-->
Showing posts with label Java Programming. Show all posts
Showing posts with label Java Programming. Show all posts

Eclipse ကိုဒေါင်းပြီး Install ကြမယ်

Eclipse ကိုဒေါင်းပြီး Install ကြမယ်

No comments
By Kaung Htet Htun

ဒီနေ့တော့ Java Programming စတင်ဖို့ လိုအပ်တဲ့ ဆော့ဝဲတစ်ခုဖြစ်တဲ့ Eclipse ကို ဒေါင်းပြီး စက်မှာ Install ကြရအောင်။
Image
Eclipse ဒေါင်းဖို့ရန်  >>> ဒီနေရာကို <<< သွားပါ။ အောက်ပါပုံအတိုင်း 32bit အတွက် ဒေါင်းရန် နဲ့
64 bit အတွက် ဒေါင်းရန် ဆိုပြီး နှစ်မျိုးတွေ့ရပါလိမ့်မယ်။ ကိုယ့်ကွန်ပျူတာနဲ့ ကိုက်မယ့် နေရာကို ရွေးချယ်
ပြီး ကလစ်ပါ။
Image
ကျွန်တော်ကတော့ 32bit အတွက်ကို နှိပ်လိုက်ပါတယ်။ အောက်ပါအတိုင်း ပုံပေါ်ပါမယ်။
Image
မြှားလေးကို နှိပ်လိုက်ပါ။
Image

click here ကိုနှိပ်ပြီးတော့ ဒေါင်းနိုင်ပါပြီခင်ဗျာ ... ။ ဖိုင်ဆိုဒ်ကတော့ 229 MB ရှိပါတယ်။ ရလာတဲ့ zip ဖိုင်
ကို တစ်နေရာရာမှာ ဖြေလိုက်ပြီးတော့ .. Install လိုက်ပါ။ Install တာကတော့ ပြောစရာသိပ်မလိုတာ
မို့လို့ မပြောတော့ပါဘူး။ တစ်ခုပြောလိုတာက Eclipse ဟာ Powerful ဖြစ်တဲ့ အတွက်ကြောင့် ကွန်ပျူတာ
ရဲ့ System Resource ကို အလွန်သုံးလို့ Eclipse ကို အသုံးပြုရတာ နှေးလာတယ်လို့ ထင်ရင် ပိတ်ပြီး
တစ်ခေါက်ပြန်ဖွင့်သင့်ပါတယ်။ တကယ်လို့ ဖြစ်နိုင်ရင် ကွန်ပျူတာကိုပါ restart ချသင့်ပါတယ်။

Image


 Eclipse ဟာ Android app ရေးတဲ့ အပိုင်းတွေမှာလည်း အဓိက အသုံးချ software ဖြစ်ပြီး Java ကို လေ့လာလို့ အသင့်တော်ဆုံး ဆော့ဝဲ တစ်ခုဖြစ်ပါတယ်။


Java ကို စတင် Install ပြုလုပ်ခြင်း

Java ကို စတင် Install ပြုလုပ်ခြင်း

1 comment
By Kaung Htet Htun

Android APK တွေကို မြန်မာမှုပြုဖို့ အတွက် Java ကို လိုအပ်ပါတယ်။ ပြီးတော့ Java Programming ကို
လေ့လာကြဖို့ အတွက်လည်း အဓိကအနေနဲ့ လိုအပ်ပါတယ်။ 
Java ကို Install ပြုလုပ်ခြင်း မစတင်မှီ Java ကိုအရင်ဒေါင်းကြရအောင်။ 
အရင်ဦးဆုံး     >>>ဒီလင့်ခ် <<< ကို သွားလိုက် ပါ ။

Image
 အောက်ပါပုံအတိုင်း အနီရောင်မြှားပြထားတဲ့ အကွက်မှာ License Agreement အတွက်
အမှတ်ခြစ်ပေးလိုက်ပါ။ ပြီးသွားရင်တော့ အစိမ်းရောင် အကွက်ထဲမှာ Java ဒေါင်းရန် အတွက် ကိုယ့်
ကွန်ပျူတာနဲ့ ကိုက်ညီမယ့် Link ကို နှိပ်ပြီး ဒေါင်းယူလိုက်ပါ။ ဥပမာ - ကိုယ့် ကွန်ပျူတာက 32 bit ဆိုရင်
 Windows x86 ၊ 88.98 MB  ဘေးက Link မှာ ဒေါင်းယူပြီး၊ 64 bit operating system ဆိုရင်တော့
Windows x64 ၊ 90.57 MB  ဘေးက Link မှာ ဒေါင်းယူနိုင်ပါတယ်။
Image
Install လုပ်နည်းကိုတော့ အသေးစိတ်မပြောတော့ပါဘူး၊ ဒေါင်းယူလို့ရရှိလာတဲ့ဖိုင်ကို Double Click နှိပ်
ပြီးတော့ Next များကို ဆက်နှိပ်သွားလိုက်ရင် Install လုပ်ငန်းစဉ်ပြီးဆုံးသွားမှာပါ။ အဲ့ဒိနောက်မှာတော့
ကွန်ပျူတာက ကိုယ် Install လိုက်တဲ့ Java ကို သိမသိ စမ်းသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ Window key နဲ့
R Key ကို တွဲနှိပ်ပြီးတော့ Run box ကိုခေါ်ယူလိုက်ပါ၊ ပြီးရင် cmd လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
အဲ့ဒိနောက် Cmd ထဲမှာ Javac လို့်ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Javac ဆိုတာကတော့ Java compile
ဖြစ်ပါတယ်။ အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။
Image
'javac' is not recognized as an internal or external command. လို့ပေါ်လာတာဖြစ်ပါတယ်။ ကွန်ပျူ
တာက java ကို မသိသေးပါဘူး။ အဲ့ဒိအတွက် Path  လမ်းကြောင်းပေးရပါမယ်။ My computer ရဲ့ C:\
ထဲကို သွားပြီး Program Files ထဲက Java ဖိုဒါကို သွားလိုက်ပါ။ ပြီးရင် jdk ဖိုင် (အနောက်က ဗားရှင်း နံပါတ်တွေကတော့ ကွဲချင်ကွဲပါလိမ့်မယ်) ကို ဖွင့်လိုက်ပါ။
Image

                                
  အပေါ်ဆုံးက bin ဆိုတဲ့ ဖိုဒါကို ထပ်ဝင်ပါ။
Image

ဝင်ပြီးသွားရင် အပေါ်ဆုံးက Application တစ်ခု (ဘယ်Application ကိုမဆိုရပါတယ်။ လွယ်သွားအောင်
လို့်ပါ) အပေါ် ကို ထောက်ပြီး Right Click နှိပ်ကာ Properties ကိုဝင်ပါ။
Image


          Location ဘေးမှာရှိတဲ့ Path လမ်းကြောင်း တစ်ခုလုံးကို Select မှတ်ပြီး ကော်ပီ ကူးပါ။
Image

နောက်တစ်ဆင့်ကတော့ Start button ကနေ Computer ကို Right Click နှိပ်ပြီး Properties ကိုဝင်ပါ။
Image

Advanced System Settings ကိုကလစ်လိုက်ပါက System Properties ပေါ်လာပါလိမ့်မယ်။ အဲ့ဒိ ထဲက
Advanced Tab ကို သွားပါ။ အောက်နားက Environment Variables ကို ၀င်ပါ။
Image

Environment Variables dialog box ကျလာရင်တော့ အပေါ်က New  ဆိုတာလေးကို နှိပ်ပါ။ ပြီးရင်
အပေါ်က Variable name မှာ Path လို့ရိုက်ထည့်ပြီး၊ အောက်က Variable value မှာတော့ ခုနက Select မှတ်ပြီး ကော်ပီကူးလာတဲ့ Java ရဲ့ Path လမ်းကြောင်းလေးကို Ctrl+V နဲ့ Paste ထည့်လိုက်ပါ။အားလုံး
ပြီးရင်တော့ Ok, Ok, ပေါ့ဗျာ....။ Image

ဒါဆိုရင် Cmd ထဲကို ထပ်ဝင်ပြီး Java ကို သိမသိ စမ်းသပ်ကြည့်ရအောင်။ Window key + R key နဲ့ Cmd ကို ဖွင့်ပါ။ Cmd ပွင့်ရင် အထက်တုန်းက စမ်းသပ်တဲ့ အတိုင်း Javac လို့ ရိုက်ပြီး Enter ခေါက်ပါ။
ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း Java ကို ကွန်ပျူတာက သိသွားပါပြီဗျာ....။
Image

နောက်ပိုင်းမှာ Java သင်ခန်းစာ တွေကို ဒီ ဘလော့မှာ တင်နိုင်ဖို့ ကြိုးစားပါဦးမယ်...။ ကျေးဇူး... ပါ... ။

ကိုယ်တိုင်လေ့လာ Java သင်ခန်းစာ

ကိုယ်တိုင်လေ့လာ Java သင်ခန်းစာ

No comments
By Kaung Htet Htun

Java Programming Language ကို အခုမှ စတင်ပြီး လေ့လာလိုသူတွေအတွက် အခြေခံကျတဲ့ စာအုပ်
တစ်အုပ်ဖြစ်ပါတယ်။ Java Basic ကို ပိုင်နိုင်စွာရှင်းပြထားပါတယ်။ လေ့လာလိုသူတွေ အောက်မှာ Down ပါ။
MediaFire မှ >>>Download <<<
4Shared မှ >>> Download <<<
Image

ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Image

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.