
ရှူတုန်းကတော့
အဆုတ်ထဲပဲ။
ပုဆိုးဖြစ်နေတယ်။
သင်ကာ
၂၀၂၂
Filed under Literature, Poem

အတာသင်္ကြန်
ကျည်ဆံတွေနဲ့ အကြိုကျ
မျက်ရည် သင်္ကြန်မိုး ခပြီးပြီ …။
သင်္ကြန်သီချင်း မရှိ
စစ်တလင်းအတိမှာ
တော်လှန်ခြင်း၏ အလင်းရောင်နဲ့
အာဏာသိမ်း အမှောင်ကို ထားခဲ့မယ် …။
သင်ကာဘုန်းမြင့်
၁၃၊ ဧပြီ၊ ၂၀၂၁
Filed under Poem, Politics, Spring Revolution
“ရန်ကုန်”
တစ္ဆေတွေ သွားလာပြီး
လမ်းထိပ်ခဏကို
ပူပြင်ပြင် နေ့မှာ
ဝန်ခံလိုက်ကြပါ
သဘာဝတရားဟာ
တို့ကနန်း ဆိတ်ကနန်း
သင်ကာဘုန်းမြင့်
(၂၀၂၀၊ ကိုဗစ်ကာလ)
==
“ရန်ကုန်”
တစ္ဆေတွေ သွားလာပြီး
သင်္ကြန်မှာ နားမငြီးတော့တဲ့ မြို့ …။
အသက်ကို အင်တာနက်ပေါ်တင်ပြီး
ဖုန်းဆက်တာ မျှော်နေတဲ့ မြို့ …။
လမ်းထိပ်ခဏကို
ငရဲမင်း ဂိတ်ကခေါ်သလို
မျှော်ကြည့်လို့မှ တစ်ယောက်မှ မမြင်
ပူပြင်ပြင် နေ့မှာ
သင်္ကြန်နဲ့ ပိတောက်ပါ ပျောက်သွားတဲ့ မြို့ …။
ဝန်ခံလိုက်ကြပါ
သဘာဝတရားဟာ
ငါ တို့ထက် ကျန်းမာတယ်လို့
အိပ်မက်တို့တောင် မီးခိုးမွှန်တဲ့ မြို့
တို့ကနန်း ဆိတ်ကနန်း
ကိုယ့်ကိုယ်ကို ပြန်အဖမ်းခံထားရတဲ့ မြို့ဆိုတာ …။
သင်ကာဘုန်းမြင့်
(၂၀၂၀၊ ကိုဗစ်ကာလ)
သရုပ်ဖော်ပန်းချီ – တစ်သက်လုံးမှာ ပန်းချီတစ်ကားတည်းရေးပြီး သေသွားတဲ့ ဘိုကျော်

ဦးဇင်း ဦးဖြိုး ဆွမ်းချက် ကောင်းပုံကို မန်လည်ဆရာတော် စာစပ်ပုံ။
မန်ကျည်းရွက်တဆုပ်
ဆီဆယ်မှုတ်-ငါးကိုးဆယ်။
ပဲကြီးလှော် အီအီနှင့်
ကြက်သွန်နီ စလယ်လောက်
ရောနှောလို့နယ်။
ဒို့အမယ်-အစ်မကြီးတို့
သည်နည်းကိုတော့ နားမလည်
သင်း တကယ် အလွန်ကောင်း။
ဟင်းအချက်မတော့
နတ်သုဒ္ဓါ ယှဉ်မဖက်လေနှင့်
တို့ ဦးဖြိုးက ဧတဒဂ်ပါတဲ့ဗျာ
မိန်းမထက် ကောင်း။
(အဲဒီဘက် ဒေသတွေက ကိုရင်၊ ဦးဇင်း၊ ဆရာတော်တွေကို ငယ်မည်တွေ တပ်ခေါ်ကြတယ်။ ကိုရင် ကျော်လော၊ ဦးဇင်း ထွန်းမြင့်၊ ဦးဇင်း ဝေလင်း … တဲ့။ ရန်ကုန် သွားဆေးတက္ကသိုလ် ရှေ့တည့်တည့်က ဝါဆိုဦးကျောင်းဟာ မန်လည် အဆက်အနွယ် ကျောင်းပဲ။)
Filed under Poem
ဒီကဗျာကတော့ ၂၀၀၃ မေလ ၁၅ ရက်လို့ နေ့စွဲတပ်ထားတယ်။ ကျနော်က ကဗျာရေးမယ်လို့ ပြောတဲ့အခါ ကိုယ့်အပေါ် ပေးတဲ့ မှတ်ချက်တွေကိုက ကဗျာဆန်နေလို့ ကဗျာဖြစ်သွားတာ။ စိတ်ဝင်စားမှာပါ။ ဖတ်ကြည့်ပေါ့။ နေခဲ့တဲ့ ပတ်ဝန်းကျင်လေးကို မြင်လိမ့်မယ်။ ခေါင်းစဉ်ကတော့ ရင့်ချင် ရင့်လိမ့်မယ်။
****
“ကဗျာဆရာ မွေးမြူခြင်း”
“မြစ်ကို အလျားလိုက် ကူးမလို့လား” … တဲ့။ (ဆရာ လေးကိုတင်)
ရေးလက်စ စကားလုံးတွေ ကျကွဲသွားတယ်
ဆွံ့အဖို့ မဟုတ်ဘူး
ငါ့ ပုခုံးတွေ မောင်းပြန်တင်ဖို့ …။
“စကားလုံးတွေ လော်မာစမ်းပါ” (ကဗျာဆရာ တိုးနှောင်မိုး)
အာဏာရ အဘိဓာန် တအုပ်လို
မြှုပ်ကွက်တွေ ဖော်ပေးမယ့် ပုံစံမျိုးနဲ့
တယောက်ကလည်း
ပုလင်းထဲက ခေါင်းထုတ်ပြီး အော်လိုက်တယ် …။
“အာသာဖြေဖို့လား”
“လူတန်းစား တရပ်လား” … တဲ့။ (စိုးခက်မင်း)
ထိုင်ခုံတလုံးကို ခံတပ်လုပ်
လက်ဖက်ရည်ခွက်တွေနဲ့ ကျားကွက်ထိုးရင်း
ဂန္ထဝင်ကို အာခံဖို့ မေးခွန်းထုတ်တယ် …။
ကဗျာဆရာရဲ့ တနေ့တာမှာ
ညနေဟာ အစီအစဉ် အကျဆုံး
ဆုံမှတ်လမ်း …
ဆုံမှတ်ဆိုင် …
မကွဲပြားတဲ့ အိပ်မက်တွေနဲ့
ညတိုင်း … ညတိုင်းကို ကျကျနန ထုတ်ပိုးရင်း …။
(မူလလက်ဟောင်း သင်ကာ)
Filed under Poem