘတွေက.. ` ဟေး…ပြတင်းမှန်တွေကို တိုက်ကြနော်..´ လို့ဆုံးမတယ်။ ကလေးတွေက.ကျွန်တော်တို့ ဘယ်ကို သွားနေကြတာလည်း…ဘာအတွက်လည်း လို့ မေးတာတောင်…`ကဲပါ..သီချင်း ဆိုစရာရှိဆို..ပျော်စရာရှိပျော်..ပျော်ပျော်နေ သေခဲ´ လို့ပဲ ပြောကြတယ်…

တဖြည်းဖြည်းနဲ့…ဒီမေးခွန်းတွေကို..ဘယ်သူမှ မဖြေနိုင်ဘူးဆိုတာ..သိလာတဲ့ အခါ..အားလုံးဟာ..စိတ်
ပူသထက်ပူလာတယ်။ ဘာအကြောင်းပြချက်မှကို မရှိတော့ ဘူးလား…ဘာအဓိပ္ပါယ်မှ မရှိတော့ ဘူးလား…ဒီဘတ်စကားကြီးပေါ်မှာ ရောက်နေတာ..ဘာအတွက်ကြောင့်မှ မဟုတ်ဘူးလား…ဆိုပြီးတော့လည်း..လူတချို့ဟာ.အံ့သြ ထိတ်လန့် လာတယ်…အဲဒီတော့..ဒီကားကြီးပေါ်က ဆင်းနိုင်ဖို့အတွက်..တနည်းပဲ ရှိတော့တယ်..ဆိုတာ..အတော်များများက တွေးလာကြတယ်။…ဒီနည်းလမ်းကို တချို့တွေ တကယ်ပဲ အကောင်အထည်ဖော် သွားတာ…မြင်ရတယ်.။ တကယ်တော့..ဒါဟာ..ကိုယ့်ရဲ့ အသက်နဲ့ ရင်းဖို့ စဉ်းစား လာတာပဲ..ဒီဘတ်စကားကြီးပေါ်က ဆင်းရဖို့ ကလည်း …အဲလို သေပြီး..စွန့်ပစ်ခံရမှပဲ ဖြစ်နိုင်တာကိုး…

+++++

ဟောဒီကမ္ဘာဂြိုဟ်ကြီးဟာ…အဲဒီ ဘတ်စကားကြီး ပဲပေါ့။ အာကာသဟင်းလင်းပြင် ကြီးထဲမှာ..တနာရီ..မိုင်သောင်းနဲ့ ချီပြီးတော့ကို ရွှေ့လျား လည်ပတ် နေတယ်…တနေရာရာကို သွားနေတာတော့ သေချာတယ်…ဘယ်ကိုလည်း ဆိုတာကိုလည်း တယောက်မှ မသိဘူး…ဒီလမ်းကြောင်းကြီးပေါ်မှာ အမြဲရှိနေမယ် လို့လည်း ဘယ်သူမှ အာမ မခံနိုင်ဘူး…အရေးအကြီးဆုံးက…အဲဒီကမ္ဘာကြီး ဘယ်ကို သွားနေတယ်ဆိုတာကို တယောက်မှ မသိတာပဲ….

ဒီလို မေးခွန်း..ပုံဖော်ချက် တွေဟာ..တခုခုကို သွေးဆောင် ဖြားယောင်နေ သလိုပါပဲ…။ ငါတို့ဖာသာ နေပါရစေ။

ဒီအတိုင်းပဲ…ဆက်မျောပါ နေကြပြန်တယ်…ဒါမှမဟုတ်ရင်လဲ..ဒီအကြောင်းအရာ တွေကို မစဉ်းစားဖို့…ကိုယ့် ကို ကိုယ် လှည့်ဖြား ကြမယ်။

တကြိမ် တော့..အမေ က ပြောခဲ့ ပါလိမ့်မယ်…`ဟေး…မင်း- ဒါတွေကို မစဉ်းစားနဲ့..အရမ်း လေးလေးနက်နက် ကြီးတွေ..လျှောက် မတွေးနဲ့…မင်းတွေးချင်သလောက် တွေးလိုရတယ်…အေး..သေချာတာကတော့ မင်း- အများကြီး စဉ်းစားလို့မရဘူး.´ ဆိုတာမျိုးလေ။

အင်္ဂလိပ်ကဗျာဆရာကြီးတယောက်ကတော့..ဒီလိုစပ်ဆိုခဲ့တယ်…သူကတော့ ဟိုတုံးက..နံမယ်ကြီး တက္ကသိုလ်ကြီးတွေမှာ..ဂရိပါမောက္ခကြီးတယောက် အဖြစ်ကျော်ကြားတဲ့.. A. E. Houseman ဆိုတဲ့ကဗျာဆရာကြီး…

ဟောဟိုမှာ…မနက်ခင်းတခုပွင့်သစ်လာပြန်တော့….
နေလုံးကြီးနိုးထလာသလို…ငါလဲနိုးထရပေါ့…
ရေမိုးချိုးအ၀တ်အစားလဲဖို့ရယ်…စားသောက်ဖို့ရယ်…
ပီးတော့…မြင်မြင်သမျှအရာတွေကိုကြည့်အုံးမယ်..စကားတွေပြောမယ်..
တွေးအုံး တောအုံးမယ်…အလုပ်လုပ်မယ်ပေါ့….
ဒါတွေဟာ…ဘာကြောင့်လဲဆိုတာတော့ဘုရားမှပဲသိလိမ့်မယ်…

သြော်…တခါတလေတော့လဲ….
ငါရေမိုချိုးအ၀တ်အစားလဲနေခြင်းဟာ…
ငါ့ရဲ့နာကျင်ခံစားရမူတွေကိုသေသေသပ်သပ်ကလေး
ပြရအောင်များလား….
ငါလေ..
အိပ်ယာပေါ်မှာပဲလဲလှောင်းပီးနားနေပါရစေတော့လား….
တောင်သောင်းမက…တတ်နိုင်သမျှ..အကောင်းဆုံးတွေ…
ငါ..လုပ်ခဲ့ပီးပီပဲ….
ပြီးတော့လဲ..ဒါတွေပဲနောက်တခါပေါ့…..

`အို..ဘယ်လို အဆိုးမြင် အယူအဆ ကြီးပါလိမ့်…ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်ပါလိမ့်…´ နော်။

သွားစမ်းပါ …ဘ၀ဆိုတာ-ဘာလည်း ငါ-မသိဘူး..ဒါပေမဲ့..ခုချိန်မှာ ငါ-သဘောပေါက်တာ ကတော့…သေချာတာ ကတော့..ဒီကမ္ဘာကြီးပေါ်မှာ..လူတိုင်းအတွက်…လုပ်နိုင်တာတွေ ရနိုင်တာတွေ..အများကြီးရှိတယ်…ငါလည်း မြန်မြန်သွားပြီး…ငါနဲ့ ဆိုင်သလောက်..ငါ-ရနိုင်သလောက်..ယူထားတာ ပိုကောင်းမယ်…။

မိဘတွေကလည်း ..ဒီလိုပဲ..ငယ်ငယ်လေးထဲက..သွန်သင်ခဲ့တာပဲ…

`အေး..မင်းတို့ တွေ ကိုယ့် ကို ကိုယ်မှ မစောင့်ရှောက်နိုင်ရင်..ဘယ်သူက လာပြီး မင်းတို့ကို စောင့်ရှောက်မလည်း…´ ဆိုတာမျိုးပေါ့….

လူတွေဟာ..ကိုစားဖို့..ကိုယ်နေဖို့..ကိုယ်ဝတ်ဖို့..ဆိုတဲ့ အခြေခံ လိုအပ်ချက်တွေကို..ကိုဖာသာ ဖြည့်စွမ်းနိုင်ရမယ် ဆိုတဲ့အသိဟာ…ခေါင်းထဲမှာ စွဲမြဲနေအောင်ကို ရိုက်သွင်းခံထားတာပဲ။ ဟိုး-ကျောက်ခေတ် သံခေတ်ထဲ ကလည်း..လူတွေဟာ..အနဲဆုံး တော့…ဒါတွေကိုလုပ် နိုင်ခဲ့ ရတယ်လေ..။ ဒါပဲလေ….အဲဒီလို သဘောပေါက်မူ…တိုက်တွန်း နိုးဆော်မူတွေနဲ့ပဲ..ကြီးပြင်းလာ ကြတာပဲ..ဒီနေရာကို ဘယ်လို အကြောင်း ကြောင့်ပဲ ရောက်လာ ရောက်လာ..ဘ၀ဆိုတာကြီးက..ဘယ်ကိုပဲ ဦးတည်..ဦးတည်..။ ငါတို့တွေ..ပိုကောင်းအောင် လုပ်ရဦးမယ်..ပိုတိုးတက်ရမယ် ဆိုတာက ပဲ..အရေးကြီးခဲ့တာ မဟုတ်လား။ ကိုယ် ကိုတိုင်က လွဲပြီး..ဘယ်သူကမှ လာပြီး မစောင့်ရှောက်နိုင်ဘူးကိုး.။ သင့်တော်တဲ့ ပညာရေး တခု ရအောင်..ကြိုးစားကြရတယ်..အဲတော့မှလဲ..သင့်တော်တဲ့ အလုပ်တခုရမယ်…လိုအပ်တဲ့ ပိုက်ဆံရမယ်..အဲဒါမှ..စားစရာတွေ…၀တ်စရာတွေ..နေစရာတွေ..၀ယ်နိုင် ခြမ်းနိုင်မယ်…ဒါမှလဲ.အသက်ရှင် ရပ်တည် နိုင်မယ်လေ…

အဲဒီလိုနဲ့ပဲ..ဘ၀ ဒသာနတွေ ကနေပီး…တကယ်လက်တွေ့ ကျတဲ့..ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေဆီကိုပဲ.. မြန်မြန်ဆန်ဆန်..ဦးတည်လိုက်ကြတယ်။

သိတဲ့ အတိုင်းပဲလေ…ကျောင်းကို စသွားကြတယ်…တတ်နိုင် သလောက်..အကောင်းဆုံးဆိုတဲ့ ပညာရေး တွေယူမယ် ပေါ့….ဒါတွေဟာ..အတွေးတွေကို ဘယ်လောက်တောင် လွှမ်းမိုး လာနေသလဲဆိုရင်.. လူတွေက.ကိုယ့် အစွမ်းအစတွေ ကိုပဲ တွေးတော နေကြတယ်..ငါ့ရဲ့ အနုပညာပါရမီ…ငါ့ရဲ့..အရေးအသား ကျွမ်းကျင်မူ… စက်မူပိုင်းဆိုင်ရာ တတ်ကျွမ်းမူ…စသဖြင့်ပေါ့…လူတိုင်းပဲ…..အသေအချာ တွေးထင်တတ် တာကတော့…ငါတော့..လူသားတွေ အတွက်…တခုခု အကျိုးပြုနိုင်ရမယ်..ဆိုတာမျိုးပေါ့။

တကယ့်တကယ် ခြုံကြည့် လိုက်တဲ့ အခါ…လူတွေ အကုန်လုံးကို လွှမ်းမိုး လာနေတဲ့ အတွေးကတော့…`ငါ…နောက်ထပ် တလုပ်စားဖို့ အတွက်..ဘယ်လို လုပ်ရမလဲ…´ ဆိုတာပဲ..ဟုတ်တယ် မဟုတ်လား…ဒီအတွေးအခေါ်က..ဟိုး..ကျောင်းသား အရွယ် လေးထဲက လွှမ်းမိုး လာတာလေ..

ကျောင်းကို သွားတယ်…..တက္ကသိုလ်တွေတက်..ဒါမှမဟုတ်..သိပ္ပံကောလိပ် တွေသွား..ဘွဲ့တွေယူ..နောက်ဆုံး.. ခုပြောနေတဲ့..တကယ့် ဘ၀ဆိုတာကြီးက ရောက်လာရော…သိပ် မကြာခင်မှာကို..ဒီကြီးမား ကျယ်ပြန့်တဲ့ လောက ကမ္ဘာကြီးထဲကို.ထွက်လာရရော။ ဒီအတိုင်း ပါပဲလေ….ပြီးရင် လုပ်ငန်းခွင်ထဲကို ၀င်ရမယ်….ဒီလို ဘွဲ့ တွေ..ပညာ အရည်အချင်း တွေရ ဖို့ ..ပြီးရင်ကောင်း ပေ့ ဆိုတဲ့ အလုပ်တွေ ရ ဖို့ ..ဘယ်လောက်တောင် ရင်ဆိုင် ယှဉ်ပြိုင်ရတယ် ဆိုတာ..ပြီးတော့လည်း..ဒီ -ရထားတဲ့ အလုပ်ကလေး မှာ တည်မြဲဖို့ ကြိုးစားရအုံးမယ်..အဲဒီ အရည်အချင်းတွေကိုလည်း အမြဲ တိုးတက်အောင် အသုံးဝင် အောင်ကြိုးစား နေရတယ်…

`ဟေး..မင်းတို့ ဘာလို့ အသက်ရှင် နေတာလဲ´ လို့ များ မေးခံရရင်…`ငါတို့ အသက်ရှင် နေတာ..အသက်ရှင် ရပ်တည်နိုင်ဖို့ပေါ့´ လို့ပဲ… ဖြေရမှာပဲ။…ဒါမှမဟုတ်..`ဟေး..မင်းတို့..ဘာလို့ ပညာတွေ သင်နေတာလည်းလို့ ´..မေးရင်…`ငါတို့..ပညာသင်တာ…ပညာတွေ တတ်အောင် လို့ပေါ့…ဒါမှ..အလုပ် ကောင်းကောင်းရမယ်…အလုပ် ကောင်းကောင်း ရှိမှ…စားနိုင် သောက်နိုင်..ရှင်သန် ရပ်တည်နိုင်မယ်..အဲတော့မှ..သားသမီးတွေကို ကောင်းကောင်း ကျွေးမွေး ပြုစုနိုင်မယ်..ပညာရေး ကောင်းကောင်း ပေးနိုင်မယ်..သူတို့တွေ လည်း အလုပ်အကိုင် ကောင်း ကောင်း ရမယ်..စားနိုင် သောက်နိုင်မယ်..သားတွေ သမီးတွေ..ပြုစု ပျိုးထောင်နိုင်မယ်..ဒီကလေးတွေကလည်း..ပညာတွေ ရှာဦးမယ်.ဒါပဲ ပေါ့´ ..ဒီလိုနဲ့ပဲ.ဒါဟာ.ဘယ်တော့မှ..ဆုံးနိုင်မှာ မဟုတ်တော့ဘူး….

ရပ်တည်နေထိုင်ဖို့အတွက်များ…ဒီလိုအသက်ရှင်နေရတာလား…ဆိုတာ…တွေးတောစရာပါပဲ.

ဆင်ခြေ ပေးနိုင်ပါတယ်..ဒါတွေ ဒါတွေ..ဘာလို့ လုပ်နေရသလဲဆိုတော့…လိုအပ်မူတွေ ရှိနေလို့ပေါ့…တိရိစ္ဆာန်တွေ လိုပဲလေ..ကိုယ့် ဖာသာ ရှာဖွေ စားသောက်ရမယ် ဆိုတဲ့ သဘာဝ အသိတရားက ရှိနေတာကိုး…လူဆိုတာ…တိရိစ္ဆာန်ထက် ပိုမြင့်ရမယ် ဆိုတာတော့ ကောင်းကောင်းသိတယ်..ဒါပေမဲ့လဲ…..ကိုယ့် ကိုကိုယ် ကာကွယ် စောင့်ရှောက်ရင်း တိရိစ္ဆာန်တွေလိုပဲ ဖြစ်နေကြတယ်…ဒါပေမဲ့..အဲဒီ တိရိစ္ဆာန်တွေနဲ့ မတူတာက..ငါတို့မှာ…တခြား လုံခြုံစိတ်ချမူ တခု ရှိနေသေးတယ် ဆိုတဲ့..ထူးဆန်းတဲ့ မျှော်လင့်ချက်တခု…နှလုံးသားထဲမှာ ရှိနေတာပဲ… အမှန်တကယ်တော့..အဲဒီထက် ပိုတဲ့..နက်ရှိုင်းတဲ့..ခံစားမူလို့..ပြောရလိမ့်မယ်…..ငါတို့တွေမှာ..ဒီဘ၀.ဒီအသက်ထက် ပိုပီး.. တခုခုတော့ ရှိမှာပဲလို့.တွေးမိ တတ် ကြတာပါပဲ..

+++++
သိပ်မတွေး နေပါနဲ့လေ။ ငါ့ ရဲ့ ပတ်ဝန်းကျင် မှာလဲ..သန်းပေါင်း များစွာသော..လူတွေ..ဒီလိုပဲ..အသက်ရှင်ရင်း…သူတို့ကို သူတို့ ..လောကကြီးမှာ အရေးပါဖို့…အဓိပ္ပါယ်ရှိဖို့ ကြိုးစားနေကြတယ်…ငါတို့လည်း..ဒီလိုပဲ ကြိုးစားနေရတာပဲ မဟုတ်လား….ယင်ကောင် အုပ်ကြီးထဲမှာ…ကိုဟာလဲ..ယင်ကောင်လေး တကောင်ပါပဲ…ဘာလို့ အသက်ရှင်နေသလဲတော့ မသိတာ အမှန်ပဲ..ဒါပေမဲ့…ကို့ဖာသာကို အရေးပါတယ်လို့တော့..ထင်နေမိတယ်…..ငါဟာသူများနဲ့မတူ..တမူထူးခြားနေတယ်လို့ထင်မိတယ်။

`ငါ့မှာ..ထူးထူးခြားခြား..ပါရမီ တခုတော့ ရှိနေတယ်…ငါဟာ..သူများထက် အရမ်းပိုတော် ပိုတတ် နေတာတော့ မဟုတ်ပါဘူး…ငါသိတယ်..ဒါပေမဲ့…ငါဟာ..သာမန်လူ တယောက် သက်သက်တော့ မဟုတ်နေဘူးကွာ..တနည်းနည်းနဲ့တော့.ငါဟာ. အကျိုးရှိရှိ အသက်ရှင်ပီး..ပတ်ဝန်းကျင်မှာ..အတိုင်းအတာ တခုထိတော့..အသိအမှတ် ပြု ခံရလိမ့်မယ်´ …လို့ပဲ..တွေး နေမိ တတ်ကြတယ်။

.ကဗျာဆရာကြီး..ဂျွန်မီလတန်က.. သူ..လောကကြီးထဲကို..တကယ့် ရည်ရွယ်ချက် ရှိရှိနဲ့ ရောက်လာတယ်လို့ ထင်ခဲ့တယ်…ဒီကမ္ဘာကြီးပေါ်မှာ သူ-လူဖြစ်လာရခြင်း ဟာ….ထူးခြားတဲ့ အကြောင်းတရား တခုတော့ ရှိကို ရှိရမယ်လို့ သူထင်တယ်..အဲဒါကြောင့်လဲ..သူဟာ..ဒီလို ထူးခြား ထင်ရှားလာအောင်ကြိုးစား အားထုတ်ခဲ့တယ် တဲ့။

ငါတို့ တွေ ကရော။ ..ဟိုး-ငယ်ငယ်..မူကြို ကျောင်းသား ဘ၀မှာတောင်…ဆရာမရဲ့..ဂရုပြုတာ ခံရစေဖို့…အမြဲ..အားထုတ် ခဲ့ကြတာပဲ မဟုတ်လား…အဲဒီနောက်..မူလတန်းကျောင်းကို ရောက်တော့ရော…စာကြိုးစားရင်..အမှတ်တွေ ကောင်းကောင်းရရင်..ဆရာ..ဆရာမချစ်တယ်..ဂရုစိုက်တယ် ဆိုတာ သိလာတာနဲ့ အမျှ..အဲဒီလို ချစ်အောင် ဂရုစိုက်အောင်..သူ့ထက်ငါ..ကြိုးစား အားထုတ် ကြတာပဲလေ..

ငါတို့ဟာ..ခွေးလေးတွေ..သခင်ချစ်အောင်..ကဲပြနေတာမျိုး..မြင်းကလေးတွေ..နောက်ထပ် အစာ ထပ်ကျွေးအောင် ခုန်ပြ..ဟီပြနေတာမျိုး..ကြောင်ကလေးတွေ…ပုစွန်ခြေက် ကျွေးအောင် သခင်ကို..အမြီးကလေးနဲ့ ပွတ်သိပွတ်သပ်…လာလုပ်နေတာမျိုး.အတိုင်း တထပ်တည်း ဖြစ်နေကြတာပါပဲ….တကယ့်ကို…အစားသရဲလေးတွေ ဖြစ်လာကြတယ်…အစာရဖို့ကို…ဘာပဲ လုပ်ရ လုပ်ရ ဆိုတာမျိုးပေါ့…တယေက်ယောက်က…အသိအမှတ် ပြုမယ်..ချီးကျူးမယ်..ဂုဏ်ပြုမယ် ဆိုရင်…ဘာပဲ လုပ်ရ လုပ်ရ..လုပ်ကြလိမ့်မယ်….အဲဒါကြောင့်ပဲပေါ့….တလောကလုံးမှာ ဖြစ်နေကြတာ…ဒီကောင်က..တက္ကသိုလ်က..ဘွဲ့ရလား…ဘယ်ကျောင်းကလဲ..ဆိုတာမျိုး……တခုခု လုပ်လိုက် ကိုင်လိုက်တာ..တော်တဲ့သွားလို့…အထက်အရာရှိက…ခေါင်းလေး တချက်လောက်များ ညိတ်ပြလိုက်ရင်…ဘယ်လောက်တောင် ကျေနပ်ကြသလဲ….လုပ်ငန်းခွင် တွေမှာ…အလုပ်တခုကို.. ကျကျနန အောင်အောင် မြင်မြင် လုပ်ပြလိုက် နိုင်လို့…ရာထူးတိုးမယ်..အထက်အရာရှိက..ချီးကျူး..ထောမနာပြုမယ်..လစာတွေ တိုးမယ်..ဆိုတာမျိုး တွေ… ဘယ်လောက် တောင် ဖြစ်ချင်ကြသလဲ….

အဲဒါကြောင့် ပြောတာပေါ့…ငါတို့ဟာ…အသိအမှတ် ပြုခံရခြင်း ဆိုတဲ့..ဂုဏ်နောက်ကို တကေက်ကေက် လိုက်နေကြတဲ့..အစားသရဲလေး တွေပါလို့။

ဒါဆို အသက်ရှင် နေထိုင်ခြင်းက..တခြားလူတွေဆီက…အသိအမှတ် ပြုခြင်းကို ခံရဖို့…ချီးမွမ်း ထောပနာပြုခြင်းကို ရရှိဖို့ လား။

ဘ၀ အဓိပ္ပါယ် အတွက်- မေးခွန်းတွေ အများကြီး ရှိသေးသလို.. အဖြေတွေလည်း အမျိုးမျိုး ထုပ်ကြည့် ကြပါသည်။ သို့သော်-

( ၂၀၀၁ ခုနှစ်က.. တပိုင်း တပြတ် အခန်းတချို့- ဘာသာပြန် ပေးခဲ့ဘူးတဲ့ ဘာသာရေးအကြောင်းအရာ တခု ဖြစ်တဲ့.. Ernest O’Neill ရဲ့ What is the meaning of Life ? ထဲက.. နိဒါန်း တချို့ကို ပြန်လည် အသုံးပြုပါသည်။)

Image

ဘ၀ရဲ့ အဓိပ္ပါယ်

Next Page »

Create a free website or blog at WordPress.com.

Design a site like this with WordPress.com
Get started