“အမေး အခေါ် အဝေါ်၊ အဖြေအကြား အသုံးအနှုန်း”
ငွေလိမ်လို့ အမှုဖွင့်ခံရတဲ့ ယောဂီဝတ်ကို လက်ထိပ်နဲ့ ရုံးထုတ်လာချိန် “မယ်တော်ကြီး” လို့ ခေါ်ပြီး ဂျာနယ်လစ် တစ်ယောက်က မေးသွားတာ ကြားတယ် …။ ကြားလို့ မတော် …။
ဟိုခေတ်ကလည်း ရာထူးမခေါ်ဘဲ “အဘ” ခေါ်တဲ့သူတွေ တွေ့ဖူးတယ် …။ ဂျာနယ်လစ်အနေနဲ့က အပြင်မှာ ဘယ်လိုခေါ်ခေါ် … ကင်မရာရှေ့ … မိုက်ရှေ့မှာတော့ သတိပြုရင် ကြားလို့ တော်ပါလိမ့်မယ် …။ ဒါက အမေးကိစ္စ အခေါ်အဝေါ်။
ကိုယ့်လူ ဂျေပိုင် (Paing Soe Oo) လည်း သတိပြုဦး …။ MPC ထဲပါနေပြီ။ ကိုယ့်လူမို့ ကိုယ် အားမနာတမ်း ပြောရတာပဲ …။






